သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, September 22, 2013

PostHeaderIcon စာဖတ်ကျင့်ကို အိမ်အတွင်းမှ စကြပါ



 
စာဖတ်ကျင့်ကို အိမ်အတွင်းမှ စကြပါ
***********************
ဒီတစ်ပတ် The Voiceရဲ့ပညာရေးကဏ္ဍမှာ လူငယ်တွေရဲ့ စာဖတ် စွမ်းရည်နဲ့ ပညာရေး
ဘယ်လို ဆက်စပ်နေတယ်ဆိုတာ တင်ပြသွားပါမယ်။ အဲဒီလို တင်ပြရာမှာ လူငယ်တွေရဲ့
စာဖတ်စွမ်းအား မြှင့်တင်ဖို့အတွက် အခရာဖြစ်တဲ့ မိဘတွေရဲ့အခန်းကဏ္ဍကိုလည်း ထည့်
သွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီခေတ်မှာ လူငယ်တော်တော်များများက စာသိပ်မဖတ်ကြဘူး။ ဂိမ်းဆော့တယ်၊ဖေ့စ်ဘုခ်
သုံးတယ်၊ အင်တာနက်မှာ အချိန်ဖြုန်းတယ်ဆိုပြီး စာရေးသူနဲ့ သိတဲ့သူအချို့က သူတို့
သားသမီးတွေကို စာကောင်း စာမွန်တွေ ဖတ်စေချင်ကြတယ်။ အဲဒီလိုစာဖတ်တယ် ဆို
တာ စာဖတ်ချင်စိတ် ရှိမှ ရတာ။ အဲဒီလို စာဖတ်ချင်စိတ်ရှိအောင်လည်း ကိုယ့်ဝန်းကျင်မှာ
စာဖတ်နိုင်တဲ့ ဝန်းကျင်တစ်ခုကို တည်ဆောက်ထားဖို့ လိုပါတယ်။ ဆိုလိုတာက စာအုပ်
စာကောင်း မရှိတဲ့ အိမ်မှာ ကိုယ့်ကလေးတွေကို စာဖတ်ပါလို့ချည်း ပြောနေလို့ မရဘူး။
သူတို့ လက်လှမ်းမမီတဲ့ နေရာတိုင်းမှာ စာအုပ်စာကောင်းတွေ ရှိဖို့လိုပါတယ်။

စာရေးသူတို့ တိုင်းပြည်မှာ ဝန်းကျင် တည်ဆောက်မှု အရမ်းအားနည်းတယ်။ ဆိုလိုတာ
လုပ်ချင်တာ၊ ဖြစ်ချင်တာတွေပဲ ပြောနေတာ။ အဲဒီလို လုပ်ချင်၊ ဖြစ်ချင်တာတွေ လုပ်ဖို့၊
ဖြစ်ဖို့ဆိုတဲ့ ဝန်းကျင်ကြတော့ မရှိဘူး။ ဖန်တီးမထားကြဘူး။ ဒီတော့ စာရေးသူတို့နိုင်ငံရဲ့
ပြဿနာအတော်များများဟာ အဖြေမရှိတဲ့ ပုစ္ဆာလိုပဲ။ ဘာလုပ်ရမယ်ဆိုတာ သိသိနဲ့ ဘာမှ
ဖြစ်မလာဘူး။ အမှိုက်တွေ မပစ်ကြပါနဲ့ဆိုလည်း ပစ်တာပဲ။ ကွမ်းတံတွေးတွေ မထွေးကြပါနဲ့
ဆိုလည်း ထွေးတာပဲ။ ကားအရမ်းမမောင်းကြပါနဲ့ ဆိုလည်း မောင်းတာပဲ။ ဒီလိုနဲ့ လုပ်တဲ့
သူကလုပ်၊ ရှုပ်တဲ့သူကရှုပ်နဲ့ မုန့်လုံး စက္ကူကပ်၊ ဘာပြဿနာရယ်မှ ပီပီပြင်ပြင်၊ ရှင်းရှင်း
လင်းလင်း ဖြစ်သွားတယ်ဆိုတာ မရှိဘူး။ အဲဒီအမှိုက်ကို မပစ်အောင်၊ ကွမ်းကို မထွေး
အောင်၊ ကားကို စည်းမဲ့ကမ်းမဲ့ မမောင်းအောင် ထိန်းကွပ်၊ ထိန်းညှိပေးနိုင်မယ့် ဝန်းကျင်
အားနည်းနေလို့ပါ။

ဒီတော့ မိဘတွေအနေနဲ့ အခုလို အလွယ်တကူ လုပ်ကျင့်ရှိတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းမှာ
ကိုယ့်ကလေးတွေ စည်းနဲ့ကမ်းနဲ့ ရှိဖို့၊ စာကောင်းပေကောင်းဖတ်ဖို့ ဆိုတာ ကိုယ်ကိုယ်၌
က ကိုယ့်အိမ်မှာ ကလေးတွေအတွက် စာကောင်းစာပေဖတ်ဖို့ ဝန်းကျင်တစ်ခု ဖန်တီးပေး
ဖို့ လိုပါတယ်။ စာရေးသူ အိမ်အတော်များများ ရောက်ဖူးတယ်။ လူငယ်လူရွယ်တွေ အလွယ်
တကူ ဖတ်နိုင်မယ့်၊ သူတို့အတွေးအခေါ်တွေကို အားပေးမယ့် စာကောင်းစာပေဆိုတာ
သိပ်မတွေ့ရတတ်ဘူး။ နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်တွေလောက်ပဲ တွေ့ရတတ်တယ်။
တချို့ကလည်း စာအုပ်တွေရှိပါတယ် ဆိုပြီး ထုတ်ပြကြတယ်။ သိပ် မြင့်တဲ့ဟာတွေပေါ့
နော်။ ဖဆပလခေတ်က စာအုပ်တွေ၊ နိုင်ငံရေးကျမ်းတွေ၊ သမိုင်းစာအုပ်တွေ၊ တက်ကျမ်း
တွေ အဲဒါတွေကျတော့ သိပ်မြင့်သွားပြီ။ ပြီးတော့ အကြောင်းအရာ တခုတည်းကို ဇောင်း
ပေးရေးထားတာဆိုတော့ လူငယ်တွေ သိပ် စိတ်မဝင်စားကြဘူး။ ဒီတော့ သူတို့ဆီမှာ
အဲဒီစာအုပ်တွေ ဖုန်တက်နေတာ အဆန်းတော့မဟုတ်ဘူး။

ဆိုလိုတာက ကိုယ့်သားသမီးတွေ စာဖတ်စေချင်ရင် ကိုယ့်အိမ်မှာ စာအုပ် အစုံအလင်
တတ်နိုင်သလောက် ထားရပါမယ်။ စာရွေးပြီး စုရပါမယ်။ ဗဟုသုတဖြစ်စေမယ့် စာအုပ်
တွေ ရှိရမယ်။ အိမ်ကျဉ်းသည့်တိုင် စာအုပ်စင် အသေးလေးတခုတော့ ရှိသင့်တယ်။
အဲဒါဟာ အဲဒီအိမ်ရဲ့ စာကြည့်တိုက်ပဲ။ မိဘတွေဟာ အဲဒီစာကြည့်တိုက်ရဲ့စာကြည့်တိုက်မှူး
ပဲ။ ကိုယ်ကိုယ်တိုင်ကလည်း ဖတ်ပြရမယ်။ ဒါမှ သားသမီးက နောက်ကလိုက်လာမှာပေါ့။

စာရေးသူ နယ်မှာ တာဝန်ကျလို့ မိတ်ဆွေ အိမ်တအိမ် သွားလည်ဖြစ်တယ်။ သွားတိုင်း အိမ်
ထောင်ဦးစီးက နှစ်လုံး၊ သုံးလုံး တွက်နေတတ်တယ်။ ကွမ်းတဗျစ်ဗျစ် ထွေးတယ်။ သူ့
အိမ်ရောက်တိုင်း စာရေးသူကို သူ့ကလေးတွေကို ဆုံးမပါ၊ ပညာတတ်ကြီးတွေ ဖြစ်စေ
ချင်တယ်၊ စာဖတ်စေချင်တယ်၊ သူအမြဲပြောတယ်။ ဖခင်တယောက်ရဲ့ စေတနာကို
လေးစားပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်က ပြင်ဖို့လိုတယ်။ နှစ်လုံး၊ သုံးလုံး ထိုးတဲ့၊
တွက်တဲ့အိမ်က ကလေးတွေက နှစ်လုံး၊သုံးလုံး စိတ်ဝင်စားလာကြမှာပဲ။ ကွမ်းတဗျစ်ဗျစ်
ထွေးတာ မြင်ရင် ဒီကလေးတွေလည်း ကွမ်းစားလာကြမှာပဲ။ ကိုယ့်ကလေးတွေ တကယ်
ကောင်းစေချင်ရင် ကိုယ်ကိုယ်တိုင်က ပြင်ဖို့လိုတယ်။ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်ကလေး
တွေ မှန်မှန်ကန်ကန် ရှုမြင်တွေး ခေါ်တတ်စေမယ့် ဝန်းကျင်တစ်ခုကို တည်ဆောက်ဖို့
လိုတယ်။ ဖန်တီးဖို့လိုတယ်။

စာရေးသူတို့နိုင်ငံရဲ့ လူတွေ ရှင်သန်ရတဲ့ ဝန်းကျင်ဟာ အမြဲတမ်းပူလောင်နေတယ်။ ပဋိပက္ခ
အလွယ်တကူဖြစ်စေတယ်။ လူတွေ ပင်ပင်ပန်းပန်း ရုန်းကန်ကြရတယ်။ အိမ်အပြင်ထွက်တာ
နဲ့ အော်သံ၊ဟစ်သံ၊ အလှူခံသံ၊ ကားသမားတွေ ဆဲဆိုသံ၊ ဘတ်စ်ကားပေါ် ပြေးတက်ကြတဲ့
မြင်ကွင်းတွေကအစ ဘာမှ စိတ်ချမ်းသာစရာ မရှိဘူး။ စာရေးသူ အဆိုးအမြင်နဲ့ ရေး
နေ၊တင်ပြနေတာ မဟုတ်ဘူးနော်။ ကိုယ်ရောက်ခဲ့ဖူးတဲ့ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေက
လူတွေ ရှင်သန်ရတဲ့ ဝန်းကျင်နဲ့ ယှဉ်ပြီးပြောနေတာ။ ဟိုးခပ်ဝေးဝေးက ဂျပန်တို့၊ ကိုရီး
ယားတို့နဲ့ ယှဉ်ပြီး ပြောနေတာ မဟုတ်ဘူး။ ဒီတော့ အဲဒီလို ပူလောင်၊ ဆူလောင် ဝန်း
ကျင်တွေထဲမှာ သွားလာကျင်လည်နေရတဲ့ ကိုယ့်သားသမီးတွေကို အပြင်စရိုက်တွေ
များများ မဝင်မလွှမ်းစေပဲ ကိုယ့်အိမ်မှာ စာကောင်း ပေကောင်းတွေနဲ့ ယဉ်ပါး
စေချင်တယ်။

စာရေးသူအိမ်မှာ အဖေက အလေ့အကျင့် လုပ်ပေးထားတော့ ငယ်စဉ်ကတည်းက အိမ်တွင်း
စာဖတ်ခြင်းဆိုတာနဲ့ ယဉ်ပါးခဲ့ရတယ်။ အိမ်မှာ ၁၉၅၄ ခုနှစ်နဲ့ အဲဒီခုနှစ်များ ဝန်းကျင်က
ထုတ်တဲ့ မြန်မာ့စွယ်စုံကျမ်းစာအုပ် ၁၄ အုပ်ရှိတယ်။ အရင် ဝန်ကြီးချုပ် ဦးနုလက်ထက်က
ထုတ်ခဲ့တဲ့ စာအုပ်တွေပါ။ စာအုပ်တအုပ်မှာ စာမျက်နှာ ၄ဝဝ ကျော်၊၅ဝဝ နီးပါး ရှိတယ်။
လူမှုရေး၊ စီးပွားရေး၊နိုင်ငံရေး၊သမိုင်း၊သိပ္ပံ၊အတ္ထုပ္ပတ္တိ အစုံပါတယ်။ စာရေးသူ ငယ်ငယ်
ကတည်းက အဲဒီ စွယ်စုံကျမ်းစာအုပ် ၁၄ အုပ်နဲ့ ကြီးပြင်းလာခဲ့ရတာ။ အဖေက အဲဒီ
စာအုပ်တွေကို အလွယ်တကူ မြင်နိုင်၊တွေ့နိုင်တဲ့နေရာမှာ ထားပေးတယ်။ မဖတ်ဘူးလို့
သူထင်ရင် ဖတ်အောင် လမ်းကြောင်းပေးတယ်။ လေ့ကျင့်ပေးတယ်။ အဲဒီလိုနဲ့ စာရေး
သူ ကမ္ဘာ့နိုင်ငံ အကြောင်းတွေ၊ လူပုဂ္ဂိုလ် အကြောင်းတွေ၊ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း
စသဖြင့် ယဉ်ပါးလာခဲ့တယ်။ ငယ်ငယ်ကတည်းက စွယ်စုံကျမ်းမှာပါတဲ့ တိုက်တာမြင့်မြင့်
မားမားနဲ့ မြို့ကြီးတွေ တွေ့ရင် ကိုယ့်တိုင်းပြည်ကို ငယ်စဉ်ကတည်းက အဲဒီလို အရမ်းဖြစ်
စေချင်ခဲ့တယ်။ ဘယ်တော့ ဖြစ်လာမလဲလို့လည်း အမြဲတွေးခဲ့တယ်။ နိုင်ငံခြားရောက်ဖူး
ချင်တဲ့ စိတ်တွေလည်း အရမ်းဖြစ်ခဲ့တယ်။ စွယ်စုံကျမ်းမှာပါတဲ့ နိုင်ငံခြားတက္ကသိုလ်ကြီး
တွေကြည့်ပြီး တချိန် ငါ နိုင်ငံခြားမှာ ကျောင်းတက်ရမယ်လို့ ကြိတ်တွေးခဲ့ဖူးတယ်။
အရွယ်ရောက်လာတော့ အဲဒီငယ် ငယ်ကတည်းက တွေးခဲ့၊ ဖတ်ခဲ့တာတွေက ကိုယ့်
ဘဝမှာ တွန်းအားတွေဖြစ်လာတယ်။ အဖေက သူမဆုံးခင်မှာတောင် နေမကောင်းတဲ့
ကြားက အဲဒီစွယ်စုံ ကျမ်းစာအုပ်ကြီး ၁၄ အုပ်ကို အဖုံးအသစ်တွေ ပြန်ဖုံးပေးသွားခဲ့
တယ်။ အဖေ့ဆီကရတဲ့ အကောင်းဆုံး အမွေတစ်ခုပါပဲ။

စာရေးသူ UN မှာ အလုပ်လုပ်စဉ် နယ်အတော်များများကို ရောက်ဖြစ်တယ်။ Project တွေ
မှာရှိတဲ့ စာကြည့်ခန်း၊ စာကြည့်တိုက် ဆိုတာတွေ ဝင်လေ့လာဖြစ်တယ်။ စာရေးသူတို့
လာချိန်မို့လားတော့ မသိဘူး၊ ကလေးတွေ၊ လူငယ်တွေ စည်စည်ကားကားနဲ့ တွေ့ရတတ်
တယ်။ စာကြည့်တိုက်ထဲမှာလည်း စာအုပ်စာတမ်း အတော်စုံပါရဲ့။ ဂျာနယ်၊ ကာတွန်းတွေ
လည်း ရှိတယ်။ စာရေးသူ မသိမသာ အချိန်ပေးပြီး လေ့လာကြည့်တယ်။ ကလေးအတော်
များများက ကာတွန်းတွေလောက်ပဲ ဖတ်ကြတယ်။ ကလေးဆိုပေမယ့် ဆယ်ကျော်သက်တွေ
ကို ပြောတာပါ။ တချို့လူငယ်တွေဆိုရင် သူတို့ ဦးစားပေးတာ လက္ခဏာ၊ ဗေဒင်ကဏ္ဍ
ဖတ်ပြီးရင် တယောက်နဲ့တယောက်တောင် မျှလိုက်သေးတယ်။ ဆောင်းပါး၊ နိုင်ငံရေး
သတင်း ဖတ်တာမျိုး တော်တော်ရှားတယ်။ မဖတ်ချင်တဲ့သူကို ဖတ်ပါ ပြောလို့တော့
ဘယ်ဖြစ်မလဲ။ ဖြစ်နိုင်ရင်တော့ စာကြည့်တိုက်မှူးတွေ၊ စာကြည့်ခန်း တာဝန်ရှိသူတွေက
လည်း လမ်းကြောင်း (Guide) ပေးဖို့ လိုမယ် ထင်ပါတယ်။ နိုင်ငံခြားမှာဆို စာကြည့်
တိုက်မှူးတွေ ဆိုတာပညာရှင်တွေပဲ။ လစာလည်း ကောင်းကြတယ်။ စာဖတ်သူ အနေ
အထားကို လေ့လာပြီး စာကြည့်တိုက်တွေထဲမှာ စာအုပ်တွေကို ခဏခဏ အပြောင်းအလဲ
လုပ်တယ်။ တကယ်တော့ သူတို့ဟာ နိုင်ငံတစ်နိုင်ငံရဲ့ စာဖတ်စွမ်းအား မြှင့်တင်ရေးနဲ့ အမျိုး
သား ပညာရေးမှာ အရေးပါတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်အမျိုး
အစားကို မသိမသာ အပြောင်းအလဲလုပ်ပေးဖို့ လိုတယ်။ ဗဟုသုတဖြစ်စေမယ့် စာတွေ၊
အသက်အရွယ်အလိုက် ဦးနှောက်ကို စိန်ခေါ်စေမယ့်စာတွေ၊ ကလေးတွေ၊ လူငယ်တွေ
အလွယ်တကူ လက်လှမ်းမီအောင် စာကြည့်တိုက် တွင်းမှာတင် ဈေးကွက် (Marketing)
ဖော်ရမယ်။ တဖြည်းဖြည်းနဲ့ အပျော်ဖတ် စာပေတွေကို အာရုံစိုက်မှု လျော့သွားစေရမယ်။
ဆိုလိုတာ စာဖတ်သူတွေရဲ့ စာဖတ်ချင်စိတ်၊ စာဖတ်စိတ်ကို အတွေးမှန်၊အသိမှန် ရစေမယ့်
လမ်းကြောင်းတစ်ခုအပေါ် ဆွဲတင်သွားနိုင်ဖို့ပါ။ ဒါပေမဲ့ ဒီလိုလုပ်ဖို့က စာကြည့်တိုက်မှူးတွေ၊
စာကြည့်တိုက် တာဝန်ရှိသူတွေရဲ့ စေတနာပါမှု၊ အချိန်ပေးနိုင်မှု၊ အတွေ့အကြုံရင့်ကျက်မှု၊
အမြင်ကျယ်မှုတွေပေါ်မှာ အများကြီးမူတည်ပါတယ်။
အကယ်၍ သူတို့ကိုယ်တိုင်က ကာတွန်းထိုင်ဖတ်၊ ဗေဒင်လက္ခဏာ၊ ဂမ္ဘီရလောက်ပဲ စိတ်
ဝင်စားနေရင်တော့ အဲဒီစာကြည့်တိုက်တွေက အရေအတွက်ကနေ အရည်အချင်းကို
ပြောင်းလဲလာမှာ မဟုတ်ပါဘူး။
ဒီတော့ ကိုယ့်သားသမီးတွေ စာများများ ဖတ်စေချင်တယ်ဆိုရင် ကိုယ့်အိမ်၊ ကိုယ့်စာအုပ်စင်
က စကြဖို့ လိုပါတယ်။ အဲဒီ အိမ်တွင်းစာကြည့်တိုက်တွေကို စာအုပ် တစ်အုပ်နဲ့ စလည်း
ရတယ်။ စာအုပ် ၁၀ အုပ်နဲ့ စလည်းရတယ်။ ရန်ကုန်မှာ မိဘ အတော်များများက ကိုယ့်
သားသမီးတွေကို British Council လို၊ American Centerလို နေရာတွေဆီ အထင်တကြီး
ပို့တတ်ကြတယ်။ စာကောင်းစာမွန်တွေ အဲဒီမှာ အများကြီးတွေ့ပြီး ကိုယ့်သားသမီးတွေ
အသိဉာဏ်ကြီးပွား တိုးတက်လာမယ်လို့ ထင်ကြတယ်။ မမှားပါဘူး။ ဒီစာကြည့်တိုက်တွေ
မှာ ပညာရပ်ဆိုင်ရာစာအုပ်တွေ အရမ်းစုံတယ်။ သင်တန်းတွေရှိတယ်။ သင်ထောက်ကူ
ပစ္စည်းကအစ အပြည့်အစုံ ထားပေးတယ်။ လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့
မိမိကိုယ်၌က တကယ့်ကို ကြိုးစားချင်စိတ်၊ လုပ်ချင်ကိုင်ချင်စိတ်၊ စာဖတ်ချင်စိတ် မရှိပဲ
ဘယ်လောက်ကောင်းတဲ့ စာကြည့်တိုက်တွေ၊ ရင်းမြစ်ဌာန (Resources Center) တွေ
သွားသွား ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ တစ်ခါတစ်လေ အဲဒီက ပို့ချတဲ့စာတွေ၊ သူငယ်
ချင်းတွေရဲ့ တိုးတက်မှုကို မလိုက်နိုင်လို့ စိတ်ကျရောဂါလို ဖြစ်သွားတဲ့ ကျောင်းသား
တွေတောင် တွေ့ခဲ့ဖူးတယ်။ ပြီးတော့ အဲဒီမှာ ပုံတွေလောက်ကြည့်၊ ကြော်ငြာလောက်
သာဖတ်၊ သင်တန်းအပျော်တက်၊ ဟိုဟိုဒီဒီ မျက်စိကစားပြီး အချိန်ဖြုန်း၊ အချိတ်အဆက်
လုပ်ချင်သူတွေလည်း အများကြီးပါ။

ဒါကြောင့် ဒီစာဖတ်ကျင့်ကို ကိုယ့်အိမ်မှာပဲ အစပြု ပျိုးထောင်ပေးစေချင်ပါတယ်။အထူး
သဖြင့် နယ်မှာဆို လူငယ်တွေ စာဖတ်အား သိပ်နည်းပါတယ်။အခုလို လက်ကိုင်ဖုန်းတွေ
လူတိုင်းနီးပါး(အတော်များများ) ကိုင်နိုင်ပြီဆိုတော့ အဲဒီဖုန်းတွေ တစ်ချိန်လုံး ကလိနေ
ကြသူတွေ အများကြီးပါ။ အင်တာနက်က တွေ့သမျှ သတင်းတွေဖတ်၊ မိန်းကလေးပုံတွေ
ဖလှယ်၊ အတင်းအဖျင်း သတင်းတွေ မျှကြနဲ့၊ နယ်လိုနေရာမျိုးမှာ ပညာရေးနဲ့ ပတ်သက်
ရင် ရန်ကုန်လို မဟုတ်ပဲ သွားစရာ၊ လုပ်စရာကလည်း နည်းလေတော့ ဒီလူငယ်တွေရဲ့
ရှေ့ရေး စဉ်းစားကြည့်ရင် အတော် ရင်လေးဖို့ ကောင်းပါတယ်။ နယ်ဆိုပေမယ့် နယ်မှာနေ
တဲ့ လူတွေက အများစုမဟုတ်လား။ စာကောင်းစာပေ စာဖတ်ကျင့်မရှိတဲ့ အဲဒီမျိုးဆက်က
ပွားလာတဲ့ နောက်မျိုး ဆက်ကလည်း သူ့ရှေ့က မျိုးဆက်လိုပဲ ပေါ့ပေါ့နေ၊ပေါ့ပေါ့စားနေကြ
မယ် ဆိုရင် ကျွန်တော်တို့ မြန်မာတွေ ဘယ်သောအခါမှ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ကြမယ်
မဟုတ်ပါဘူး။ ဒေသတွင်း အာဆီယံလို နေရာမျိုးမှာတောင် ဟိုးနောက်နားက အတော်
လှမ်းလှမ်း ပြတ်ကျန်ခဲ့ပါလိမ့်မယ်။ အခုလည်း ကျန်နေပါပြီ။
ဒါကြောင့် တဦးတယောက်ချင်းကနေ တစုတဖွဲ့၊ တစုတဖွဲ့ကနေ တနိုင်ငံလုံး အတိုင်းအတာ
အထိ စာဖတ်စွမ်းရည် မြှင့်ဖို့လိုနေပါတယ်။ ဒါဟာ အမျိုးသားရေး တာဝန် တရပ်လည်း ဖြစ်
တယ်။ ဒီတော့ မိဘများအနေနဲ့ အိမ်တိုင်း အိမ်တိုင်းရဲ့ ဧည့်ခန်းကိုယ်စီမှာ ကိုယ်နိုင်သ
လောက် စာအုပ်စင်လေးတွေ ထားကြရင် အဲဒီအမျိုးသားရေးတာဝန် တစိတ်တပိုင်းကို
ကိုယ့်သားသမီး တဦးချင်းက တဆင့် စာဖတ်စွမ်းရည် ပြုစုပျိုးထောင်ပေးကြရင်း ကူညီ
ပါဝင် ပံ့ပိုးပေးနိုင်ကြပါစေလို့ ဒီဆောင်းပါးက တဆင့် တိုက်တွန်းပါရစေ။
အောင်အောင် (IR)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...