သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, August 23, 2013

PostHeaderIcon ကလေး မရနိုင်သူများအတွက်

 ကလေးရစေနိုင်မည့် နည်းလမ်းများ
**************************
ကွန်ဒုံးစသည်ဖြင့် အကာအကွယ်မယူ၊ တနှစ်ခန့်ကြာသည်အထိ လိင်ဆက်ဆံသော်လည်း သန္ဓေမတည်နိုင်ခြင်းကို မြုံ ခြင်းဖြတ်တယ်လို့ သူက သက်မှတ်လိုက်ပါတယ်။ ဒီအဓိပ္ပါယ်

 သတ်မှတ်ချက်ဟာ တကယ်တော့ သိပ်ရှင်းလင်းပြီး ပြီးပြည့်စုံလွန်းတယ်လို့တော့ မဆိုလိုပါ
 ဘူး။ သို့သော်လည်း မြုံခြင်း (Infertility) ဆိုတာကနေ သန္ဓေတည်ခြင်း (Fertility) ပြန်ဖြစ်နိုင်
ပါတယ်။
သန္ဓေမတည်နိုင်တဲ့ စုံတွဲတတွဲကို လေ့လာကြည့်မယ်ဆိုရင်--
အမျိုးသားဘက်က ချို့ ယွင်းချက် ၄၀% နှင့် အမျိုးသမီးဘက်က ၄၀% ဖြင့် ဆတူဖြစ်ကြောင်း

လေ့လာချက်တရပ်က ဆိုပါတယ်။ ကျန်တဲ့အကြောင်းအရင်း မသိပဲ မြုံနေခြင်းကတော့၂၀% ရှိကြောင်း တွေ့ရှိရပါတယ်။
ကလေးမရကြတဲ့ စုံတွဲတွေဟာ ကမ္ဘာပေါ်မှာ တနေ့တခြား ပိုများလာပါတယ်။ မှတ်တမ်းတွေ

အရ ၁၉၈၈ ခုနှစ်မှာ ၅.၅ သန်း၊ ၁၉၉၅ ခုနှစ်မှာ ၆.၇ သန်း နဲ့ ၂၀၀၂ ခုနှစ်မှာ ၇.၂ သန်းအထိ တိုးလာကြောင်း တွေ့ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့

(၁) အသက်အရွယ်ကြီးတဲ့ အမျိုးသမီးအရေအတွက် ပိုများလာခြင်းနှင့်
(၂) ကလေးရယူရန် အချိန်ဆွဲခြင်းတို့ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

ကိုယ်ဝန်ဆောင်နိုင်သည့် စံနှုန်း

စုံတွဲများအတွက် ကိုယ်ဝန်ဆောင်ကြသည့် စံနုန်းမှာ
(က) စုံတွဲ ၂၅% သည် ပထမ လတွင်လည်းကောင်း၊
(ခ) စုံတွဲ ၆၀% သည် ၆ လအတွင်းတွင်လည်းကောင်း၊
(ဂ) စုံတွဲ ၇၅% သည် ၉ လအတွင်းတွင်လည်ေးကာင်း၊
(ဃ) စုံတွဲ ၉၀% သည် တနှစ်ခွဲအတွင်းတွင်လည်းကောင်း ကိုယ်ဝန်ဆောင်နိုင်ကြကြောင်း

တွေ့ရှိရပါတယ်။

မြုံခြင်းကို ယေဘုယျအားဖြင့်

(၁) Primary Infertility နှင့် (၂) Secondary Infertility ဟူ၍ နှစ်မျိုး ခွဲပြထားပါတယ်။

(၁) Primary Infertility
အကာကွယ်မဲ့ ဆက်ဆံသော်လဲ ယခုအချိန်အထိ ကိုယ်ဝန် တခါမှ မဆောင်နိုင်ဘူးတဲ့

အမျိုးသမီး ၊ ကိုယ်ဝန်ရရှိစေရန် ဆက်ဆံသော်လည်း ယခုထိ မရနိုင်သေးတဲ့ အမျိုးသားကို
(Primary Infertility) လို့ သတ်မှတ်ပါတယ်။
သည်လိုအခြေအနေက ၇၀ % ရှိတယ်လို့ ပြောပါတယ်။

(၂) Secondary Infertility ဆိုတာက ယခင်က ရခဲ့ဖူးတယ် ၊ သို့သော်လည်း လွန်ခဲ့သည့် တနှစ်

ခန့်က စ၍ ကြိုးစားသော်လည်း ယခုအထိ မရရှိသေးသည့် အခြေအနေကို ဆိုလိုပါတယ်။
သည်လိုမျိုး က 30% ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နိုင်စေရန် သိထားရမည့် အချက်များ

၁။ ကိုယ်ဝန်ဆောင်နိုင်သည့် ဥပဒေသ
၎င်းတွင် (၁) ရာသီစက်ဝန်း၊ (၂) မျိုးဥကြွေခြင်း (၃) ဆက်ဆံချိန်နှင့် ကြိမ်နှုန်း (၄) ဖို/မ မျိုးပွား အဂါင်္အဖွဲ့အစည်းစနစ် စသည်ဖြင့် ပါဝင်ပါတယ်။

၂။ အမျိုးသားအတွက် အဓိကလိုအပ်ချက်
(၁) ပုံမှန် သုတ်ပိုးထုတ်လုပ်နိုင်မှုနှင့် သုတ်ပို့ပြွန်စနစ်
(၂) မမွေးလမ်းကြောင်းထဲသို့ သုတ်ပိုးထိုးသွင်းရောက်ရှိနိုင်မှု
(၃) သင့်တင့်လျောက်ပတ်သော ကိုယ်စိတ်ဆန္ဒအားရှိမှု
(၄) လုံလောက်သော လိင်အင်္ဂါထောင်မတ်နိုင်ခြင်း
(၅) သုတ်ရည်ပုံမှန် ပမ်းထုတ်နိုင်စွမ်း
(၆) သုတ်ရည်အား မိန်းမကိုယ်အတွင်း ထိုးသွင်းပမ်းထည့်ရခြင်း တို့ ဖြစ်ပါတယ်။

၃ ။ အမျိုးသမီးအတွက် အဓိကလိုအပ်ချက်
(၁) သင့်တင့်လျောက်ပတ်သော ကိုယ်စိတ်ဆန္ဒအားရှိမှု
(၂) မျိုးပွားအဂါင်္များ ပုံမှန်အနေအထား ရှိခြင်းနှင့် လုပ်ဆောင်မှု မှန်ကန်ခြင်း
(၃) သန္ဓေသား အသက်ရှင်ရန်အတွက် သင့်လျော်သော မမျိုးပွားအဂါင်္နှင့် စနစ်
(၄) သန္ဓေသားနှင့် အချင်းအတွက် လိုအပ်သော အောက်ဆီဂျင်၊ အဟာရဓါတ်များ ထိန်း

သိမ်း ရန်အတွက်လုံလောက်သော ကျန်းမာရေးကောင်းမွန်မှု၊ အဟာရပြည့်ဝခြင်းတို့
ဖြစ်ပါတယ်။

၎။ ကိုယ်ဝန်မရခြင်း၊ မြုံခြင်း နှင့် ဆက်နွယ်နေသော အချက်များမှာ
(၁) မျိုးပွားစနစ်အကြောင်း အသိပညာနည်းခြင်း
(၂) ဆက်ဆံရမည့် အချိန် နှင့် ကြိမ်နှုန်းအား မသိခြင်း
(၃) အသက်အရွယ်ကြီးလာခြင်း
(၄) လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများရှိနေခြင်း
(၅) အဟာရ
(၆) သုံးစွဲနေသော ဓါတုဆေးဝါးများ
(၇) ဓါတ်ရောင်ခြည်သင့်မှု
(ဂ) မျိုးပွားစနစ်အား ခွဲစိတ်ခံထားရမှု
(၉) သန္ဓေသားတွင် အလုံးတည်ခြင်း   စသည့်အချက်များဖြစ်သည်။

မ မျိုးဥ စကြွေသောနေ့နှင့် မကြွေမီ ငါးရက် အချိန်သည် ကိုယ်ဝန်ရရှိရန် အကောင်းဆုံး

အချိန်ဖြစ်သည်။
 

ရှင်းလင်းချက်။ ။ သုတ်ပိုးသည် မမျိုးပွားအဖွဲ့အစည်းအတွင်းတွင် ၅ ရက်အထိသာ အသက်
ရှင်နိုင်သည်။ အကယ်၍ သန္ဓေမအောင်ဖြစ်ပါက မမျိုးဥသည်လည်း မျိုးဥကြွေပြီး နာရီအ
နည်းငယ်မှ အလွန်ဆုံးတရက်ခန့်သာ အသက်ရှင်နိုင်သည်။ ထို့ကြောင့် မမျိုးဥမကြွေမီ
၅ ရက်မှစ၍ လိင်ဆက်ဆံခြင်းသည်သာလျှင် အကောင်းဆုံးသော အချိန်ဖြစ်သည်။

ဆက်ဆံရမည့်အကြိမ်အရေအတွက်
ပထမ (၅) ရက်အား သုတ်ရည်စွန့်ထုတ်ခြင်းမပြုရန်နှင့် ၄င်းမှ နောက်ဆက်တွဲဖြစ်သော

မမျိုးဥမကြွေမီ ငါးရက်တွင် တနေ့တကြိမ်ဆက်ဆံခြင်းသည် ကိုယ်ဝန် ရှရှိစေနိုင်ရန် အခွင့်
အရေး ပိုများစေပါသည်။
စစ်တမ်းတရပ်အရ - လိင်ဆက်ဆံသည့်ကြိမ်နှုန်းသည် ကိုယ်ဝန်ရရှိမှုနှင့် အောက်ပါအတိုင်း ဆက်နွယ်မှုရှိကြောင်း တွေ့ရပါသည်။

(ဆက်လက်ဖော်ပြပါမည်)

ဒေါက်တာခင်နိုင်နိုင်ဦး

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...