သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, August 14, 2013

PostHeaderIcon ဘိုထိုင် အိမ်သာများမှ ရောဂါများ ကူစက်နိုင်



 ဘိုထိုင်အိမ်သာ အသုံးပြုလျှင် ယောက်ျားလေးများ ကာလသားရောဂါ 
ကူးစက်နိုင်၍ မိန်းကလေးများ ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်
********************************************************************
အများသုံး ဘိုထိုင်အိမ်သာများ သုံးရာတွင် ကျန်းမာရေး သတိပေါ့ဆမှုကြောင့် ကူးစက်
မြန်ရောဂါများ ဖြစ်သည့် အရေပြားရောဂါ၊ ကာလသားရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်
ရောဂါများ ကူးစက်မှု လွယ်ကူနိုင်ကြောင်း ဆရာဝန်ကြီးများက ပြောကြားလိုက်သည်။

ယင်းကဲ့သို့ ဘိုထိုင်အိမ်သာများ မသန့်ရှင်းခြင်းအားဖြင့် ကူးစက်ရောဂါများဖြစ်သော
ကာလဝမ်းပျက်ရောဂါ၊ လူ့ခန္ဓာကိုယ်မှ ထွက်သောအရည်များမှတစ်ဆင့် ကူးစက်နိုင်
သောရောဂါများ၊ ဘီပိုး၊ စီပိုး၊ အရေပြားရောဂါများနှင့် ယင်း အိမ်သာရေများမှတဆင့်
ကူးစက်နိုင်သည်ဟု သိရသည်။

''တော်ရုံတန်ရုံ ဒီက ရောဂါ ကူးနိုင်တယ်ဆိုတာ သိတာပဲ။ ဒါပေမဲ့ ဂရုမစိုက်ကြဘူး။ အခုက
နေရာတကာ ဘိုထိုင်ဖြစ်နေပြီ။ အများသုံး အိမ်သာတွေဆို ပိုဆိုးတယ်။ ဂျပန်နိုင်ငံတွေက
ဘိုထိုင်တွေမှာဆို တစ်ခါသုံး ဆီစိမ်စက္ကူတွေ သုံးကြတယ်''ဟု အထွေထွေရောဂါကု ဆရာ ဝန် ဒေါက်တာဝင်းထွဋ်က ပြောသည်။

အဆိုပါ အများ ဘိုထိုင်များကို သန့်ရှင်းမှုများ ပြုလုပ်ပေးပါသော်လည်း ရောဂါကူးစက်မှုများ
မှာ မြန်သည်နှင့် နှေးသည်လောက်သာ ရှိသည်ဟု သိရပြီး ယင်းက တစ်ဆင့် ကာလသား
ရောဂါပါ ကူးစက်နိုင်သည်ဟုလည်း သိရသည်။

''အမျိုးသားတွေက ကာလသားရောဂါ ကူးစက်နိုင်တယ်။ မိန်းကလေးတွေကျတော့လဲ ဆီး
လမ်းကြောင်းမှာ ပိုးဝင်နိုင်တယ်။ အဲဒီဆီးလမ်းကြောင်းသာမက ဗက်တီးရီးယားပိုးမွှားတွေ
ရှိတယ် ဆိုတာနဲ့ ကူးစက်နိုင်တာပဲ။ ဆေးရုံ၊ ဆေးခန်းတွေမှာကြတော့ သူတို့က ကျန်းမာ
ရေး မကောင်းတဲ့လူနာတွေအတွက် သီးသန့်အနေနဲ့ လုပ်ပေးထားတယ် ဆိုတာလဲ ပိုးသတ်
ဆေး သုံးကြတာပဲ။ အများသုံး အိမ်သာတွေမှာတော့ အမြဲတမ်းပြုလုပ်နိုင်မှာမဟုတ်ဘူး။
ဖြစ်နိုင်ရင် မြန်မာအိမ်သာတွေကိုပဲ အသုံးပြုစေချင်တယ်''ဟု သွားရောဂါကု ဒေါက်တာ စိုးထွန်းက ပြောသည်။

''အခုက ဘိုထိုင်တွေပဲ အသုံးများကြတာလေ။ ရောဂါကူးစက် မြန်တယ်ဆိုတာကိုတော့ သိ

ကြတာပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ တစ်သျှူးနဲ့သုတ်ပြီး ထိုင်ဖြစ်တယ်။ အိမ်သာထဲမှာ ဘယ်
လောက်ပဲ ဆေးဖျန်းထားပါစေ လူ့ခန္ဓာကိုယ်ကို ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်မှာလဲ။ ဈေး
ဝယ်စင်တာတွေမှာဆို ပိုဆိုးတာပေါ့''ဟု တောင်ဒဂုံ ရပ်ကွက်နေ မနုက ပြောသည်။

လူအများစုသည် ဘိုထိုင် အိမ်သာများနှင့်ပတ်သက်၍ ကျန်းမာရေးအရ ရောဂါကူးစက်မှု မြန်
ကြောင်းကို သိသော်လည်း ကျန်းမာရေးအရ စိုးရိမ်မှု မရှိစွာဖြင့် အသုံးပြုလျက်ရှိကြောင်း
သိရသည်။
အကယ်၍ အများသုံးဘို ထိုင်အိမ်သာများ အသုံးပြုမည်ဆိုလျှင် မသုံးမီ ထိုင်မည့်ကာဗာနှင့်
အိမ်သာတွင်းကို ရေများဖြင့် ဆေးပေးခြင်းနှင့် တစ်သျှူးစများကို ဖြန့်ခင်း၍ ထိုင်ခြင်း
ပြုလုပ် ပြီးမှ အသုံးပြုသင့်သည်ဟု သိရသည်။

By Yangon Time

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...