သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, September 1, 2013

PostHeaderIcon အင်းဝခေတ် စာဆိုရှင် နှစ်ပါး



 အင်းဝခေတ် စာဆိုရှင် နှစ်ပါး၏ စာပေများအပေါ် အမြင်ကလေးများ
(ဗဟုသုတ)

အင်းဝခေတ် စာဆိုတော် အရှင်မဟာရဋ္ဌသာရ၏ စာများကို " ထန်းသမား၏ ရင်ဘတ်နှင့်
တူသည်ဟု " ဆိုတော်မူကြ၏။ အင်းဝ စာဆိုတော် အရှင်မဟာသီလဝံသ ၏ စာပေများကို
တော့ " လိပ်၏ ရင်ဘတ်နှင့် တူသည်ဟု " ပညာရှင်တို့က သုံးသပ်တော်မူကြကုန်၏။ ဆိုလို
သည်မှာ ထန်းပင်နှင့် ထန်းတက်သူ၏ ရင်ဘတ်သည် ပူးတုံ ခွာတုံ ဖြစ်သကဲ့သို့ ရှင်မဟာရဋ္ဌ
သာရ၏ စာပေများသည် ဓမ္မအကြောင်းနှင့် ပူးတုံ ခွာတုံ ဖြစ်၏။ တရားသဘောချည်း သက်
သက် မဟုတ်တော့ပဲ လောကီသဘောတရားတွေလည်း ပါဝင်နေ၏။ တခါတရံ လွမ်း
စရာလေးများလည်း ပါ၏။ " နှမ လက်လျှော့ နေလေတော့" ကဲ့သို့သော အချစ်ရေး အချစ်ရာ
လေးများလည်း ပါတတ်၏။ တရားဓမ္မအကြောင်းအရာချည်းသာ မဟုတ်သောကြောင့် ဓမ္မ
အကြောင်းအရာနှင့် ပူးတုံခွာတုံ ရှိ၏။ ထို့ကြောင့် " ထန်းသမား၏ ရင်ဘတ်နှင့် တူသည်"ဟု
ပညာရှင်တို့က သုံးသပ်တော်မူကြကုန်၏။

ရှင်မဟာသီလဝံသ၏ စာပေများကတော့ တရားသဘောချည်းပင် တွေ့ရ၏။ လိပ်၏ ရင်ဘတ်သည် မြေကြီးနှင့် ဘယ်သောအခါမှ မခွာသကဲ့သို့ ရှင်မဟာသီလဝံသ၏ ရေးသမျှ စာပေများသည် လောကုတ္တရာတရားသဘော နှင့် ဘယ်သောအခါမှ မကင်းကွာပေ။ သူ၏ စာပေအားလုံးသည် တရားသဘောများနှင့် အမြဲတမ်းဆက်စပ်နေ၏။

ရှင်မဟာရဋ္ဌသာရ၏ စာလေးများကို ဖတ်ကြည့်လိုက်ရင် အလွန်နှစ်လိုဖွယ်ရာ ကောင်းလှ၏။
" ငါနှင့် ငါသာ၊ နှိုင်းစရာဟု၊
ပညာမုန်ယို၊ အရွယ်ပျိုက၊
မဆိုစလောက်၊ မာန်စောင်မြောက်၍၊
နှုတ်ငေါက် လွန်မိ၊ ဒေါသရှိလည်း၊
နှောင်းပြီးတခါ၊ ရိုသေစွာလျှင်၊ဤစာကိုးခန်း၊
ပုလဲပန်းဖြင့်၊ စိတ်ကြမ်း မာန်လျှော့၊ ငါကန်တော့၏.."တဲ့။
ရှင်မဟာရဋ္ဌသာရသည် အရွယ်နှင့်မလိုက်အောင် ပညာတတ်၏။ ဘုရင့်နန်းတော်ကြီးထဲမှာ ကြီးပြင်းလာခဲ့ရ၏။သူ၏ ဖခင်ကြီးကလည်း နန်းတွင်း ပညာတတ် စာဆိုအမတ်ကြီး ဓမ္မပါလ
ပင်ဖြစ်၏။ ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာအလွန်တတ်တာကြောင့် တော်ရုံတန်ရုံ လူမထင်။
"ငါနှင့် ငါသာ၊ နှိုင်းစရာဟု"၊ ဆိုသည်မှာလည်း ငါလောက် တော်သည့် တတ်သည့်သူကို
နှိုင်းရမယ်ဆိုလျှင် အခြားမရှိ၊ ငါပဲ ရှိမှာပဲတဲ့။ သူ၏ အဖွဲ့အနွဲ့လေးတွေကလည်း သိပ်ကို လှပ၏။ "ပညာမုန်ယို" တဲ့။ ဆင်ကြီး မုန်ယိုသလို ပညာမာန်တွေလည်း မိုယိုနေ၏ တဲ့။
ပညာရှိ သတိဖြစ်ခဲ ဆိုသလို မဆိုသလောက် မာန်တက်ခဲ့သည် တဲ့။

"အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင်မြောက်၍၊ နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း၊"
ဟူသည်မှာတော့ မိမိကိုယ်ကို ပြန်လည် ဝေဖန်သုံးသပ်တာ ဖြစ်၏။ Self-Critisim လုပ်တာ
ဖြစ်၏။ အလွန်တရာ လိုအပ်လှ၏ မိမိ ဘာအမှားလုပ်ခဲ့သလဲ ဆိုတာကို ပြန်လည် သုံးသပ်၏။ "နှောင်းပြီးတခါ၊ ရိုသေစွာလျှင်၊ ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ်ကြမ်းမာန်လျှော့၊
ငါကန်တော့၏" တဲ့။ …သြော် ခုတော့ ငါသိပြီ။ ငါသဘောပေါက် နားလည်သွားပြီ။ ငါတော်
တော်လေး မာန်တက်ခဲ့ပါလား။ မောက်မာခဲ့ပါလား။ လက်မထောင်ခဲ့ပါလား။ ငါ နန်းတော်
ကြီးထဲမှာ ပညာအရာမှာ ဘယ်သူကိုမှ မမှုပဲ စွာကျယ်စွာကျယ် လုပ်ခဲ့ပါကောလား။
ထို့ကြောင့် ဤကဲ့သို့ အလွန်တန်ဘိုးရှိသည့် ကိုးခန်းပျို့ကြီးကို ရေးသားပြီးတော့ အမှားကို
ဝန်ခံ ကန်တော့လိုက်ပါ၏တဲ့။ ပညာရှိတို့မည်သည် သူတို့ တကယ်မှားလျှင် မှားမှန်းသိတာနဲ့
တပြိုင်နက် ဝန်ခံကြ၏။ တောင်းပန်တတ်ကြ၏။ ကန်တော့ကြ၏။ ကောင်းသော အစဉ်
အလာပင်ဖြစ်၏။ ရှင်မဟာရဋ္ဌသာရ၏ စာတွေသည် လောကီသဘောတရားများ ပါရှိသလို
လောကုတ္တရာ သဘောတရားများ ပါရှိသည်ကို တွေ့ရ၏။

ရှင်မဟာသီလဝံသ၏ စာပေများကတော့
" ငါသာငါထက်၊ မာန်မတက်နှင့်၊ 
အထက်နေမင်း၊ လေးကျွန်းချဉ်းလည်း၊
မလင်းတိမ်တိုက်၊ တစ်ကျွန်းမိုက်၏။
နှိုင်းလိုက်သည်သာ၊ ဤအရာကို၊
ပညာရှိက၊ သတိရလေ’’တဲ့။
အရှင်မဟာရဋ္ဌသာရ က "ငါနှင့် ငါသာ၊ နှိုင်းစရာဟု၊ ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆို
စလောက်၊ မာန်စောင်မြောက်၍၊" ဟုဆိုလာသောအခါ အရှင်ဘုရား သိပ်ပြီးတော့လည်း
ဘဝင်မမြင့်နဲ့နော်တဲ့။ လက်မ တထောင်ထောင်လည်း မလုပ်နဲ့ဦး တဲ့။ နေမင်းဟာ ကျွန်းကြီး လေးကျွန်းစလုံးကို ရောက်နိုင်ပေမယ့် တပြိုင်နက်တည်း လေးကျွန်းစလုံးကိုတော့ မလင်းနိုင်ဘူးတဲ့။ "မလင်းတိမ်တိုက်၊ တကျွန်းမိုက်၏။ နှိုင်းလိုက်သည်သာ၊ ဤအရာကို၊
ပညာရှိက၊ သတိရလေ" တဲ့။ အဲလိုပဲ အရှင်ဘုရား အကုန်မသိဘူး။ အရှင်ဘုရား မသိတဲ့အရာ
တခုခုတော့ ရှိကို ရှိရမယ်ဟု အရှင်မဟာသီလဝံသ စာဆိုတော်ကြီးက ဆိုလို၏။ လိပ်၏ ရင်ဘတ်သည် မြေကြီးနှင့် မခွာသကဲ့သို့ အရှင်မဟာသီလဝံသ၏ စာပေများသည် တရား သဘောများနှင့် ပြည့်လျှမ်းနေ၏။ တရားသဘောမှ ဘယ်သောအခါမှ မကင်းကွာပေ။

ထို့ပြင် အရှင် မဟာရဋ္ဌသာရ၏ စာတွေက "တူရိယာငါးပါးကို တပြိုင်နက် တီးမှုတ်သလိုပဲ"
ဟု မှတ်ချက်ပြုတော်မူကြသေး၏။ ဆိုလိုသည်မှာတော့ ရှင်မဟာရဋ္ဌသာရဆရာတော်က
လောကီရေးရာများ ပါဝင်နေ၏ ။ အချစ်ရေး အချစ်ရာများတွင်လည်း " ညခင်း ဆည်းဆာ
တွင်၊ ကျွန်ုပ်မြင်သည်၊ ရယ်ရွှင်ပြုံးတုံ့၊ မပြုံးတုံ့။" တဲ့။ မိန်းကလေးက ပြုံးမလိုလို ရယ်မလိုလို
လေးနဲ့တဲ့။ ပြုံးတုံ့ မပြုံးတုံ့လေး ဖြစ်နေတာကိုက ပို၍ချစ်စရာ ကောင်း၏တဲ့။ ဆံပင်လေးကို
လည်း" ထုံးတုံ့ မထုံးတုံ့ " တဲ့။ ဆံပင်လေးကလည်း ထုံးထားတာလည်း မဟုတ်ဘူးတဲ့။ ပြေ
လျော့လျော့တဲ့။ ထို့ပြင် "ရွှေရင် ဖုံးတုံ့ မဖုံးတုံ့။" ဆိုတာတွေကိုလည်း ရှင်မဟာရဋ္ဌသာရက
မြင်တော်မူသေး၏။ အင်မတန် အမြင်စူးရှသည့် စာဆိုရှင်။ စေ့စေ့စပ်စပ် ကြည့်ထား
ဟန်တူ၏။ သုတေသန ပြုထားဟန်တူ၏။ မည်သို့ပင်ဆိုစေ အရှင်မဟာရဋ္ဌသာရ၏ စာများ
သည်လည်း ရာသက်ပန် ကောင်းမွန်လှ၏။ အလွန်အမြင်စူးရှပြီး လက်ရာမြောက်လှ၏။
လောကီလောကုတ္တရာ သဘောတရားများ ရောယှက်နေသောကြောင့် Very Colourful
and very Musical works အလွန်တရာ ရောင်စုံယှက်သန်းပြီး ဖတ်လို့ အလွန်တရာ
ကောင်းလှသည့် လက်ရာများဖြစ်၏။ တူရိယာငါးပါးကို တပြိုင်နက် တီးမှုတ်သကဲ့သို့ သာယာ
ချိုမြလှ၏။ အရောင်သွေးစုံ၏။ ချစ်စရာ သိပ်ကောင်းလှ၏။

အရှင်မဟာသီလဝံသ၏ စာများကတော့ စည်ကြီး ဟိန်းသံလိုဘဲ ဟု ဆိုကြ၏။ "မြို့ရွှေထီး၊
စည်ကြီးပါပဲ၊ တီးတီးသမျှ၊ ဖိန့်ဖိန့်တုန်"ဟူသော မန်လည်ဆရာတော်ကြီး၏ မဃဒေဝလင်္ကာ
အဆိုကဲ့သို့ အရှင်မဟာသီလဝံသ၏ စာများသည် အလွန်တည်ငြိမ်လှ၏။ အရောင်တခုတည်း
ခြယ်ထားသလို၊ ညို့မှိုင်းနေသည့် အရောင်တခုတည်းဖြင့် ခြယ်ထားသလို အလွန် ဣနြေ္ဒ
ရင့်ကျက်လှ၏။ ရင့်ကျက်သော သီလသမာဓိ ပညာတို့ အခြေခံပြီး ရေးတော်မူသောကြောင့် အလွန်နက်နက်လှ၏။ ထို့ကြောင့် အရှင်မဟာသီလဝံသ၏ ရေးရေးသမျှ စာများသည် ဖိန့်ဖိန့်
တုန်အောင် သံသာမြည်ဟီးလှ၏။ သူ၏စာတွေ ဖတ်ကြရသောအခါ စည်ကြီး ဟိန်းသလိုပဲ
ကောင်းလိုက်တာ၊ အနှစ်သာရရှိလိုက်တာဟု ပညာရှိသူတော်ကောင်းတို့ကပင် ချီးမွန်းသံ
တသံတည်း ထွက်ပြီးတော့ ဟို..အဝေးထိအောင် ပျံ့နှံ့ကာ မည်ဟိန်းလေတော့၏ ဟု မှတ် ချက်ပြုတော်မူကြ၏။ ထို့ပြင်
" တောင်းကို မဖောက်၊ တောက်ကို ဖောက်၊ ထွင်းဖောက် သိမြင်၊ သီလဝံ။" ဟုလည်း မှတ် ချက်ပြုကြသည်ကို ဖတ်ရှုရသေး၏။ ဆိုလိုသည်မှာ အရှင်မဟာသီလဝံသ၏ ဉာဏ်ပညာ သည် တောင်းကဲ့သို့ သေးငယ်သော အရာ- မှုကိစ္စတွေကိုလောက်သာ သိတာမဟုတ် အင်မတန် တောင်ကြီးကဲ့သို့ ထူထဲ သိပ်သည်းလှသည့် လေးနက်သော ဓမ္မအကြောင်းအရာ
ကို ထွင်းဖောက် သိမြင်နိုင်စွမ်းရှိ၏ ဟု ဆိုလို၏။ ဤကား အင်းဝ စာဆိုရှင် အရှင်မဟာရဋ္ဌ
သာရနှင့် အရှင်မဟာသီလဝံသ တို့၏ စာတွေအပေါ် ဝေဖန်သုံးသပ်ချက် အချို့ဖြစ်ပါသည်။
ထိုကြောင့် ယနေ့ခေတ် မြန်မာနိုင်ငံ၌ စာပေဝေဖန်ရေးကို အင်းဝခေတ်က စတင်ခဲ့သည်ဟု
ဆိုလျှင် မှားအံမထင်။
အားလုံးကျန်းမာကြပါစေ။
မေတ္တာဖြင့်- မေ့သားလှ(ဇလဂ္ဂ)
Nwehninmoe

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...