သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, August 16, 2013

PostHeaderIcon ဆရာဇော်ဂျီ ဆုံးမခဲ့တဲ့ စာပေလောက သြဝါဒကဗျာ



 
ဆရာဇော်ဂျီ ဆုံးမခဲ့တဲ့ စာပေလောက သြဝါဒကဗျာ
**********************************
(၁)
စာပေလောက၊ ကျယ်ပြောလှ၏
သူကတဖြာ၊ ငါက တဖုံ
ထုံတတ်သည်မှာ၊ ဓမ္မတာတည့်။
အထုံအဖီ၊ စုံညီအတွဲ
ရှိစမြဲတည့်။

ငါစွဲ မသို၊ ကိုယ်စွဲ မထား
စာပေအားသာ၊ ပွားပါစေချင်
တိုးစေချင်သည်
ငါ့တွင် ဆန္ဒကြီးနိုင်မှ ..” တဲ့ ... ။

ဆရာဇော်ဂျီ ဆုံးမခဲ့တဲ့ စာပေလောက သြဝါဒကဗျာပါ။ ကျယ်ပြောလှတဲ့ စာပေလောကကြီး
ထဲမှာ အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး ထွေပြားပွားများတတ်ကြတာ ဓမ္မတာ
ထုံးစံပဲ ဖြစ်ပါတယ်။ အလိုတူတာလည်း ရှိသလို ဖီလာဆန့်ကျင်ဖြစ်တာလည်း ရှိပါတယ်။

ဘာပဲပြောပြော “ငါစွဲ” ကို ဖြုတ်ဖို့ လိုပါတယ်။ ငါလုပ်သမျှ ဟုတ်ရမယ်။ ငါကြံသမျှ မှန်ရ
မယ်ဆိုတဲ့ ငါစွဲ အတ္တစွဲ တင်းလင်း ခံနေရင် အမှန်ကိုရောက်မှာ မဟုတ်ပါ။ ငါစွဲ အတ္တစွဲ ဖြုတ်
ပြီး အဟုတ်အမှန်ကို မြင်အောင်ရှုတတ်မှသာ နေရာကျပေမယ်။

နေရာခပ်သိမ်းမှာ ငါစွဲအတ္တ ကြီးမားနေကြတဲ့အတွက် ဒိဋ္ဌဓမ္မကို မမြင်နိုင်ဘဲ လမ်းလွဲ လမ်းမှား ရောက်သွားကြရခြင်း ဖြစ်ပါတယ်။
ငါတလုံးနယ် အနှုန်းကျယ်နိုင်ပါပေ့။

(၂)

ငါစွဲကို မြင်နိုင်ဖို့ ခက်ခဲတယ်။ သိမ်မွေ့လွန်းသဖြင့် ငါမဏ္ဍိုင်စိုက် အမှောင်တိုက်ဖုံးနေတာကို မမြင်နိုင်။ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာမတွေ့နိုင် ဖြစ်တတ်ပုံကို တခါက ဒီလို ကဗျာ ဖွဲ့
ခဲ့ဖူးပါတယ်။

ငါစွဲ မရှိ ငါ ကဝိ” ဆိုတဲ့ ကဗျာမှာ …

ငါစွဲကို ငါပယ်
ငါနှယ် လူမရှိ
သူတကာ ငါ ... ငါစွဲတာ
ငါပဲ မြင်၏” တဲ့။

ငါစွဲကို ငါသာလျှင် ပယ်နိုင်တယ်။ ငါစွဲကို ပယ်နိုင်စွမ်းရှိတဲ့ ငါလိုလူ ဇမ္ဗူမှာ ရှိနိုင်ရိုးလား။
တပါး သူငါတွေ ငါစွဲအတ္တ ကြီးမားနေတာတွေကို ငါပဲ မြင်နိုင်စွမ်းရှိတယ်။ ငါဆိုတဲ့
အကောင်ဟာ အဲသည်လောက် ဉာဏ်မြင်ကြီးမားတဲ့ ပုဂ္ဂိုလ်ဟာ ငါကိုယ်ပါကလားနော်…
လို့ လှောင်ရယ် ရယ်မိတဲ့ ကဗျာပါ။

မြန်မာနိုင်ငံသားတွေ ရပ်ခြားမြေခြားမှာ အသင်းအဖွဲ့ ဖွဲ့လေတိုင်း တွဲရင်ခဏ၊ ကွဲတာ ထာဝရလို ဖြစ်နေတာ။ မြန်မာ့သဘာဝလို့ ဆိုချင်စရာ။ 
(ပြည်တွင်း ပြည်ပတွေမှာ သိပ်တော့ မထူးခြားလှပါဘူး။ မရှိတာတွေ ပြိုင်ချင်ကြတာ၊
လုချင် ကြတာ၊ "ညီညွတ်နေရင် မြန်မာ မဟုတ်တော့ဘူး'' လို့ပင် စာတင် နေပါပြီ။)

ငါနှင့် ငါသာ နှိုင်းစရာဟု
ပညာမုန်ယို၊ အရွယ်ပျိုက
မဆိုစလောက်၊ မာန်စောင် မြောက်၍
နှုတ်ငေါက် လွန်မိ၊ ဒေါသရှိ” လို့ …
ရှင်မဟာရဋ္ဌသာရက မိမိရဲ့မာနကို သတိရ နှိမ့်ချပြီး ကန်တော့ပန်း ဆင်ခဲ့ဖူးပါတယ်။
ပညာရှိ ပီသလှပါတယ်။

ငါသာ ငါ့ထက်၊ မာန်မတက်နှင့်
အထက် နေမင်း၊ လေးကျွန်းချဉ်းလည်း
မလင်း တိမ်တိုက်၊ တကျွန်း မိုက်၏
နှိုင်းလိုက်သည်သာ ဤအရာကို
ပညာရှိက၊ သတိရလိမ့်” လို့ …

ရှင်မဟာသီလဝံသ ဆရာတော်က အမြော်အမြင်ရှိရှိ ဆုံးမခဲ့ဖူးပါတယ်။ အတ္တမာန
ဟုန်းဟုန်း ထနေတဲ့ သူတွေ သတိရစရာဖြစ်ပါတယ်။

ထောင်ထဲမှာ “မာန်တက်တယ်” ဆိုတဲ့ စကား အသုံး တွင်ကျယ်လှပါတယ်။ အရာရာမှာ
တက်လာတတ်တဲ့ မာန်စွယ်ကို သတိပြုဖွယ် အသုံးအနှုန်းမို့ နှစ်သက်ဖွယ် ကောင်းလှ
ပါတယ်။

ငါစွဲ အတ္တ၊ မာန်နှိမ့် ချလျက်
လောက ချမ်းသာ၊ ငါ ချမ်းသာလိမ့်။
ငါ သူတပါး၊ လူအများတို့
တသားတည်းပင်၊ သွေးစိတ် ဝင်လျက်
ချစ်ခင် ကြင်နာ၊ လက်တွဲပါမူ
ငါကောင်း သူကောင်း၊ အများကောင်းလိမ့်။
ပေါင်းဖော်များစွာ၊ လူ့ကမ္ဘာကို
စုကာဖန်တီး၊ ဥာဏ်ဆီမီးဖြင့်
ခရီးရှေ့သို့၊ တက်ကြစို့ …” လို့ …

တယောက်တလက် လက်ချင်းဆက်ပြီး လူ့လောကတည်ဆောက်ကြဖို့ လှုံ့ဆော်
ရေးသားမိပါတယ်။
လက်တချောင်းနဲ့ ဓားကောင်းကို ဆုပ်ကိုင်နိုင်မယ် မဟုတ်။
နှမ်းတလုံးတည်းနဲ့ ဆီရွှဲရွှဲ ဆမ်းလို့ မရနိုင်။

ငါ မပါ၊ ဘယ်ဟာမှ မပြီး၊
ငါ ပါပြန်တော့လဲ
ဘယ်ဟာမှ မပြီး
ဆိုတဲ့ ခေတ်သုံး ဆိုရိုးစကားလို အမှားကို မြင်ပြီး စိတ်ယဉ်အောင် ဆုံးမနိုင်မှ
နှလုံးလှနိုင်မှာ မုချ။

ခေတ်သီချင်းတပုဒ်မှာ “အတ္တက တောင်လိုမှောက်၊ ကမ္ဘာကြီးဟာ မီးလိုတောက်”လို့
ဆိုသံကို ကြားလိုက်ရဖူးပါတယ်။ မှန်လိုက်ပလေ ဟုတ်ပလေ။ ဒီနေ့ ကမ္ဘာကြီးတခုလုံးမှာ
မငြိမ်းနိုင် မသိမ်းနိုင်အောင် တောက်လောင်နေတဲ့ မီးတောက်မှာ အတ္တမီးတောက်
မဟုတ်ပါလား။ ။

( Credit to Ka Yin Lay )
 ++++++++++

ငါ ငါ ဟုတ်တယ်၊ ငါတို့ဆရာ၊ ငါ့လူ၊ ငါ့တို့အဖွဲ့၊ ငါတို့ဂိုဏ်းမှ မှန်တယ်၊ ဒီလို အစွဲတွေဟာ အတ္တ-အရင်းပြုပြီး လောဘ-တဏှာ ကြီးလွန်းလို့ ဥပါဒါန်အဖြစ်ထိ ကူးစက်ကာ ပြင်းထန်စွာ အစွဲကြီးသွားခြင်းပါပဲ။ ဘာဖြစ်လို့ အစွဲက ကြီးမားသွားသလဲဆိုတော့ မသိလို့ပေါ့။ (အဝိဇ္ဇာ) မသိကြတဲ့အတွက် “ငါ’’ အစွဲတွေ လွန်ကဲကုန်ကြတာပေါ့။

သူများ‘ စွဲ ”နေတာကို မြင်နိုင်ပေမယ့် ကိုယ်တိုင်` စွဲ ’ ပြီး ပြောနေတဲ့ အဖြစ်ကို မမြင်ကြပြန်
တာကလည်း မသိတဲ့ (အဝိဇ္ဇာဖုံးနေတဲ့) အတွက်ပါပဲ။ ငါကို မြင်နိုင်ခဲတယ် ဆိုတာ မှန်တယ်။
ငါကိုယ်တိုင် ငါစွဲနေတာကို ပို၍ပင် မမြင်ဖြစ်တာဟာ လိုချင်မှု ကိလေသာတွေ ထူကဲနေတဲ့
ခေတ်အခါမို့ ပုထုဇဉ်တိုင်း လိုလို အစွဲတွေ ပြုတ်မှ ဒုက္ခမှန်သမျှက လွတ်ပြီး အပူမီးများ ငြိမ်းကာ အေးချမ်းနိုင်ကြမည်ပင်။ 

ဗုဒ္ဓကတော့ လိုချင်တာ ရရင်ချင်တာ မှန်သမျှ ဒုက္ခတုံးကြီးပဲ၊ မလိုချင် မရချင်တော့ရင်
သုခဘုံထဲ ရောက်ပြီတဲ့။(ဥပ္ပါဒေါ ဒုက္ခံ၊ အနုပ္ပါဒေါ သုခံ) ရာထူး အာဏာ ဂုဏ်ပကာသန
ဘုန်းကံ ပါဝါ ကြီးမားတာ အားလုံးဟာ ဆင်းရဲဖို့ရန် ဖန်လာတာပဲတဲ့။
ဒါတွေ အားလုံးဟာ အမည်တွေသာ ကွဲသွားတာ အကုန် လောဘ တဏှာနဲ့ ဥပါဒါန်
ချည်းပါပဲတဲ့။ (မဟာပုညော ဗဟုဒုက္ခော)
အင်း ... ငါစွဲတွေ မပျောက် မစဲသမျှတော့ ...
           ချောက်ထဲ မကျဖို့ အရေး
           ချင့်တွေးကြပေရော့ ဟရို့...။

                     (နွေနှင်းမိုး) 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...