သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, August 16, 2013

PostHeaderIcon အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ



 အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ
********************************
မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည်
ဂျပန်နိုင်ငံရှိ ပြည်သူများစွာ အတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်
တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန် အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက်ပေးခြင်းအားဖြင့် သင့်ရဲ့ တညတာ ပင်ပန်းတကြီး လှုပ်ရှားခဲ့ရတဲ့ အစာ
အိမ်အတွက် များစွာ အကျိုးရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် တနေ့တာအတွက် အဆင်မပြေမှု
များ၊ စိတ်သောကများအတွက်ပါ ရေရဲ့အစွမ်းကြောင့် လန်းဆန်း သွားစေနိုင်ပါတယ်။

ဒါကို ဂျပန်ဆေးပညာရှင်တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက်ဖော်ပြပါ ရော

ဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တခုဖြစ်ကြောင်းတွေ့ရှိခဲ့တာပါ။

ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်မြစ်ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံး
တုန်ခြင်း၊ ဝက်ရူးပြန်ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာ
ရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှော
ဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာခြင်း၊ ကင်ဆာနှင့် ရောဂါ များစွာ
အတွက် ရေကို နည်းလမ်းတကျ နံနက်တိုင်း သောက်သုံးခြင်းအားဖြင့် ရောဂါများစွာကို ကြို
တင်ကာကွယ်ပြီး ဖြစ်မှာပါ။

လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -

၁။ မနက်အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။

၂။ ထို့နောက် သွားတိုက်၊ မျက်နှာသစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့်အရာမှ စားခြင်း၊
    သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ်ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။

၃။ နံနက်စာစားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြား
    အရာများ စားသောက်ခြင်း ရှောင်ပါ။

၃။ ညစာစားပြီး ၁ နာရီခွဲ အတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။

အထက်ပါ လုပ်ဆောင်မှုတွေကို သင့်ရဲ့တနေ့တာအတွက် ပုံမှန် လုပ်ဆောင် သွားပါက
ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါ တယ်။
ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ်နိုင်ပါတယ် ..
( အနော်က ၎င်းသို့ ရေသောက်ခြင်းကို နေ့စဉ် လုပ်ဆောင်နေတဲ့အတွက်ကြောင့်...Like)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...