သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, September 17, 2013

PostHeaderIcon "အရွယ်က စကားပြောတယ်"

 "အရွယ်က စကားပြောတယ်"

တောလမ်း ခရီးတခုမှာ လူငယ်တဦးနဲ့ အဖိုးအိုတဦး တွေ့ကြတယ်..။
"အဘ ဘယ်သွားမလို့လဲ"
"ဟိုဘက်ရွာ"
"ဒါဆို အတူတူသွားကြတာပေါ့"
"အေး"
"ဟိုဘက်ရွာကို ဘာသွားလုပ်မှာလဲ အဘ"
"အငြိမ့်ပွဲ ကမယ်ပြောလို့ သွားကြည့်တာ"
"ဟင်... ကျနော်သာ အဘအရွယ်ဆို အငြိမ့်မကြည့်တော့ဘူး"
အဖိုးအိုက ဘာမှပြန်မပြောဘူး။ ခဏနေတော့ အဖိုးအိုက ပုလင်းတလုံး ထုတ်ပြီး မော့

သောက်တယ်။
"ဘာတွေလဲ အဘ"
"အရက်"
"ဟင်... ကျနော်သာ အဘအရွယ်ဆို အရက်မသောက်တော့ဘူး"
အဖိုးအိုက ဘာမှပြန်မပြောဘူး။ ခဏနေတော့ အပင်တပင်အောက်မှာ ခရီးတထောက်

နားကြတယ်။ လူငယ်က အပင်ပေါ်မော့ကြည့်ပြီးပြောတယ်...။
"ဟာ အဘ၊ သရက်သီးတွေဗျ"
"ဟုတ်တယ်၊ ဒီအပင်က အသီးက တော်တော်ကောင်းတာ၊ ငါတို့ငယ်ငယ်က ခူးစားနေကြကွ"
"စားချင်တယ်ဗျာ"

"ငါသာ မင်းအရွယ်ဆို အပင်ပေါ်တက်ခူးတယ်" ဆိုတော့ လူငယ်လဲ မခံချင်ဖြစ်ပြီး အပင်ပေါ်
တက်ခူးပါလေရော... ခူးပြီးလို့ ပြန်ဆင်းတော့ မဆင်းတတ်တော့ဘူး...။
"အဘ လုပ်ပါအုံး ၊ဒီ ဂွကြားကနေ ဆက်မဆင်းတတ်တော့ဘူး"
"ငါသာ မင်းအရွယ်ဆို အဲဒီ ဂွကြားကနေ ခုန်ချတယ်"
ဒါနဲ့ အဟုတ်မှတ်ပြီး ခုန်ချလိုက်တာ ခြေထောက်နှစ်ချောင်း သွင်သွင် ကျိုးပါလေရော"
အား... ကျိုးပြီ အဘရေ"

"ကျိုးမှာပေါ့ ဒီလောက်အမြင့်ကြီးက ခုန်ချတာ"
"ဗျာ... ခုနပြောတော့ ကျနော့်အရွယ်သာဆို အဘ ခုန်ချတယ် ဆို"
"အေးလေ... ငါ မင်းတို့အရွယ်တုန်းက ဒီအပင်က နိမ့်နိမ့်လေးကွ"
"ဂျာ..."

သန်၎ကို-ဘာသာပြန်သည်

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...