သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, August 23, 2013

PostHeaderIcon အသီးအနှံများမှ ရနိုင်တဲ့ ဗီတာမင်များနဲ့ နှလုံး



 အစားအစာမှ ရယူနိုင်သော နှလုံးကျန်းမာစေသည်များ
*************************************
ခန္ဓာကိုယ်ကျန်းမာဖို့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေကနေ ကစီဓာတ်၊
အသားဓာတ်၊ ရေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရယူရပါတယ်။ နေ့စဉ်စားသောက်
နေတဲ့ အစားအသောက်တွေကနေ ခန္ဓာကိုယ်အတွက် တနေ့တာလိုအပ်တဲ့ ဗီတာမင်နဲ့
သတ္တုဓာတ်တွေ အပြည့်အဝရရှိပါရဲ့လား။ နှလုံးကျန်းမာဖို့အတွက်ဆိုရင်တော့ ရွေးချယ်
စားဖို့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရှိနေပါတယ်။

ဗာဒံစေ့
ဗာဒံစေ့ကနေ ရရှိနိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက နှလုံးနဲ့ စိတ်နေစိတ်ထားကို
ကောင်းမွန်စေပါတယ်။ ဗီတာမင်ဘီနဲ့ မဂ္ဂနီဆီယမ်က စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရို
တိုနင်ဟော်မုန်းကို ထုတ်ပေးပါတယ်။ ဇင့်က စိတ်ဖိစီးမှုတွေကို လျှော့ချပေးတာကြောင့်
နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင်အီးရဲ့ ဓာတ်တိုး ဆန့်
ကျင် အာနိသင်က နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကညွတ်
ကညွတ်မှာ ပါဝင်တဲ့ ဗီတာမင်တွေက ရောင်ရမ်းမှုကို လျော့နည်းစေပြီး နှလုံးကျန်း
မာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ အပူပေးပြီးချက်တဲ့အခါ အာဟာရဓာတ်
တွေ မဆုံးရှုံးအောင် အချိန်ကြာကြာ ချက်ပြုတ်တာကို ရှောင်ပါ။

ပဲအမျိုးမျိုး
ပဲအမျိုးမျိုးကနေ ပရိုတင်းဓာတ်ကို များစွာရရှိနိုင်ပြီး နှလုံးကျန်းမာစေဖို့ စိတ် ဖိစီးမှုကို
လျှော့ချပေးတဲ့ ဗီတာမင်ဘီအုပ်စု၊ သံဓာတ်နဲ့ ကယ်လ်စီယမ်များစွာ ပါဝင်ပါတယ်။
အမျှင်ဓာတ် များစွာပါဝင်ပါတယ်။ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆီ
တွေကို လျှော့ချပေးပြီး နှလုံးကျန်းမာသန်စွမ်းစေပါတယ်။

စတော်ဘယ်ရီသီး
စတော်ဘယ်ရီးသီးမှာ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်စီများစွာပါဝင်တာကြောင့်
နှလုံးရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်များစွာပါဝင်ပြီး ဝမ်းချုပ် တာမဖြစ် အောင်လည်း ကာကွယ်နိုင်ပါတယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွ့က်
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်တဲ့ ဗီတာမင်စီက အရိုး၊ သွားနဲ့
ဆံပင်တွေကို သန်မာစေပါတယ်။ ဗီတာမင်အေနဲ့ မဂ္ဂနီဆီယမ် စိတ်တည် ငြိမ်အေး
ချမ်းစေပါတယ်။

အဆီထုတ်ထားသော အသား
အဆီထုတ်ထားတဲ့ အသားတွေ စားသုံးတာက ဇင့်၊ သံဓာတ်၊ ဗီတာမင်ဘီ အုပ်စုတွေ ရရှိ
နိုင်ပါတယ်။ စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်တည်ငြိမ်အေး ချမ်းမှုကို ရရှိစေပါတယ်။
စိုးရိမ်သောက ကင်းဝေးတဲ့ ခံစားမှုတွေ ဖြစ်ပေါ်စေပြီး နှလုံးကျန်းမာရေးကို အထောက် အကူ ဖြစ်စေပါတယ်။

အဆီများသောငါး
အဆီများတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးတွေ စားသုံးတဲ့အခါ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့
အိုမီဂါ-၃၊ ဗီတာမင် ဘီ-၆၊ ဘီ-၁၂ ကို ရရှိစေပါတယ်။ အိုမီ ဂါ-၃ က နှလုံးကျန်းမာရေး
ကောင်းမွန်စေတဲ့ အဆီပါ။ ဗီတာမင် ဘီ-၁၂ က စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်
ဟော်မုန်းကို ထုတ်ပေးပါတယ်။

စပျစ်သီး
စပျစ်သီးမှာ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။ သွေးကြောအတွင်း နိုက်
ထရစ်အောက်ဆိုက်တွေများစေပြီး သွေးခဲမှုကို မဖြစ်အောင် တားဆီးပေးတာကြောင့်
နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

ထောပတ်သီး
ထောပတ်သီးက နှလုံးကို ကျန်းမာစေတဲ့ အစားအစာတခုပါ။ မပြည့်ဝဆီတွေ များစွာ ပါဝင်တာကြောင့် သွေးတွင်း မကောင်းတဲ့အဆီတွေ လျော့နည်းစေပြီး ကောင်းတဲ့အ
ဆီတွေ များစေပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းက နှလုံးကျန်းမာရေး
အတွက် မရှိမဖြစ်လို အပ်ပါတယ်။

သစ်ကြားသီး
သစ်ကြားသီးကို သရေစာအဖြစ် စားသုံးပါက နှလုံးကျန်းမာရေးကိုကောင်း မွန်စေတဲ့
အိုမီဂါ - ၃၊ အယ်လ်ဖာ လိုင်နိုလစ်အက်စစ် စတာတွေကို ရရှိနိုင်ပါတယ်။ သစ်ကြားသီး
ကို နေ့စဉ် သရေစာအဖြစ် စားသုံးပေးပါက မကောင်းတဲ့ အဆီတွေကို လျှော့ချပေးပြီး
 နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဆာလောင်မှုမရှိပဲ ကျေနပ်မှုဖြစ်စေတာ
ကြောင့် ကိုယ်အလေး ချိန်လျှော့ချလိုသူ တွေအနေနဲ့ စားသုံးသင့်ပါတယ်။

အုတ်ဂျုံ
သင့်မနက်စာမှာ အုတ်ဂျုံစားပေးတာကြောင့် အမျှင်ဓာတ်များစွာ ရရှိစေပါတယ်။ အုတ်
ဂျုံက နှလုံးကျန်းမာစေဖို့ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆီတွေကို လျှော့
ချပေးပြီး ကောင်းတဲ့ အဆီတွေကို များစေပါတယ်။

ပန်းသီး
ပန်းသီးတလုံး နေ့စဉ်စားပါက ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ပန်းသီးမှာ ဗီတာမင်
စီ၊ ပက်ပ်တင်တွေ ပါဝင်ပြီး မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို ကျဆင်းစေပြီး နှလုံး
ကို ကျန်းမာစေပါတယ်။

ကန်စွန်းဥ
ကန်စွန်းဥမှာ အင်တီအောက်ဆီးဒင့်များစွာပါဝင်ပြီး ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုးမှုဖြစ်စဉ်
တွေကို ဟန့်တားပေးပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး နှလုံး
ကျန်းမာရေးကို များစွာအထောက် အကူဖြစ်စေပါ တယ်။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ ပေါင်းစပ်ပါဝင်နေတဲ့ ဒြပ်ပေါင်းတွေက နှလုံးကျန်းမာရေးကို များစွာ
အထောက်အကူဖြစ်စေပါတယ်။ ခရမ်းချဉ်သီးကို ချက်စားပါက ဗီတာမင်စီဓာတ် လျော့
နည်းသွားပေမယ့် လိုင်ကိုပင်းတွေ ပိုမိုများလာပြီး အင်တီအောက် ဆီးဒင့်အာနိသင်တွေ
ပိုမိုရရှိနိုင်ပါတယ်။

Good Health

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...