သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, August 3, 2013

PostHeaderIcon လွတ်လပ်စွာ ရွေးချယ်၍ ယုံကြည် ကိုးကွယ်နိုင်ဖို့ရန်



ကာလာမသုတ် (ဝါ) လွတ်လပ်စွာ ရွေးချယ်၍ ကိုးကွယ်နိုင်မယ့် အခွင့်အလမ်း
( တက္ကသိုလ် ပါချုပ်.ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားသည့် တရားတော်မှ
မှီငြမ်း နုတ်ထုတ်သည်)
**********************************
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ဟာ သတ္တဝါတို့ကို အခက်အခဲ ဒုက္ခမျိုးစုံကနေ ကယ်တင်
ဖေးမတော်မူ လိုတဲ့အတိုင်း ကောသလတိုင်းဘက်ကို ဒေသစာရီကြွတယ်။ အဲဒီလို ကြွချီရာ မှာ ကေသမုတ္တဆိုတဲ့ နိဂုံးရွာ ကို ရောက်တယ်။ ဘုရားရှင် ရောက်လာတယ် ဆိုရင်ပဲ သ တင်းက ပြန့်သွားတယ်။ မြတ်ဗုဒ္ဓရဲ့အရဟံစတဲ့ ဂုဏ်တော်များက သတင်းကြီးနေတာကိုး။
အဲဒီအခါမှာ ဘုရားရှင်ကို ဗုဒ္ဓဘာသာ ဟုတ်သူရော မဟုတ်သူတွေရော လာပြီး တွေ့ကြ တယ်။ ကျော်ကြားထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ မြတ်စွာဘုရား ကြွ
လာတယ်ဆိုတော့ အဲဒီခေတ်က ဘုရားရှင်ရဲ့ဂုဏ်သတင်း အင်မတန်ကြီးတော့ မြို့ရွာတွေ
မှာရှိကြတဲ့ လူမျိုးစုံက အုတ်အော်သောင်းနင်း လာတွေ့ကြတာပေါ့။ မမြင်ဖူးလို့ လာတွေ့တဲ့
သူတွေလည်း ပါတာပေါ့။ ယနေ့ခေတ်လိုပဲပေါ့။ နာမည်ကြီးသူကို တွေ့ချင်ကြတာ
မဆန်းဘူးပေါ့။

အဲဒီ မြတ်စွာဘုရား ကေသမုတ္တနိဂုံးရွာကို ရောက်တဲ့အခါ အဲဒီရွာမှာ အများစုဖြစ်တဲ့ ကာ
လာမ လူမျိုးတွေဟာလည်း ဘုရှားရှင်ကို လာပြီးတွေ့ကြတယ်။ သူတို့ အားလုံးဟာ ဗုဒ္ဓဘာ
သာဝင်တွေချည်း မဟုတ်သလို ဘုရားရှင်ကို ကြည်ညိုလို့ချည်း မဟုတ်ကြဘူး။ လာရောက်
တွေ့တဲ့ အထဲက ဘုရားရှင်ကို ကြည်ညိုရင်းစွဲ ရှိကြတဲ့ ပုဂ္ဂိုလ်တွေက မြတ်စွာဘုရား ကြွလာ
ရင်တော့ တရားဟောမှာပဲဆိုပြီး လာတဲ့သူတွေက တရိုသေ ရှိခိုးဦးချပြီး မြတ်စွာဘုရား
ရှေ့မှာ ထိုင်နေကြတယ်။
နောက်ပုဂ္ဂိုလ်တစုက မြတ်စွာဘုရားထံလာပြီး ကိုယ့်ဆီရောက်လာတဲ့ ဧည့်သည်တယောက်ကို လာရောက် တွေ့ဆုံပြီး ကျန်းမာကြောင်း၊ ချမ်းသာကြောင်း၊ ဘယ်က ကြွလာသလဲ၊ ခရီးပန်း
သလားစသဖြင့် ယဉ်ကျေး သိမ်မွေ့တဲ့ လောကပျူငှာ သဘောမျိုး လာပြီး နှုတ်ဆက်တဲ့ သ
ဘောပဲ။ သူတို့က ဘုရားရှင်ကို ဦးချတာ ရှိခိုးတာ မလုပ်ဘူး။ အဲဒီပုဂ္ဂိုလ်တွေက တစု။

နောက်တစုက မြတ်စွာဘုရားဆီ လာပြီးတော့ လက်အုပ်ကလေးချီပြီး ထိုင်နေကြတာ၊ ရှိခိုး
တာ မလုပ်ဘူး။ လက်အုပ်တော့ ချီထားကြတယ်။သူတို့က ဘယ်လိုလဲဆိုရင် ဘာသာရေးမှာ မည်သည့်ဘာသာမှ ဟုတ်တိပတ်တိ မကိုးကွယ်ကြဘူး။ ကြားနေသမားတွေ (ဘာသာမဲ့)
လို့ ပြောရမယ်။သူတို့က အကြံနဲ့ လက်အုပ်ချီကြတာပဲ။ ဘာသာတခုကို လက်ခံရှိခိုးလိုက်ရင်
တခြားဘာသာတွေရဲ့ကဲ့ရဲ့မှုကိုလည်း ကြောက်ကြတယ်။ သူတို့ရဲ့စိတ်ကူး က… ဒီလောက်
သတင်းကြီးတဲ့ မြတ်စွာဘုရားကြွလာတာ“မင်းတို့ ဘာဖြစ်လို့ အရိုအသေ မပေးလဲလို့ ဆို
လာရင်'ဟာ ဒီမှာ ကြည့်ပါလား၊ တို့ လက်အုပ်ချီထားတာပဲ၊ ဒါရိုသေတာပေါ့”လို့ ဖြေမယ်။ တခြားဘာသာဝင်တွေက“မင်းတို့ ဘာဖြစ်လို့ ဂေါတမဗုဒ္ဓကို ရှိခိုးရတာလဲလို့ ဆိုလာရင်
လက်အုပ်ချီတာ ရှိခိုးတာမှ မဟုတ်တာ’’လို့ ဖြေမယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကလည်း တစု
ပါလာကြတယ်။

နောက်တစုက ဘုရားရှင်အနီးကိုရောက်အောင် တိုးဝှေ့လာပြီး“တပည့်တော်ရဲ့အမျိုးအနွယ်
က ဘယ်သူပါဘုရား၊ နာမည်က ဘယ်သူပါဘုရား’’နဲ့ လူကြားထဲမှာ အသံကျယ်ကျယ်နဲ့ ကိုယ့်ဂုဏ်ကို ဖော်ထုတ်ပြီး လျှောက်ကြတယ်။ လူစုလူဝေးထဲမှာ နာမည်ကြော်ငြာရင်း
မဏ္ဍပ်တိုင်တက်ပြပြီး လူသိအောင် အခွင့်အရေး ယူကြတာပေါ့။အဲဒီလို လူမျိုးတွေက တစု။

နောက်ဆုံး တစုကတော့ မြတ်စွာဘုရားဆီကို ရောက်လာပြီး ကျန်းမာကြောင်းစတာတွေ
ဘာမှ မမေးဘူး။ ငုတ်တုတ် လာထိုင်နေကြတဲ့ လူတစုကလည်း ပါသေးတယ်။ ဒါကြောင့်
လူစုံလို့ ပြောတာ။ မြတ်စွာဘုရား ကြွလာလို့ လာတွေ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီလို ငါးမျိုး
ငါးစု ရှိတယ်။

ဒီလို မြတ်စွာဘုရားကို လာရောက်တွေ့ဆုံကြတဲ့ ပရိသတ်တွေထဲမှာ ခေါင်းဆောင်လာတဲ့
ကာလာမအမျိုးသားတွေက လျှောက်ကြတယ်။`အရှင်ဘုရား တပည့်တော်တို့ဆီကို သမဏ
ဗြဟ္မဏတွေ၊ ဘာသာရေးဆရာတွေ ရောက်ရောက်လာပြီး ကိုယ့်ဝါဒသာ ကောင်းကြောင်းနဲ့
သူများ ဝါဒကို ရှုံ့ချပြောဆိုတာတွေ၊ ဟိုကတမျိုး ဒီကတမျိုးနဲ့ ပြောဟောသွားကြတော့
ဘယ်သူ မှားလို့ ဘယ်သူ မှန်တယ်ဆိုတာ တပည့်တော်တို့ မဝေခွဲနိုင်ဘူး ဖြစ်နေကြတယ်
ဘုရား’’လို့ လျှောက်ကြတာပေါ့။ အဲဒါဟာ ဒီသုတ္တန်တရား ဖြစ်ပေါ်လာခြင်းရဲ့ အကြောင်းပဲ။
အဲဒီ သံသယတွေ ဝေခွဲမရမှုတွေ ပျောက်နိုင်ဖို့ ကိုယ်ပိုင် အသိဉာဏ်နဲ့ ဆုံးဖြတ်ယူနိုင်
အောင် မြတ်စွာဘုရားက ဒီတရားတော်မှာ သွန်သင် ဆုံးမသွားခဲ့တယ်။

မိမိကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်ပင် ဖြစ်နေလင့်ကစား သံသယလေးတွေ ကြုံလာလို့ရှိရင် ဒီသ
ဘော တရားများနဲ့ အဆုံးအမများက မိမိအတွက် အင်မတန် တန်ဖိုးရှိတယ်။ ကိုယ့်ဘဝ
ရဲ့Guide line (လမ်းညွှန်) အဖြစ် အသုံးချလို့ ရတယ်။

မြတ်စွာဘုရားက လက်တွေ့သမား၊ ရှေးအတိတ်အကြောင်းကိုလည်း မပယ်ဘူး။ လက်ရှိ
ပစ္စုပ္ပန်အကြောင်းကိုလည်း ထည့်သွင်းစဉ်းစားပြီး ပြောတယ်။ အကြောင်းဆိုတာ တခုထဲ
လို့ မယူဆဘူး။ ဥပမာ…အအေးမိလို့ နှာစေးတာကို ကံကြောင့် ငါနှာစေးတာလို့ ပြောရင်
မှန်ပါ့မလား။ သို့သော် ကံမပါဘူးလားဆိုတော့ ကံဆိုတာ အဝေးကြီး၊ ကံရှိလို့ လူဖြစ်
လာတယ်။
လူဖြစ်ပြီး အအေးမိစေတဲ့ နေရာ ရောက်လာတော့ အအေးပတ်တာ ပေါ့။ အဲဒီတော့ အ
အေးမိတယ်ဆိုတဲ့ အကြောင်းတခုထဲကို မပြောဘူး။(တန်ခိုးရှင် အလိုကျ နှာစေးတာလား
ဆိုသလို) ပစ္စုပ္ပန်လက်တွေ့ မြင်ရတဲ့အကြောင်းကို လက်ခံ ထည့်သွင်း စဉ်းစားတယ်။ တခု
ထဲကို မပြောဘူး။ အကြောင်းဆိုတာ အမျိုးမျိုးရှိတယ်။ များစွာသော အခြေခံ အကြောင်း
တရားတွေကို နားလည်မယ်ဆိုရင် ကိုယ့်ဘဝကိုယ် ရပ်တည်ဖို့အတွက် ကိုယ်သွားရ,
လျှောက်လှမ်းရမယ့် လမ်းခရီးဟာ ဖြောင့်တန်း သွားမယ်ပေါ့။

မြတ်စွာဘုရားက လောကမှာ ပုံသေကားချပ် မျက်ကန်း ယုံကြည်တာမျိုး မဟုတ်ပဲ ကိုယ်ပိုင် အသိဉာဏ်နဲ့ သေချာ စဉ်းစား ထိုးထွင်း သုံးသပ်ပြီး ဆုံးဖြတ်နိုင်ဖို့,သံသယဖြစ်မှုတွေကို စဉ်း
စား ဆုံးဖြတ်တတ်ဖို့ အင်အားတခုကို ပေးရင်း ပြောပြတယ်။ လောကမှာ ရှုတ်ထွေးစရာ
တွေက အများကြီး၊ လူဆိုတာ သူ့အကြိုက် ကိုယ့်အကြိုက် မျိုးစုံရှိတယ်။ အဲဒါတွေကို ခြုံငုံ
သုံးသပ်ပြီး မြတ်စွာဘုရားက… ဒီစကားတွေကြောင့် မင်းတို့ တွေဝေ မနေကြနဲ့ လာကြ၊
မင်းတို့ကိုယ်တိုင် စဉ်းစား ရွေးချယ် ဆုံးဖြတ်ကြရမယ် ဆိုပြီး …
အချက် (၁၀) ချက်ကို ပြောပြတယ်။

အဲဒီ (၁ဝ)ချက်က…
၁။ မာ အနုဿဝေန- တဆင့်စကား ပြောသံကြားရုံနဲ့လည်း မှန်ပြီလို့ မယုံကြည်ကြနဲ့ဦး။
မှန်လား မမှန်လား စဉ်းစားဦးတဲ့။
၂။ မာ ပရမ္ပရာယ- ဘိုးဘွား ဘီဘင် မျိုးရိုးအစဉ်အဆက်က လက်ခံလာတယ်
ဆိုပြီးတော့လည်း မယုံကြနဲ့ဦး။
၃။ မာ ဣတိ ကိရာယ- တဦးဦးက ဒါက ဒီလိုတဲ့ လို့ လာပြောတာနဲ့လည်း မယုံလိုက်ကြနဲ့ဦး။
၎။ မာ ပိဋ္ဋကသမ္ပဒါနေန- ကျမ်းစာတွေ၊ စာစောင်တွေထဲမှာ ပါတယ် ဆိုရုံနဲ့လည်း မှန်ပြီဟု
မယုံလိုက်ကြနဲ့ ဦး။
၅။ မာ တက္ကဟေတု- ကိုယ်တိုင် ကြောင်းကျိုးဆက်စပ် ကြံစည်တွေးတွေထားရုံ Logic နဲ့
လည်း မှန်ပြီဟု မယုံကြည်လိုက်နဲ့ဦး။
၆။ မာ နယဟေတု- နည်းမှီကာ ကြံဆတွေးတောပြီး ရလာတဲ့အဖြေဖြစ်ရုံနဲ့လည်း မှန်ပြီဟု
မယုံကြနဲ့ဦး။
၇။ အာကာရ ပရိဝိတက္ကေန- ဖြစ်လာတဲ့အခြင်းအရာကို ကြောင်းကျိုးဆင်ခြင် တွေးခေါ် ကြံ
စည်ပြီး ရလာတဲ့ အဖြေဖြစ်ရုံနဲ့ မှန်ပြီဟု မယုံလိုက်နဲ့ဦး။
၈။ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ- ကိုယ့်ရဲ့အယူအဆနဲ့ သူတို့အမြင် အယူအဆ ကိုက်ညီတယ် ဆိုရုံ
မျှလည်း မှန်ပြီဟု လက်ခံပြီး မယုံကြည်လိုက်နဲ့ဦး။
၉။ မာ ဘဗ္ဗရူပတာယ- မိမိ အထင်ကြီး လေးစားလောက်တဲ့ သူက ပြောလို့ ဒါ ဖြစ်နိုင်တယ်၊ မှတ်သားလောက်တယ် ဆိုပြီးတော့လည်းပဲ မှန်ပြီဟု မယုံလိုက်နဲ့ဦး။
၁၀။ မာ သမဏော နော ဂရု- ဒီ ရဟန်းပုဏ္ဏား ဂိုဏ်းဆရာကြီးဟာ လေးစားရတဲ့ တို့ဆရာပဲ၊
တို့ဆရာ ပြောတာဆို မမှားနိုင်ဘူး ဆိုပြီး အမှန်ပဲလို့ မမှတ်လိုက်နဲ့ဦး။ တဲ့…။

ပွင့်လင်းစွာ လွပ်လပ်ခွင့်ပေးတော်မူတဲ့ ဗုဒ္ဓ
ဘယ်အရာကိုမှ ကိုယ်ပိုင် အသိဉာဏ်မပါပဲ၊ ကိုယ်တိုင် မတွေးတော မစဉ်းစား မဆင်ခြင်ပဲနဲ့
အမှန်တရားလို့ မဆုံးဖြတ်ရဘူး၊ လက်မခံရဘူးလို့ ကာလာမအမျိုးသားတွေကို ဟောတာ။
မြတ်စွာဘုရားက မစဉ်းစား မဆင်ခြင်ပဲ အကန်း လက်ခံတာကို သဘောမကျဘူး။ မြတ်စွာ
ဘုရားကိုယ်တိုင်လည်း ဝီမံသကသုတ်မှာ ဘာပြောသလဲ ဆိုရင်..."ငါ့ကို မင်းတို့ စုံစမ်းကြ
စမ်း၊ စူးစမ်းကြစမ်း၊ လေ့လာကြစမ်း၊ ငါပြောတဲ့အတိုင်း ငါ့ကို မယုံကြနဲ့ဦးလို့ ဖိတ်ခေါ်တယ်။
ဒီလို ဖိတ်ခေါ်တဲ့ ဘာသာရေးခေါင်းဆောင်ဟာ မြတ်စွာဘုရားတပါးပဲ ရှိတယ်။ ကာယကံ
ဝစီကံနဲ့ လေ့လာကြည့်၊ ကျေနပ်လောက်စရာ ရှိလား၊ ကျေနပ်လောက်မှ လက်ခံလို့
ဖိတ်ခေါ်ခဲ့တာပါ။

မင်းတို့ ဒီသာမန်အချက်တွေနဲ့ အမှန်တရားကို မရှာနဲ့တဲ့…။ ဒါဖြင့် ဘယ်အချက်တွေနဲ့ ရှာရ မလဲဆိုတဲ့အခါ… ကောင်းတဲ့အလုပ် ကုသိုလ်လား၊ မကောင်းတဲ့ အလုပ် အကုသိုလ်လား၊
အပြစ်ရှိလား၊ အပြစ်မရှိဘူးလား။ ပညာရှိ သူတော်ကောင်းတွေ ကဲ့ရဲ့တဲ့ဟာလား၊ ချီးမွမ်းတဲ့
အရာလား။ ကိုယ်တိုင် လက်တွေ့ ကျင့်သုံး လုပ်ဆောင်မယ်ဆိုရင် ကောင်းကျိုးချမ်းသာတွေ ရနိုင်တဲ့ဟာလား။ ကောင်းကျိုးမရပဲ ဆင်းရဲဒုက္ခတွေ ကြုံနိုင်တဲ့ အရာလား။ ဒီအချက်တွေနဲ့
ကိုယ်တိုင် သိအောင် ကြိုးစားလို့ အမှန်တကယ် ဖြစ်လာမှ လက်ခံပါ လို့ ဒီလို ပြောတာပါ။

မြတ်စွာဘုရားက… သဘာဝလည်း ကျတယ်၊ ပညာရှိတွေ ချီးမွမ်းတယ်၊ ကုသိုလ်လည်းဖြစ်
တယ်၊ အပြစ်လည်း ကင်းတယ်၊ လက်တွေ့ ကျင့်သုံး လုပ်ဆောင်တဲ့ အခါမှာလည်း
ကောင်းကျိုးချမ်းသာတွေ ရတယ်ဆိုတာ သေချာပြီ ဆိုရင် လက်ခံကျင့်သုံးပါလို့ ဆက်ဟော
တယ်။ ကိုယ်ပိုင် အသိဉာဏ်နဲ့ တွေးတော စဉ်းစား ဆင်ခြင်ပြီး မှန်တယ်ဆိုတာ သိပြီးမှ
ရွေးချယ် လက်ခံဖို့ ဆုံးဖြတ်ပါတဲ့။
ဆုံးဖြတ်ပြီး လက်ခံကျင့်သုံးချိန်တွင် အပြစ်ရှိ/တွေ့လာတဲ့အခါဖြစ်စေ၊ ကျင့်သုံးတဲ့အခါ မ
ကောင်းကျိုးတွေ ပေးတော့မယ်ဆိုတာကို သိတဲ့အချိန်မှာ ချက်ချင်း စွန့်ပစ်လိုက်ပါတဲ့…။ လက်ခံကျင့်သုံးလို့ ကောင်းကျိုးချမ်းသာကို ရမယ်ဆိုရင် ချက်ချင်း ကျင့်သုံးပါတဲ့။

အမှန်တရားဆိုတာ ကိုယ်ပိုင် အသိဉာဏ်နဲ့ဆင်ခြင်း စဉ်းစားပြီးတော့မှ ဆုံးဖြတ်တာ။ ဒါကို
ရည်ရွယ်ပြီး ဒီအချက်တွေကို လိုက်နာနိုင်တယ်။ အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုး ကို ဝေဘန်သုံးသပ်ပြီးတော့ မကောင်းတာကို စွန့်၊ ကောင်းတာကို လက်ခံ ကျင့်သုံး၊ ဒါဆိုရင် ဘဝမှာ ပြည့်စုံမယ်။ စဉ်းစားဉာဏ်တွေ ရှိလာမယ်။

ဗြဟ္မ္မဝိဟာရတရား
အဲဒီလို လောဘ ဒေါသ မောဟစတဲ့ မကောင်းတာတွေကို စွန့်ပယ်၊ အလောဘ အဒေါသ အမောဟဆိုတဲ့ ကောင်းတာတွေကို ရွေးချယ် ကျင့်သုံးတဲ့အခါမှာ အားလုံးအတွက်ရော ငါ့
ပတ်ဝန်းကျင်က လူတွေပါ ကောင်းကျိုး ချမ်းသာတွေ ရကြပါစေ၊ အဆင်ပြေပါစေ၊ ဘေးရန်
ကင်းပါစေဆိုတဲ့ အများ အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာတရား ထားတတ်လာတယ်။ နိမ့်
ကျပြီး ဆင်းရဲဒုက္ခရောက်နေကာ အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေလည်း အဆင်ပြေကြပါစေလို့ ကရုဏာထားတတ်လာတယ်။ အောင်မြင်ကြီးပွားသွားတဲ့ ပုဂ္ဂိုလ်တွေ အပေါ်မှာလည်း မနာလို
မှု jealousy မဖြစ်ပဲ အောင်မြင်မှုတွေ ဆက်တိုက် ရရှိကြပါစေလို့ မုဒိတာပွားနိုင်လာတယ်။ 

အားလုံးအပေါ်မှာ လူဆိုတာ ကိုယ့်ကံနဲ့ ကိုယ်လာတာ ခင်မင်မှု ရှုဒေါင့်က မကြည့်ပဲ ကံတရား
ရှုဒေါင့်က ကြည့်ပြီး လူတွေကို ကူညီ စောင့်ရှောက်ရင်း ဥပေက္ခာတရား ထားတတ်လာတယ်။
ဥပေက္ခာ ဆိုတာ ပစ်ထားလိုက်တာ မဟုတ်ဘူး။ စိတ်ဓာတ်အနေနဲ့ တည်ငြိမ်တာ၊ မုန်း,ချစ်
ဆိုတဲ့ အစွန်း နှစ်ဖက်ကို လွှတ်ပြီး အားလုံးဟာ ကိုယ့်ကံနဲ့ကိုယ် ဖြစ်ကြတာ၊ ကိုယ်လုပ်သင့်
တာကို လုပ်နေတာကို ခေါ်တာ။ အဲဒီ ဥပေက္ခာ ဖြစ်လာတယ်။ အဲဒီလို ထားနိုင်ပြီဆိုရင် ပတ်ဝန်းကျင်အတွက်လဲ လုံလောက်တယ်။ ကိုယ့် တကိုယ်ရေအတွက်လည်း လုံလောက် လို့ ဖြူစင်သွားတယ်။ ဘဝမှာ သူ့အကျိုး ကိုယ့်အကျိုး ပြည့်စုံသွားပြီလို့ ဒီလိုပြောတာ။

အဲဒီမှာ ပြဿနာ ကျန်သေးလားဆိုရင် ဒီဘဝ နောင်ဘဝ ဆိုတာ ရှိလား၊ မရှိဘူးလားဆိုတဲ့
ပြဿနာ ကျန်နေသေးတယ်။ သေပြီးတဲ့နောက် ဘာဖြစ်မလဲလို့ ကိုယ်တိုင် မဆုံးဖြတ်နိုင်တဲ့ အခါမှာ… မြတ်စွာဘုရားက အကြံဉာဏ်ပေးတယ်။ တချို့ဘာသာရေးဆရာတွေက တမလွန်
ဘဝ မရှိလို့ ဟောတယ်။ တချို့က ရှိတယ်လို့ ဟောတယ်။ မြတ်စွာဘုရား ဒီဘဝမှာ ကောင်း
အောင်လုပ်၊ မေတ္တာကရုဏာ မုဒိတာနဲ့နေ၊ အများအတွက် ကိုယ်တိုင်က လောဘ
ဒေါသ မောဟ အခြေခံတဲ့ အကုသိုလ်တွေ စွန့်ပယ်ပြီး အလောဘ အဒေါသ အမောဟ
အခြေခံတဲ့ ကုသိုလ်တရားတွေ ပြီးပြည့်စုံအောင် လုပ်။ ဒီအခါမှာ...

အဲဒီလို ဖြူစင်နေတဲ့ စိတ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ တမလွန်ဘဝ မရှိလည်း ဘာပူစရာလိုလဲ၊ ဒီဘဝမှာ
လူကောင်းပဲ။ တမလွန် လောက ရှိတယ်ဆိုရင်လည်း ဟိုဘဝမှာ ချမ်းသာတဲ့ဘဝ ရောက်သွား
မှာပဲ။ စိတ်သက်သာရာ ရနေပြီပေါ့။ ဘယ်ဘက်က ကြည့်ကြည့် လုံလောက်တယ်။ ဒီဘဝမှာ
ကောင်းအောင်နေတဲ့အတွက် တမလွန်ဘဝ ရှိတယ်ဆိုလဲ အိုကေပဲ။ နောင်ဘဝ ကောင်းတဲ့ ဘုံ ရောက်ရမှာပဲ။ နောင်ဘဝ မရှိဘူးဆိုလဲ ဘာအရေးကြီးလဲ။ ဒီဘဝမှာ ငါ လူတော် လူ
ကောင်း၊ ချမ်းချမ်းသာသာနဲ့ ထိန်းသိမ်းစောင့်ရှောက်သွားနိုင်တယ်။ ဒီလို စိတ်သက်သာရာ
နှစ်မျိုးကို ရတယ်။

နောက်တခါ အကုသိုလ်ဆိုတာ မရှိဘူး။ အကုသိုလ်ဆိုတာ လုပ်လို့ မရဘူးလို့ ပြောတဲ့ ပုဂ္ဂိုလ်နဲ့
ရှိတယ်၊ လုပ်လို့ ရတယ်လို့ ပြောတဲ့ ပုဂ္ဂိုလ်နှစ်မျိုး ကွဲနေပြန်ရင်လည်း။ အကုသိုလ် မရှိလို့
လုပ်လို့ မရဘူးဆိုလဲ မရှိလို့ သက်သာရာ ရတယ်။ အကုသိုလ် ရှိတယ်ဆိုရင်လည်း ငါကိုယ်
တိုင်ကမှ အကုသိုလ်မှ မလုပ်တာ အကုသိုလ်အကျိုး ဘယ်လာ မလဲလို့ သက်သာရာ ရပြန်
တယ်။ နှစ်ဖက်စလုံး သေချာပေါက် လွတ်တယ်။ ဒီလို သေချာတဲ့ နည်းစနစ်ကို လိုက်နာ ကျင့်သုံးရမယ်လို့ မြတ်စွာဘုရားက ကာလာမ အမျိုးသားတွေကို ဟောလိုက်တာပဲ။
သူတို့က သဘောကျပြီး နောက်ဆုံး ဗုဒ္ဓဘာသာအဖြစ်နဲ့ မြတ်စွာဘုရားရှင်ထံမှာ တပည့်
ခံယူကြတယ်တဲ့။

ဒီနည်းလမ်းနဲ့ နည်းစနစ်တွေကို ကိုယ်ပိုင် အသိဉာဏ်နဲ့ စဉ်းစား ရွေးချယ်ပြီး လိုက်နာ
ကျင့်သုံး အားထုတ်မယ်ဆိုရင် နောင်ဘဝ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အကုသိုလ်ရဲ့
အကျိုးဆိုတာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘာမှ ပူစရာ မလိုတော့ပါဘူးလို့ ဒီလို
အဆုံးသတ် ဟောလိုရင်း ဖြစ်ပါသည်။

အဲဒီတော့ ယုံကြည်မှု သက်သက် မဖြစ်စေပဲ ကိုယ်တိုင် လိုက်နာကျင့်သုံးခြင်းဖြင့် လူသား
တိုင်း ကိုယ်ပိုင် အသိဉာဏ်နဲ့ ဆင်ခြင်တွေးတော စဉ်းစားကာ ရွေးချယ် ကျင့်သုံးပြီး
ကောင်းမွန်တဲ့ ဘဝတွေကို ပိုင်ဆိုင် ရရှိနိုင်ကြပါစေ။
(ဗုဒ္ဓဝါဒသည် ဇွတ် ယုံကြည်ခိုင်းခြင်း မဟုတ်ပဲ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ကိုယ်တိုင်လေ့လာ
စဉ်းစား သုံးသပ် သင်ယူပြီးမှ အားထုတ်ယူခိုင်းခြင်းဖြစ်သည်)
 (နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...