သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, September 4, 2013

PostHeaderIcon မိဘဂုဏ်- ၁၂ -ပါး



လောကရဲ့အလင်းတန်းဆီကို ပို့ဆောင်ပေးတဲ့ မိဘ၊ လောက လမ်းမပေါ်မှာ ဖြောင့်တန်းစွာ
လျှောက်လှမ်းတတ်အောင် ခွဲခြား လမ်းညွှန် ထိန်းကျောင်းပြီး သွန်သင်ပေးတဲ့ မိဘ၊
လောကရဲ့အတိမ်အနက်ကို ချိန်စက် ကြည့်တတ်အောင် ညွှန်ကြားပေးတတ်တဲ့ မိဘ၊
မိဘတို့ရဲ့.....

မိဘဂုဏ်(၁၂)ပါး
*********
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။

၁။ မိဘ ဆိုတာ၊ ကိုးကွယ်ရာ၊ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ၊ ဆိုဆုံးမ၊ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ်၊ မိဘဆို၊ လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး၊ နတ်မြတ်ထူး၊ အထူး ပူဇော်မည်။
၅။ ခြင်ဆီ ရိုးထဲ၊ လွန်စွာကဲ၊ ချစ်လည်း ချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင်၊ ဤလူ့ဘောင်၊ ဂုဏ်ရောင် လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး၊ မွေးမြူပေး၊ အလေးထားရမည်။
၈။ ယုယ ကြင်နာ၊ ပိုးပမာ၊ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ၊ စောင့်ရှောက်ကာ၊ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း၊ လူ့အကြောင်း၊ ကောင်းကောင်း ညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး၊ ချော့မြူပေး၊ နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ၊ သားသမီးဖို့ပါ၊ ဖွေရှာ ထိန်းသိမ်းသည်။

ဂုဏ်တွေသိတော့ပိုပြီးလေးစားတတ်လာတာပေါ့။

(မေမေကို... သတိရမိလို့ပါ။ မိဘတို့ရဲ့ ဂုဏ်ကျေးဇူးတော်တွေကို သေသေချာချာ
သိလိုက်ရတော့ ...“အန္တမေတ္တာရှင်” တွေရဲ့ နက်ရှိုင်းလှတဲ့ မေတ္တာတရားတွေကို
ပိုပြီးလေးစား ၊ နားလည် ၊ ခံစားမိလာတယ်။ အဝေးတနေရာကို ရောက်နေပေမယ့်
ထာဝစဉ် ဦးထိပ် ပန်ဆင် ကန်တော့လျက်ပါ...“မေမေ” ။) တဲ့,
သူကပြောတာနော်။)

posted by hbonekyaw
Nwehninmoe...

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...