သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, August 23, 2013

PostHeaderIcon အသီးအနှံမှ သွေးအား ကောင်းစေဖို့

 သွေးအား ကောင်းလိုသူတို့အတွက် အပင်ထွက် အာဟာရ
********************************************
သွေးအား နည်းတတ်သူတွေ၊ အထူးသဖြင့် လစဉ် ဓမ္မတာရာသီသွေး ဆင်းနေတဲ့ အမျိုးသမီး

တွေအနေနဲ့ သွေးအား ကောင်းစေဖို့အတွက် စားသင့်တဲ့ သဘာဝ အပင်ထွက် အစားအစာ
တွေကို မီးဖိုချောင်ထဲမှာ တွေ့ရှိနိုင်ပါတယ်။

စပျစ်သီ

စပျစ်သီးမှာ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓါတ်၊ဗီတာမင် အများအပြားနဲ့ အမိုင်နို

အက်စက်တို့ ပါဝင်မှုများတာကြောင့် အသက်ကြီးသူ၊ အမျိုးသမီးတွေနဲ့ သွေးအားနည်း
ရောဂါ ရှိသူတွေအတွက် အကောင်းဆုံး အားဆေးတလက် ဖြစ်ပါတယ်။ ကိုယ်ဝန်
ဆောင် မိခင်တွေအနေနဲ့ စပျစ်သီး စားတာကြောင့် သန္ဓေသားဆီကို အာဟာရ
ရောက်ရှိမှု ကောင်းစေရုံသာမက အသားအရေ စိုပြည်နီမြန်းစေပါတယ်။

ရွှေဖရုံသီး

ရွှေဖရုံသီးမှာ အပင်ထွက် ပရိုတင်း၊ ကာရိုတင်း၊ ဗီတာမင်တွေ၊ မရှိမဖြစ် အမိုင်နိုအက်စစ်၊

ကယ်လ်စီယမ်၊ ဇင့်(သွပ်)၊သံဓါတ်ကိုတော့ ဖော့စ်ဖရပ်စ် စတာတွေ အများအပြား ပါဝင်
ပါတယ်။ ကိုဘော့ဟာ ဗီတာမင် B12 ဖြစ်ပေါ်စေတဲ့ အဓိက ဒြပ်စင်တမျိုး ဖြစ်တာကြောင့်
သွေးနီဥတွေရဲ့ ပုံမှန် လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ ဇင့်(သွပ်)ဓါတ်ဟာ
သွေးနီဥရဲ့ လုပ်ငန်းဆောင်တာအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပြီး သံဓါတ်ကတော့
ဟေမိုဂလိုဘင် ထုတ်လုပ်မှုမှာ ဒြင်စင်တစ်မျိုး အနေနဲ့ ဆောင်ရွက်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီမှာ ကာရိုတင်း ပါဝင်မှုများပြီး သွေးအားကောင်းစေတာကြောင့် ဂျင်ဆင်းလို့

တောင် ဂျပန်လူမျိုးတွေက တင်စား ခေါ်ဝေါ်ကြပါတယ်။ မုန်လာဥနီ စွပ်ပြုတ်ကို လူအများ
စုက စားလေ့ရှိသလို မုန်လာဥနီကို ဖျော်ရည်ဖျော်ပြီးလည်း သောက်သုံး နိုင်ပါတယ်။

ကြံရိုး

ကြံရိုးမှာ သံဓါတ်၊ ဇင့် (သွပ်)၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနိစ်ဓါတ်တွေ ပါဝင်မှု မြင့်မား တာကြောင့် သွေးအား ကောင်းစေပါတယ်။

အနီရောင် စွန်ပလွံသီး
အနီရောင် စွန်ပလွံသီးမှာ ဗီတာမင်တွေ၊ ဖရက်တို့စ်နဲ့ အမိုင်နိုင်အက်စစ် အမျိုးမျိုး ပါဝင်

ပါတယ်။ တရုတ်ဆေးပညာ အယူအဆအရ အနီရောင် စွန်ပလွံသီးမှာ အနွေးဓါတ် ရှိ
တယ်လို့ ယုံကြည်တာကြောင့် သွေးအားကောင်းစေသလို သွေးလှည့်ပတ်မှု ကောင်း
စေတယ်လို့ ဆိုပါတယ်။ အနီရောင် စွန်ပလွံသီးမှာ သွေးထဲက သွေးနီဥတွေကို အား
ကောင်းစေတဲ့ ဒြပ်တွေ ပါဝင်တဲ့အပြင် ရိုးတွင်းခြင်ဆီ လုပ်ငန်းဆောင်တာကို အား
ကောင်းစေပါတယ်။

ပဲမည်း
ပဲမည်းဟာ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးရှိပါတယ်။ပဲမည်းမှာ ပရိုတင်းဓါတ် ပါဝင်မှု

များပြီး ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် ပဲမည်းစားရင် သွေးအားကောင်းစေ
သလို ဆံကေသာကို မည်းနက်တောက်ပြောင် စေပါတယ်။

ဇွန်
BY GOOD HEALTH

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...