သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, September 26, 2013

PostHeaderIcon “သမဏ(ရဟန်း-သာမဏေ)အလုပ်”

 “သမဏ (ရဟန်း-သာမဏေ)အလုပ်”
*****************************
ဘုရားရှင်တိုင်း ဟောကြားထားတဲ့ ဆုံးမထားတဲ့ စကားရှိတယ်။
သြဝါဒေယျ - မျက်မှောက်ဆုံးမရာ၏။
အနုသာသေယျ - မျက်ကွယ်ဆုံးရာ၏။
သြဝါဒေယျ - တကြိမ်ဆုံးမရာ၏။
အနုသာသေယျ - အကြိမ်ကြိမ်ဆုံးမရာ၏။

အဲဒီဘုရားရှင်ဟောကြားထားတဲ့ ဒေသနာတိုင်း မင်းတို့ ဘုရားရှင်က သြဝါဒပေးတယ်။

သြ၀ါဒ နာယူတယ်ဆိုတာ အင်မတန်ကို ကျေနပ်တယ်။
အသဗ္ဘာ စ နိဝါရယေ - အကုသိုလ်အဖို့မှလည်း တားမြစ်ရမယ်၊ အကုသိုလ်မဖြစ်အောင်

တားမြစ်ရမယ်၊ အဲဒါ ဘုရားရှင်တိုင်း ဘုရားရှင်တိုင်း ဆုံးမထားတဲ့ သြ၀ါဒ။

ဒီတော့ မင်းတို့ ဦးဇင်းတွေ ကိုရင်တွေဆိုတာ သင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ် သမဏတွေတဲ့။

သမဏဆိုတာ ဘာတုန်း?
ပါပေ သမေတီတိ သမဏော။ ပါပေ- မကောင်းမှု အကုသိုလ်တို့ကို။
သမေတိ၊ ငြိမ်းစေတတ်၏၊ ငြိမ်းအောင်လုပ်တတ်၏။ ဣတိ-ထို့ကြောင့်၊ သမဏော-
သမဏ (ရဟန်း)မည်၏။
သမဏပုဒ် ဝိဂြိုလ်ဆိုတာကို ကြည့်၊ ပါပေ သမေတိ- မကောင်းတဲ့ အကုသိုလ်တွေကို

ငြိမ်းစေအောင်လုပ်တာ သမဏလို့ ခေါ်တယ်၊ အဲဒီ ဝိဂြိုလ်ဝစနတ်အတိုင်းပဲ အားလုံး
သော ရဟန်း,ကိုရင်တွေ မကောင်းတဲ့ (ကိုယ်နဲ့ မအပ်စပ်တဲ့ ပစ္စည်းများကို လိုချင်တဲ့,
သိမ်းဆည်းထားချင်တဲ့) လောဘ၊ ဒေါသ၊ မာန်မာန၊ မနာလို ဝန်တိုမှု ဣဿာ မစ္ဆရိယ၊
စတာတွေ၊ ပူပင်မှု သောကပရိဒေဝ တိုးပွားစေတဲ့ အကုသိုလ်အလုပ်တွေကို ငြိမ်း
အေးအောင် ကြိုးစားကြဖို့ အင်မတန်လိုတယ်။ ငြိမ်းအောင် လုပ်တယ်ဆိုတာ
ဝင်မရှုတ်မှ ငြိမ်းနိုင်မှာ။

မင်းတို့ ငါတို့က သင်္ကန်းဝတ်ထားပြီးတော့ သမဏလို့ အမည်ခံထားတဲ့အတွက် အဲဒီ

သမဏလို့ဆိုတဲ့ အမည်နဲ့ လိုက်လျောညီထွေမှုရှိအောင် ကိုယ်ကိုတိုင်ကလည်း
ရန်ပွဲမှာ မပါရဘူး၊ ရန်ပွဲဖြစ်မယ်ဆိုရင်လဲ အဲဒီရန်ပွဲကို ငြိမ်းအေးအောင် ဆောင်ရွက်
ရတယ်၊ ဒါမှ သမဏအလုပ်လို့ ခေါ်တယ်။
---------------------------------------------------------
မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...