သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, August 5, 2013

PostHeaderIcon တပည့်များ ရိုသေလေးစားတဲ့ ဆရာ


တပည့် (နောက်လိုက်)တွေရဲ့ ရိုသေလေးစား မြတ်နိုးမှု အခံရဆုံးသော ဆရာ
(ဝါ) ဘာသာရေးခေါင်းဆောင်
*******************************
ဘာသာ အယူဝါဒရေးရာ များစွာနဲ့ အယူအဆပေါင်းများစွာ ပေါ်ပေါက်ထွန်းကားနေပြီး မဂဓ
တိုင်းတခွင်မှာ ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်များစွာလည်း ပေါ်ထွန်းနေတဲ့ခေတ်.. ဗုဒ္ဓရှင်တော်မြတ်လဲ ရာဇဂြိုဟ်မြို့ ဝေဠုန်ကျောင်းတွင် ဝါဆိုဖို့ သီတင်း သုံးနေတော်မူချိန်, တချိန်တည်းမှာပင် ဗုဒ္ဓနဲ့ ခေတ်ပြိုင်ဖြစ်ကြတဲ့ ပုရာဏကဿပ မက္ခလိစတဲ့ ဂိုဏ်းဆရာကြီး
၆ ဦးကလည်း နောက်လိုက် တပည့်မျုားစွာနဲ့ မိုးရာသီကာလ ရာဇဂြိုဟ်မှာ မိုးခိုကြရန် သူတို့ရဲ့အရာမ်ဥယျာဉ်များမှာ လာရောက်နေထိုင်ကြတယ်။

အဲဒီနှစ်မှာ တိုက်ဆိုင်စွာပဲ နာမည်ထင်ရှားကျော်ကြားတဲ့ ပရိဗိုဇ်ခေါင်းဆောင်တွေနဲ့ တပည့်
တွေကလည်း ရာဇဂြိုဟ်မြို့ရဲ့ပရိဗိုဇ်အရာမ်ကြီးထဲမှာ စုဝေးနကြတယ်။ အဲဒီမှာပဲ  ဒီအမေးနဲ့ ဒီအဖြေများ ဖြစ်ပေါ်လာဖို့ရန် အကြောင်းဖန်လာခဲ့ခြင်းဖြစ်သည်။

နံနက်မိုးသောက်တဲ့ တနေ့မှာ မြတ်စွာဘုရားကလည်း ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဖို့ ထွက်
လာရင်း အချိန်ကလည်း စောသေး၊ ဒီတရားကို ဟောဖို့လည်း ဖန်လာပြီမို့ လမ်းဘေးနဲ့ နီး
ရာဖြစ်တဲ့ ပရိဗိုဇ်ကျောင်းတခုထဲကို ဝင်ရောက်ဖို့ ခြေပြင်လိုက်တယ်။ သကုလုဒါယီတို့ ဆရာ
တပည့်များရှိရာ အရာမ်ထဲသို့ မြတ်ဗုဒ္ဓ ဝင်ရောက်သွားတဲ့အခါမှာ ဘုရားရှင်ကို ကြည်ညို
လေးစားစိတ်ရင်းစွဲ ရှိနေခဲ့တဲ့ ဥဒါယီက ရောက်တက်ရာရာ ထွေရာလေးပါးများ ပြောဆို
နေကြပြီး ဆူညံနေတဲ့ တပည့်တွေကို“ဟေ့ ဟိုမှာ ရဟန်းဂေါတမ လာနေတယ်။ တိတ်တိတ်
နေကြ၊ သူက တိတ်ဆိတ်ငြိမ်သက်တာကို သက်နှစ်သဘောကျတယ်။ ဆူညံတာကို မကြိက်
ဘူးလို့ ဘုရားရှင်ရဲ့ဂုဏ်တခုကို ဖော်ထုတ်ရင်း သတိပေးပြီး သကုလုဒါယီပရိဗိုဇ်က မြတ်ဗုဒ္ဓ
ကို ထွက်၍ ကြိုဆိုတယ်။

မြတ်ဗုဒ္ဓကို နေရာထိုင်ခင်းပေးပြီး အားလုံး ထိုင်နေကြပြီးတဲ့အခါမှာ ဘုရားရှင်က ဥဒါယီကို တို့လာတဲ့အချိန်မှာ မင်းတို့ ဘာစကားတွေ ပြောနေကြတာလဲလို့ မေးတော့ ဥဒါယီက ဒီမှာ
ပြောနေတာတွေက အရှင်ဘုရား ကြားရဖို့ မခဲယဉ်းပါဘူး။ ဒီစကားတွေကို ထားလိုက်ပါတဲ့။
တပည့်တော် တခုလျှောက်ချင်တယ်တဲ့၊ မကြာခင် ရက်များတုန်းက အယူဝါဒအမျိုးမျိုး ရှိကြ
တဲ့ ပုဂ္ဂိုလ်တွေဟာ ကောတုဟလသာလာလို့ခေါ်တဲ့ ဇရပ်ဆောင်ကြီး တခုထဲမှာ ဘာသာစုံ လူမျိုးစုံက ခေါင်းဆောင်ကြီးများနဲ့ အခြံအရံတပည့်များ တွေ့ဆုံကြပြီး အယူဝါဒများကို
ဆွေးနွေး ပြောဆိုကြရင်း အားလုံး စိတ်ဝင်စားကြတဲ့ မေးခွန်းတခု ထွက်လာခဲ့ပါတယ်တဲ့။ အဲဒါကတော့ နောက်လိုက် တပည့်အခြံအရံနဲ့ ပရိသတ်တွေ များစွာရှိကြတဲ့ ဘာသာရေး
ခေါင်းဆောင် ဆရာကြီးများ များစွာရှိတဲ့အနက်က ဘယ်ပုဂ္ဂိုလ်ဟာ တပည့်တွေရဲ့ ရိုသေ
လေးစား မြတ်နိုးမှုနဲ့ ကြည်ညိုမှုကို အခံရဆုံးလဲ ? ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်တဲ့။

အဲဒီလို သူတို့အချင်းချင်း ဘာသာအယူဝါဒအကြောင်း ဆွေးနွေး ပြောဆိုနေကြရင်း တဦးနဲ့
တဦး တဖွဲ့နဲ့တဖွဲ့ ပြန်လည်ဆန်းစစ် ထောက်ပြပြောဆိုကြတဲ့အခါ ပုရာဏမှာလည်း တပည့်
တွေရဲ့ရိုသေလေးစားမှုကို မခံရဘူး။ မက္ခလိနဲ့ အဇိတတို့ လက်ရှိ အိန္ဒိယမှာ ရှိနေသေးတဲ့ နိ
ဂဏ္ဌ(ဂျိမ်း)စတဲ့ ထင်ရှားတဲ့ ဂိုဏ်းဆရာကြီး ၆ ဦးနဲ့ ကျန်အင်အားများတဲ့ ဘာသာရေးခေါင်း
ဆောင်ကြီးများမှာလည်း တပည့်များရဲ့ရိုသေလေးစားမှုကို အပြည့်အဝ ခံရဖူး သူရယ်လို့ မ ရှိကြဘူးဖြစ်နေတယ်တဲ့။ ဘာကြောင့်လဲဆိုတော့-ဘာသာရေးခေါင်းဆောင်များ အားလုံး
ဟာ နောက်လိုက် တပည့်များစွာ ရှိကြသော်လည်း ဂိုဏ်းအသီးသီးရှိ သူတို့ရဲ့တပည့်များ
က ဆရာတွေရဲ့အယူဝါဒကို ပြန်လည် ဝေဘန်တာမျိုး၊ဆရာများရဲ့ဆုံးမမှုများက ရှေ့
နောက် မညီကြပဲ မခိုင်လုံတဲ့အပေါ်မှာ ထောက်ပြကြကာ ကန့်ကွက် စွပ်စွဲပြောဆိုတာ
မျိုးများ ရှိခဲ့ကြပြီး ဂိုဏ်းကနေ ထွက်ခွာသွားကြတာမျိုးအထိ ရှိခဲ့ဖူးတဲ့ ဂိုဏ်းတွေချည်းပဲ
ဖြစ်နေကြတယ် တဲ့။

အဲဒီလိုအချင်းချင်း ဆွေးနွေးဝေဘန်ပြီးတဲ့အခါမှာ နောက်ပိုင်းကြတော့ အားလုံးက ဂေါတမ
ဗုဒ္ဓဘက်ကို လှည့်ပြီး ဆွေးနွေးပြောဆိုရာမှာ ဂေါတမဗုဒ္ဓဟာလည်း နောက်လိုက်တပည့်
အလွန်များတာပဲ။ ဒါပေမယ့် ဂေါတမဗုဒ္ဓ အပေါ်မှာ သူ့ရဲ့တပည့်သာဝကတွေက သိပ်ပြီး
လေးစား ရိုသေကြတာကို တွေ့ရတယ်။တခါမှာ ဂေါတမဗုဒ္ဓ တရားဟောနေစဉ် ကိုယ်တော် တပါးက ချောင်းဟန့်လိုက်တာကို ဘေးနားရှိ ရဟန်းတပါးက ကိုယ်တော် တရားဟောနေ
တယ်။ တိတ်တိတ်နေ၊ အသံမထွက်နဲ့လို့ ပြောနေတာကို သူတို့က တွေ့ခဲ့ဖူးကြတယ်တဲ့။
အဲဒီလိုအထိ ဂေါတမဗုဒ္ဓအပေါ်မှာ သူ့တပည့်တွေက ရိုသေလေးစားကြတယ်။
ဂေါတမဗုဒ္ဓ တရားဟောပြောနေတဲ့ အချိန်တိုင်းမှာလည်း သူ့ရဲ့ပရိတ်သတ်တွေအားလုံးက
ငြိမ်သက်နေပြီး ဘာသံမှ မကြားရအောင် တိတ်ဆိတ်နေတာကို မြင်ရတာတွေ၊ သူ့တပည့်
ရဟန်းတွေ လူထွက်သွားတဲ့အခါမှာလည်း သူနဲ့ သူ့အဆုံးအမတွေကို ပြစ်တင်ကဲ့ရဲ့တာမျိုး
မလုပ်ကြပဲ ထွက်သွားသူတွေက သူတို့မနေနိုင် မကျင့်နိုင်လို့ ထွက်ကြတာဆိုပြီး ကိုယ့်ကိုယ်
ကိုပဲ အပြစ်တင်ပြီး  ဂေါတမဗုဒ္ဓနဲ့ သူ့ဓမ္မတွေအပေါ်မှာ သူ့ရဲ့တပည့်တွေက အပြစ်မမြင်ပဲ
ရိုသေလေးစားနေကြဆဲဖြစ်ပြီး ဥပါသကာအဖြစ်နဲ့ပင် ပြန်လည်နေကြတယ်ဆိုတာ မြင်
နေရတယ်လို့ အဲဒီလို အချင်းချင်း ပြောဆိုနေကြတယ်ဘုရား…လို့ သူတို့ ဆွေးနွေးပြောဆို
ခဲ့ကြတာနဲ့ ကြားခဲ့တာများကို သကုလုဒါယီပရိဗိုဇ်က ဘုရားရှင်အား ပြန်လည် လျှောက်
ပြနေခြင်းပဲဖြစ်တယ်။

ဒီအခါမှာ မြတ်ဗုဒ္ဓက သူ့ကို ပြန်မေးတယ်။ ဥဒါယီတဲ့ ငါ့ကို ငါ့တပည့်တွေက အခုလို ရိုသေ
လေးစားတာ မြတ်နိုးတာ ဘာ့ကြောင့်လို့ ထင်သလဲ?
ဘယ်လို အရည်အချင်းတွေ ဂုဏ်တွေကြောင့်လို့ ထင်သလဲ? လို့ မေးတော့…။

မဟာသကုလုဒါယီ ပရိဗိုဇ်ရဲ့ထင်မြင်ချက်
သကုလုဒါယီပရိဗိုဇ်ကြီးက အရှင်ဘုရားကို တပည့်သာဝကတွေက ရိုသေလေးစားတာ
တပည့်တော် အထင်တော့ အချက် ငါးချက် ရှိတယ်ဘုရားဆိုပြီး လျှောက်တယ်။ အဲဒီ
ငါးချက်က
(၁) အရှင်ဘုရားက အစာအာဟာရနဲ့ ပတ်သတ်ပြီး နည်းနည်းလေးပဲ ဘုဉ်းပေးပြီး အင်မတန် ခြိုးခြံတယ်။(ပရိဗိုဇ်တွေက အစာနည်းနည်း စားပြီး ကျင့်ကြံတာ၊ သတ်သတ်လွတ်စားတာ၊
ရက်မှတ်ပြီး အဓိဋ္ဌာန်ကျင့် စားတာမျိုးကို အထင်ကြီးကြတယ်။သူတို့လဲ ကျင့်တာကိုး) အဲဒါကြောင့် ဖြစ်လိမ့်မယ်ထင်တယ်တဲ့။
(၂) အဝတ်သင်္ကန်းနဲ့ ပတ်သက်ရင်လည်း အရှင်ဘုရားက ရှိတာနဲ့ပဲ ရောင့်ရဲတင့်တိမ်တယ်။ ဒါကြောင့်လည်း ဖြစ်မယ်တဲ့။
(၃) ဆွမ်းနဲ့ပတ်သက်ရင်လည်း ကောင်းဆိုးမရွေးပဲ ရသမျှလေးနဲ့ ရောင့်ရဲတင့်တိမ်တယ်။ ဒါလည်း ဖြစ်မယ်တဲ့။
(၄) နေစရာကျောင်းနဲ့ ပတ်သက်ရင်လည်း ရတာနဲ့ ရောင့်ရဲနေတတ်တယ်။ဒါလဲ ဖြစ်မယ်တဲ့။
(၅) နောက်ပြီး အရှင်ဘုရားက ဘယ်သူနဲ့မှ ရောရောနှောနှော မနေတတ်ဘူး။ တပါးတည်း
အေးအေး နေတတ်တယ်။ အဲဒါကြောင့်လည်း တပည့်တွေက ရိုသေလေးစားတာ ဖြစ်မယ် လို့ မြတ်ဗုဒ္ဓကို လျှောက်တော့…
မြတ်ဗုဒ္ဓက  ဒါတွေ မဟုတ်ဘူးလို့ ငြင်းတော်မူတယ်။

အဲဒါတွေကြာင့် လေးစားတာ မဟုတ်ဘူးတဲ့။ ငါပြောမယ်။ ငါ့တပည့်တွေထဲမှာ ဥသျှစ်သီး တ
လုံးစာမျှ စားတဲ့ တပည့်တွေ၊ဥသျှစ်သီး တခြမ်းစာမျှ စားပြီး ကျင့်ကြံနေကြတဲ့ တပည့်တွေ၊ တချို့အိမ်တွေက စားဦးစားဖျားကို ပုဂံလုံးလေးနဲ့ ထည့်ထားပြီး ကြွလာတဲ့ ကိုယ်တော်ကို
လှူလေ့ရှိတယ်။ အဲဒါလေးမျှကို ဘုဉ်းပေးပြီး ကျင့်ကြံနေကြတဲ့ တပည့်တွေ ရှိတယ်တဲ့။
အဲဒီ တပည့်တွေက ငါ့ကို ဘယ်ကြည်ညို လေးစားနိုင်မလဲတဲ့။ သူတို့က ငါ့ထက် စားတာ
နည်းတယ်။ ခြိုးခြံပြီး ကျင့်တယ်တဲ့။ ဒါ့ကြောင့်လည်း မဟုတ်ဘူးလို့ မိန့်တယ်။

အဝတ်သင်္ကန်းနဲ့ ပတ်သက်လို့လည်း သုသာန်သင်္ချိုင်း အမှိုက်ပုံတွေက အဝတ်စုတ်တွေကို
ချုပ်ဆိုးထားတဲ့ ပံသူကူသင်္ကန်းတမျိုးထဲဝတ်ပြီး ရာသက်ပန် ကျင့်ကြံနေတဲ့ ငါ့ထက် ခြိုးခြံတဲ့
တပည့်တွေ ရှိတယ်။ ငါကမှ သူဌေးတွေ မင်းတွေက လှူတဲ့ သင်္ကန်းကောင်းတွေကို ဝတ်
သေးတယ်။ သူတို့က မဝတ်ကြဘူး။ အဲဒီ တပည့်တွေကလည်း ငါ့ကို ဘယ် ကြည်ညိုလေးစား
ကြမလဲတဲ့။ အဲဒီသင်္ကန်း ခြိုးခြံလို့လည်း မဟုတ်ဘူးလို့ မိန့်တယ်။

ဆွမ်းနဲ့ပတ်သက်ရင်လည်း အိမ်တွေမှာ ပင့်ဖိတ်လှူတဲ့ဆွမ်းကို လက်မခံပဲ တသက်လုံး ဆွမ်းခံ
စားတဲ့ ငါ့တပည့်တွေ ရှိတယ်။ ငါကတော့ အိမ်တွေက လာပင့်ရင် ကြွပြီး ကောင်းတာတွေ
ဘုဉ်းသေးတယ်။ တကယ်လို့ ဆွမ်းမှာ ရောင့်ရဲလို့ ဆိုရင် အဲဒီ ငါ့တပည့်တွေက ငါ့ကို ဘယ် ကြည်ညိုလေးစားမလဲ အဲဒါလဲ မဟုတ်ဘူးလို့ မိန့်တယ်။

ကျောင်းနဲ့ ပတ်သက်ရင်လည်း ငါ့တပည့်တွေထဲမှာ မိုးလေးလက လွဲပြီး ကျန်တဲ့ ၈,လ လုံး
လုံး အမိုးအကာရှိတဲ့ နေရာတွေမှာ မနေပဲ သစ်ပင် ဝါးဝင် တောတောင်တွေမှာ(ရုက္ခမူ၊ အဗ္ဘောကာသိကဓုတင်) ကျင့်ကြံအားထုတ်နေကြတဲ့ ငါ့တပည့်တွေ ရှိတယ်။ ငါက သူတို့ လို နေတာမဟုတ်ဘူး။ လှပကောင်းမွန်တဲ့ ဂန္ဓကုဋီလို ကျောင်းကြီးတွေမှာ နေတာတဲ့။
ဒါကြောင့် နေစရာနဲ့ ပတ်သက်ပြီး ရောင့်ရဲလို့ဆိုရင် အဲဒီ တပည့်တွေက ငါ့ကို ဘယ် ကြည်
ညိုလိမ့်မလဲလို့ မိန့်တယ်။

နောက် ဘယ်သူနဲ့မှ ရောနှော မနေလို့လို့ ပြောတယ်။ ဒါလည်း မဟုတ်သေးဘူး။ ငါ့တပည့်
တွေထဲမှာတဲ့ လပြည့်လကွယ်နေ့မှာ ဥပုသ်ပြုဖို့ သံဃာ့အလယ်ကို လာတာကလွဲပြီး ဘယ်သူ
နဲ့မှ အတွေ့မခံပဲ အစွန်အဖျားကျတဲ့ တောတောင်ထဲမှာ ဧကစာရီ ကျင့်နေတဲ့ သူတွေရှိတယ်။
(အရညက) အဲဒီလို ဘယ်ပရိသတ်နဲ့မှ မရောပဲ အတွေ့မခံပဲ နေတဲ့၊ ငါ့ထက်သာတဲ့ တပည့်
တွေက ငါ့ကို ဘယ် ကြည်ညိုလိမ့်မတုန်းလို့ မြတ်ဗုဒ္ဓက မိန့်တော်မူတယ်။
အဲဒီတော့ သကုလုဒါယီပရိဗိုဇ်ကြီး ထင်နေတဲ့ အချက်ငါးမျိုးလုံးက ငါ့ကို တပည့်တွေက
လေးစားကြည်ညိုတဲ့ အချက်တွေ မဟုတ်ဘူး။
ငါ့တပည့်တွေက ငါ့ကို ကြည်ညိုလေးစားတဲ့ အချက် ငါးမျိုး ရှိတယ်လို့ မိန့်ပြီး မြတ်ဗုဒ္ဓက…

တပည့်တို့က ဆရာများ၊ ခေါင်းဆောင်လုပ်သူများအပေါ်မှာ လေးစားရိုသေ ကြည်ညိုနိုင်
စေတဲ့ မှတ်သားစရာ ကောင်းတဲ့ အရည်အချင်း ဂုဏ်ရည်များကို ဒီလို ထုတ်ဖော် ဟော
ကြားတယ်။

ငါ့ကို ငါ့ရဲ့တပည့်နောက်လိုက်တွေက ဘာ့ကြောင့် လေးစားကြည်ညိုတာလဲ ဆိုရင်တဲ့…။
(၁) ငါ့ကို တပည့်တွေက ရိုသေလေးစားတာဟာ ငါ့မှာ အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရား
အဓိသီလက လုံးဝ ပြောစရာမရှိအောင် ငါ့မှာရှိတယ်။ ဒါကို သိလို့ ငါ့တပည့်တွေက ငါ့ကို
လေးစားကြတာ။ ဒါ ခေါင်းဆောင် လုပ်သူတိုင်းမှာ အဘက်ဘက်က ပျက်ပြားမှု မရှိတဲ့ ကိုယ်ကျင့်တရားရှိမှ နောက်လိုက် ငယ်သားတွေက လေးစားမှာ ဖြစ်တယ်။

(၂) အဘိက္ကန္တဉာဏဒဿန-သာမန်ပုဂ္ဂိုလ်တွေထက် စူးရှ ထူးခြားတဲ့အမြင် ရှိလို့၊ ပစ္စုပ္ပန် အတိတ်အနာဂတ်ဆိုတဲ့ ကာလသုံးပါးနဲ့ ဝေနေယဇ္ဈာသယ ပုဂ္ဂလဇ္ဈာသယလို့ခေါ်တဲ့ သတ္တဝါတွေရဲ့စိတ်နေစိတ်ထား အလိုဆန္ဒများနဲ့ ဉာဏ်ရည် ဉာဏ်သွေးများကိုပင် ထူးခြား
စွာ စွမ်းရည်မြင့်မားတဲ့ နှိုင်းဆတွေးတော ဆင်ခြင်သိမြင်နိုင်တဲ့ အမြင်မျိုးရှိနေလို့ တဲ့။
အရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်တောင်မှ သုဝဏ္ဏကာရပုတ္တ ရွှေပန်းတိမ်သည်ရဲ့သားရဟန်းလေး
ကို ကမ္မဋ္ဌာန်းပေးတဲ့အခါမှာ ရာဂများတတ်လို့ တွယ်တာမှုတွေ အားကြီးလိမ့်မယ်လို့ တွေးပြီး အသုဘကမ္မဋ္ဌာန်း ပေးလိုက်ပြီး ၄-လ အားထုတ်လိုက်တာ သမာဓိတောင် မရနိုင်ဘူး။ မြတ်
ဗုဒ္ဓဆီကိုရောက်တော့ ကမ္မဋ္ဌာန်းကို ပြောင်းပေးလိုက်တော့ ချက်ချင်း ရဟန္တာဖြစ်သွားတယ်။
အဲဒီလို အမြင်မျိုး မြတ်ဗုဒ္ဓနဲ့ တူတဲ့လူ မရှိဘူး။ အဲဒီအချက်ကြောင့်လည်း အရှင်သာရိပုတ္တ
ရာလို ပညာထက်တဲ့ ပုဂ္ဂိုလ်တွေကအစ ဗုဒ္ဓကို ကြည်ညို လေးစားကြတယ် တဲ့။ 
ဆရာဆိုတာ တပည့်တွေထက် တွေးခေါ်မြော်မြင်မှုနဲ့ ဆိုင်ရာ အသိဉာဏ်ပညာများ
သာနေမှ တပည့်တွေက လေးစားမည် ဖြစ်တယ်။

(၃) ပညာဉာဏ် ကြီးမား ထက်မြက်မှုလို့တဲ့၊ လူနတ်ဗြဟ္မာ ဘယ်လို ပုဂ္ဂိုလ်မျိုးကပင်ဖြစ်စေ
မေးမြန်းလာတဲ့ ပြဿနာပေါင်းစုံရဲ့အဖြေကို မေးလာသူ စိတ်တိုင်းကျ နှစ်သက်မှု ပြည့်စုံပြီး
ကျေနပ်မှုရအောင် ဖြေကြားနိုင်တဲ့ အသိဉာဏ်ပညာနဲ့ ပြည့်စုံမှုကလည်း တပည့်များရဲ့ကြည်
ညို လေးစားမှု ရဖို့ရန် တခုပဲဖြစ်တယ်တဲ့။

(၄) လောကရဲ့အမှန်တရား သစ္စာလေးပါးနဲ့ ပတ်သက်လာတဲ့ မေးခွန်းတွေ၊ ဒုက္ခရောက်လာ
လို့ ဒုက္ခဖြစ်ခြင်းရဲ့အကြောင်း သိချင်လို့ စတာတွေ၊ အရိယသစ္စာနဲ့ ပတ်သက်ပြီး မေးလာတဲ့
မေးခွန်းတွေကို ဆိုရင် အားလုံးရဲ့ စိတ်ထဲ အသိထဲမှာ ရှင်းလင်း ကျေနပ်သွားအောင် ဖြေပြ သွားနိုင်တယ်။ လောကမှာ အမှန်လို့ ယူဆပြောဆိုတာတွေဟာ နှိုင်းယှဉ်ထောက်ဆ ပြလိုက်
ရင် ယုတ္တိမရှိပဲ ဖြစ်သွားတဲ့အတွက် သစ္စာလို့ ဆိုလို့မရတော့ပဲ ဖြစ်သွားတာတွေရှိတယ်။
မြတ်ဗုဒ္ဓရဲ့ အရိယသစ္စာဆိုတာ တကယ်မှန်ကန်လို့ အမှားဆိုတာ ထောက်ပြစရာ မရှိဘူး။
(လယ်တီ ဆရာတော်ဘုရားကြီး ရေးထားတဲ့ သဘာဝသစ္စာ၊အရိယသစ္စာ၊ပရမတ္ထသစ္စာ
ဆိုတဲ့ ခွဲခြားချက်တွေမှာ ထင်ရှားရှိသည်။)အဲဒီ အရိယသစ္စာဆိုတဲ့ သစ္စာလေးပါးတရားကို
ခွဲခြားသိမြင်အောင် ဟောကြားနိုင်လို့လဲ တပည့်တွေက ရိုသေလေးစားကြတာတဲ့။
(ဒါက သာဝကတွေရဲ့အရာမဟုတ်၊ မြတ်ဗုဒ္ဓကိုယ်တိုင်သာ သိမြင်ဟောနိုင်တာ)

(၅) ငါ့ရဲ့သာသနာမှာ အဆင့်ဆင့် ကျင့်ကြံအားထုတ်မှု ပဋိပဒါများရှိလေသည်။အဆင့်
အနေနဲ့ ခွဲရင် ၁၉ ဆင့် ရှိတယ်ဆိုပြီး မြတ်ဗုဒ္ဓက ပိုင်းခြားပြီး ဟောပြတယ်။
အဲဒီ ကျင့်စဉ် ၁၉ မျိုးရဲ့အကျဉ်းကတော့…
၁။ သတိပဌာန်၊ကာယ,ဝေဒနာ,စိတ္တာ,ဓမ္မာနုပဿနာဆိုပြီး သတိကို အဦးထားပြီး ဟောပေ
မယ့် မဂ္ဂင်ရှစ်ပါးအထိ အကုန်ပါလို့ ဒုက္ခငြိမ်းရာ မဂ်ဖိုလ်ကို ရနိုင်တယ်။
၂။ သမ္မပ္ပဓာန်၊ ၃။ ဣဒ္ဓိပါဒ်၊ ၄။ ဣနြေ္ဒ၊ ၅။ ဗိုလ်၊ ၆။ ဗောဇ္ဈင်၊ ၇။ မဂ္ဂင်ဆိုတဲ့ ဗောဓိပက္ခိယ
တရား ၃၇ ပါးပဲ။ ဒါတွေကို တခုစီ ဘာကိုပဲ ကျင့်ကျင့် သူတို့ရဲ့လမ်းဆုံးက အရဟတ္တဖိုလ် နိဗ္ဗာန်အထိ ပေါက်ရောက်မှာချည်းပဲဖြစ်တယ်။
ဆိုလိုတာက ဘယ်လမ်းက သွားသွား အရဟတ္တဖိုလ် နိဗ္ဗာန်ကို ဆိုက်ရောက်သွားတာချည်းပဲ။
လမ်းမှန်ဖို့ပဲ အဓိကပါ။ ဒီအကျင့်တွေနဲ့ ပတ်သက်လို့ လမ်းချော်သွားတယ်ဆိုတာ မရှိခဲ့လို့ တပည့်တွေက ကျေနပ်ကြတယ်တဲ့။
(ရွှေတိဂုံဘုရားပေါ်ကို မုခ်လေးခုတွင် ဘယ်မုခ်က တက်တက် ရောက်နိုင်သလို
လမ်းမှားသွားရင်တော့ မရောက်တော့သလိုပဲ။ လမ်းတည့်နေဖို့သာလိုအပ်)

၈။ ဝိမောက္ခ ၈ ပါး၊ ၉။ အ ဘိဘာယတန ၈ ပါး။ ၁၀။ ကသိဏာယတန ၁၀ ပါး၊
၁၁။ ဈန်လေးပါး၊(ဒါတွေကလဲ သမာဓိမှ ဝိပဿနာအထိ ကျင့်ရတဲ့အတွက် မဂ်
ဖိုလ်နိဗ္ဗာန်ကို ရောက်တဲ့ လမ်းတွေချည်းပါပဲ။

၁၂။ ဝိပဿနာ၊ ဝိပဿနာနဲ့ ပတ်သက်ပြီး နည်းနည်း မှတ်စရာလေးများ ပြောချင်တယ်။
နိုင်ငံခြားတွေမှာ အထူးသဖြင့် ကိုးရီးယားက သံဃာတချို့က အခုမြန်မာပြည်မှာ ကျင့်နေ
တဲ့ ဝိပဿနာဆိုတာ ဘုရားဟော မဟုတ်ဘူး။ အဌကထာမှာ ရေးထားတာတွေကို ကျင့်
နေတာလို့ ပြောနေကြတယ်။ အဲဒီပြောတဲ့ လူတွေက ဘုရားဟော စာပေတွေကို နှံ့စပ်
အောင် ဖတ်ဖူးတာလဲ မဟုတ်၊ ဘယ်ဟာက မှားနေတာရယ်လို့ ထောက်ပြနိုင်မှုလဲ မရှိပြန်
ဘူး။ ဒီလိုတွေရှိတယ်ဆိုတာ ပြောထားတာပါ။ ဗုဒ္ဓဟောကြားချက်တွေကို အသေအချာ မလေ့လာဖူးပဲနဲ့ ပြောချက်ဟောချက်တွေ နောက်ပိုင်းမှာ ပိုများလာလိမ့်မယ်။

အခု ဗုဒ္ဓက ဝိပဿနာကျင့်စဉ်ကို ဟောရာမှာ ဘယ်လို ဟောထားလဲဆိုတော့ ရုပ်နဲ့နာမ်
ခွဲခွဲခြားခြား သိမြင်ဖို့ရေးအတွက် ဟောထားတာ တခုရှိတယ်။ ကိုယ့်ကိုယ်ကို ဆင်ခြင် စဉ်း
စားလို့ ရတယ်။ အယံကာယော၊ ဟောဒီ ငါ့ခန္ဓာကိုယ် ကြီးဟာ။ စာတုမဟာဘူတိကော၊
မဟာဘုတ် ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်၏။ ဟုတ်မဟုတ် စဉ်းစားကြည့်ပေါ့။ ခန္ဓာ
ကိုယ်ကြီးထဲမှာ အသားဆိုင်တို့လို အမာတွေ အခဲတွေက ပထဝီ၊ သွေး သလိပ် နှပ် စတဲ့
အရေမှန်သမျှက အာပေါ၊ ကိုယ်က အပူငွေ့တွေ အအေးငွေ့တွေက တေဇော၊ လှုပ်ရှားနေတဲ့
လေတွေက ဝါယော၊ ခန္ဓာကိုယ်ကြီးကို ဓာတ်ခွဲကြည့်ရင် ဒီဓာတ်ကြီးလေးပါးနဲ့  တည်
ဆောက်ထားတာလို့ မြတ်ဗုဒ္ဓကိုယ်တိုင် ခန္ဓာကိုယ်ကို ရှုပုံကို ပြောထားတာ။
မာတာပေတ္တိက သမ္ဘဝေါ၊ အမေအဖေတို့ရဲ့ သုက်သွေးကို မှီပြီး ဖြစ်လာတာ။ ဒါအမှန်ပဲ။ လူ
မွေးတာ ဒါတွေကို မှီပြီး ဖြစ်လာတာ။ ဖန်ပြွန်အိမ်လူသား ဖန်တီးတာလဲ ဒါတွေနဲ့ ပေါင်း
စပ်ပြီးမှ ဖန်တီးတာပဲလေ။ မျိုးစေ့တခု ရှင်သန်ဖို့ ရေမြေခံ ရှိရသလိုပဲ။ အပြင်ရောက်လို့
လူကောင် ကြီးလာပြီဆိုရင်တဲ့ ဩဒနကုမ္မာသူပစယော၊ ထမင်း မုန့်တွေ စားပြီးကြီးလာ
တာ။ ဒါ လူတိုင်း နားလည်အောင် ဟောတာ။ ဘယ်သူကမှ ဖန်ဆင်းလိုက်လို့ ကြီးပြင်း
တာ မဟုတ်ဘူး။ ကိုယ်တိုင် စားလို့ ကြီးလာတာ။ မစားပဲ နေကြည့်ပါလား။ ကြီးလာ
အောင် ဖန်ဆင်းပေးမလားလို့လေ။

အဲဒီခန္ဓာကိုယ်ကြီးက ခိုင်မြဲနေသလားဆိုတော့ အနိစ္စမမြဲဘူး၊ ပြောင်းလဲနေတယ်။ ပြောင်းလဲ
နေရုံ မကဘူး။ ဥစ္ဆာဒန.အနံအသက်တွေ ဆိုးလာလို့ သနပ်ခါး အမွှေးအကြိုင်တွေ လိမ်း
ပေးနေရတယ်။ ဆပ်ပြာတွေနဲ့ လျှော်ဖွတ် ချွတ်ပေးနေရတယ်။ ပရိမဒ္ဒန.နှိပ်နယ် ပြုပြင်
ပေးရသေးတယ်။ ဒီလိုလုပ်ပေးနေလို့လဲ ခန္ဓာကိုယ်ကြီးက တည်မြဲနေသလားဆိုတော့
မတည်မြဲဘူး။ ပရဘေဒန.ဟိုနားက ဟိုဟာဖြစ်၊ ဒီနားက ဒီဟာဖြစ်နဲ့ ပြိုကွဲသွားတယ်။
ဝိဒ္ဓံသန.ဟိုကနာ ဒီကကိုက်နဲ့ ပျက်စီးတဲ့ သဘောရှိတယ်။ ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ
သတိပဋ္ဌာနံ၊ ငါရဲ့နာမ်တရားလေးဟာ ဟောဒီ ရုပ်ခန္ဓာကြီးမှာ မှီပြီးတော့ ဖြစ်နေတာပါ
လား။ ဆိုလိုတာက ရုပ်နဲ့ နာမ်ကို ခွဲပြတာ။
ဥပမာ.အသေချာ ထွင်း သွေးထားပြီး ကြိုးသီထားတဲ့ ပတ္တမြားလေးက ကြိုးလေး
ကိုလဲ မြင်ရသလိုပဲ.ရုပ်နဲ့နာမ်နဲ့က ဆက်စပ်နေပေမဲ့ သဘာဝချင်း မတူဘူးလို့ ပြောတာ။ ပတ္တမြားလုံးလေးထဲမှာ ကြိုးလေး ရှိနေတာကို မြင်ရသလို ဒီရုပ်ခန္ဓာကိုယ်ထဲမှာ နာမ်
တရားက ဖြစ်ပေါ်လာတယ်ဆိုတာ သိရမယ်တဲ့။
ဒီလို ရုပ်နဲ့နာမ်နဲ့ ကွဲကွဲပြားပြား အနိစ္စလက္ခဏာ၊ ဒုက္ခ,အနတ္တလက္ခဏာ ရှုမြင်သုံးသပ်နိုင်တဲ့
ဝိပဿနာဖြစ်ပုံကို ဒီမှာ အတိုချုပ်လေး ဟောတယ်။
(သာမညဖလသုတ်မှာလဲ ဒီအတိုင်းဟောထား) အဲဒီ ဝိပဿနာကို ကျင့်ခြင်းဖြင့် လမ်း
ဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရတာချည်းပဲတဲ့။ ဒီအကျင့်ကို ကျေနပ်ကြလို့လဲ ငါ့ကို တပည့်
တွေက လေးစားကြတာတဲ့။

၁၃။ ဒီလိုကျင့်ပြီး စိတ်နဲ့ ခန္ဓာကိုယ်ကို လိုသလို ဖန်တီးနိုင်တဲ့ မနောမယိဒ္ဓိအဘိညာဉ်။
ဒါလဲ အတူတူ နိဗ္ဗာန်ထိ သွားတာပဲ။
၁၄။ ရေရှိုး မိုးပျံ ပုံစံအမျိုးမျိုး ဖန်ဆင်းနိုင်တဲ့ ဣဒ္ဓိဝိဓအဘိညာဉ်။ ၁၅။ ဒိဗ္ဗသောတ။
၁၆။ တဖက်သားရဲ့စိတ် တွေးကြံ ဖြစ်နေပုံများကို သိနိုင်တဲ့ စေတောပရိယဉာဏ်။
၁၇။ ဘဝပေါင်းများစွာကို ပြန်သိနိုင်တဲ့ ပုဗ္ဗေနိဝါသာနုဿတိ၊ ၁၈။ ဒိဗ္ဗစက္ခုဉာဏ်။

၁၉။ ကျင့်တဲ့အခါမှာ စေတောဝိမုတ္တိ စိတ်နဲ့ကိလေသာတွေက လွတ်မြောက်သွား၊ ပညာ
ဝိမုတ္တိ အသိပညာနဲ့ ကိလေသာတွေက လွတ်မြောက်သွားလို့ မဂ်ဖိုလ်ဆိုက်တဲ့ အာသွက္ခ
ယဉာဏ်။ ဒီကျင့်စဉ်တွေကို သမထဝိပဿနာမှ အခြေခံ ပြုပြီး ငါဟောထားတဲ့ ကျင့်စဉ်
တွေအတိုင်း လိုက်နာ ကျင့်ကြလို့ အောင်မြင်ပြီး ဒီဉာဏ်တွေကို ရကြတယ်။ အောင်မြင်
ပြီး ရသွားသူတွေလဲ အများကြီးပဲ။ ဒီအကျိုးတွေကို လက်တွေ့ ခံစားရကြရပြီး သဘောကျ
လက်ခံတဲ့အတွက် ငါတပည့်တွေက ငါ့ကို ရိုသေလေးစားကြတာလို့ သကုလုဒါယီ ပရဗိုဇ် ကို မြတ်ဗုဒ္ဓက ဟောကြားတယ်။
တချို့ကြတော့ လမ်းစဉ်ကြီး ချမှတ်ထားပြီး အဲဒီလမ်းစဉ်အတိုင်း မဖြစ်တာတွေက များ
တယ်။ လမ်းစဉ် ချမှတ်ထားတာကတော့ ကောင်းတယ်။ ဒါပေမယ့် ကျင့်တော့ တကယ်
ဖြစ်လာတာ မဟုတ်ဘူးတဲ့။

မြတ်ဗုဒ္ဓကို တပည့်တွေက ရိုသေလေးစားတယ်ဆိုတာ တခြားအကြောင်းကြောင့် မဟုတ်ဘူး။
အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရား။ အရာရာကို စူးစူးရှရှ မြင်နိုင်တဲ့ အမြင်။ ကြီးမားတဲ့ ဉာဏ်
ပညာ။ သစ္စာတရားကို ဟောကြားတဲ့အခါမှာ တိကျ ခိုင်မာမှုနဲ့ ကျင့်စဉ်များကို ကျင့်တဲ့အခါ မှာ အောင်မြင်ပေါက်ရောက်နိုင်တဲ့ လမ်းမှန်တွေကို ချမှတ် ပေးနိုင်မှုဆိုတဲ့ ဒီအချက် ငါးချက်
ဟာ တပည့်များက မြတ်ဗုဒ္ဓကို လေးစား လိုက်နာကြခြင်းရဲ့အဓိက အကြောင်းတရားတွေ
ဖြစ်တယ်လို့ မြတ်ဗုဒ္ဓက ရှင်းလင်းဟောကြားတယ်။
ဒါကြောင့် သူတော်ကောင်းတို့လဲ မြတ်ဗုဒ္ဓကို ကြည်ညိုလေးစားကြတယ်ဆိုတာ သူမတူအောင်
ထူးချွန်တဲ့ ဒီအချက်တွေကို ကြည့်,သိပြီးတော့ တလောကလုံးက ကြည်ညိုလေးစားရတဲ့
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်တာကြောင့် ဗုဒ္ဓရဲ့ဂုဏ်တွေကို အာရုံပြုပြီးတော့ ဗုဒ္ဓချမှတ်
ထားတဲ့ လမ်းစဉ်အတိုင်း သစ္စလေးပါး မဂ္ဂင်တရားများကို ကျင့်ကြံကြိုးကုတ် အားထုတ်
ကြမယ်ဆိုရင် ဘုရားရှင်ဟောတဲ့အတိုင်း ဒီလမ်းလျှောက်လို့ရှိရင် ဒီစခန်း ရောက်မယ်
ဆိုတာ ယုံကြည်ပြီးတော့ ဘုန်းကြီးတို့တတွေ မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ကျင့်ကြံအား
ထုတ်ကြရင်းဖြင့် နောက်ဆုံး မိမိတို့ မျှော်မှန်းတဲ့ ထာဝရအငြိမ်းဓာတ် နိဗ္ဗာန်ချမ်းသာ
မြတ်ကို ကိုယ်စီကိုယ်ငှ ရောက်နိုင်ကြပါစေ။

(ပါချုပ်ဆရာတော် Dr အရှင်နန္ဒမာလာဘိဝံသ. တရားမှ ထုတ်နုတ်ပါသည်။)
(နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...