သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, August 19, 2013

PostHeaderIcon မဟာဂန္ဓာရုံဆရာတော်ကြီး၏ သေဖို့ ပြင်ဆင်ထားပုံ



 *မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၏ မသေခင်
ဆောင်ထားသော ဘုရားဆေး၊ စိတ်ထားနည်း*
**************************
ဗုဒ္ဓဆေး အင်မတန် ကောင်းတယ်။ ဘုန်းကြီးတော့ ဗုဒ္ဓဆေးကို အမျိုးမျိုးသော နည်းနဲ့ ပုထုဇဉ်ဘဝမှာ သောက်သုံးနေတယ်။ တနေ့မှာ ဒီဘဝကို စွန့်ရမယ်။ စွန့်ရတဲ့အခါမှာ သာသ
နာတော်ရဲ့ ထိပ်တန်းဖြစ်တဲ့ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော့ စိတ်တော်အစဉ် ဘယ်လို
နေပါလိမ့်မတုန်း၊ ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော့ စိတ်တော်အစဉ် ဘယ်လို နေပါလိမ့်
မတုန်း၊ ရုပ်တော် ဒုက္ခ ဘယ်လိုများ တွေ့ရပါလိမ့် မတုန်း။ အရှင်မောဂ္ဂလာန် ပရိနိဗ္ဗာန် စံခါနီး
မှာ ရုပ်မှာ ဒုက္ခ ဘယ်လောက် တွေ့ရပါလိမ့်မတုန်း.... 
ဒါတွေကို ဘုန်းကြီးကလေ မကြာခဏ လေ့လာတယ်။

ဘာကြောင့် လေ့လာတယ်။ ဘုန်းကြီး ဘဝပြောင်းရတော့မယ်ဆိုတော့ ဘယ်နည်းနဲ့ သေရ

မည်မှန်း မသိနိုင်ဘူး။ အခုနေက တင်ကြိုလို့ ဘယ်နည်းနဲ့မှ မသိနိုင်ဘူး။ မသိနိုင်တော့
ဗြန်းခနဲပဲ ဖြစ်ဖြစ်၊ ရောဂါဒဏ်နဲ့ပဲ ဖြစ်ဖြစ်၊ တွေ့ရလို့ရှိရင် တချို့ရောဂါက ဗုဒ္ဓမြတ်စွာနဲ့
တူချင်တူမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓမြတ်စွာက ပရိနိဗ္ဗာန်စံခါနီးမှာ ဝမ်းတော် လား
တော့ အား အတော်နည်းနည်းသွားရာက နောက်ဆုံး ပရိနိဗ္ဗာန် စံရတဲ့အချိန် ရောက်
လာတယ်။

ဒီတော့ ရောဂါဖြစ်လို့ရှိရင် ဗုဒ္ဓမြတ်စွာကို အောက်မေ့နေမယ်။ ဗုဒ္ဓမြတ်စွာကို သတိရနေ
မယ်။ ဗုဒ္ဓမြတ်စွာတောင်မှ ဒီရုပ်၊ ဒီနာမ်၊ ဒီခန္ဓာနဲ့ တွေ့နေရတော့ ဒီဒုက္ခက မလွတ်ပါပဲ
လားလို့ သတိရပြီးတော့ ရောဂါဒဏ်ကို ခံမယ်လို့။ ဘုန်းကြီးက အခုကတည်းက ဘယ်အ
ချိန် ဘယ်ဆေး သောက်မယ်ဆိုတာ စဉ်းစားထားတယ်။
တခါ အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံခါနီးကျတော့ သွေးတွေပွက်ပွက်အန်,အန်ပြီးနေရာက
နောက်ဆုံး အားတော်နည်းတော့ ပရိနိဗ္ဗာန်စံသွားတယ်။

ဘုန်းကြီး ဘာနဲ့ သေရမယ်ဆိုတာ မသိဘူးလေ။ အဲသလို ရောဂါဒဏ် အပြင်းအထန် ခံပြီး
တော့ သေရလို့ ရှိရင်လည်းပဲ အဲဒီချိန်မှာ ရှင်သာရိပုတ္တရာကို တွေးနေမယ်။ ဒီရုပ်နာမ်ခန္ဓာနဲ့
နေရတော့ကော ရှင်သာရိပုတ္တရာ သက်သာသလား။ ဒီလို တွေးနေမယ်။ ဘုန်းကြီးက ဘယ်
လို နည်းနဲ့ သေရသေရ သေခါနီး သုံးဖို့ရာအတွက် ဆေးတွေ အဆင်သင့်
ဆောင်ထားတယ်။

အရှင်မောဂ္ဂလာန်ကြတော့ ရှေးတုန်းက ဝဋ်ဆိုတာ ပါလာတော့- ရဟန္တာ- ရဟန္တာဖြစ်တာ
တခြားပဲ၊ တန်ခိုးကြီးတာ- တန်ခိုးကြီးတာ တခြားပဲ၊ ဝဋ်ကတော့ ပါလာတာပဲ။ အရှင်မောဂ္ဂ
လာန်လေ ခိုးသားငါးရာ ရိုက်လို့ အရိုးကလေးတွေ ဆန်ကျိုးလေးတွေဖြစ်သွားတယ်။ အဲဒီ
ဒဏ်နဲ့ပဲ ပရိနိဗ္ဗာန်စံရတယ်။ အဲတော့ ဘုန်းကြီးလည်း သူများနှိပ်စက်လို့ ကွယ်လွန်ရလို့ ရှိရင်
လည်းပဲ ရုပ်၊ နာမ်၊ ခန္ဓာ ရှိနေသမျှ အရှင်မောဂ္ဂလာန်တောင်မှ သူများ လက်နက်ဒဏ်ကို ခံရ
သေးတာပဲ။ ငါကော ဘာမို့လို့တုန်း ဟောသလို တွေးပြီးတော့ ကျေကျေနပ်နပ်နဲ့ ဝဋ်ကို
ခံပြီးတော့ ဘဝကူးရမယ်လို့ ဆေးတွေ အဆင်သင့် ပြင်ထားတယ်။

ဗုဒ္ဓမြတ်စွာလို ရောဂါဖြစ်လို့ရှိရင်လည်း ဗုဒ္ဓမြတ်စွာကို အာရုံပြုပြီးတော့ ဘဝပြောင်း

လိုက်မယ်။ အရှင်သာရိပုတ္တရာလို ရောဂါမျိုး ဆိုလို့ရှိရင်လည်း အရှင်သာရိပုတ္တရာကို
အာရုံပြုပြီးတော့၊ အရှင်မောဂ္ဂလာန်လို ဒဏ်နဲ့ ဆိုလို့ရှိရင်လည်း အရှင်မောဂ္ဂလာန်ကို
အာရုံပြုပြီးတော့ ရုပ်၊နာမ်၊ ခန္ဓာရဲ့အပြစ်ကို ရှုပြီးတော့ ဘဝကူးရမှာပဲလို့ အဆင်သင့်
ဆေးတွေ ဆောင်ထားတယ်။ ပြင်ထားတယ်။

အရှင်ဇနကာဘိဝံသ၏ ရဋ္ဌပါလသုတ္တန်တရားတော်မှ အရမ်းသဘောကျ နှစ်ခြိုက်သော
တရားပိုဒ်ကို ဆရာတော်ကြီးကဲ့သို့ ဆင်ခြင်နှလုံးသွင်းနိုင်စေဖို့ရာ ပြန်လည်ရေးသား
ကုသိုလ်ယူပါသည်။

မေတ္တာဖြင့်~~white house
ToeToe

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...