သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, August 6, 2013

PostHeaderIcon မိန်းမမြတ်

 မိန်းမမြတ် တေးထပ်
************
လှရုပ်သွင် ဆန်းမူလ၊
စန်းရူပ မြတ်စွာ၊
ဂွမ်းတူလ ဖဿာ၊
နတ်ကညာ အသွေး။
နွေဂိမ္မ အငွေ့ခံလျှင်၊
ရေ့သဏ္ဌာန် ချမ်းမြလို့အေး။

ဟေမန္တ ပြောင်းအလာ၊
ဆောင်းအခါ ကိုယ်နွေး၊
ကောင်းသာမာ ဂုဏ်သူဌေးဟာမို့၊
ကြုံသေးက မက်ရန်၊
လင့်အရင် အစောထပါလို့၊
သဘောကျ ကျင့်တတ်လေပြန်။

အိပ်စားမှု နောက်ချန်တယ်၊
ကြောက်ဟန်လို ထံပါးက၊
ပန်ကြားလျက် ပြုံးလေ့ဝါစာ၊
သုံး၍သာယာ။
လင့်ပြင်ဖြင့် မကြည့်ရှာသည်၊
ဘရိယာ ခေါင်ဆုံးပလေး။ ။

လယ်တီပဏ္ဍိတ ဦးမောင်ကြီး (ကဗျာ့မဉ္ဇရီ)
(လယ်တီပဏ္ဍိတ ဦးမောင်ကြီး စာပေါင်းချုပ်)

“ကျမ်းဂန်များ၌လာသော မိန်းမမြတ်တို့၏ လက္ခဏာများ”
အဆင်းလှခြင်း၊ အတွေ့ကောင်းခြင်း၊ ကိုယ်အငွေ့ကောင်းခြင်း၊ အနံ့ကောင်းခြင်း၊
အိပ်ရာမှ ရှေးဦးစွာ ထခြင်း၊ နောက်ချန်၍ အိပ်စားခြင်း၊ အမှုရှိတိုင်း ပန်ဆို
မြွက်ကြားခြင်း၊ လင်ယောက်ျား နှစ်သက်ဖွယ်ကိုသာ ကျင့်ခြင်း၊ မိမိလင်မှ
တပါး အခြားသော ယောက်ျားတို့၌ စိတ်မှ မပြစ်မှားခြင်း၊ ချစ်ဖွယ်သော
စကားကို ပြောဆိုခြင်း၊ ပြုံးခြင်း ရှေးရှိသောစကားကို ဆိုခြင်း။
 
ဤသို့သော ကိုယ်အမူအရာ ကောင်းခြင်း၊ နှုတ်အမူအရာ ကောင်းခြင်း
လက္ခဏာရှိသော မိန်းမမြတ်တို့နှင့် စပ်လျဉ်း၍ ရေးသားသော
ကျမ်းဂန်လာ မိန်းမမြတ်များကို ဖွဲ့ဆိုထားသည်။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...