သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, September 1, 2013

PostHeaderIcon ရွှေလရောင်

 ရွှေလရောင
********
မြို့လုလင် သာတဲ့ ကွန်းဆီသို့
တို့သခင် စာဖွဲ့လို့ ညွှန်းလိုက်ကဲ့
ဒါနဲ့ လွမ်းကြပေတော့ကွာ။

မြို့ သူကြီးရယ်လို့
တို့ထီး နေတမျှ ပေပေါ့
ရွှေလရောင် ဘွဲ့သတင်းရယ်နဲ့
ဦးမင်းရောင် ဗိုလ်ဝင်ခံလို့မို့
ဟိုအလျင် ယမန် စစ်အင်ကျင်းတယ်
ခင်းတဲ့ဗျူဟာ။

မြတ်လောကီ သဘာဝတွင်ဖြင့်
ဓာတ်ကောလီ ခါမရတာမို့
မြန်မာမျာ့ ဘုန်းသမ္ဘာ
ရှုံးပါပေါ့ ကံတမျိုး။

မန်း အပျက်မှာ
စန်းလဂ် မသာမယာမို့
ဗမာ ဗမာချင်းတောင်မှ
အတင်း ရန်မူလို့
ရန်သူကို ရန်ဟူ၍ မမှတ်တဲ့ပြင်
ကိုယ့်တပ်ကိုယ် ပြန်ကာနင်းကြတဲ့
ဖျင်းလှတဲ့ ကမြင်းမ အကောင် ဗိုလ်တချို့ရယ်က
ကိုယ်ဖို့ အလွတ် ရုန်းရော့မယ်လို့
တောင်ကုန်းသာသာယာယာ မြင်းမဏိစခန်းဆီက
တရှောင်ရှောင်ပုန်းကာ အတွင်းသိတဲ့
မင်းအမိ ဖမ်းချင်ကြတဲ့ပြင်
ပရမ်းပတာ တော်ရာလျော်ရာ ပြေးကြတော့
အရေးရှင် မကြံသာသနဲ့
ကံကြမ္မာ ရှေးဝဋ်ကြွေးပေထင့်
လေးတိုင်စဉ် ရွာအတွင်းတွင်ဖြင့်
အင်္ဂလိပ်တွေကို အတင်းကြိတ်မဟေ့လို့ စမ်းခဲ့တဲ့
တဖောင်ဖောင်သတင်း တပြောင်ပြောင်လင်းခဲ့တဲ့
တောင်တွင်းက သခင်ကို အောင်တြင်း မရခင် ဖမ်းတဲ့ပြင်
အကြမ်းပတမ်း မလုပ်ကောင်းသော်လဲ
ဦးခေါင်းဖြတ်ကာ အသေသတ်ကြသတဲ့
မကျေနပ်ရှာသူ ချောင်တပဲ့ပန်းတို့ရဲ့
ပြေရပ်မှာ တဘောင်နဲ့ လွမ်းကြပေတော့
တောင်တမန်းမြို့ နေလနှစ်ဆောင် အညှိုးတွင်ဖြင့်
ပြေမြန်မာ့ တဘောင်မစိုးရရှာတဲ့
အခေါင်မမြန်း အမှောင်သန်းသမို့ အောင်ပန်းညို့ခဲ့ရတဲ့
အောင်ဆန်းတို့ ရွှေလရောင်အဖိုး။

(လေးချိုးကြီး)
 (သခင်ကိုယ်တော်မှိုင်း)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...