သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, August 22, 2013

PostHeaderIcon ဖိတ်စာ


ဖိတ်စာ
*** 
ရုတ်တရက်သော်
စိတ်စက်တုန်လှုပ် ၊ ထိုင်ငုတ်တုတ်နှင့်
ကျွန်ုပ်စိတ်တွင် ၊ သောကဝင်၏။

သေမင်း လက်နှင့်
နှုတ်ဆက်သည့်လား ၊ လန့်တကြားနှင့်
ခံစားခဲ့မိ ၊ နွမ်းခွေရိခဲ့။

ဇနီးမယား ၊ သမီးသားနှင့်
ဆွေသားရင်းချာ ၊ မိတ်များစွာကို
မခွာလိုချင် ၊ သံယောဇဉ်ကြောင့်
တုန်ယင်ချောက်ချားမိပါ၏။

သို့တစေလည်း
သေမင်းထံမှ ၊ ဖိတ်စာရသော်
ဘဝထဲတွင် ၊ သူပျော်ချင်လည်း
ဖိတ်ခေါ်ငင်ရာ ၊ လိုက်ရပါ့အံ့။

မည်သူသည်လျှင်
ဤဖိတ်စာကို ၊ မယူလိုဟု
ငြင်းဆိုနိုင်ခဲ့ဖူးပါသနည်း။

အချိန်ကျ၍
သူကခေါ်လာ ၊ သောအခါတွင်
ကြည်သာပြုံးရွှင် ၊ လိုက်မည်ပင်တည့်။

နေခဲ့သက်တမ်း ၊ ငါ၏လမ်းကား
လဝန်းပုံသွင် ၊ မြူမတင်ဟု
ဖြူစင်ခဲ့သည် ၊ ငါယုံကြည်ခဲ့။

သေမင်းသခင် ၊ ဘဝရှင်ငဲ့
အသင်ဖိတ်ရာ ၊ ငါလိုက်ပါလျှင်
ပြစ်ဆာ စိုးစိ ၊ ဝန်မပိ၍
ငါ၏ကိုယ်မှာ ၊ ပေါ့ပါးပါလိမ့်။
ညင်သာပွေ့ကိုင် ၊ သင်ဆောင်နိုင်အံ့။

ငါ့မကောင်းမှု ၊ ငါ့ကောင်းမှုဟု
ငါပြုသည့်ကံ ၊ သင်၏ထံတွင်
အပ်ရန်အသင့် ၊ ငါပြင်နှင့်ပြီ။

တံခါးဖွင့်၍ ၊ စောင့်လင့်ကြို(ဆိုနေပါ)၏။
လာပါ့ဆွေရင်း ၊ အိုသေမင်းငဲ့
မငြင်းလိုအား ၊ ကျွန်ုပ်ကားလျှင်
တရားကင်းသူ မဟုတ်ချေ။

၉-၁၂-၇၆။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...