သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, September 2, 2013

PostHeaderIcon ဆီးက ပြောပြသော သင့် ကျန်းမာရေး အကြောင်း



 ဆီးက ပြောပြသော သင့် ကျန်းမာရေး အကြောင်း 
***********************
ကျောက်ကပ်ဆိုသည်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် ကလီစာ တခုဖြစ်ပြီး၊ အဓိကအားဖြင့်
သွေးကို ဆေးကြော သန့်စင်ပေးသော လုပ်ငန်းအား လုပ်ဆောင်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်း
ရှိ ရေနှင့် သတ္တုဓာတ်ပမာဏတို့ကို ထိန်းညှိပေးကာ၊ ပိုလျှံထွက်ရှိလာသော အရည်များအား
ဆီးအိမ်၊ ဆီးပို့ပြွန်မှ တဆင့် ဆီးအဖြစ် ထွက်ရှိလာခြင်းဖြစ်ပါသည်။ အရွယ်ရောက်သူ တဦး ၏ နေ့စဉ် ရေသောက်နှုန်းသည် ပျမ်းမျှ ၁-လီတာမျှ သောက်သုံးသင့်ပြီး၊ ဆီးသွားမှု ပမာဏ
သည် အနည်းဆုံး လီတာဝက်ခန့် မှ ၁-လီတာအထိ စွန့်ပစ်ရပါမည်။
ချွေးထွက်များသောနေ့တွင် ရေပိုမို သောက်ပေးသင့်သည်။

အမျိုးသား၊အမျိုးသမီး၊ ကလေး၊လူကြီးအားလုံး၏ ပုံမှန် ဆီးအရောင်သည် ဝါဖျော့ဖျော့
(သို့ ) အဝါရောင်ဖြစ်သည်။

(၁)ရေသောက်နည်းခြင်း
(၂)အစားအစာ
(၃)သောက်သုံးသော ဆေးဝါးတို့ကြောင့်လည်း ဆီးအရောင် ယာယီပြောင်းလဲတတ်သည်။

ထိုအကြောင်း (၃)ရပ်ကြောင့် ဆီးအရောင် ၂၄-နာရီခန့်ကြာ ပြောင်းလဲခြင်းသည် ပြဿနာ မရှိလှသော်လည်း၊ ကျန်းမာရေး တစုံတရာ ချို့ယွင်းမှုကြောင့် *ဆီးအရောင် သိသိသာသာ * ပြောင်းလဲတတ်ပေရာ၊ မိမိ ကျန်းမာရေး အခြေအနေကို အောက်ပါ အကြောင်းအရာ
တို့ဖြင့် သုံးသပ်နိုင်ပါသည်။

(၁) ကျန်းမာရေးကောင်းသူ၏ ဆီးအရောင်သည် အနယ်အနှစ် မပါပဲ ကြည်လင်သော ဝါဖျော့ဖျော့ဖြစ်ပြီး၊ ရေသောက် များလေ ဆီးအရောင် ဖျော့လေဖြစ်သည်။

(၂)ဆီးထဲတွင် သွေးပါခြင်းသည် သွေးမတိတ်ရောဂါ၊ ကျောက်ကပ် ကျောက်တည်ခြင်းနှင့် ဆီးအိမ်ကင်ဆာတို့ဖြင့် ဆက်စပ်နေသည်။ အထူးသဖြင့် အသက် ၄၀ ကျော် အမျိုးသားများ
အတွက် ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ချေ အလားအလာ များ၍ သတိပြုပါ။

(၃) အချို့ဝမ်းနှုတ်ဆေးများနှင့် အကြောပြေဆေးများတွင် cascara (သို့) senna ဓာတ်
ပါရှိသဖြင့် ဆီးသွားသည့်အခါ အညိုရင့်ရင့် (သို့) လ္ဘက်ရည်ကြမ်း အရောင် ပြောင်းနေ
တတ်သည်။ အသည်းပျက်စီးခြင်း၊ အသည်းရောင် ရောဂါ၊ ကျောက်ကပ်အတွင်း သွေးခဲ
၍ ပျက်စီးခြင်းတို့ကလည်း ဆီးအရောင်ကို အညိုရင့်ရောင် ပြောင်းစေတတ် သလို၊ ကိုကာ
ကိုလာ အရောင် ဆီးပျစ်ပျစ် သွားပါက ဆီးအိမ်နှင့် ကျောက်ကပ်တို့တွင် ပြင်းထန်သော
ရောဂါရ နေပါပြီ။ နီးစပ်ရာ ဆရာဝန်ဖြင့် အမြန်ဆုံး ဆွေးနွေးတိုင်ပင်ပါ။

(၄) ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်၊ သွေးဖြူ/နီဥ ဆဲလ်များထဲတွင် ဘက်တီးရီး
ယားများ တိုးပွားလာကြကာ ဆီးအရောင်သည် နို့ကဲ့သို့ ဖြူသွားတတ်သည်။ ကျောက်
ကပ် ကျောက်တည်းခြင်းကလည်း ဆီးကိုဖြူစေသည်။

(၅) အနီရောင်(သို့) ပန်းရောင် ဆီးသွားခြင်းကို ဆီးထဲတွင် သွေးပါသည်ဟု ထင်မှတ်
မှားလေ့ရှိကြသည်။ အနီရောင် သကြားမုန်လာနှင့် ဘယ်ရီသီး အနီရောင်များ စားခြင်း
ဖြင့် ဆီးနီစေသလို၊ anti-psychotics ဓာတ် ပါရှိသော ဆေးဝါးအချို့သောက်သုံးခြင်းက
လည်း ဆီးနီစေ၏။ အကယ်၍ သင့်ခန္ဓာကိုယ်ထဲတွင် ခဲဆိပ်တက်လျှင် ဆီးနီရဲစေသဖြင့်
အထူးဂရုစိုက်ပါ။

(၆) ဘီယာသောက်ခြင်းနှင့် ကယ်ရိုတင်းဓာတ်ပါသော မုန်လာဥနီ အမြောက်အများ စား
သုံးခြင်းဖြင့် ဆီး လိမ္မော်ရောင် သွားစေသည်။ ဗီတာမင်စီ အလွန်အကျွံ သောက်သုံးခြင်း၊ ခီမိုဆေးသွင်းကုသခြင်းနှင့် ပိုးသတ်ဆေးအချို့ကလည်း ဆီးကို လိမ္မော်ရောင် ဖြစ်စေတတ်
သည်။ သင့်ဆီးသည် လိမ္မော်ရောင်ဖြစ်ပြီး၊ ဝမ်းအဖြူရောင် သွားနေပါက အသည်းရောင်
အသားဝါ လက္ခဏာ ဖြစ်သည်။ လိုအပ်သော ပမဏထက် ဗီတာမင်စီ မှီဝဲခြင်းက ကျောက်
ကပ်ကို ပျက်စီးစေသည်။

(၇) အကယ်၍ သင်သည် ဗီတာမင်ဘီဓာတ်ကြွယ်ဝသော အားဖြည့်ဆေး သောက်သုံး
နေသူဖြစ်ပါက၊ နီအွန် အဝါရောင် ဆီးသွားခြင်းအတွက် စိုးရိမ်ဖွယ် မရှိပါ။

(၈) ထုံဆေး/မေ့ဆေး အချို့က အစိမ်းရောင် ဆီးသွားစေသလို၊ ကညွတ် အမြောက်အများ စားသုံးခြင်းဖြင့်လည်း ဆီးအရောင်ကို စိမ်းဖန့်ဖန့် ဖြစ်၍ ဆီးအနံ ဆိုးဝါးစေသည်။

(၉) အော်ဂလီဆန် ပျို့အန် ပျောက်ဆေးအချို့သည် ဆီးအပြာရောင် သွားစေတတ်သဖြင့် 
စိုးရိမ်ဖွယ် မရှိပါ။

(၁၀) ဦးနှောက်နှင့် အာရုံကြောဂါ ရှိသူ၏ ဆီးသည် မာပယ်လ် ပန်းရနံ ထွက်လေ့ရှိပြီး၊ ဆီးချိုရောဂါဝေဒနာသည်၏ ဆီးသည် အချိုနံ့ ထွက်သဖြင့် မိမိကိုယ်ကို ဆန်းစစ်ပါ။

(၁၁) ဆီးအနည်ပါသူနှင့် ဆီးကျောက်တည်သူများသည် တနေ့လျှင် ရေ ၃-လီတာ
မျှ သောက်သင့်ပြီး၊ ကွမ်းမစား သင့်ပေ။

ကျောက်ကပ် ပျက်စီးစေသော အဆိုးရွားဆုံး အစားအစာများမှာ ပူစပ်သော အစားအစာ
များ၊ ရေခဲရေ၊ အနီရောင် အသား၊ ဆား၊ ငရုပ်ကောင်း၊ ထညင်းသီး၊ ပြုပြင်ပြောင်းလဲ
ထားသော အရန်သင့် သစ်သီးဖျော်ရည်၊ ပြုပြင်ပြောင်းလဲထားသော ဓာတုအချို သွား
ရည်စာ အမျိုးမျိုးနှင့် အချိုမှုန့်၊ ဆိုဒါနှင့် အဖျော်ယမကာများ၊ အထူးသဖြင့် တရုတ်ပြည်
ထုတ် နို့ထွက်ပစ္စည်း အမျိုးမျိုး၊ ကဖိန်းဓာတ် လွန်ကဲသော ကော်ဖီ၊ လ္ဘက်ရည်တို့
ဖြစ်သည်။
အနီရောင် ငရုပ်ပွ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပန်းသီး၊ ကျောက်
ဖရုံသီး၊ ဖရဲသီး၊ စတော်ဘယ်ရီ အပါအဝင် ဘယ်ရီသီး အမျိုးမျိုး၊ ချယ်ရီးသီး၊ အနီရောင်
စပျစ်သီး၊ ကြက်ဥအဖြူရောင်၊ အိုမီဂါ ၃ ဖက် ဆီး၊ အက်ဆစ်ကြွယ်ဝသော ငါး၊ သံလွင်ဆီ၊
မြင်းခွာရွက်တို့သည် ကျောက်ကပ်ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာများ
ဖြစ်သည်။ ထို့ပြင် ဆီသွားသည့်အခါ ဆီးကုန်သည်အထိ စိတ်ရှည်ရှည် စွန့်ထုတ်ရန် လို
အပ်ပြီး၊ ဆီးကျန်ခြင်းကြောင့် မလိုလားအပ်သော နောက်ဆက်တွဲ ရောဂါများ မဖြစ်စေရန် ကြက်သွန်ဖြူ ပြုတ်ရည်ကို ဆေးမြီးတိုအဖြစ် သောက်သုံးနိုင်ပါကြောင်း။

*ဘာသာပြန်သူ (ပေါက်ပေါက်)*
မှီငြမ်း (the urology department at the University of Kansas)

1 comments:

Unknown said...

ကျန်းမာ​ရေး ဗဟုသုတတိုးပွား​စေပါတယ်​ ​ကျေးဇူးပါပဲ ခင်​ဗျာ

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...