သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, August 25, 2013

PostHeaderIcon ရှာတွေ့ခဲ့သော ငြိမ်းချမ်းမှု




ရှာတွေ့ခဲ့သော ငြိမ်းချမ်းမှု
*******************
ကျမတို့ အတွက် ဘဝဆိုတာ အင်မတန် တိုတောင်းလွန်းပါတယ်။ 
အခြားသူ တစုံတယောက်အပေါ် အငြိုးအတေး အာဃာတတွေ
သယ်ဆောင် သွားနေရလောက်အောင် အချိန် မရှိပါဘူး။ 
************ 
 ကျမ အဖိုးက သီရိလင်္ကာကနေ မြန်မာပြည်ကို ၁၉ ရာစုလောက်မှာ ရေကြည်ရာ မြက်နုရာ ရှာဖွေရင်းပြောင်းရွှေ့လာခဲ့ပါတယ်။ သင်္ဘောဆိပ်မှာ အလုပ်လုပ်ရင်းနဲ့ပဲ မြန်မာနိုင်ငံသူ
အမေနဲ့ အိမ်ထောင်ပြုဖြစ်ခဲ့ကြပါတယ်။ကျမမွေးဖွားခဲ့တဲ့ ၁၉၃၄ ခု လောက်မှာတော့
အဆွယ်အပွားတွေ အများကြီးနဲ့ မိသားစုကြီးအဖြစ် ရန်ကုန်မြို့မှာ အခြေတကျဖြစ်နေခဲ့ပါပြီ။
ဒါပေမဲ့ အဲဒီတည်ငြိမ်တဲ့ မိသားစုဘဝဟာ ကျမ အသက် ၇ နှစ်အရွယ် ၁၉၄၁ မှာ အဆုံးသတ်
ပြတ်တောက် သွားခဲ့ရပါတော့တယ်။ ကျမတို့ ခြံဝင်းထဲမှာ ကစားနေကြတုန်းမှာ တိုက်လေ
ယာဉ်သံတွေ ဆူဆူညံညံ ကြားလိုက်ရတဲ့ နေ့ကို အမြဲသတိရနေမိပါတယ်။ ကျမတို့တွေ
အိမ်ထဲ အပြေးအလွှားဝင်ခဲ့ကြရတာပေါ့ ။ 
    
ဗုံးခိုကျင်းထဲ ပြေးဆင်းရတဲ့ အချိန်တွေကနေ စစ်ဆိုတဲ့ အရသာကို စတင်တွေ့ထိ ခံစားလာ
ရပါပြီ။ ဒါပေမဲ့ ကလေးသဘာဝ ပထမတော့ ပျော်စရာလို့တောင် ထင်မိတာပါ။ အန္တရာယ်
ကင်း အချက်ပေးသံ ပြန်ကြားရင် ပုံမှန်ဘဝထဲ ပြန်ရောက်ကြပြန်တာကိုး။ တကယ်တမ်းကျ
တော့ ဒုတိယကမ္ဘာစစ်ကြီးက ကျမတို့ရဲ့ ဘဝအချိုးအကွေ့ကို ဖန်တီးပြီး နောက်ဘယ်တော့ မှ ပြန်မရတော့မယ့် အခြေအနေတခုဆီ နောက်ဆုံးမှာ တွန်းပို့လိုက်တော့တာပါပဲ။ 
  
ဒီအနေအထားနဲ့  ရန်ကုန်မှာနေဖို့ မဖြစ်နိုင်တော့ဘူးလို့ လူကြီးတွေက ဆုံးဖြတ်ကြပြီး
ပထမဆုံး မြို့ထဲကနေ အဖိုးရဲ့ခြံကြီးရှိရာ သင်္ဃန်းကျွန်းကို ရွှေ့ကြပါတယ်။ ရှိသမျှ ပစ္စည်း
တွေ တင်ထားတဲ့  လော်ရီကားအမိုးဖွင့်ကြီးရဲ့  နောက်ခန်းက စီးနင်းလိုက်ပါရင်း လမ်းတ
လျှောက်မှာ အပျက်အစီးတွေ မြင်ခဲ့ရတာ ခုထိ မမေ့နိုင်သေးပါဘူး။ ဂျပန်တွေရဲ့ ဗုံးဒဏ်
ကြောင့် မီးလောင်နေတဲ့ ဆောက်အဦတွေ၊ ပြေးလွှားပြီး နေစရာရှာနေရတဲ့ လူတွေ၊ မြင်
ကွင်းတွေက အမှတ်ရနေဆဲပါ။ 
    
ကျမတို မိသားစု အဖိုးခြံမှာ တလလောက် ဆက်နေဖြစ်ကြပါတယ်။ အချိန်တိုင်းမှာ ဂျပန်
တွေရဲ့  ဗုံးကြဲလေယာဉ်တွေ ဝင်ရောက်လာတဲ့ အသံတွေကြားနေရတာပေါ့။ ကျမ သတိရ
နေမိတာကတော့ အမေနဲ့  အဒေါ်တွေက ကျမတို့ကို နှိုးပြီး ဗုံးခိုကျင်းထဲ ပြေးဆင်းခဲ့ရတဲ့
ညတညပါပဲ။ ကလေးသဘာဝ ကျမတို့ကတော့ ဗုံးပေါက်သံတွေ နားထောင်ရင်း ဘယ်
နှလုံးလဲလို့ တွက်ရေနေကြရတာနဲ့ကို အလုပ်ရှုပ်နေခဲ့ကြတာပေါ့။ 

စစ်မတိုင်မီကဆိုရင် မိသားစုတွေ ထမင်းစားပွဲမှာ ကျကျနန ထိုင်ပြီး အချိန်မှန် စားသောက်
ခဲ့ကြတာပေါ့။ ခုတော့လည်း အဲဒါတွေ မရှိပြီလေ။ စားစရာတွေကို ခြံဝင်းထဲမှာ မိုးဗြဲဒယ်ကြီး
တခုထဲမှာ ချက်ထား၊ ကလေးတွေက အချိန်ကျရင် ကိုယ့်ပန်းကန် ကိုယ်ဆွဲ တန်းစီပြီး စား
ကြရပါတယ်။ တခါတလေ စားသောက်နေတုန်း ဗုံးကျဲလေယာဉ်တွေလာပြီဆိုရင် အားလုံး ထားခဲ့ပြီး ပြေးရလွှားရပြန်ပါတယ်။  
  
မိသားစုက သီရိလင်္ကာပြန်နေကြရတာ ပိုပြီးလုံခြုံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချကြရပါပြီ။
ဒီလိုနဲ့ ၁၉၄၂ ၊ ဇန္နဝါရီမှာပဲ မိသားစု အပြုံလိုက်ကြီး ရန်ကုန်က ထွက်ခွာခဲ့ကြပါတော့တယ်။
ကျမက သိပ်ငယ်သေးတော့ အမေတွေ၊ အဒေါ်တွေ ရှိုက်ကြီးတငင် ငိုကြွေးကြတာကို နားမ
လည်နိုင်ခဲ့ဘူး။ ကျမ ဝမ်းနည်းနေမိတာက ကျောင်းကထွက်ခွာခဲ့ရတာရယ်၊ သူငယ်ချင်းတွေ
နဲ့ ခွဲရတာရယ်ကိုပါပဲ။ ကျမတို့ သင်္ဘောထွက်ခွာပြီး နာရီအတော်လေးကြာတော့ ရန်ကုန်
ဆိပ်ကမ်းလည်း ဗုံးကြဲခံရပါတော့တယ်။ 
    
ဒီလိုနဲ့ အိန္ဒိယကို ဖြတ်ပြီး ဆွေမျိုးသားချင်းများရှိရာ သီရိလင်္ကာကို ရောက်ခဲ့ပါတော့တယ်။
အဖေက အင်ဂျင်နီယာတယောက်အဖြစ် အလုပ်လုပ်ရင်း လုံခြုံစိတ်ချရပြီး တည်ငြိမ်တဲ့
မိသားစု ဘဝကို ပြန်လည်စတင်ခဲ့ကြပါတယ်။ 
   
နှစ်တွေ ကုန်ဆုံးလာခဲ့ချိန်မှာ ကျမလည်း ဆရာဝန်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှာ အ
လုပ်ဝင်လုပ် အိမ်ထောင်ရက်သားကျခဲ့ပါပြီ။ ၁၉၈၅ ရောက်တော့ ဂျပန်နိုင်ငံကို လေ့လာ
ရေးခရီး သွားရမဲ့ ဝန်ထမ်းစာရင်းမှာ ကျမ ပါဝင်ခဲ့ပါတယ်။ ဆရာဝန် (၇) ယောက်ပါဝင်တဲ့
အဖွဲ့အဖြစ် ဂျပန်တဝှမ်းက ဆေးရုံတွေ၊ ဆေးပေးခန်းတွေကို လည်ပတ်ကြည့်ရှုကြ၊ ဆေး
ပညာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆွေးနွေးကြနဲ့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဒါပေမဲ့ ကျမ
ရင်ထဲမှာက ဂျပန်နဲ့ ပတ်သက်တဲ့ စိတ်မရှင်းမှုက ရှိနေဆဲပါ။ စစ်အတွင်းက ဂျပန်စစ်တပ်
တွေရဲ့  ရက်စက်ယုတ်မာလွန်းတဲ့ ဖိနှိပ်မှုတွေကို အလွယ်တကူ ဘယ်မေ့နိုင်ခဲ့မလဲ။ မြန်မာနိုင်
ငံကို သတိရခြင်းမှာ အဲဒီ ခံပြင်းခြင်းတွေ နွယ်ယှက်နေခဲ့တာပါ။
    
ဒါပေမဲ့လည်း ကျမရဲ့ စိတ် တအုံနွေးနွေး ဖြစ်ရခြင်းတွေက တဖြည်းဖြည်း ပျယ်စပြုလာပါ
တယ်။ ကျမ တွေ့ရသမျှ ဂျပန်လူမျိုးတွေ အားလုံးဟာ သိပ်ကြင်နာပြီး ပျူငှာယဉ်ကျေးသူ
တွေဖြစ်နေတာ တွေ့ရပါတယ်။သူတို့ရဲ့ ပုံမှန် အစီအစဉ်တွေအရ ကျမတို့ကို ကမ္ဘာလှည့်
ခရီးသည်တွေ စိတ်ဝင်စားတဲ့ နေရာတွေဆီ လိုက်လံ ပို့ဆောင်ပေးကြပါတယ်။ တနေ့မှာ
တော့ မှိုစိုက်ခင်းတွေရှိရာ ရွာလေးတခုဆီ ရောက်ခဲ့ပါတယ်။ ယာခင်းပိုင်ရှင် မိသားစု တည်
ခင်းတဲ့ အရသာရှိတဲ့ နေ့လည်စာကို ဂျပန်ရိုးရာ မြက်ဖျာလေးပေါ် ထိုင်ပြီး စားပွဲခုံပုလေး
တွေနဲ့ စားသောက်ကြပါတယ်။ အဲဒီမိသားစုမှာ မျိုးဆက် သုံးဆက် စုံညီနေတဲ့ အချိန်ပေါ့။
အငယ်ဆုံးမျိုးဆက် လူငယ်လေးက အင်္ဂလိပ်စကားပြော သိပ်ကောင်းတာမို့ ကျမတို့နဲ 
မိသားစုအကြားမှာ စကားပြန်ဖြစ်သွားခဲ့တာပေါ့။
    
ဒီလိုနဲ့ ပဋိသန္ထာရတွေ ပြောကြဆိုကြရင်း ကျမတို့ကို မိတ်ဆက်ကြပါတယ်။ ကျမက မြန်မာ
နိုင်ငံမှာ မွေးပြီး ပျော်ရွှင်ခဲ့ရတဲ့ ဘဝကို စစ်ကြီးရဲ့ အနိဌာရုံကြောင့် စွန့်ခွာခဲ့ရတာတွေ ပြော
ပြဖြစ်တော့ အိမ်က အဖိုးတယောက်က သိပ်စိတ်လှုပ်ရှားလာတာတွေ့ရပါတယ်။ ဂဏှာမငြိမ်
ဖြစ်လာပြီး..နောက်တော့ မြန်မာပြည်ကို တိုက်ခဲ့တုန်းက သူလည်းပါတယ်လို့ အသံ တုန်တုန် နဲ့ အော်ပြောလိုက်ပါတယ်။

နောက် ကျမအနားကို ပြေးလာ၊ ကျမ လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး "ခွင့်လွှတ်ပါ"လို့ ပြော
ရှာပါတယ်။ အဲဒီတုန်းက အငယ်တန်း အရာရှိအဆင့် ဖြစ်တဲ့ သူတို့တွေဟာ အမိန့်ပေးသမျှ လုပ်ခဲ့ကြရတာဖြစ်ပြီး ဒီလို အကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာ ဘယ်လိုမှ မသိနိုင်ခဲ့ကြတဲ့ အကြောင်းပြောပြပါတယ်။
ကျမလည်း " ကိစ္စမရှိပါဘူး အဖိုးရယ်" လို့ ပြန်ပြောလိုက်ပါတယ်။
"ကျမတို့ မိသားစုတွေလည်း အခြေတကျ ဖြစ်နေပါပြီ၊ အဖိုးအပေါ် ကျမ ဘယ်လိုမှ
သဘောမထားပါဘူး" လို့ ပြောလိုက်ပါတယ်။ အဲဒီ အခါကျမှ အဖိုးဟာ တည်ငြိမ်သွားပြီး
သူ့ ထိုင်ခုံလေးဆီ ပြန်သွားနိုင်ပါတော့တယ်။

ခုတော့ ကျမလည်း အငြိမ်းစားယူတဲ့ အရွယ်လွန်ခဲ့ပါပြီ။ ထူးဆန်းပြီး တိုက်ဆိုင်လွန်းခဲ့တဲ့
ဂျပန်တုန်းက အဖြစ်အပျက်ကို ပြန်တွေးမိတဲ့အခါ မိမိကိုယ်မိမိ တွေ့ရှိခဲ့ပါပြီ။ ဒုတိယကမ္ဘာ
စစ်အတွင်းက စစ်မှုထမ်းဟောင်းကြီးရဲ့ နောင်တတဖန် ပူပန်နေမှုတွေကို ပြေလျော့စေခဲ့
တာက ကျမစိတ်ကို ရွှင်ပျစေပါတယ်။ ကျမတို့အတွက် ဘဝဆိုတာ အင်မတန် တိုတောင်း
လွန်းပါတယ်။ အခြားသူ တစုံတယောက်အပေါ် အငြိုးအတေး အာဃာတတွေ သယ်ဆောင် သွားနေရလောက်အောင် အချိန်မရှိပါဘူး။ ငယ်ဘဝတုန်းက စစ်ရဲ့ဆိုးကျိုးကို မျက်ဝါးထင်
ထင် ကြုံပြီး အရာရာကို ဆုံရှုံးခဲ့ဖူးတာကြောင့်လား မသိပါဘူး။ ရုပ်ဝတ္ထုပစ္စည်းတွေအပေါ်မှာ ခုံမင်တပ်မက်မှုလည်း နည်းပါးခဲ့ပါတယ်။ ကျမရဲ့ သင်္ခန်းစာတွေကို ကျမရဲ့သားသမီး မြေး
မြစ်တွေကို လက်ဆင့်ကမ်းလျက် ရှိပါတယ်။

နောက်ဆုံး တနေ့မှာတော့ ကောင်းမွန်တဲ့ ပညာရေးစနစ်နဲ့ ဆင်ခြင်တုံတရားက ဘယ်လို ကပ်ဆိုး၊ ဘေးဆိုးမျိုးမဆို ကျော်လွှား အောင်မြင်ဖို့ သူတို့အတွက် အများကြီး အထောက်
အကူဖြစ်လိမ့်မယ် ဆိုတာ အပြည့်အဝ ယုံကြည်နေလျက်ပါပဲ။
                                        မှိုင်း(ဆေး-၂)
Ref; Finding Peace by Maha Fernando , (RD ,Fbruary , 2013)
(Family Magazine , August ,2013 )

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...