သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, August 20, 2013

PostHeaderIcon ဘိုးသူတော် ဦးနုရဲ့ပညာပေး စကားပုံ



 ဘိုးသူတော် ဦးနုရဲ့ပညာပေး စကားပုံ
***************************
+ အယုတ်တရားကိုလည်း အလိုမရှိနှင့်၊ မဟုတ် စကားကိုလည်း မဆိုဘိနှင့်။
   အယုတ်တရားကို အလိုရှိက ဘဂဝါ၏ စကားကို ပယ်ရာကျသည်။
   မဟုတ်စကားကို ဆိုဘိက သမာဓိတရားကို ပြယ်ရာကျသည်။

+ အထက်ကိုလည်း မလှမ်းပါနှင့်၊ အပျက်ကိုလည်း မမှန်းပါနှင့်။
   အထက်ကိုလှမ်းက အခက်အခဲကြောင့် ပမ်းရသည်။
   အပျက်ကိုမှန်းက အရှက်အမွဲကြောင့် နွမ်းရသည်။

+ မျက်စိမြင်ချင်လို့ ငရဲမီး မခတ်နှင့်၊ လက်ရှိလင်ကိုလည်း သရဲကြီး မမှတ်နှင့်။
   မျက်စိမြင်ချင်လို့ ငရဲမီးခတ်တော့ မျက်လုံးအိမ်တောင် ကွဲတတ်သည်။
   လက်ရှိလင်ကို သရဲကြီးမှတ်တော့ တသက်လုံး အိမ်ထောင် ပျက်တတ်တယ်။

+ ဇီးပြားကိုလည်း အပိုမကြိုက်နှင့်၊ ရည်းစားကိုလည်း အလိုမလိုက်နှင့်။
   ဇီးပြားကို အပိုကြိုက်တော့ သွားကြိမ်းလို့ ဝမ်းပျက်မယ်။
   ရည်းစားကို အလိုလိုက်တော့ အမှားတိမ်းလို့ ပန်းပျက်မယ်။

+ လိမ်မော်သီး အစိမ်းကိုလည်း မစားနှင့်၊ အချိန်မတော်ကြီး ချိန်းတာလည်း မသွားနှင့်။
   လိမ်မော်သီး စိမ်းတာ စားမိတော့ ချဉ်ဖန်ဖန်နဲ့ ခါးတတ်တယ်။
   အချိန်မတော်ကြီး ချိန်းတာ သွားမိတော့ ရည်ငံမှုနဲ့ မှားတတ်တယ်။

+ အလိုကြီးလွယ်လို့ ငွေရှာ မလောနဲ့၊ ဒုက္ခ ရတတ် ပွေတတ်တယ်။
   အကိုကြီးအရွယ်မို့ မေကညာ မရောနဲ့ မုချ အရှက် ကွဲတတ်တယ် ။

+ ငွေရှိတိုင်းလည်း အရမ်းသာ မကြွားနဲ့ လှောင်ရယ်မှုနဲ့ ကဲ့ရဲ့မယ်။
    အမေ မသိတိုင်းလည်း လမ်းတကာ မသွားနဲ့ အောင်သွယ်ကောင်းလို့ ညားတတ်တယ်။

+ တဲအိုနားလည်း ထမင်းအိုး မတည်နဲ့ မတော်တဆ မီးလောင်မယ်။
   ခဲအိုနားလည်း အပျင်းကြော မဖြေနဲ့ မတော်ခဏ ပျက်ကြမယ်။

+ ခရီးမောလို့ မြက်ပုံ မလူးနဲ့ မြက်မွှေးစူးလို့ ယားတတ်တယ်။
   သမီးချောလို့ သမက်ကုန် မကူးနဲ့ သားမက်ကလေးတွေ များတတ်တယ်။

+ အိပ်ချင်ငြားတိုင်းလည်း မငိုက်နဲ့ အချောင် အနှိုက်ခံရမယ်။
   စိတ်ဝင်စားတိုင်းလည်း မကြိုက်နဲ့ အမြှောင်မယား ဖြစ်တတ်တယ်။ 

( စုမိစုရာ... လူဗိုလ်မှ)

3 comments:

Unknown said...

အရမ်းသ​ဘောကျတယ်​ဗျာ
စာ​တွေကူးခွင့်​ပြုပါ
ပုံပြင်​​လေး​တွေလည်း​ရေး​ပေး​စေချင်​ပါသည်
ကျေးဇူးတင်​ပါသည်

Unknown said...

ကျေးဇူး ကူးခွင့်ပြုပါရှင့်

Unknown said...

ကျေးဇူး ကူးခွင့်ပြုပါရှင့်

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...