သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, September 12, 2013

PostHeaderIcon ရှေးခတ် ပုဂံပြည်

 ရှေးခတ် ပုဂံပြည်
*************
မောင်တို့ ကြားကုန်လော့။
မယ်တို့ ကြားကုန်လော့။
ရှေးဖျား ပုဂံပြေမှာဖြင့်
မြန်မာတတွေမှာ ရတနာရွှေငွေ အပေါင်းငဲ့ပြင်
မင်းကောင်း နော်ရထာတဲ့
မော်စရာ ဟိုတခေတ်ကိုဖြင့်
ဉာဏ်သစ်ကာ တရွှင်ရွှင်နဲ့ 
ဘဝင်မှာ အမြင်မှန်းကာပေါ့
တမ်းတ၍ ကြည်ညိုပါ။

သြော်… ပြေမြန်မာ ခေတ်ထူး
ရာဇဝင်မှာ စာတင်လို့ ကျူးခဲ့ကြ
ငထွေးရူး လုံးလဖယ်
ညောင်ဦးနယ် ကိုရွှေဖီး
ရွှေထီးလောင်း မင်းကျန်စစ်
ထီမထင်အောင်၊ ပြည်ခွင်ကို ချစ်ခဲ့ကြ
ရဲစစ်တပ် ခြံအရံ၊ မြန်မာ့ နယ်တရိုး
ရန်ထိုထိုကို၊ ရန်လိုလျှင် ချိုးခဲ့၍
မြို့ရိုးမှာဖြင့် ပြေပုဂံ၊ ရဲစစ်တပ် အပြန်မှာ။

အောင်လံတွေ ရောင်ပျံမြူးကာပါ့
တပ်ဦးမှာ တချီချီနဲ့ 
အောင်ရွှေစည် အောင်သံ ညှင်းလိုက်တော့
ပြည်တွင်းမှာ ညံဆူဆူနဲ့ 
ကျန်ရစ်သူ ပုဂံသားတို့ မှာလ
အားတက်ကြမှာ။

လာစမ်းဟဲ့ မေ့သား
အမယ်မင်း ထွားလိုက်တာ
စစ်သားကြီး လုံးလုံး၊ ဗိုလ်မှူးကြီး ရှုံးလောက်ရဲ့
ပခုံးနဲ့ လက်ပြင်၊ ကြောခြင်က သံချောင်း
တနှစ်အတွင်းမှာ၊ ချက်ချင်းပဲ ပြောင်းရော့
ကောင်းလိုက်ပေ့ မေ့သား
ဤဇမ္ဗူ၊ တလူရှားလောက်ရဲ့
မယ်ဘွားမှာလေ
ပန်းသပြေနှင့် ညောင်ရေသွန်းလောင်း
ပြည်ကြီးရှင် အနိုင်ရလို့
ငါ့သားလှ ပြန်လာကြောင်းကို
နေ့တိုင်းပဲ တောင်းရတယ်
အမယ် မမ
သားလှ တွက်တာ၊ နောင်များဖြင့် ပူပါနဲ့ 
ပုဂံမှာမွေး၊ ပုဂံသွေးမို့ 
အလေးမမူ၊ အသက်ပင်လှူခဲ့ပေါ့
ပြည်သူ သက်စွန့်၊ လက်ရုံး အားအင် ဒီတအားနဲ့ 
ဘယ်တိုင်းခြား ဝံ့မတုန်းတဲ့ ။....

ယာလက်ရုံး
နှလုံးမှာ ဖြူစင်ကြယ်နဲ့ 
လူတွင်ကျယ် ပုဂံသားတွေတို့
ကိုယ့်အားကို ကိုယ်ယုံကိုးကာပ
ကိုယ့်မျိုးဂုဏ် တမာန်တက်ပေလိမ့်
ဓားထက်တဲ့ ပုဂံမှာ
မြန်မာတို့ ခေတ်ဟောင်း။

စေတီနဲ့ တန်ဆောင်း
ဆည်ချောင်းနဲ့ စပါးနှံ
ရွှေပေါက္ကံ ပြည်တကြောမှာ
ပေါချင်တိုင်း ပေါတဲ့ပြင်
ဝပြောတဲ့ သာသနာ
ခေါင်းလောင်းသံ ညံမစဲရယ်နဲ့
ပုဂံပွဲ သာလွန်းလို့
လာသူလာ သွားသူသွား
လယ်တွင်းသား ပြည်တော်သား
အသည်သား မင်းမှုထမ်း
တစိတ်ဝမ်း တလက်ညီ
ပြည်ရေးကို ပြိုင်တူ ချီကြတော့
ပြည်တော်မြတ် ပဲ့တင်သံ
ဘဝဂ် ပြန်ပါရော့။

တရားငယ်မှန်
ရှင်မြတ်ကယ် ထေရ်အရဟံနဲ့ 
ပြေပုဂံ နော်ရထာဖုန်းငဲ့ပြင်
ပြည်လုံး ညီညာတော့
ဤကမ္ဘာမှာ ပြည်မြန်မာရယ်လို့  ဝင်းခဲ့သတဲ့…
ဒီမင်း ဒီပြည်ထောင်ဖြင့်
မလေးမောင် ချစ်မငြီးနိုင်ဘု
ရွှေစည်းခုံ ခြေတော်ရင်းဆီက
ခေတ်ဟောင်းစံ ပုဂံသီချင်းကိုဖြင့်
ညှင်းဆိုခဲ့ကြောင်း။

(ဇော်ဂျီ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...