သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, August 27, 2013

PostHeaderIcon " တွင်း "


ဦးဘုန်း(ဓာတု)၏ " တွင်း "
*******************
ကိုယ်ချင်းလဲ မစာဘူး။ သူတို့တုန်းကတော့ နေချင်သလိုနေပြီး ငါတို့ကျမှ ဟိုလို မနေနဲ့။
ဒီလို မနေနဲ့။ ဟိုလိုလေး လုပ်ကြည့်ပါလား။ ဒီလိုလုပ်တာ မှားတယ်။ တော်တော် ကိုယ်
ချင်းမစာတဲ့ လူကြီးတွေပဲ။
 ************
“ဒီအရွည်မှာ ရည်းစား မထားရဘူးနော်”
သူတို့တုန်းကတော့ ထားခဲ့ကြတယ်။ ကျွန်တော်တို့ကျမှ မထားနဲ့တဲ့ဗျာ။
“မပျင်းကြနဲ့။ ပျင်းရင် ပညာ မရဘူး”
သူတို့လဲ ကျွန်တော်တို့ အရွယ်တုန်းက ပျင်းခဲ့ကြတာပဲ မဟုတ်လား။
“ပိုက်ဆံ စုကြ၊ မဖြုန်းကြနဲ့”
တော်တော် အပြောကောင်းတယ်။ သူတို့ ပိုက်ဆံ မစုခဲ့ကြလို့၊ ငွေတွေကို ဖြုန်းတီးခဲ့ကြလို့
ကျွန်တော်တို့ ဒီလို နေနေခဲ့ကြရတာ မဟုတ်ဘူးလား။
“အရက်မသောက်နဲ့ ငါ့သား”
အဖေ့ပါးစပ်မှာ အရက်နံ့တွေနဲ့။ ကျွန်တော့်ကို လာပြီးဆုံးမနေတယ်။
“ဆေးလိပ်သောက်တာ မကောင်းဘူး”
သူ့အိတ်ထောင်ထဲမှာ စီးကရက်ဘူးကြီးနဲ့။ ဆေးလိပ် မကောင်းကြောင်း တရားလာပြီး
ဟောနေတယ်။ ရယ်စရာကောင်းလိုက်တာ။

လူကြီးတွေက လူငယ်တွေကို ဆုံးမကြတယ်။ လူငယ်တွေရဲ့ရင်ထဲမှာတော့ ‘စောဒက’
တွေအများကြီးပဲ။ လူကြီးတွေရဲ့ ဆုံးမစကားကို တဖက်သတ် ပြောတယ်လို့ မြင်ကြတယ်။
ကိုယ်ချင်း မစာဘူးလို့လည်း ခံစားကြတယ်။သူတို့ လုပ်ချင်ရာလုပ်ခဲ့ပြီးမှ ငါတို့အလှည့်မှာ
လုပ်ချင်ရာ လုပ်ခွင့်မပေးဘူး။ မတရားဘူး။

ဒီလို .... လူငယ်တွေ အတွက် ကျွန်တော် ပုံပြင်လေး တပုဒ်လောက် ပြောပြပါရစေ။
********************
တခါတုန်းကပေါ့........။ ရတနာသိုက်ရှိတယ်လို့ နာမည်ကြီးနေတဲ့ ဒေသတခုရှိတယ်။ အဲဒီ
ဒေသမှာ ရတနာတွေကို လိုက်ပြီးရှာနေကြတဲ့ ရတနာမုဆိုးတွေလည်း ရှိတယ်။ တရက်မှာ
မိုးကြီးလေကြီး ကျပါလေရော။ မိုးတွေလည်း သည်းသည်းမဲမဲ ရွာတယ်။ ချောင်းရေတွေ ဒလဟောစီးလို့ မြေတွေပြိုတယ်။ သစ်ပင်တွေ လဲတယ်။ အဲ့ဒီအခါမှာ တောစပ်တခုရဲ့
ချောင်းနံဘေးမှာ ရေတွင်းဟောင်းကြီးတခု ပေါ်လာတယ်။ အဲ့ဒီတွင်းရဲ့ နှုတ်ခမ်းဝမှာ
လူတွေ ၀ိုင်းအုံပြီး တွင်းထဲကို စိုက်ပြီးကြည့်နေကြတယ်။

“ဟာ...တွင်းထဲမှာ လက်လက်လက်လက်နဲ့ ရွှေတွေဖြစ်မယ်ကွ”
“မဟုတ်ဘူး၊ ပတ္တမြားခဲတွေ နေမှာပါ”
“ငါကတော့ စိန်ရောင်တွေ တောက်နေတယ် ထင်တာပဲ”
“မဟုတ်ဘူးကွ၊ ရှေးဟောင်း ရွှေငွေပစ္စည်းတွေနေမှာ”
“ငါတို့ ရှာနေတဲ့ ရတနာသိုက် တွေ့ပြီကွ”

တွင်းနှုတ်ခမ်းဝမှာ ၀ိုင်းအုံပြီး ကြည့်နေကြတဲ့ လူတွေအားလုံးဟာ တယောက်တပေါက်
ပြောနေကြတယ်။ အားလုံးဟာလည်း “လောဘ” မျက်လုံးတွေ ကိုယ်စီနဲ့ပေါ့။ အဲ့ဒီ
အချိန်မှာ လူတယောက်က ပြောပြောဆိုဆို တွင်းထဲကို ခုန်ဆင်းမယ်လုပ်တယ်။
 
“ဟိတ်ကောင်...မင်းမဆင်းနဲ့၊ ငါ အရင်ဆင်းမယ်။ ငါအရင်..ရောက်တာကွ”
“ဘယ်ရမလဲ...ဒီလိုဆိုရင် ငါ အရင်ဆင်းရမှာကွ”
“ဒီတွင်းပေါက်ဝကို မင်းထက်ငါ အရင်ရောက်တာလေ”

ဘာမပြော၊ ညာမပြောနဲ့ လူတယောက်ဟာ တွင်းထဲကို “ဝုန်းခနဲ” ခုန်ဆင်းလိုက်ပါ
တော့တယ်။

တွင်းအောက်ခြေကိုလဲ ရောက်ရော..လင်းလက်နေတဲ့ အရာတွေဟာ ရွှေတွေလဲမဟုတ်
ဘူး။ ပတ္တမြားတွေလဲ မဟုတ်ဘူး။ စိန်တွေလည်းမဟုတ်ဘူး။ မိုးရွာလို့ မြေပြိုပြီး တွင်းထဲမှာ ရှိတဲ့ မြွေပွေးတွေ၊ မြွေဟောက်တွေ၊ အကောင်တွေ ပေါက်နေကြတာ။ “မြွေပွေး မြွေ
ဟောက်” အကောင်ပေါက်တွေရဲ့“မျက်လုံး”တွေ အရောင် တောက်နေတာသာ ဖြစ်တယ်။ တွင်းထဲကို ရောက်နေတဲ့သူက တွင်းအပေါ်ကို အော်ပြီးပြောလိုက်တယ်။

“ဟိတ်ကောင်တွေ.. ဆင်းမလာကြနဲ့။ ရွှေတွေ၊ စိန်တွေ မဟုတ်ဘူးကွ။‘မြွေပွေး’တွေရဲ့
မျက်လုံးတွေ။ ‘မြွေဟောက်’တွေရဲ့မျက်လုံးတွေ၊ သူတို့ မျက်လုံးတွေရဲ့ အရောင်တွေကို
ငါတို့က ‘စိန်’တွေ ထင်နေတာ။ ရွှေတွေထင်နေတာ။ ပတ္တမြား တွေထင်နေတာ။ ငါတို့
ထင်သလို မဟုတ်ဘူးကွ။ တွင်းထဲကို ဆင်းမလာကြနဲ့။ ငါ့ကိုတော့ မြွေကိုက်ကုန်ပြီ။
မင်းတို့ ဆင်းမလာကြနဲ့”

တွင်းနှုတ်ခမ်းဝက လူတွေက မယုံကြဘူး။ ဒီကောင် တယောက်တည်း လိုချင်လို့ လိမ်

ပြောတာဖြစ်မယ်။ နောက်တယောက် ထပ်ခုန်ချလိုက်တယ်။

“ဟုတ်တယ်ဟေ့... ဆင်းမလာကြနဲ့။ ‘စိန်’တွေ မဟုတ်ဘူး။ ရတနာတွေ မဟုတ်ဘူး။ သူ
ပြောတာ မှန်တယ်ကွ။ ဒီကောင်သေနေပြီ။ ငါ့ကိုလည်း မြွေတွေက ဝိုင်းပြီး ပေါက်ကုန်ပြီ။
‘မြွေ’တွေရဲ့ မျက်လုံးတွေကွ။ သူတို့ရဲ့ မျက်လုံးတွေကို ငါတို့က ရတနာတွေလို့ ထင်နေတာ။
မင်းတို့ တွင်းထဲကို ဆင်းမလာကြနဲ့။ အားလုံး သေကုန်လိမ့်မယ်”

တွင်းနှုတ်ခမ်းဝက လူတွေအားလုံးဟာ တွင်းထဲက လူတွေပြောတဲ့ စကားကို မယုံကြဘူး။
ဒီနှစ်ကောင် အပိုင်စီးချင်လို့ ‘လီဆယ်’ ပြီးတော့ ပြောတယ်လို့ပဲ ထင်နေကြတယ်။
ဒီလိုနဲ့.....
တယောက်ပြီး တယောက် ခုန်ဆင်းလိုက်ကြတာ။ တွင်းနှုတ်ခမ်းဝက လူတွေ အကုန်လုံး တွင်းထဲမှာ သေကုန်ကြတော့တယ်။
****************************

လူကြီးဆိုတာ…
မြွေတွေရဲ့အရောင်တောက်နေတဲ့ မျက်လုံးတွေကို ‘စိန်’တွေမှတ်ပြီး၊ ရတနာတွေမှတ်ပြီး၊
တွင်းအနက်ထဲကို ခုန်ဆင်းခဲ့ဖူးသူတွေ။ သူတို့က မြွေအကိုက်ခံရပြီးမှ တွင်းနက်ထဲကနေ
အော်ပြောတဲ့ စကားဖြစ်တယ်။

ဒါကြောင့် ခုန်မဆင်းနဲ့လို့ ပြောတာ။ လူငယ်တွေက မယုံကြည်ဘူး။ 
ဒီတော့ ခုန်ဆင်းကြဦးမယ်ပေါ့။
===============
လူငယ်၊ လူလတ်၊ လူကြီးကို ဘယ်လို အဓိပ္ပါယ် သတ်မှတ်သင့်သလဲ။
ကျွန်တော်ကတော့ ဒီလို အဓိပ္ပါယ်ဖွင့်ချင်တယ်ဗျာ။
မသိလို့ လုပ်လိုက်မိတဲ့ အမှား၊ အမှန်ထင်လို့ လုပ်လိုက်မိတဲ့ အမှား၊ အမှားတွေကို အမှန်
ဖြစ်အောင် ကြိုးစားရင်း ထပ်ပြီး မှားသွားမိတဲ့ အမှား၊ မှားမှန်းသိရဲ့နဲ့ မထူးပါဘူးဆိုပြီး ဇွတ်
တိုးပြီး မှားမိတဲ့ အမှား...အဲ့ဒီအမှားတွေကို ရင်မှာပိုက်ပြီး အမှားများစွာဖြင့် နောင်တ
တရားများနဲ့ ရှင်သန်နေထိုင်သူကို လူကြီးဟုခေါ်သည်။
အမှားကို အမှားမှန်းမသိဘဲ အမှားကို အမှန်ထင်ပြီး အဲ့ဒီအမှားတွေနဲ့ ပျော်ရွှင် ကျေနပ်
နေသူများကို လူလတ်ဟုခေါ်သည်။
အမှားများကို မှားရန်အတွက် ကြိုးစားပမ်းစား လိုက်လံရှာဖွေနေသူများအားလူငယ်ဟု
ခေါ်သည်။

ဒီတော့...
နောင်တတွေနဲ့ ရင်းပြီး၊ အမှားနဲ့ရင်းပြီး ရထားတဲ့ ဘဝသင်ခန်းစာတွေကို လူငယ်လေး
တွေအတွက် မမှားဖို့၊ လိုက်နာဖို့၊ ရှောင်ကြဉ်ဖို့၊ သတိပြုဖို့၊ ပြောကြားတာကို လူငယ်တွေ နားလည်သင့်တယ်။
တကယ်တော့...
အရောင်တွေ တောက်ပနေတဲ့ မြွေတွေရဲ့မျက်လုံးတွေကို စိန်ရွှေအမှတ်နဲ့ အရယူဖို့ ကြိုး
စားရင်း၊ ဆုံးရှုံးမှုတွေ၊ နောင်တတွေ၊ မျက်ရည်တွေ၊ ဆင်းရဲခြင်းတွေ၊ ခံစားချက်တွေနဲ့
ရင်းလို့ သိလာခဲ့ရတဲ့ လူကြီးတွေရဲ့ ဆုံးမစကားကို လူငယ်လေးတွေ နားလည်စေချင်လို့ ဒီပုံပြင်လေးနဲ့ ပြောပြလိုက်ပါတယ်။

မယုံရင် တွင်းထဲကို ခုန်ဆင်းလိုက်။

ရွှေမန္တလေးဂျာနယ် အမှတ်စဉ်(၂၆၅) ၊ ၉ .၆ .၂၀၀၈
ဦးဘုန်း(ဓာတု) } မှ ပြန်လည် ကူးယူပါသည်။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...