သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, September 20, 2013

PostHeaderIcon လှေသဘင် နွှဲပျော် တော်သလင်း ပွဲတော်

 မိုးနှောင်းကာလ ရေခင်းသာသော အချိန်ဟု ရှေးလူကြီးသူမတို့က ဆိုကြပေသည်။ ထိုလ
သည် မုတ်သုံဆုတ်သော လ ဖြစ်သောကြောင့် တော်သလင်း မြစ်တွင်း သင်ဖြူးခင်း ဟူ
သော အဆိုမှာ အလွန်မှ သင့်မြတ်မှန်ကန်လှပါပေတော့သည်။ လှိုင်းလေ မရှိပဲ မြစ်တွင်း
မှာ ငြိမ်ကာ ရေစီးလည်း မကြမ်းသော အနေအထားမှာ ရှိနေပါချေသည်။
တော်သလင်းလသည် ကန်ရာသီခွင်အခါ၌ သက်ရောက်ပြီး ပြုဗ္ဗဘဒြပိုဒ်နှင့် အဗဒ္ဓာအမည်ရှိ
သော ဥဗျိုင်း တာရာတို့က သောက်ရှူးကာ မြူးကြွသည့်လ ဖြစ်သလို ထိုလ၏ အလှတရား ကား ရွှေရင်းမာပန်းတို့ လှိုင်လှိုင်ပွင့်ကာ မွှေးထုံကြွယ်နေသော လပင် ဖြစ်ပါသည်။ ဤလ၏ ပွဲတော်တရပ်မှာ လှေသဘင်ပွဲတော် နွှဲသော မြန်မာထုံးတမ်းစဉ်လာ လှေပြိုင်ပွဲကို ကြီးကျယ်
ခမ်းနား ခြိမ့်သဲစွာ ကျင်းပသော လပင် ဖြစ်ပါပေသည်။
ဤလသည် မိုးကောင်းကင် ကြည်လင်သော လဖြစ်ခြင်း၊ မြန်မာလူမျိုးတို့၏ စည်းလုံးမှု စွမ်း အားတရပ်အဖြစ် ရှေးဘုရင်များ လက်ထက်တော်ကတည်းက ကျင်းပခဲ့ပုံကို ဖိုးသူတော်
ဦးမင်းက ဆိုထားသည်မှာ''ကန်ရာသီ ချိန်တွင်းမို့၊ ရွှေရင်းတဲ့မာငုံ၊ မြိုင်ဟေမာန် သာနန်း
က၊ သုတ်ဖျန်းလေယူဖြန့်၊ သင်းပျံ့ပျံ့ထုံ၊ တိမ်စွန်ဘုံ၊ ရောင်ဟုန်လျှံပ၊ လမင်းသော်တာ
နှင့် အဗဒ္ဓာဆို ရွှေကျီးငယ် နီးသည့် ကာလ''ဟူ၍ ဖွဲ့ဆိုထားသည်ကား တော်သလင်းလ၏
အလှ ပုံရိပ်များပင် ဖြစ်ပါပေသည်။
တော်သလင်းလကို ကင်းဝန်မင်းကြီး ဦးကောင်းကလည်း ဖွဲ့ဆိုထားသည်မှာ''ပန်းရွှေရင်းမာ၊ လှိုင်စွာပျံ့သင်း၊ တော်သလင်း''ဟု ဖွဲ့ဆိုထားသည်မှာ ဤ တော်သလင်းလအခါ၌ ဝေဝေ
ဆာဆာ ပွင့်ဖူးပေသောရာသီ အထိမ်းအမှတ် ပန်းမှာ ရင်းမာပန်း ဖြစ်ကြောင်းကို ပီပြင်စွာ ဖွဲ့ဆိုထားပါသည်။ လှေပွဲသဘင်ခံကာ ကျင်းပပုံကိုလည်း ကင်းဝန်မင်းကြီး ဖွဲ့ဆိုထားသည်မှာ ''တော်သလင်းဆီ၊ ကန်ရာသီ၊ ထွန်းချီဘဒြ၊ ရင်းမာလှိုင်မြဲ၊ ခိုင်လုံးဆွဲ၊ လှေပွဲသဘင်က''
စသည်ဖြင့် မှတ်သားဖွယ် ကြည်နူးရွှင်ပျလှသော ကဗျာများကို သီကုံးထားခြင်းကြောင့်
တော်သလင်း လသည် လှေလှော်ပြိုင်ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့သည်မှာ ရှေးမြန်မာ
မင်းများလက်ထက်တော်ကတည်းက ရှိခဲ့ကြောင်း လေ့လာ တွေ့ရှိရပါလေသည်။
ဤ တော်သလင်းလသည် နေပူပြင်းလျှင်လည်း တော်သလင်းနေ ပုစွန်သေ၊ မိုးမပြတ်၍
ရွာသွန်းပြန်လျှင်လည်း တော်သလင်းမိုး၊ ကန်သင်းကျိုး ဟူသော စကားရပ်အတိုင်း ရွာသွန်း
ဖြိုးတတ်ပါပေသည်။ တော်သလင်းတိမ်ညို  စားဖိုသည်ဆင်းရဲ မိုးမစဲ'ဟူ၍ မိုးမစဲပဲ ရွာသွန်းမြဲ
ရှိပါပေသည်။ ထမင်းချက်ရသော ဆင်းရဲသူ အိမ်ရှင်မများ ဒုက္ခနှင့် ကြုံတွေ့ရပုံကိုလည်း
ဥပမာ ပြဆိုထားပါပေသည်။
သို့သော် ဤ တော်သလင်းလ အခါသည် မိုးနှင့်နွားသိုး အစိုးမရ ဆိုသကဲ့သို့ ရွာချင်သလို ရွာပေတတ်သောကြောင့် တော်သလင်းလ၌ ရွာသွန်းသော မိုးမှာ သည်းထန်သောကြောင့်
ကန်သင်းပင် ကျိုးတတ်သဖြင့် တော်သလင်းမိုး ကန်သင်းကျိုး ဟူ၍ ဆိုထားသည်လည်း ရှိပါ
ပေသည်။
ဤလကို လှေစီးသော မိန်းမပျို ကညာမေတို့ နှစ်ခြိုက်သောကြောင့်''ကုမ္မာရီမာသ''
(ကန်ရာသီ) ဟု ခေါ်တွင်ခဲ့ကြခြင်းဖြစ်ပေသည်။ ထိုသို့သော သာယာလှသည့် ပွင့်လင်းရာသီ
တွင် လှေစီး ရာသီအကြိုက်ဖြစ်သော လှေပွဲသဘင်များကို ရှေးမြန်မာဘုရင် လက်ထက်တော် ကတည်းက မြစ်နဒီများအတွင်း၌ လှော်ကြရင်း ပြိုင်ကြ၍ ပြိုင်ကြရင်း လှော်ခတ်ကြလျက်
တော်သလင်းလ၏ အထင်ကရ ပွဲလမ်းတခုအဖြစ် ရှေးရိုးစဉ်ဆက် ကျင်းပလာကြောင်း
ကို မြတ်နိုး နှစ်သက်စွာ တင်ပြလိုက်ရပါလေသည်။
အမှတ်တရ ပွဲခင်းတခု ဖြစ်ကြောင်း သိရှိရပါသည်။
ထိုသို့ လှေပွဲသဘင်ကို ဆီသည်ရွာစား ဦးအောင်ကြီး၏ လူးတားကဗျာကလည်း ဤသို့ ဆိုထား
ပြန်ပါ၏။ ''လှေချင်း လှော်ပြိုင်၊ ခွင့်ရေး ကိုင်၍၊ လေးတိုင် တန်ဆောင်း၊ မမြင့်ထောင်းကို၊
နီမောင်း ပုဆိုး၊ ဝှဲဝှဲမိုးလျက်၊ ပိုက်ကြိုး သွယ်ခံ၊ ဝန်းရံကာကျင်း၊ ခုန်ကာ ဆင်းသော်၊ မင်းများ
မှန်ဆု၊ ထွက်ခံ ရှုသည်'' ဟု ဆိုထားခြင်းကို လေ့လာရမည် ဆိုပါလျှင် ရှေးမြန်မာမင်းတို့ ကိုယ်တိုင် လှေပွဲတော်ကို ကြည့်ရှုတော်မူကြကြောင်း၊ မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်ကို
လှေပြိုင်ပွဲက တဆင့် မြှင့်တင်ပေးနိုင်ရန် ရည်သန်လျက်ရှိကြောင်း၊ ဤလှေပြိုင်ပွဲ သဘင်များ ကို တော်သလင်းလ ချိန်ခါကာလ ရောက်လေတိုင်း ကျင်းပမြဲ ဖြစ်သည်ကို သမိုင်း သာဓက အထောက်အထားများစွာ တို့ကို ရှုမြင်ရသောကြောင့် အလွန်မှ နှစ်ထောင်းအားရ ဂုဏ်ယူစွာ
တင်ပြရပါပေမည်။
တော်သလင်းလ၏ ပုံရိပ်ကား အလွန်မှ ကြည်နူးနှစ် သက်ဖွယ် ရှိပုံကို စာဆိုရှင်လူ ဦးမင်း
ကလည်း ဖွဲ့ဆိုထားပြန်ပါသည်။''ရေယဉ်စမ်း ငယ်နှင့်၊ သောင်ကမ်းငယ် ပြည့်လျှံ၊ မြစ်လုံးငယ် ညံသည်၊ လှော်တက်သံ မြိုင်မြိုင်နှင့် လှေပြိုင်ကျင်းတဲ့ လကိုလေး'' ဟူ၍ လှေပွဲတော်
အကြောင်းကို တင်စားထားခဲ့ခြင်း ဖြစ်ပါပေသည်။
တော်သလင်းလတွင် ရှေးကာလ ကတည်းက စဉ်လာမပျက် ခင်းကျင်းခဲ့ကြသော ပွဲတော်လှေ ပွဲသဘင်ဖြစ်ပေသည်။ မြန်မာတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် တင့်တယ်စွာ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ် ထုံးတမ်းစဉ်လာအရ နေ
ထိုင်လာကြသည့်အလျောက် တော်သလင်းလ ရောက်လေတိုင်း မြန်မာအလှ လှေသဘင်
ပွဲများကို မင်းခမ်းမင်းနား အခမ်းအနားများဖြင့် ကျင်းပခဲ့ပုံကို ရှေးစာဆိုကြီးများ၏ ကဗျာစာပေ
တို့က ဖော်ညွှန်းထားသည်ကို ထင်ရှားစွာ တွေ့မြင်မှုအပေါ် ဂုဏ်ယူဝင့်ကြွားစွာ တင်ပြရပါ
ပေသည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှု လှေသဘင်ပွဲတော်ကို အမျိုးသားရေး အနှစ်သာရနှင့် ဖော်ဆောင်
နေသည့် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းမှုလည်း ရောက်ပါပေသည်။ မြန်မာတို့၏ စည်းလုံး ညီ
ညွတ်မှု၊ လှေခွက်ချည်းကျန်၊ အောင်လံမလဲဟူသော ဇာတိမာန် စိတ်ထားတို့ကို မျိုးစေ့ချ ပေး သကဲ့သို့ ဖြစ်ပါပေသည်။ တလှေတည်းစီး တခရီးတည်း သွားကြသော တိုင်းရင်းသားတို့၏ 
သွေးစည်းညီညွတ်မှု ပုံရိပ်ကိုလည်း ဖြစ်ပေါ်စေပါသည်။
ရာသီဥတု သာယာအေးချမ်းသော တော်သလင်းလဝယ် တစိတ်တဝမ်းတည်း တက်ညီ
လက်ညီ လှော်ခတ် ၍ပန်းတိုင်သို့ လှမ်းဝင်နိုင်မည့် ဇွဲ၊ လုံ့လ၊ ဝီရိယ စိတ်ဓာတ်ကိုလည်း ရှင်သန်စေပြီး မြန်မာပီပီ ဘာမထီ ဇာနည်မျိုးနွယ်များ ဖြစ်ကြသော မြန်မာ့သွေးကို ထို
တော်သလင်းလ၏ လှေလှော်ပြိုင်ပွဲကြီးက တဆင့် အနှစ်သာရ ပြည့်ဝစွာ စောင့်ထိန်းကြဖို့ လိုအပ်လှပါကြောင်းနှင့် မြန်မာ့ ဇာတိမာန်ကို တော်သလင်းလ လှေပြိုင်ပွဲမှ တဆင့် လေးစား
ဂုဏ်ယူစွာ တင်ပြ ရေးသားလိုက်ရပါတော့သတည်း။
မြဝတီ...ရွှေတိုင်လွင်။

***********************************************
တော်သလင်းလ (စက်တင်ဘာလ)ဟာ လထူး လမြတ်ဖြစ်ကြောင်း ထောင်သောင်းမက
သော သမိုင်းများက သက်သေခံလျှက် ရှိပါတယ်။ မြန်မာနိုင်ငံသားတို့ရဲ့ပျော်ရွှင်စရာ၊
ကြည်နူးစရာ၊ ဂုဏ်ယူစရာ၊ အလံထူရာပွဲတော် တခုဖြစ်တဲ့ လှေသဘင်ပြိုင်ပွဲကို ဒီလို
တော်သလင်းလမှာ ကျင်းပတာပါ။
သစ်ဆင်းရယ်တဲ့ လမာသာ၊
မြစ်လုံးငယ် ဆူညံလို့၊
လှော်တက်သံ လှေပြိုင်ပွဲငယ်၊
နွှဲပျော်ကြရှာ။
ယုန်ရထားအိမ် သီတလမှာတဲ့၊
ပုဏ္ဏဒိန် ကြည်ကြည်ပပါလို့၊
မည်ဗဒြ ကြယ်ပြုဗ္ဗါ၊
ယှဉ်လာ၍ ပြည့်ဝန်း၊
ဒွါဒရာ၊
ငှက်ဗျိုင်း တာရာနှင့်၊
ရွှေယင်းမာ ငုံပွင့်ကင်းကြတယ်၊
သင်းတဲ့ သည်ပန်း။

မဟာဂီတ ဦးပြုံးချိုရဲ့ တော်သလင်းလဘွဲ့ပါ။ တော်သလင်းလရဲ့ ဂုဏ်ဒြပ်တွဟာ ဘယ်
လောက် သာယာဖွယ် ကောင်းတယ်ဆိုတာကို ကဗျာနဲ့ ဦးပြုံးချိုက ဝိသေသပြုထား
တာပါ။ မွှမ်းတင်ထားတာပါ။ တကယ်၌လည်း သာယာဖွယ်များနဲ့ ထူးခြားတဲ့ စိမ်းစိမ်းစိုစိုနဲ့ မိုးသုံးလရဲ့ နောက်ဆုံး လပါ။ ပြီးတော့ လှေလှော်ပြိုင်ပွဲ ဆိုတာကလည်း တကယ့်ကို
ပျော်စရာကောင်းတဲ့ ပြိုင်ပွဲတခုပါ။ ပြိုင်ပွဲဝင် လှေလှော်သမားများဟာ ကျန်းမာကြံ့ခိုင်ပြီး
လက်မောင်း၊ လက်ဖျံ၊ လက်ဆစ်တို့ဟာ ကျစ်လစ်ခိုင်မာပြီး အားကောင်းမှ သူနိုင်ကိုယ်နိုင်
အပြိုင်ချဲရတာပါ။ အိုးစည်၊ ဗုံ၊မောင်း၊ လင်ကွင်း၊ ဝါးလက်ခုပ် တူရိယာအမျိုးမျိုး တီးမှုတ်
ကြပြီး၊ လှေပြိုင်သီချင်းတွေဆိုကြတယ်။ ရပ်ရပ်ရွာရွာ၊ မြို့မြို့နယ်နယ်က ပြိုင်ပွဲဝင် အသင်း
ကလည်း အများကြီးပါပဲ။ ရပ်သူ-ရွာသားများက ရပ်လုံးကျွတ်၊ရွာလုံးကျွတ် ဘိုးဘိုး၊ဘွားဘွား
ကစလို့ လူမမယ်ကလေးငယ် အဆုံး အားပေးကြတာပါ။ အနိုင်ရတဲ့ အသင်းကတော့
ရင်မော့မော့ ခါးကျော့ကျော့နဲ့ ပျိုမေများရဲ့ ပါးစပ်ဖျားမှာ သကာပျားဖြင့် တင်ခံကြရ
တာပေါ့။
လှေပြိုင်ပွဲရဲ့ ထူးခြားတဲ့ ဒြပ်တခုက ညီညွတ်ခြင်းပါပဲ။ ပြိင်ပွဲဝင် လှေလှော်သမားများက
ကာယဗလ၊ ဉာဏဗလပြည့်စုံကြရတယ်။ အားပေးသူ ပရိတ်သတ်လည်းရှိရတယ်။ အားပေး
သူတွေက လှေလှော်သမားများကို ပြစ်တင်မောင်းမဲဆဲဆိုရင် လှေလှော်သမားများကလည်း
အားတက်ခြင်း၊ မြူးကြွခြင်း မရှိတော့ဘဲ အရှုံးပေးရတတ်တယ်။ လှေလှော်သမားအချင်းချင်း
လဲ နားလည်မှု ရှိရပါတယ်။ တရောက်တပေါက် လှော်ခတ်လို့မရပါဘူး။ ဟန်ချက်ညီညီ
လှော်တတ်ဖို့လိုပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရတဲ့ အသင်းဟာ ညီညွတ်မှု၊ အချင်းချင်း နားလည်မှု၊
ကာယ၊ ဉာဏပြည့်စုံမှု၊ ပရိသတ်အားပေးမှု၊ ဟန်ချက်ညီမှုရှိဆုံးလို့ ယူဆလို့ရပါတယ်။
ဒါကြောင့် ပန်းတိုင်ရောက်ပြီး အောင်လံကို ကိုင်နိုင်တာပေါ့။ ဒီလို ဂုဏ်ဒြပ်တွေနဲ့ ပြည်စုံ
တဲ့ မြန်မာ့ရိုးရာ လှေပြိုင်ပွဲကို ဒီတော်သလင်းလ (စက်တင်ဘာလ)မှာ ကျင်းပကြပါတယ်။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...