သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, August 24, 2013

PostHeaderIcon ရှေ့ခရီး ဆက်နိုင်ဖို့



 ရှေ့ဆက်သွားနိုင်ဖို့ သင် စွန့်လွှတ်ရမယ့် အရာ(၁၀) ခု…
***********************************
၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘဝကို ထိန်းချုပ်ခွင့်ပြုခြင်း။ 
အရေးကြီးတာက အခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင်
ဘယ်လို ထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။ သင်ဟာ သင်ကိုယ်တိုင်အတွက်
သင့်ဘဝအတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။

၂။ အတိတ်က အမှားများကို ရှက်ရွံ့နေခြင်း။
သင့်ရဲ့အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်း မဟုတ်ပါဘူး။ အရေးပါတာကတော့
ယခု ဘာလုပ်နေယ်ဆိုတဲ့ အရာပဲ ဖြစ်ပါတယ်။

၃။ ကိုယ် ဘာလုပ်ချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း။
သင် ဘယ်သွားချင်တယ်ဆိုတာကို မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာ မဟုတ်ပါ
ဘူး။ သင် ဘာကို လိုချင်တယ် ဆိုတာကို သိအောင် လုပ်ပါ။ အဲဒီနောက်ကို စိတ်ရော
ကိုယ်ပါ လိုက်ပါ။

၎။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း။
ဘဝမှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ
လက်ခံလိုက်တာ။ (၂) သင်ဟာ အဲဒီ အဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်
တာ။ သစ်တပင်ကို စိုက်ခဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့ အနှစ်(၂၀)လောက်က
ပေါ့။ ဒုတိယ အကောင်းဆုံးအချိန်ကတော့ အခုလက်ရှိ အချိန်ပါ။

၅။ ဘာမှ မလုပ်ဖို့ ရွေးချယ်လိုက်ခြင်း။
သင် ဘယ်အချိန်မှာ သေမယ်၊ ဘယ်လို သေမယ်ဆိုတာ ရွေးချယ်လို့ မရပါဘူး။ သင်ရွေး
ချယ်လို့ ရတာကတော့ အခု ဘယ်လို ရှင်သန်မလဲ ဆိုတာပဲဖြစ်ပါတယ်။
နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။

၆။ သင့် လိုအပ်ချက် အမြဲမှန်ခြင်း။
အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့် သင့်ရဲ့ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။
ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ရှုံးနိမ့် ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်း
အရာသစ်တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။

၇။ ဖြေရှင်းလို့ရသော ပြဿနာများကို ရှောင်ပြေးခြင်း။
ရှောင်ပြေးနေတာတွေကို ရပ်လိုက်ပါ။ ပြဿနာကို ရင်ဆိုင် လိုက်ပါ။ ဖြေရှင်းပါ။ ဆက်
သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။  ခွင့်လွှတ်ပါ။ သင့်ဘဝအတွက် ထိုက်တန်တဲ့ သူတွေကို
ချစ်ခင်ပါ။

၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း။
ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ရလာဒ်ပဲဖြစ်ပါတယ်။

၉။ သင့်ဘဝ၏ ကောင်းသော အချက်များကို သတိမပြုခြင်း။
သင်ရှာတာကိုပဲ သင်တွေ့တာပါ။ သင့်ရဲ့ဘဝမှာ ရှိနေတဲ့ အရာတွေကို တန်ဖိုး မထား
တတ်ဘူးဆိုရင် သင်ဟာ ပျော်ရွှင်ဖို့ အတွက် ခက်ခဲနေပါလိမ့်မယ်။

၁၀။ လက်ရှိ အချိန်ကို တန်ဖိုးမထားခြင်း။
ဘဝရဲ့အကြီးမားဆုံး အစိပ်အပိုင်းတွေဟာ အရာ သေးသေးလေးတွေနဲ့ အစပြုတယ်
ဆိုတာကို သတိမထားမိပဲ ကျနော်တို့ဟာ ကြီးကြီးမားမား တခုကို လုပ်ဖို့ပဲ ကြိုးစားနေ
တတ်ကြပါတယ်။
Credit to- your life Success (သုတရသ စာပေများ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...