သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, September 30, 2013

PostHeaderIcon ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်သားစရာ စကားများ



 လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်သားစရာ စကားများ
***********************
“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်
ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်
ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက်ကြီးတဲ့
လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိ
ရင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတယောက်က
ဝတ္တရားနှင့် မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သက်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်
ဟာ နည်းကျ၊မကျ၊ တရား၊မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို
ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တခြား
အကြီးအမှူးတယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်းက
မှန်တယ်၊ မှားတယ် သိနိုင်မယ်။”

“လက်ဖွဲ့အနေနဲ့ ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာ အရပ်များသည်
အောင်မြေချည်း ဖြစ်လိမ့်မည်။”
“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲ ဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးက
စပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊အကျင့်စာရိတ္တ၊ အလုပ်
အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော်အမြင်ရှိတယ်လို့ တွေ့တာနဲ့ တပြိုင်နက် ကျုပ်ဟာ အဲဒီလို
တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ဒါကြောင့် ရဲဘော်တို့အားလုံး
ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“တခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျစကားပဲ။ဒါပေမယ့် ထပ်ပြီး အဓိပ္ပါယ်
လေးနက်အောင် ပြောပြလိုက်အုံးမယ်။ ငါတို့ စစ်တပ်ဟာ နိုင်ငံသူနိုင်ငံသားတွေကို ညှဉ်း
ဖို့မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့အစေခံဖြစ်ရမယ်။
နိုင်ငံဟာ စစ်တပ်ရဲ့အစေခံမဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြ
တာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ်ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ
မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ
တွေမဟုတ်။ နိုင်ငံရဲ့မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံး သဘောပေါက်အောင်
ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်း
ချင်တဲ့စိတ်ရှိတယ်။ အားနည်းတဲ့ လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့ အားကြီး
နေတဲ့ လူတွေကို လက်နက်အားကိုး အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။ မိမိတို့
ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက
ပြောတာတွေ မေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံအတိုင်းပဲ။ ငါတို့က ဒီလိုမဟုတ်။ အား
နည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားရင် မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်
တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။
အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ်တယ်လို့ ပြောတာပဲ။”

“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ ဟုတ်တာနှင့်
မဟုတ်တာ ခွဲခြားသိရမယ်။”

“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာ
တွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊လူရိုင်းတွေ၊ လူ့ဂွစာတွေ၊ လူ့မတရားတွေလို့
ဒီကမ္ဘာက အထင်ခံရအောင် မလုပ်ကြပါနှင့်။ ဗမာတွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်
လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”
“နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ် မထားကြဖို့ပဲ။ ဒီ
နိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံတွေ မှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။
တခြား စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊အမျိုးမျိုး စွန့်စား
လုပ်ကြတဲ့ လူတွေလည်းရှိတယ်။ အဲဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ်
သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခု နားလည်စေချင်တယ်။ ကျုပ်ဟာ
စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့အခွင့်အရေးကို မတရား ချိုး
ဖျက်မယ်ဆိုယင် ကျုပ်အစွမ်းကုန် ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်
တယ်။ ယနေ့ ဒီမှာပြောတာတွေ အားလုံးစစ်သားတွေ သိပါစေ။သိအောင် ပြောပြကြပါ။
အဲဒါ နောက်ဆုံး မှာကြားခြင်းပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ် စိတ်ပျက်
စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီးရှိတယ် ဆိုပေ မယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”
“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာ အတတ်တွေ တစ်ချို့
သင်ကြားနေတယ်လို့ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊မတော်တယ်လို့တော့ မသိ
ဘူး။ ဒီအတိုင်းသာ မှန်လို့ရှိရင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊တိုင်းပြည်
အကျိုးရှိရာရှိကြောင်းအလုပ်တွေကို လုပ်ပေးကြမယ်ဆိုရင် ဗမာပြည်ဟာ တိုးတက်ဖို့
နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ် ကာကွယ်မယ့် သူတွေဟာ ပြည်သူတွေပဲ။
သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

“အဲဒါကြောင့် တိုင်းသူပြည်သား လူအများနဲ့ ခေါင်းဆောင်ဆိုတဲ့ လူတွေကို ပြောလိုတာက
တော့ တကယ် ကျွန်မဖြစ်ချင်ရင် ကျွန်မဖြစ်တဲ့ နည်းလမ်းတွေ ရှာပြီးတော့ တကယ့် စွန့်စား
မှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြကြပါ။ အချောင်သမားအလုပ်တွေ၊ တပွဲထိုး ဝါဒတွေ၊
ဒါမျိုးတွေနှင့် လုပ်မယ်ဆိုရင်တော့ ဗမာပြည် မစွန်နိုင်ဘူးဆိုတာ တထစ်ချ မှတ်ထားပါ။”
 
“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊ မုန်းရုံနဲ့
ကိုယ်ထင်တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည် နာမှာကို ကြည့်ရမယ်။ ရာထူးတွေ သိပ်မလို
ချင်နဲ့အုံး။ ဆာနေတဲ့ လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။သို့သော် သူတို့စားသလို
ကိုယ် လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ်ဘူး။
ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာ ခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ်
ခေါင်းဆောင်ဖြစ်ချင်ရင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး
လက်ရှိ ခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများ နှာခေါင်းနဲ့ အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။ ကိုယ့်ကိုယ်ကို
တန်ဖိုးထားကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့ ခေါင်းဆောင်မျိုး ဖြစ်အောင်
လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ
မရှိ။ ကြီးကျယ်ချင်တဲ့ လူတွေဟာ ဘယ်တော့မှ ခေါင်းဆောင်ကောင်း မဖြစ်နိုင်ဘူး။ အဲဒီ
လူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုရင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာ
တမ်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက် သာတယ်လို့ ပြနိုင်တဲ့လူပေါ်ရင် ကျုပ်
တို့တော့ ကိုယ့်ကိုယ်ကို တသက်လုံး ခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထား
တယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။
အဲဒါ နောက်ဆုံးစကားပဲ။
(mandalaygazette.com)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...