သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, August 17, 2013

PostHeaderIcon ရယ်ခြင်း သုံးမျိုး


ရယ်ခြင်း သုံးမျိုး 
**********
 (၁)
ချစ်လို့မငြီး၊
ဇနီးအိမ်ရှင်၊ မိမိလင်သည်၊
ချစ်ခင်သောအား၊ သားသမီးကို၊
ပိုက်ဖျားအားရမ်း၊ ချီရှုပ်နမ်းသော်၊
မယ်ဝမ်းက မွေး၊ သူများ သွေးကို၊
အလေးအမြတ်၊ သင့်သား မှတ်၍၊
လည်ပတ် ဖက်ချီ၊ နမ်းလေပြီတည့်၊
မတည် ကလေး၊ အသွမ်းသွေး၍၊
အဝေးမျက်ကွယ်၊ မယားရယ်၏။

(၂)
ငါ့လယ် ငါ့ယာ၊ ငါ့မြေယာဟု၊
ဥစ္စာခင်မင်၊ ဆိုပြန်လျှင်လည်း၊
အရှင်ငဲ့ပါ၊ ငါတို့မှာမူ၊
ကမ္ဘာမကျေ၊ မချင်းနေ၏၊
မသွေယွင်းယို၊ သင်တို့ ကိုယ်တိုင်၊
ထိုမပိုင်ဘဲ၊ ဘွယ်သရဲဟု၊
မြောင်မြဲသောနယ်၊ မြေကရယ်၏။

(၃)
ငါ့စိန် ငါ့ရွှေ၊ ငါ့ကြေးငွေဟု၊
စိတ်စေကြည်သား၊ ဆိုပြန်ပါလည်း၊
ကြမ္မာတော်တိုက်၊ ကောင်းတော်ခိုက်မို့၊
အိမ်ဆိုက်လှေသာ၊ တည်းခိုပါရှင့်၊
ငါးဖြာရန်သူ၊ ယူလည်းတို့ပါ၊
သေမင်း ခွါလည်း၊ သင့်ရာ အလျောက်၊
ငါတို့ရောက်သည်၊ တို့သခင်လျှင်၊
ဖြစ်ချင်လွန်းစွ၊ လွန်မင်းစွဟု၊
ဒေါသချီးရယ်၊ ရွှေငွေရယ်သည်၊

သုံးသွယ် ရယ်ဆေး၊ ပျက်သွမ်းသွေး။

(စိန္တကျော်သူ ဦးသြ)
( သတိထားစရာ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...