သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, August 18, 2013

PostHeaderIcon တချိန်တုန်းက " မိန်းမ ''

ရေးထားတဲ့ စာလေးကောင်းတယ် ဘဝတလျှောက်လုံး မိန်းမတယောက်ကို
လက်တွဲဖို့ စဉ်းစားထာားသော ယောက်ျားများ၊ အိမ်ထောင်ရှင် ယောက်ျားများ
အစအဆုံး ဖတ်သင့်တဲ့ သင်ခန်းစာလေးပါ။







"တချိန်တုန်းက" " မိန်းမ"

************************************
တနေ့မှာ......
တိမ်ပြာHotel ရဲ့ စားသောက်ခန်းထဲကို ဧည့်သည်နှစ်ယောက်ဝင်လာတယ်။ တံခါးဖွင့်သံ
ကြားတော့ အဖြူရောင်အင်္ကျီပေါ်မှာ နက်ပြာရောင်ကုတ် နက်ပြာရောင် စကပ်တို ဒူးဖုံးနဲ့
စားပွဲထိုး မိန်းကလေးက လှမ်းကြည့်လိုက်တယ်။
"မင်္ဂလာပါ ... " စားပွဲထိုး မိန်းကလေးက ချိုမြတဲ့ နှုတ်ဆက်သံနှင့်အတူ ရိုသေစွာ ခါးကိုင်း
လိုက်တယ်...။
ဝင်လာတဲ့ ဧည့်သည်တွေက ကျားမ တတွဲဖြစ်တယ် အသက် ၄ဝ အရွယ်လောက်ရှိကြမယ်။

ဝတ်ထားတာ သန့်သန့်ပြန့်ပြန့်ပဲ..။ မိန်းမကြီးကတော့ ဘာမှမပါဘူး။ ရှေ့က ဝင်လာတယ်။
ယောက်ျားကြီးကတော့ ခရီးဆောင်အိပ်အနီကြီးကို ဘီးလိမ့်လို့ဆွဲလာတယ်။ အလည်အပတ် ခရီးထွက်လာတဲ့ လင်မယားဖြစ်ဖို့များတယ်...။
 
စားပွဲထိုးမိန်းကလေးက ဦးဆောင်ပြီး စားပွဲတခုမှာ နေရာပေးလိုက်တယ်။ Hotel က
5 star hotel ဖြစ်လို့ စားပွဲကြီးတွေက ကျွန်းစားပွဲဝိုင်းကြီးတွေ အိမ်တွင်း အလှဆင်ထားတဲ့
မီးဆိုင်းတွေနဲ့ hotel ရဲ့ စားသောက်ခန်းဟာ ခန်းနားလှပနေတယ်...။
ထိုင်ခုံမှာ ထိုင်ပြီးတော့ စားပွဲထိုးမိန်းကလေးက စားသောက် Menu ကဒ်ကို ပြုံးပြီး
လှမ်းပေးလိုက်တယ်...။
ယောက်ျားကြီးက ကဒ်ကို လှမ်းယူပြီး မိန်းမကြီးကို ထိုးပေးလိုက်တယ်...
"မင်း... ဘာစားချင်လဲ၊ မှာလိုက်.."
မိန်းမကြီးက ကဒ်ကို ကြည့်တောင်မကြည့်ဘဲ စားပွဲထိုးမိန်းကလေးကို တချက်ကြည့်ပြီး
"ကျွန်မတို့ကို ဖက်ထုပ်အရည်ဖျော် တပွဲပေးရင် ရပြီ..."
စားပွဲထိုး မိန်းကလေး တချက်တန့်သွားတယ်။ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ တိမ်ပြာ Hotel

လာပြီး ဖက်ထုပ်မှာစားတယ်?. ပြီးတော့ ဒီမှာလဲ မရှိဘူး။ နားကြားများ လွဲသလား ဆိုပြီး မိန်းမကြီးကို မေးခွန်းများစွာ ပါတဲ့ အကြည့်နဲ့ ကြောင်ကြည့်နေမိတယ်။ မိန်းမကြီးက
နောက်တခေါက် ထပ်မှာလိုက်တယ်...။
ယောက်ျားကြီးက စကားပြောလာတော့တယ်.." ဘာလို့ ဖက်ထုပ်ပြုတ်ကို စားမှာလဲ?.၊
ပိုက်ဆံ မရှိတာမှ မဟုတ်တာ"
မိန်းမကြီး ခေါင်းခါပြီး " ကျွန်မ ဖက်ထုပ်ပဲ စားမှာ!" ယောက်ျားကြီးက တချက်တန့်ပြီး
စားပွဲထိုး မိန်းကလေးရဲ့ အံ့သြတဲ့ အကြည့်တွေကို အားနာနာနဲ့ "ညီမ .. အကိုတို့ကို
ဖက်ထုပ်နှစ်ပွဲပေးပါ"
" မဟုတ်ဘူး တပွဲတည်း ယူမှာ" မိန်းမကြီးက ခပ်တည်တည်နဲ့ ပြောတယ်..။
ယောက်ျားကြီး ကြောင်သွားတယ်။ တပွဲတည်း ဘယ်လိုစားမလဲ... မိန်းမကြီးက
"ရှင် ကတိပေးထားတယ်လေ၊ ဒီတရက်ကို တနေ့လုံး ကျွန်မစကားပဲ နားထောင်မယ်ဆို.."
ယောက်ျားကြီး ဘာသံမှ ထွက်မလာတော့ဘူး...။
ကျွန်းကုလားထိုင်ကို မှီပြီး လက်ပိုက်နေလိုက်တော့တယ်။ စားပွဲထိုး မိန်းကလေးမျက်နှာမှာ မချိပြုံးလေး ဖြတ်ပြေးသွားတယ်။ အတွေးထဲမှာ {ဒီမိန်းမ ကပ်စီးနည်းတာလဲ လွန်လွန်း
ပါတယ်။ Hotel စားသောက်ခန်းမှာ ထမင်း လာစားတာ ဖက်ထုပ်မှာတဲ့ အပြင် ၁ ပွဲကို
၂.ယောက် စားအုံးမယ်တဲ့} မိန်းမကြီးကို မဲ့ပြီး...
"တောင်းပန်ပါတယ်ရှင့်...ကျွန်မတို့ hotel မှာ ဖက်ထုပ်မရောင်းလို့ပါ..။ အကိုတို့ အမတို့
စားချင်တယ်ဆိုရင် လမ်းမျက်နှာချင်းဆိုင်က လမ်းဘေးဆိုင်လေးမှာ စားလို့ရပါတယ် !"   
မိန်းမကြီးက မယုံစွာနဲ့ "ဘယ်လိုဖြစ်လို့ ဖက်ထုပ် မရောင်းတာလဲ ? နင်က မှာတာနည်းလို့ မရောင်းချင်တာလား..? လူကို အထင်သေးတာလား..?"
ဒီအချိန်မှာ.. Hotel သူဋ္ဌေး ဦးဝင်းစိန် round လှည့်လို့ စားသောက်ခန်းထဲရောက်လာတယ်။ မိန်းမကြီးပြောနေတာကို သူကြားတယ်။ စားပွဲထိုး မိန်းကလေးကို လက်ယက်ပြီး လှမ်းခေါ်
လိုက်တယ်။
စားပွဲထိုးမိန်းကလေးက ဒေါသသံလေးနဲ့ "သူဋ္ဌေး သူတို့က ဒီမှာလာပြီးဖက်ထုပ်ကို မရမက
မှာနေတယ်..။ တမင် လာနှောက်ယှက်နေတယ် ထင်တာပဲ ".။
ဦးဝင်းစိန် ပြုံးပြီး လက်ကာပြလိုက်တယ်။ သူလဲ အံ့သြနေတာပဲ၊ ဒီလင်မယားရဲ့ဝတ်ထားပုံ
ကြည့်လိုက်ရင် ထမင်းမစားနိုင်တဲ့ပုံ မပေါ်ဘူး။ တခုခု ထူးခြားနေလို့ ဖြစ်ရမယ်။ ဘာပဲဖြစ်
ဖြစ်လေ စီးပွားရေးက ကိုယ့်ဆီလာနေမှတော့ အပြင်ကို တွန်းထုတ်နေရင် သဘာဝမကျ
လှဘူး။
စားပွဲထိုးမိန်းကလေးရဲ့နားနား ကပ်ပြီး "နင် ဖက်ထုပ် တပွဲ သွားဝယ်ပေးလိုက်ပါ။ ဘယ်
လောက်ဝယ်ရလဲ၊ ဘေလ်ရှင်းတဲ့အခါ အမြတ် ပိုထည့်လိုက်ပေါ့." ပြောပြီးတာနဲ့ သူက
ကုလားထိုင်တခု ယူပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာ စောင့်ကြည့်နေလိုက်တယ်...။

သိပ်မကြာလိုက်ဘူး။ စားပွဲထိုးမလေး မီးခိုးတလူလူ ထွက်နေတဲ့ ကြွေပန်းကန်လုံးကြီး တခုကို
အဝတ်ခံပြီး ယူလာတယ်။ မိန်းမကြီးရဲ့ရှေ့ကို ချပေးပြီး...
" အမတို့ ၂ယောက် သုံးဆောင်နိုင်ပါပြီရှင် "
ဖက်ထုပ်ပွဲကို တွေ့တော့... မိန်းမကြီးပျော်သွားတယ်။ သူမ မျက်နှာကို ပန်းကန်လုံး အဝမှာ
ထားပြီး တချက် ရှိုက်ရှူလိုက်တယ်။ ပြီးတော့ ဇွန်းနဲ့ ပန်းကန်ထဲက ဖက်ထုပ်ဖျော်ကို အသာ
အယာလေး မွှေပေးနေတယ်။
ယောက်ျားကြီးက မျက်လုံးပြူးမျက်ဆံပြူးနဲ့ မိန်းမကို ကြည့်နေတယ်။ ပတ်ဝန်းကျင်က အံ့သြ
တဲ့ အကြည့်တွေ များစွာ ဒီဘက်ကို လှည့်လာနေတယ်။ အားလုံးကို သူ ဂရုမစိုက်တော့ဘဲ။ တင်းတင်းမာမာ ပြောလိုက်တယ်။
''မင်းကို ငါ တကယ် နားမလည်းတော့ဘူးကွာ၊ ဒီလောက် ခရီးဝေးကြီးလာတာ ဖက်ထုပ်တပွဲ စားဖို့အတွက်ပဲလား?"
မိန်းမကြီး ခေါင်းမော့လာတယ် "ကျွန်မ ကြိုက်လို့ !"
ယောက်ျားကြီးက စားပွဲပေါ်မှ Menu ကဒ်ကို ယူပြီး "မင်းကြိုက်ရင် မင်းစား ငါ တနေကုန်

လမ်းမှာ ဘာမှ စားခဲ့ရတာ မဟုတ်ဘူး။ ဗိုက်က ဆာနေပြီ " သူလက်ကာပြီး စားပွဲထိုးမလေးကို
ခေါ်လိုက်တယ်။ ဟင်းကောင်းတွေကြီး ၆ မျိုး ၇ မျိုး မှာလိုက်တယ်။
မိန်းမကြီးကတော့ အေးဆေးပဲ။ ယောက်ျား ဟင်းမှာပြီးမှ စားပွဲထိုးမလေးကို သတိ

ပေးလိုက်တယ်။
" ညီမလေး သူ့မှာ ပိုက်ဆံပါလား အရင်မေးကြည့်အုံး၊ မရှင်းဘဲ ထွက်ပြေးနေအုံးမယ် "
စားပွဲထိုးမလေး ဘာဆိုလိုမှန်း မသိလိုက်ချိန်မှာ ယောက်ျားကြီးက မျက်နှာတခုလုံး နီလို့
" ချီးထုပ်ကွာ ဒီမိန်းမ သက်သက် အရှက်ခွဲတာ ...ငါလား မရှင်းပဲ ထွက်ပြေးမှာ" ပြောရင်း
ဘောင်းဘီ အိတ်ထောင်ထဲကို နှိုက်တယ် "? အင် ... ငါ့ ပိုက်ဆံအိတ်ကော ? "သူ ထပြီးတော့
ရှာတယ်။ ဒီအိတ်ထောင် နှိုက်လိုက်၊ ဟိုအိတ်ထောင်စမ်းလိုက်နဲ့..။ အဲဒီအခါမှာ ဟမ်းဖုန်းပါ မရှိတော့ဘူးဆိုတာ သတိထားမိတယ်။ သူ ခဏ စဉ်းစားပြီး... နောက်ဆုံး အကြည့်တွေက
မျက်နှာချင်းဆိုင် ထိုင်နေတဲ့ မိန်းမကြီးဆီ ရောက်သွားတယ် ...။
မိန်းမကြီးက အေးအေးလူလူနဲ့ " ရှင် အလုပ်ရှုပ် ခံမနေနဲ့ ပိုက်ဆံအိတ်နဲ့ ဖုန်းနဲ့ မနေ့ညက
ကျွန်မ မြစ်ထဲ ပစ်လိုက်ပြီ..တွေ့မှာ မဟုတ်ဘူး"
ယောက်ျားကြီး ဒေါသ ထွက်သွားတယ် " မင်း ရူးနေပြီလား"
မိန်းမကြီးကတော့ မကြားသလိုဘဲ ... ဖက်ထုပ် ပန်းကန်ကိုပဲ မွှေနေတယ်။
ယောက်ျားကြီး တခုခုကို သတိရလိုက်တော့ ခရီးဆောင် အိပ်အနီကြီးထဲ လက်နဲ့စမ်း
တယ်။
မိန်းမကြီးက အေးစက်စက် လေသံနဲ့ " ရှင် ရှာမနေနဲ့တော့ ရှင့်နာရီ ၊ ကျွန်မ လက်စွပ် ရှိရှိ

သမျှ ကျွန်မတို့ ခရီးမှာ ပါလာတဲ့ တန်းဖိုးရှိတဲ့ ပစ္စည်းမှန်သမျှ ကျွန်မ အားလုံးကို မြစ်ထဲ
ပစ်လိုက်ပြီ၊ ကျွန်မမှာ ပိုက်ဆံ ၅ဝဝ ရှိတယ်၊ ဒီ ဖက်ထုပ် တပွဲစာတော့ လောက်မယ် "
ယောက်ျားကြီး မျက်နှာတခုလုံး သွေးမရှိတော့တဲ့အတိုင်း ဖြူသွားတယ်။ ကုလားထိုင်ပေါ် ထိုင်ချလိုက်သလား၊ ခြေပစ် လက်ပစ် ဖြစ်သွားသလား...။
မိန်းမကြီးကို စိုက်ကြည့်ပြီး " မင်း တကယ်ရူးနေပြီ၊ မင်းတကယ်ရူးနေပြီ ! ငါတို့ ပိုက်ဆံ မပါပဲ ဘယ်လို ပြန်မလဲ ? လမ်းခရီးက နည်းတာမှတ်လို့..."
မိန်းမကြီးက မပူမပင်နဲ့ပဲ ..." ရှင် ဘာစိတ်ပူနေတာလဲ ?.. ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မတို့မှာ ခြေ
ထောက်တွေ ပါနေတာပဲ၊ လမ်းလျှောက်ပြန်လဲ လျှောက်ရင်းလျှောက်ရင်း အိမ်ပြန်ရောက်
မှာပါပဲ "
ယောက်ျားကြီး သက်ပြင်းချတယ်။ မိန်းမကြီးက ဆက်ပြောတယ်
" လွန်ခဲ့တဲ့ အနှစ်၂ဝ လောက်တုန်းကလဲ... ကျွန်မတို့ ကိုယ်ပေါ်မှာ ပိုက်ဆံတပြားမှ မရှိပဲလဲ အိမ်ရောက်အောင် ပြန်ခဲ့ကြတာပဲ မဟုတ်လား ?"..။
ယောက်ျားကြီး ဒီစကားလဲ ကြားရော...ကြောင်တောင်တောင် အကြည့်နဲ့ ...
" မင်း... မင်း ... ဘာပြောတယ် ? " မိန်းမကြီးက " ရှင် မမှတ်မိတော့ဘူးလား ? "
သူခေါင်းခါ ဖြေတယ်။
မိန်မကြီး သက်ပြင်းချပြီး " ကြည့်ရတာ.. ဒီနှစ်တွေမှာ ပိုက်ဆံလေး နှစ်ပြား သုံးပြား ရှိလာ

တော့ အရာရာကို မေ့ပစ်လိုက်ပြီပေါ့ ၊ လွန်ခဲ့တဲ့ အနှစ် ၂ဝ တုန်းက ကျွန်မတို့ အလုပ်
လုပ်မယ်ဆိုပြီး စုထားတဲ့ ငွေလေးနဲ့ ခရီးဝေးကို ထွက်လာကြတယ်၊ ပိုက်ဆံ အလိမ်ခံရလို့
အခြေအနေ မကောင်းခဲ့ဘူး။ အိမ်ပြန်ဖို့ စရိတ်တောင် မကျန်ဘူး။ ဒီနားလေးရောက်တော့
ရှင် ကျွန်မကို ဖက်ထုပ်တပွဲ မှာပေးတယ်လေ.။ ကျွန်မ သိတယ်...၊  အဲဒီအချိန် ရှင့်မှာ
ပိုက်ဆံ ၅ဝ ပဲကျန်တော့တယ် "
ယောက်ျားကြီး ဒါတွေလဲ ကြားရော ... တချက် တွန့်သွားတယ်။ ပတ်ဝန်ကျင်ကို သေချာ
ကြည့်တယ် " ဒီ... ဒီ နေရာက.... "
" ဟုတ်တယ် ဒီနေရာပဲ ...ကျွန်မ တသက်လုံး မေ့လို့ရမှာ မဟုတ်ဘူး။ အဲဒီအချိန်တုန်းက
ဒီနေရာလေးဟာ ဖက်ထုပ်ဆိုင်လေး ဖွင့်ထားတယ်လေ" ...
ယောက်ျားကြီး အသံတိတ် ခေါင်းလေးငုံ့လို့...၊ မိန်းမကြီး တဖက်လှည့်ပြီး စားပွဲထိုးမလေးကို
" ညီမ ... ပန်းကန်လုံး တလုံးလောက်ပေးပါ "
စားပွဲထိုးမလေး လျင်မြန်စွာပဲ ပန်းကန် အလွတ်တလုံး ယူလာပေးတယ်။ မိန်းမကြီးက ပန်းကန်
ထဲက ဖက်ထုပ်ကို တဝက်စီ ခွဲထည့်လိုက်တယ်။ တပွဲကို ယောက်ျားကြီးရှေ့ကို ဖြည်းဖြည်း
တွန်းပို့ပေးတယ်.။ "စားလိုက်ပါ ..စားပြီးရင် အိမ်အတူ ပြန်ကျမယ်လေ...!"
ယောက်ျားကြီးက ရှေ့မှာရှိတဲ့ ဖက်ထုပ် တဝက်ကို စိုက်ကြည့်ပြီး.." ငါ မဆာဘူး "
မိန်းမကြီးရဲ့မျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့ " လွန်ခဲ့တဲ့ အနှစ် ၂ဝ တုန်းကလည်း ရှင်ဒီလိုပဲ
ပြောခဲ့တာပဲလေ...ကျွန်မကို ဗိုက်ဝအောင် စားစေချင်လို့ ပြောခဲ့မှန်း သိပါတယ်" ။
သူမ ပြောပြီး ပန်းကန်ထဲမှာ ကူးခက်နေတဲ့ ဖက်ထုပ်တွေကို စိုက်ကြည့်ပြီး အတွေးတွေထဲ
လွင့်မျောနေတယ်.။
ယောက်ျားကြီးက " နင်ဘာလို့ မစားသေးလည်း ? "
မိန်းမကြီး တချက်ရှိုက်ပြီး " လွန်ခဲ့တဲ့ အနှစ်၂ဝ တုန်းကလဲ ရှင်ဒီအတိုင်းပဲ ကျွန်မကို
မေးခဲ့တာပဲ၊ ကျွန်မမှတ်မိသေးတယ်... ကျွန်မ အဲဒီတုန်းက ဖြေခဲ့တာက..စားရင် အတူ
တူစားမယ်၊ မစားရင်လဲ လုံးဝ မစားဘူး ...အခုလည်း အဲဒီ အဖြေပဲ..."
ယောက်ျားကြီး ဘာမှ မပြောတော့ဘူး...။ ဇွန်းကို ကောက်ကိုင်ပြီး ဖက်ထုပ်ကို ခပ်တယ်။
ဘာကြောင့်မသိဘူး။ ဇွန်းကိုင်တဲ့ လက်က တအား တုန်နေတယ်။ ဘယ်နှခါ ခပ်မိတယ်
မသိဘူး။ ဖက်ထုပ်က ဟင်းရည်ထဲကိုပဲ ပြန်ပြန် ဆင်းသွားတယ်။ နောက်ဆုံးတော့ သူ
ဖက်ထုပ် တခုကို ခပ်ပြီး ပါးစပ်ထဲ ပို့လိုက်တယ်..။ ဝါးတယ် စားတယ်.. နောက်တခုကို
ခပ်ပြီး ပါးစပ်ထဲ ထည့်တော့ မျက်ရည်တွေ... တပေါက်ပေါက် စီးကျလာတော့တယ်...။

မိန်းမကြီးက သူ့ယောက်ျား စားတာတွေ့တော့ မျက်နှာမှာ အပြုံးတွေနဲ့ ဇွန်းကို ယူပြီး
စားတော့တယ်။ ဖက်ထုပ် ပါးစပ်ထဲကိုလည်း ရောက်ရော.. မျက်ရည်ကလည်း ပန်းကန်း
လုံးထဲကို ကျသွားတယ်။ ဒီ ဇနီးမောင်းနှံက ဒီလိုနဲ့ မျက်ရည်ရောတဲ့ ဖက်ထုပ် တဝက်စီ
ကို စားလို့ ကုန်သွားတယ်..။
ဇွန်းကို ချပြီးပြီးချင်း .. ယောက်ျားက မိန်းမကိုမေးတယ်.. " ဗိုက် ဝပြီလား ..."
မိန်းမက ခေါင်းခါတယ် ၊ ယောက်ျား ပြာသွားတယ်။ ရုတ်တရက် သူသတိရလိုက်တယ်။
ခါးကို ကုန်းပြီး ခြေနှင်းကို ချွတ်ပြီး ခြေနင်း အောက်ခံ သားရည်ပြား အောက်ကို လှမ်းယူ
လိုက်တယ်။  ၅ဝဝ တန် တရွက် ထွက်လာတယ်။ သူအံ့သြပြီး လက်ထဲက ၅ဝဝတန် ကို
ကြောင် ငေးနေမိတယ် ..။
မိန်းမကြီးက ပြုံးပြီး " အဲဒီ လွန်ခဲ့တဲ့ အနှစ်၂ဝ တုန်းကလေ.. ရှင် ကျွန်မကို ငွေ ၅ဝ ပဲ ရှိတော့
တယ် ဆိုပြီး ဖက်ထုပ်တပွဲတည်း ဝယ်းကျွေးခဲ့တယ်..၊ တကယ်တော့ ရှင့်မှာ နောက်ထက်
၅ဝ ရှိသေးတယ်။ ခြေနင်းက အောက်ခံ သားရည်ပြားအောက်ထဲမှာ ဖွက်ထားတယ် ...။
ကျွန်မသိပါတယ် .. ရှင်က အဲဒီ ၅ဝနဲ့ ကျွန်မ ဗိုက်ဆာရင် နောက်ထပ် စားရအောင် ဖွက်ထား
ခဲ့တာ.. ဒါပေမယ့် အဲဒီတုန်းက ရှင်လဲ ဖက်ထုပ်တဝက် စားလိုက်တော့ ကျွန်မ ဗိုက်မဝသေးဘူး
ဆိုတာ သိလို့ .. နောက်တပွဲ ထပ်မှာ စားခဲ့ကြတယ်လေ''...သက်ပြင်းလေးတစ်ချက်ချပြီး-
 ''ရှင် လုပ်ခဲ့ဖူးတာတွေကို ပြန်မှတ်မိသေးတယ်နော်...အဲဒီ ၅ဝဝ- ဖွက်တာ အလကား
မဖြစ်တော့ဘူး"
ယောက်ျားက ပိုက်ဆံကို စားပွဲထိုးမလေးကို ပေးတယ်...။
" အကိုတို့ကို နောက်တပွဲ ထပ်ပေးအုံးကွာ.."
စားပွဲထိုးမလေးက ပိုက်ဆံကို မယူပဲ... အပြေးလေးထွက်သွားတယ် ..ခဏကြာတော့
လက်ထဲမှာ ဖက်ထုပ် ပူနွေးနွေး တပွဲ ပါလာတယ် ...။
ယောက်ျားက မိန်းမရဲ့ ပန်းကန်ထဲကို တဝက် ခွဲထည့်ပေးတယ်။ " ပူတုန်းလေး စား

လိုက်အုံး.."
မိန်းမက နည်းနည်းမှ မလှုပ်ပဲ ပြောတယ်။
" စားပြီးရင်တော့ ကျွန်မတို့ လမ်းလျှောက် အိမ်ပြန်ကြရတော့မယ်၊ ရှင်ကျွန်မကို အပြစ်မဆိုနဲ့
နော် .. ကျွန်မကလည်း လမ်းမခွဲခင်လေး ရှင်နဲ့ အရင်ကလို ဒုက္ခနဲ့ ဗိုက်မဝတဲ့ ဒဏ်ကို အတူတူ မျှဝေခံစားချင်လို့ပါ...။
ယောက်ျားဆီက ဘာအသံမှ ထွက်မလာဘူး။ ခေါင်းကြီး ငုံ့လို့ ..၊ ဖက်ထုပ်တွေ တလုတ်ပြီး
တလုတ် ... အရည်တွေလဲ အကုန်လုံး မော့သောက်လိုက်တယ် ။ ပြောင်းသလင်းခါ နေအောင်
စားပြီး ... မိန်းမကို လောတယ်။
" မြန်မြန်စား .. စားပြီးရင် ငါတို့ လမ်းလျှောက်ပြန်ရအုံးမယ်.."
မိန်းမက " ရှင်စိတ်ချပါ... ကျွန်မ ကတိတည်ပါတယ်..၊ အိမ်ပြန်ရောက်တာနဲ့ ကွာရှင်း

စာချုပ်မှာ လက်မှတ်ထိုးပေးမယ်၊ ငွေလည်း တပြားမှ မယူဘူး၊ ရှင် ဘယ်မိန်းကလေးနဲ့
ပဲ ကြိုက်ကြိုက် ၉-ယောက် ၁ဝ ယောက် ယူယူ ... ကျွန်မနဲ့ ဘာမှ မဆိုင်တော့ပါဘူး "
ယောက်ျားကြီးက အားခေါင်သံကြီးနဲ့ အော်ပြောတယ် " အိမ်ပြန်ရောက်ရင် ငါ အဲဒီ ကွာရှင်း
စာချုပ်ကို မီးရှို့ပစ်ပါ့မယ်ဟာ...ဟုတ်ပြီလား..? "
ပြောအပြီးမှာ... သူ ရှိုက်ကြီးတငင် ငိုပြောတယ်.." ငါမှားသွားတယ် မိန်းမ ... ငါ့ ဦးနှောက်ထဲ
ရေဝင်လို့ အဲလို မှားခဲ့မိတယ်. .."
မိန်းမကြီးက ပြုံးပြုံးလေးနဲ့ အေးအေးဆေးဆေး ဖက်ထုပ် ပန်းကန် တဝက်ကို ကုန်အောင်

စားလိုက်တယ်။ ပြီးတော့ စားပွဲထိုးမိန်းကလေးကို...
" ညီမရေ ဘေလ်ရှင်းမယ်နော်"
တချိန်လုံး ဘေးကနေ ကြည့်နေတဲ့ hotel သူဋ္ဌေး ဦးဝင်းစိန် သတိပြန်ဝင်လာပြီး...

စားပွဲဝိုင်းရှိရာကို လာခဲ့တယ် ။ ငွေပေးနေတဲ့ မိန်းမကြီး လက်ကို တားပြီး အိပ်ထဲကနေ
၁ဝဝဝ တန် ၅-ရွက် ထုတ်ပေးတယ်..။ 
" မင်းတို့ အိမ်ပြန်ရောက်ရင် ကွာရှင်းစာချုပ် မီးရှို့ပစ်ဖို့တောင် ဆုံးဖြတ်ပြီးပြီပဲ၊ အိမ်ကိုလဲ
လမ်းလျှောက် မပြန်နဲ့တော့.."
လင်းမယားနှစ်ယောက်လုံး ဘာမှ နားမလည်ဘဲ ဦးဝင်းစိန်ကို ငေးကြည့်နေကြတယ်။
ဦးဝင်းစိန်က ပြုံးပြီး.." မင်းတို့က ငါ့ရဲ့ ဖောက်သည်ဟောင်းကြီးတွေပဲလေ။ လွန်ခဲ့တဲ့
အနှစ်၂ဝ တုန်းက ဖက်ထုပ်ဆိုင်ကလဲ ငါ့ဆိုင်ပဲ... အဲဒီ အချိန်တုန်းက ဖက်ထုပ်က ငါ့မိန်းမ
လက်ရာကွ " ပြောပြီး...
ပိုက်ဆံကို ယောက်ျားလက်ထဲ အတင်း ထည့်ပြီး လှည့်ထွက်သွားတယ်။
ဦးဝင်းစိန် ရုံးခန်းထဲလဲ ရောက်ရော... စားပွဲ အံဆွဲထဲကနေ စာစီပြီးသား ကွာရှင်းစာချုပ် စာရွက်လေးတရွက်ထွက်လာတယ်။
" အော် ... ငါလဲ ဦးနှောက်ထဲ ရေဝင်ပြီး မှားချင်ခဲ့တာပဲ "..။

လမ်းခွဲတော့မယ်ဆိုရင် တွေးကြည့်ပါ... အရင်က အတိတ်ဟောင်းတွေမှာ ဒုက္ခဆင်းရဲ မျှဝေ

ခံစားခဲ့ဖူးတဲ့ သူဟာ တလျှောက်လုံး လက်တွဲလာခဲ့ပြီး အသင်တို့ရဲ့ ဇာတ်လမ်းတွေ
ဤမျှ  မတိုတောင်းပါဘူး...။
 

အချိန်တွေ တရွေ့ရွေ့ တွားနေလို့ ပျော်ရွှင်မှု ချစ်ခြင်းမေတ္တာတွေကို နှလုံးသား ချောင်တခုမှာ ပိတ်ထားမိခဲ့ကြတယ်။ တကယ်တော့ သင့်ကို ချိုမြိန်သာယာတဲ့ စကားနဲ့ ပျော်ရွှင်အောင်
ချော့ပြောနေတဲ့သူဟာ သင့်ကို အချစ်ဆုံးသူ မဟုတ်ပါဘူး။ ခုလို ငွေလေး ၅ဝဝ-ကို
ဖွက်ပြီး လိုအပ်ချိန်မှာ သင့်ကို အနစ်နာခံ ဂရုစိုက်ကာ နောက်ဆုံး စားစရာလေး ကျွေးပြီး ငါမဆာဘူးလို့ ပြောမယ့်သူ သာလျှင် သင့်ကို အချစ်ဆုံးသူပါ။
***************************************************************************

ဇာတ်လမ်းလေးကို ကြည့်ပြီး (ဇနီးမယား) မိန်းမဆိုတာ ဘာလဲ သိပြီလား ?
 

မိန်းမဆိုတာ သင် နှစ်သက်မယ့် လက်ဆောင်လေးတခု ဝယ်ပေးဖို့ ငွေတွေစုပြီး အစားလျော့
နေတယ်လို့ ပြောမယ့် " ငပိန်း မလေး" ပါ။
 

မိန်းမဆိုတာ သင့်ကို ချစ်လို့ ကျန်တဲ့သူတွေကို လျစ်လျူရှုပြီး သင့်ဘေးမှာ တဖြေးဖြေး
အိုစာတဲ့အထိ သစ္စာရှိစွာ နေသွားမယ့် "အရိုး အ,အ မလေး" ပါ။
 

မိန်းမဆိုတာ သင့်ကို တခြားမိန်းကလေးအကြောင်း မပြောဖို့၊ မကြည့်ဖို့၊ မချီးကျူးဖို့ကို
အမြဲပြောနေမယ့် " သဝင်ကြောင် မလေး" ပါ။
 

မိန်းမဆိုတာ ဖုန်းထဲမှာ သင်ပို့သမျှ  Message ကို သိမ်းထားပြီး အကြိမ်ကြိမ် ပြန်ဖတ်ပြီး 
ပျော်နေတတ်တဲ့ "အချစ်ရူးမလေး" ပါ။
 

မိန်းမဆိုတာ သင် ဘယ်ဘောင်းဘီလေးတွေ့ခဲ့လို့ ကြိုက်တယ်ပြောမိရင် တမြို့လုံး မရမက
ရှာပြီး ဝယ်ပေးမယ်၊ ပြီးတော့ လမ်းကြုံတွေ့လို့ ဝယ်ပေးခဲ့တယ်လို့ ပြောမယ့်
"အပိုတွေ မပြောတတ်တဲ့ မုသားမလေး" ပါ။
 

မိန်းမဆိုတာ သင် သူမဘေးမှာ မရှိချိန်မှာ သင့်ကို အရမ်းသတိရပြီး ဖုန်းကို ကိုယ်နဲ့ မကွာ
ထားကာ နေ့တိုင်း ဖုန်းမျှော်နေတတ်တဲ့ "သနားစရာ မိန်ကလေး" ပါ။
 

မိန်းမဆိုတာ တခြားသူရဲ့ ညစ်ပေနေတဲ့ အိင်္ကျီကို မြင်တာနဲ့ ရွံတတ်ပေမယ့်.. သင်ရဲ့ နံစော်နေတဲ့ ခြေအိတ်အစုံကို မငြီးမငြူ လျှော်ဖွတ်ပေးတတ်တဲ့ "ငပေါမလေး" ပါ။
 

မိန်းမဆိုတာ သင့်ကို မကောင်းပြောတဲ့ သူတွေနဲ့ အော်ကြီးဟစ်ကျယ် ရန်ဖြစ်နေမယ့်
"ငစွာ မလေး" ပါ။
 

မိန်းမဆိုတာ လူကြားမှာ ဘယ်လောက်ကြံ့ခိုင်ပြီး တော်နေပါစေ သင့်ရှေ့ရောက်ရင်
ကလေးဆန်ဆန် ချွဲနွဲ့နေမယ့် "ကလေးမလေး" ပါ။
 

ယောက်ျားလေးများ မှတ်သားကြပါ။ မိန်းမဆိုတာ သင် သူမရဲ့အနစ်နာကိုပဲ ခံရမယ်လို့
ခွင့်ပြုထားသူပါ...။
သူမ ရှိပြီးနေပြီမို့ တခြားမိန်းကလေးကို သတိမရစေတော့တဲ့သူဟာ မိန်းမပါပဲ။
သူမအတွက် ဘယ်လောက်ကုန်ကုန် ကပ်စေးမနဲ သူမကြိုက်မယ်ဆိုရင် ဝယ်ပေးဖို့အသင့်
ရှိနေတယ်ဆိုရင် သူမဟာ မိန်းမပါပဲ။
 

သူမအတွက်နဲ့ အရင်က သင့်ရဲ့ယောက်ျားမာန အတ္တတွေကို လျော့ချပြီး လိုက်လျောတတ် အလျှော့ပေးတတ်နေပြီဆိုရင် သူမဟာ မိန်းမပါပဲ ..။
သူမရှေ့မှာ အိုးခွက်ပန်းကန် ဆေးနေရရင်တောင် အရမ်းခန့်တယ်လို့ ခံစားမိရင်
သူမဟာ မိန်းမပါပဲ ...။
 

သူမကြောင့် တာဝန် သိတတ်လာပြီး၊ သူမတသက်လုံး စိတ်ချမ်းသာနေမယ်ဆိုရင်
ဘယ်လောက် ပင်ပန်းပင်ပန်း ကျေနပ်နိုင်ခဲ့ပြီဆိုရင် သူမဟာ မိန်းမပါပဲ...။
 

သူမရဲ့ အအေးမိ ဖျားနာခြင်းကို စိတ်ပူတတ်ပြီး၊ သူမ ထမင်းတပန်းကန် ပိုစားရင်ကိုပဲ
ပျော်ရွှင်မိမယ်ဆိုရင် သူမဟာ မိန်းမပါပဲ...။
 

သူမအတွက် မိုးအုံ့နေပြီဆိုတာနဲ့ ထီးမိုးပေးဖို့ အမြဲသတိရနေပြီဆိုရင် သူမဟာ မိန်းမပါပဲ.။
အထက်မှာ ပါတဲ့ အချက်တွေ အားလုံး ရှိမယ်လို့ မဆိုလိုပါဘူး။

ဒါပေမယ့် တော်တော်များများဟာ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာ တွေ့ရပါလိမ့်မယ်။
မျက်စိရှေ့မှာ ရှိပြီးသားသူကို တန်ဖိုးထားတတ်ရမယ်။
တန်ဖိုးထားတတ်တဲ့သူက နားလည်လာမှာပါ။
တန်ဖိုးထားတတ်ပြီးဆိုရင် သာယာတဲ့ ဘဝကို ပိုင်ဆိုင်ပြီပဲ "
By ဟိုကောင်လေး

Very Good.... ToeToe

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...