သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, August 23, 2013

PostHeaderIcon မျက်စိညောင်းညာခြင်းကို ကုသနည်း



 မျက်စိညောင်းခြင်းကို ကုသနည်းများ
 ***************************
ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်
များတာ၊ အင်တာနက် အသုံးများတာတွေ ဖြစ်လာပါတယ်။ အိပ်ရေးပျက်တာကြောင့် မျက် လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာတာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း
နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့်သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း
မရှိတော့ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေးပျက်တာက မျက်စိညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ တခြား အကြောင်းရင်းတွေ
က စိတ်ဖိစီးမှုများတာ၊ မျက်ကပ်မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်
တာ၊ ဆေးကုသမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များတာနဲ့
တောက်ပတဲ့ အလင်းရောင်ကို ကြာကြာ ကြည့်မိတာတွေကြောင့် ဖြစ်တတ်ပါတယ်။
 
မျက်စိညောင်ညာသော အဓိကလက္ခဏာများ
မျက်စိညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေကတော့-
- မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစားရတာ၊
- မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊
- မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊
- ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ်ဖြစ်တာတို့ ဖြစ်ကြပါတယ်။
မျက်စိညောင်းညာမှု သက်သာစေရန်
(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကိုယူပြီး
မျက်စိပေါ်ကို မိနစ် ၂၀ ကြာ တင်ထားပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာ
သွားပါလိမ့်မယ်။
(၂) လတ်လတ်ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀
ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင်ပေးပါ။
(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။
(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ
တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျစေပြီး လန်းဆန်းသွားပါလိမ့်မယ်။
(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါးသွားပါလိမ့်မယ်။
(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိညောင်းညာမှု မဖြစ်အောင် တနေ့လုံး
ရေများများ သောက်ပေးရပါမယ်။
(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ
ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာစေပါတယ်။
ကြယ်စင်
BY GOOD HEALTH

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...