သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, September 23, 2013

PostHeaderIcon ရှက်စရာကောင်းလောက်အောင် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတယ်

ရှက်စရာကောင်းလောက်အောင် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတယ်
************************************************************
မင်းတို့ ဗမာပြည် လွတ်လပ်ရေးရတာ နှစ်ပေါင်း ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးရှိပြီ။

ဗမာပြည် တိုးတက်အောင် မလုပ်နိုင်ကြဘူးကွ၊ အဲဒါ ဘာဖြစ်လို့လဲဆိုရင် ဆိုးပင်ပျိုးလို့၊
ဘာဆိုးပင်လဲ ဆိုရင် အတ္တမာန အတ္တဒိဋ္ဌိဆိုတဲ့ ဆိုးပင်ကွ၊ အတ္တမာန အတ္တဒိဋ္ဌိဆိုတာ
အကုသိုလ်ကွ၊ အကုသိုလ်ဆိုတာ ဆိုးပင်ခေါ်တယ်ကွ၊ အတ္တမာန အတ္တဒိဋ္ဌိ အကုသိုလ်
ဆိုးပင် ပျိုးတော့ ဘာအကျိုးရတုန်း (ဆိုးကျိုးတွေ ရပါတယ်ဘုရား)

အဲဒီ အတ္တမာန အတ္တဒိဋ္ဌိတွေ ခံပြီးတော့ တဦးတဦး တပါတီနဲ့ တပါတီ မတဲ့ဘူး၊ မညီညွတ်

ဘူး၊ ညီညွတ်ရဲ့လား၊ (မညီညွတ်ပါဘုရား) မညီညွတ်ဘူး မတဲ့ဘူးဆိုတာ တရားကိုယ်က
ဒေါသကွ၊ ဒေါသဆိုတာ အကုသိုလ်၊ အကုသိုလ်ဆိုတာ ဆိုးပင်၊ အဲဒီ အကုသိုလ်ဆိုးပင်တွေ
စိုက်ပျိုးနေတဲ့ မင်းတို့ ဗမာပြည် ဆိုးကျိုးတွေရနေတာ။

မင်းတို့ နိုင်ငံခြားနဲ့ ယှဉ်ကြည့်ရင် ရှက်စရာကောင်းလောက်အောင်ကို ဖွံ့ဖြိုးတိုးတက်မှု

နှေးကွေးတယ်၊ ဒို့ဗမာပြည် လွပ်လပ်ရေးရပြီး မကြာမီ ယိုးဒယားက ၀န်ကြီးချုပ်လာတယ်၊ အဲဒီဝန်ကြီးက လေဆိပ်မှာ ဘာပြောသလဲဆိုရင်“ကျွန်တော်တို့ ဗမာပြည်မှီအောင်
နောင်(၁၀)နှစ်လောက် ကြာအောင် ကျွန်တော်တို့ လိုက်ရမယ်”တဲ့။ အဲဒီတုန်းက
ယိုးဒယားက စုတ်ချာလို့၊ ဗမာပြည်က တိုးတက်တယ်၊ ဒီတော့ သူက ဗမာပြည်မှီအောင်
ကျွန်တော်တို့ အနည်းဆုံး(၁၀)နှစ်လောက် လိုက်ရမယ်လို့ ပြောသွားတယ်။

ဒို့က အခု ယိုးဒယားကို မှီအောင် အနှစ်နှစ်ထောင်လိုက်တောင် မှီမှာမဟုတ်ဘူး၊

မော့ကြည့်နေရတယ်၊ ဟိုမှာ ကောင်းကင်လမ်းတွေ ဘာတွေနဲ့၊ မြေပေါ်မှာလဲ ရှိတယ်၊
ကားတွေကလဲ များတယ်၊ ကြပ်သိပ်နေတာပေါ့ကွာ၊ အဲသလို တိုးတက်နေတယ်၊ အဲဒီ
နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် မင်းတို့ ဗမာပြည်ဟာ ရှက်စရာကောင်းလောက်အောင် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတယ်။ အဲဒါ တရားကိုယ် စစ်တမ်းထုတ်ကြည့်ရင် ဆိုးပင်ပျိုးလို့။

---------------------------------
မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ် ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...