သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, August 21, 2013

PostHeaderIcon ဝါခေါင်လပြည့် - မေတ္တာအခါတော်နေ့ တရား



 ဝါခေါင်လပြည့် - မေတ္တာအခါတော်နေ့ တရား
*********************************
ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ ခေါ်ရတာက ပါဠိအဋ္ဌကထာဋီကာ အသွား
အလာ အဆိုအမိန့်တို့ကို ကြည့်ရှု ရှေ့နောက်ထောက်ထား၍ မေတ္တာသုတ်တော်ကို ဒီနေ့
မှာ(သို့မဟုတ်) ဝါခေါင်လ မပြည့်မီလေးမှာ ၁-ရက်၊၂-ရက် အလိုမှာ ဟောတော်မူခဲ့တာပဲ
လို့ တွက်ချက်ယူဆပြီး မေတ္တာအခါတော်နေ့လို့ ဆိုခြင်းဖြစ်ပါတယ်။
မြတ်စွာဘုရား ကောသလတိုင်း သာသတ္ထိမြို့ ဇေတဝန်ကျောင်းမှာ ကိန်းအောင်း စံပျော်
တော်မူသောကာလ၊ တခုသော ဝါဆိုဦးမှာ သံဃာတော်(၅၀၀)တို့ ဘုရားထံမှာ ကမ္မဋ္ဌာန်း နည်း တောင်းခံပြီး တောအုပ်တခုသို့ဝင်၍ ဝါကပ်ကာ တရားအားထုတ်နေကြပါတယ်။
ထိုတောတွင် ရှိနေကြသော နတ်များက သံဃာတော်တို့၏ သီလအရှိန်ကို ရိုသေကြ
သောကြောင့် မိမိတို့ နေရာများမှ ဖယ်ရှားပေးကြ၊ ရှောင်နေကြပါတယ်။

လေးစားအပ်သော ဧည့်သည်များ မိမိတို့နေရာသို့ ကြာကြာကြီး လာရောက်လျှင် အိမ်ရှင်

အနေကြပ်သလိုပါပဲ။ သံဃာကို ရိုသေတဲ့ နတ်များ၊ ရုက္ခစိုး၊ဘုမ္မစိုးများပေါ့။အနေကြပ်ကြ
တဲ့အတွက် သူတို့နေရာမှာ တရားအားထုတ်နေကြတဲ့ သံဃာတော်များကို ခြိမ်းခြောက်ကြ၊
ချောက်လှန့်ကြပါတယ်။ အဲဒါကြောင့် သံဃာတော်များ သမာဓိပျက်ပြီး ဝါဆိုပြီးစ ဝါတွင်း ကာလမှာပဲ ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ရပါတယ်။ မြတ်စွာဘုရားက မေးစစ်တော့
တောချောက်လို့ ပြန်လာခဲ့ရတဲ့ အကြောင်း လျှောက်တင်ကြပါတယ်။ အဲဒီအခါ မြတ်ဘုရား
က သင်တို့-အဲဒီတောက နတ်တွေကို မိတ်မဖွဲ့ကြလို့ သူတို့ ချောက်လှန့်တာပဲ။ သူတို့နေရာ
မှာ သူတို့ကို ကောင်းစွာ မိတ်ဖွဲ့ပြီးမှ နေကြမယ်ဆိုလျှင် ချစ်ခင်မြတ်နိုးနေကြလိမ့်မယ်။
ရဟန်းတို့ မိတ်ဖွဲ့ကြောင်း အကျင့်ကောင်းကို သင်ယူသွားကြ၊ ဒီနေရာ ဒီတောကိုပဲ ပြန်
သွားကြ၊ တောသို့ မဝင်ခင် အဲဒီနတ်တွေကို မိတ်ဖွဲ့ကြ၊ မိတ်ဆွေဖွဲ့ ကြောင်း အကျင့်
ကောင်းကတော့ မေတ္တာတရားပဲဟု မိန့်တော်မူကာ မေတ္တာသုတ်ကို ဟောတော်မူပါတယ်။

မေတ္တာသုတ်ကို နာကြားသင်ယူပြီး ထိုရဟန်း(၅၀၀)တို့ ထိုတောကို ပြန်သွားကြရပါတယ်။
တောမဝင်ခင် မေတ္တာပွားကြတဲ့အတွက် ယခင် ခြိမ်းခြောက်လွှတ်ခဲ့တဲ့ နတ်များဟာ ယခု
တော့ ကျောင်းသား၊ ကပ္ပိယ၊ တပည့်များကဲ့သို့ တရိုတသေ ခရီးဦးကြိုဆို၍ နေရာပေးကြ၊
ပြုစု လုပ်ကျွေးကြပါတယ်။ မေတ္တာသုတ်တော်ဖြင့် နတ်များကို မိတ်ဖွဲ့ပြီး နတ်များ အစောင့်
အရှောက်ဖြင့် အထက်ပါ ရဟန်း(၅၀၀)တို့ ထိုတောမှာပဲ ဝါဆိုဝါကပ် ပြု၍ တရားအားထုတ်
ကြရာ အားလုံး ဝါတွင်းမှာပဲ ရဟန္တာဖြစ်ကြပါတယ်။ ဒုတိယ ပဝါရဏာပြုအပြီးမှာ ဘုရားဖူးဖို့၊
ပြန်လည် အစီရင်ခံဖို့ ဇေတဝန်သို့ ပြန်ခဲ့ကြပါတယ်။
အထက်ပါ အတ္ထုပ္ပတ္တိအသွားအလာကိုကြည့်လျှင် နတ်များချောက်သဖြင့် ဇေတဝန် ပြန်
ရောက်တာ ဝါခေါင်လပြည့် ဒုတိယဝါဆိုနေ့ပါပဲ။ မေတ္တာသုတ်ကို ထိုနေ့မှာ နာကြားပြီး ထို
တောသို့ပဲ ပြန်၍ ဝါကပ်ခဲ့ရတာ ဖြစ်ပါတယ်။ ထို့ကြောင့် ဝါခေါင်လပြည့်နေ့ကို မေတ္တာသုတ်
တော်နေ့၊ မေတ္တာအခါတော်နေ့ရယ်လို့ ခေါ်ဆိုနိုင်ခြင်း ဖြစ်ပါတယ်။

မေတ္တာဆိုတာကို အဘိဓမ္မာမှာ တရားကိုယ်အားဖြင့် အဒေါသ စေတသိက်လို့ ဆိုပါတယ်။ အမျက်မထွက်ခြင်း၊ စိတ်မဆိုးခြင်း၊ မဖျက်ဆီးခြင်း၊ မနှောင့်ယှက်ခြင်း၊ ရန်မပြုခြင်း စသည်အဓိပ္ပာယ်များရပါတယ်။

ဒေါသက ရန်ညှိုး ရန်သူဖွဲ့တဲ့ မကောင်းတရားဖြစ်လို့ အဒေါသက မိတ်ဆွေဖွဲ့တဲ့တရား၊ ချစ်ခင်သူများပြားအောင် စည်းရုံးတဲ့ အကောင်းတရားပါပဲ။ ဒေါသသည် အပူဓာတ်ဖြစ်လို့
အဖွဲ့အစည်းကို ပျက်ပြယ်စေတတ်ပါတယ်။ အဒေါသကတော့ အအေးဓာတ်ဖြစ်တဲ့အတွက်
အဖွဲ့အစည်းကို အားပေးခိုင်မြဲစေပါတယ်။ မှန်ပါတယ်။ ဒေါသအားကြီးတဲ့သတ္တ၀ါများမှာ
ကြမ်းတမ်းတဲ့ သဘောတွေလွှမ်းနေတာကြောင့် ချဉ်းကပ်ပေါင်းသင်းဖို့ အလွန်ခက်ပါတယ်။
သူတို့မှာ ချစ်ခင်သူမိတ်ဆွေ ရှားပါးနေတတ်ပါတယ်။ ကျားတွေ၊ ခြင်္သေ့တွေ၊ မြွေပွေး၊ မြွေ
ဟောက်တွေ အနီးအနားသို့ လူတွေ၊ တိရိစ္ဆာန်တွေဟာ ချဉ်းကပ်ဖို့ရန် မ၀ံ့မရဲ ခက်ခဲ နေသလို
ပါပဲ။ ဒါကြောင့် မေတ္တာဘာဝနာဆိုတာဟာ ကျား၊ ခြင်္သေ့၊ မြွေပွေး၊ မြွေဟောက်နဲ့ တူ
တဲ့ ဒေါသစိတ်ကို ခေါင်းပါးအောင်၊ ပယ်နှုတ်နိုင်အောင် လေ့ကျင့်တဲ့ ကျင့်စဉ်ပဲ
ဖြစ်ပါတယ်။

မေတ္တာသုတ်တော်မှာ တောရပ်မှီ ရဟန်း(၅၀၀)တို့အား မြတ်စွာဘုရားက မေတ္တဘာဝနာ
ကျင့်မယ့်ပုဂ္ဂိုလ်သည် ရှေ့ပြေးအကျင့် (၁၄) ပါးကို ကျင့်ရမယ်လို့ ဟောပါတယ်။ တကယ်
တော့ မေတ္တာဘာဝနာဖြင့် ဒေါသကို လျော့၍လျော့၍၊ နှိမ်၍ နှိမ်၍၊ ပယ်၍ပယ်၍ လာခဲ့ရာ တဖြည်းဖြည်းချင်း ဒေါသခေါင်းပါးလာသောအခါ အတ္ထကုသလ၊ သက္က၊ ဥဇု စသော
ကောင်းမြတ်သည့် ဂုဏ်အရည်အချင်းများ တိုးတက်လာမည် ဖြစ်ပါသည်။ အတ္ထကုသလ
ဆိုတာ အကျိုးစီးပွားရှိသည့် အလုပ်၌ ကျွမ်းကျင်နိုင်နင်းခြင်း ဖြစ်ပါတယ်။ ဒေါသော အတ္ထံ
န ဇာနာတိ စသည်ဖြင့် ဟောသောဒေသနာများမှာ ဒေါသသည် ကောင်းကျိုး၊ ဆိုးကျိုးကို
မသိ၊ မမြင်ဟု ဟောတော်မူပါသည်။ အဲဒါကြောင့် ဒေါသကင်းသောစိတ်= အဒေါသစိတ်
ကို ပိုင်ဆိုင်သူသည်သာလျှင် အတ္ထကုသလ=အကျိုးစီးပွား၌ ကျွမ်းကျင်နိုင်နင်းသူ၊
သက္ကော= မိမိသူတပါး အကျိုးများသည့် လုပ်ငန်း၌ စွမ်းနိုင်သူစသည် ဖြစ်လာပါလိမ့်မည်။
ဒေါသ အမှောင်တွင်း၌ ကျရောက်နေသူသည် မိမိနှင့် လူအများ အကျိုးဖြစ်မည့် လုပ်ငန်း
မျိုး၌ ကျွမ်းကျင်မှုနှင့် စွမ်းရည်များမရှိတော့သည့်အပြင် ပျက်စီးခြင်းသို့ပင် ကျရောက်
သွားနိုင်ပါသည်။

သို့ဖြစ်၍ ဒေါသစိတ်ကို မေတ္တာဖြင့် ပယ်ရှားနိုင်သူသည်-

၁။ မိမိ သူတပါး ကောင်းကျိုးများမည့် လုပ်ငန်းများ၌ ကျွမ်းကျင်နိုင်နင်းလာမည်။
၂။ ထိုလုပ်ငန်းမျိုး၌ လုပ်ကိုင်ဆောင်ရွက်နိုင်သော အစွမ်းသတ္တိများ ရှိလာမည်။
၃။ ဒေါသကင်းသည့် ထိုသူသည် ကိုယ်နှုတ်စိတ်သုံးပါး အလွန်ဖြောင့်မတ်လာမည်။
၎။ စိတ်ထားနူးညံ့လာသည့်အတွက် ပြောဆိုဆက်ဆံရာမှ အလွန်လွယ်ကူလာမည်။
၅။ အခြေအနေ အရပ်ရပ်မှာ ကျေနပ်နှစ်သိမ့်အောင် နေတတ်သူ ဖြစ်လာမည်။
၆။ ဒေါသကင်းသည့် ထိုသူကို ပြုစုလုပ်ကျွေးဖို့ လွယ်ကူချောမွတ်နေမည်။
၇။ အရာရာကို ကျေနပ်အောင် နှလုံးသွင်းတတ်သည့်အတွက် အမှုကိစ္စ မများတော့ပေ။

၈။ အပိုကိစ္စ၊ အပိုအလုပ်တွေ နည်းသွားပြီး ကိုယ်နှုတ်စိတ်များ ပေါ့ပါး သွက်လက်လာမည်။
၉။ တည်ငြိမ်သော စိတ်ထား၊ ရင့်ကျက်သော အသိဉာဏ်၊ ယဉ်ကျေးသိမ်မွေ့ ချိုသာသော

စကားရှိသည့် ဂုဏ်သရေရှိ လူကြီးလူကောင်း (Gentleman)တယောက် ဖြစ်လာလိမ့်မည်။

၁၀။ ဒေါသကင်းသည့် မေတ္တာရှင်သည် မိမိပတ်ဝန်းကျင် လောကနှင့်လူသားတို့ အပေါ်မှာ

ဒေါသဖြင့် ရန်ညှိုးဖွဲ့၍လည်း ညိကပ်၍မနေဘဲ ထိုဒေါသဖြင့်ပင် အမျက်ထွက်၍ မောင်း
နှင် မထုတ်ဘဲ တွယ်တာခြင်း(Attachment) နှင့် တွန်းထုတ်ခြင်း (Detachment)တို့မှ
လွတ်မြောက်၍ တနည်းအားဖြင့် ရာဂဖြင့် ငြိကပ်ခြင်း၊ ဒေါသဖြင့် စက်ဆုတ်ခြင်းတို့မှ
လွတ်မြောက်၍ ပတ်ဝန်းကျင်နှင့် လူသားတို့အပေါ်မှာ ချစ်သူ၊မုန်းသူ၊ ဝေးသူ နီးသူ၊ ယုတ်
သူ မြတ်သူ စသည် မခွဲခြား တသားတညီတည်း သဘောထား၍ အပိုင်းအခြားမရှိ၊ ခွဲခြားမှု
မရှိ အစွန်းနှစ်ဘက်မှ လွတ်မြောက်လာမည် ဖြစ်သည်။ 
ထို့ကြောင့် မေတ္တာကို စေတောဝိမုတ္တိဟူ၍ လည်းကောင်း၊ အပရိမာဏ ဟူ၍ လည်းကောင်း
ဟောတော်မူပါသည်။
 

ဤမေတ္တာသုတ်တော်၌ အကောင်းတွေချည်း ဖြစ်ပါစေဟူ၍ ပို့သောနည်း၊ မကောင်းတာတွေ မဖြစ်ပါစေနှင့်ဟူ၍ ပို့သောနည်းအားဖြင့် (၂)နည်းဖြင့် ကျင့်သုံးနိုင်ပါသည်။ ပထမနည်း
၌ မြင်ဘူးသောသတ္တ၀ါ၊ မမြင်ဘူးသောသတ္တ၀ါ၊ မြင်နိုင်သောသတ္တ၀ါ၊ မမြင်နိုင်သောသတ္တ၀ါ၊ ကိလေသာရှိသောသတ္တ၀ါ၊ ကိလေသာကင်းသောသတ္တ၀ါ၊ ပဋိသန္ဓေနေဆဲ သတ္တ၀ါ၊ ဖွားမြင်
ပေါက်မြောက်ပြီးသော သတ္တ၀ါ၊ ဘ၀သံသရာ ကျင်လည်နေဆဲ သတ္တ၀ါ၊ ဘ၀သံသရာခရီး
ပြီးဆုံးပြီးသော သတ္တ၀ါ၊ ထိုဆိုခဲ့သော သတ္တ၀ါအားလုံးတို့သည်

၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲဒီလိုပို့နိုင်ပါတယ်။

ထို့ပြင် ကိုယ်ခန္ဓာ ရှည်သောသတ္တ၀ါ၊ တိုသောသတ္တ၀ါ၊ မတိုမရှည် အလတ်စားသတ္တ၀ါ၊ ကိုယ်

ခန္ဓာ ကြီးသော သတ္တ၀ါ၊ ငယ်သော မကြီးမငယ် အလတ်စား သတ္တ၀ါ၊ ကိုယ်ခန္ဓာဝသော ပိန်
သော မပိန်မဝ အလတ်စားသတ္တ၀ါ အားလုံးတို့သည်-

၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲဒီလိုလဲ ပွားများနိုင်ပါတယ်။

မကောင်းတာတွေ မဖြစ်စေဖို့ဆိုတဲ့ ဒုတိယနည်းမှာ-ဘုံ သုံးဆယ်တစ် ဖြစ်ဖြစ်သမျှ

သတ္တ၀ါအားလုံးတို့သည်-

၁။ အမျက်ထွက်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၂။ လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၃။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၎။ နှောက်ယှက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၅။ နှိပ်စက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၆။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၇။ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။
ဟု နည်းနှစ်ပါးစုံကို ခြုံငုံ၍ ပွားများလေ့ကျင့်နိုင်ပါသည်။

  မေတ္တာ၏ အဒေါသလက္ခဏာ ပိုမို၍ ထင်ရှားပေါ်လွင်စေရန် ဤသို့လည်း ဆင်ခြင်အပ်

ပါသည်။'ကိုယ်တိုင် ရင်၌ လွယ်၍ မွေးဖွားလာခဲ့ရသော တဦးတည်းသော သားရှိသည့်
မိခင်သည် ထိုသားငယ်ရင်ခွင်၌နေစဉ် ကျင်ကြီးကျင်ငယ်ကို စွန့်၍ ခြေလက်တို့ဖြင့် တွန်း
ထိုး ကန်ကျောက်စေကာမူ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း အလျဉ်းမရှိဘဲ ထိုတယောက်
တည်းသော သားရင်းကို မိမိ၏ အသက်ကိုပင် စွန့်လွှတ်၍ ကာကွယ် စောင့်ရှောက်ပြုစု
သလို'' သတ္တ၀ါအားလုံး၏ အပေါ်မှာ အမျက်ထွက်ခြင်း အလျဉ်းမရှိ၊ မကောင်းဖြစ်စေလိုခြင်း လုံးလုံးကင်း၍ ကောင်းကျိုးချမ်းသာချည်းသာ ဖြစ်စေချင်သော မိခင်စိတ်မျိုး ထားရမည်ဟု
ဟောတော်မူပါသည်။ အနန္တစကြာဝဠာ၊ အနန္တ သတ္တ၀ါတို့အပေါ်မှာ ဒေါသဟူသည့် အတွင်း
ရန်ကင်းသဖြင့် အပိုင်းအခြား အကန့်အသတ်မရှိ ကျယ်ပြန့် မွန်မြတ်သည့်စိတ်ကို တိုးပွား
အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

နိဂုံးမှာ အပိုင်းအခြားမရှိသည့် သတ္တ၀ါအားလုံးတို့၏ ကောင်းကျိုးချမ်းသာ ဖြစ်စေချင်
သောစိတ် မကောင်းတာနှင့် ဆင်းရဲမှန်သမျှ မဖြစ်စေချင်သော ကျယ်ပြန့်သော မွန်မြတ်
သော ဟိတကာမစိတ်ကို နေ့နေ့ညည မရပ်မနား သွားသွားရပ်ရပ် ထိုင်ထိုင် အိပ်အိပ်
မတိတ်ဆိတ်ဘဲ အဆက်မပြတ် ပွားများ၍သာနေကြရာ၏။ ဤသို့လျှင် မေတ္တာအသိ အမြဲ ရှိသူတို့၏ နေခြင်းကို ဗြဟ္မဝိဟာရ (Noble Abiding)= မြတ်သောနေခြင်းဟုခေါ်ပါသည်။

သူတော်စဉ်အပေါင်းတို့ ကိုယ်ကျိုး သူကျိုး ဤနှစ်မျိုးကို သည်ပိုးဆောင်ရွက် လိုသူတိုင်း ဤ

မေတ္တာဘာဝနာကို ပွားများကြရပါသည်။ မေတ္တာပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့်
စေတောဝိမုတ္တိဟူသော အကျိုးကို ပွားများကြရပါသည်။ မေတ္တာပြည့်စုံလျှင် ခန္တီပါ ပြီးပြည့် စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ဤဘဝမှာပင် ရရှိနိုင်ကြမည် ဖြစ်ပါသည်။
သီတဂူဆရာတော် အရှင်ဉာဏိဿရ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...