သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, September 17, 2013

PostHeaderIcon ဒို့သာသနာ ဒို့ဘာသာ



 ဒို့သာသနာ ဒို့ဘာသာ
**************
(စာလေးက သမာသမတ်ကျလို့ သိမ်းလိုက်တာပါ) 
ထေရဝါဒ ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ …
ယနေ့အချိန်မှာ ထေရဝါဒသာသနာကို စော်ကားတိုက်ခိုက်တဲ့ ဝက်ဆိုဒ်တခု ပေါ်ထွက်လာ
တာနဲ့ ပတ်သတ်ပြီး ဗုဒ္ဓဘာသာဝင်အားလုံး စိတ်နှလုံး မအေးချမ်းနိုင်ပဲ ရင်နင့်ကြရတဲ့အဖြစ်
တွေကို သိမြင်မိပါတယ်။ တဦးနဲ့တဦး ဘာသာ အယူဝါဒချင်း မတူညီတဲ့အတွက် ဘာသာ
တရားအရ ငြင်းခုန်နေမယ်ဆိုရင် ဘယ်တော့မှ အမှန်တရားကို ရရှိကြမှာ မဟုတ်ပါဘူး။ ထို့
ကြောင့် သူတပါး ပြောဆို စော်ကားနေတာတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဒေါသတွေ၊ မာန်
မာနတွေ မဖြစ်ကြဖို့ ရှေးဦးစွာ သတိပေးပါရစေ။

အခုလို ဆဲရေးတိုင်းထွာ စော်ကားတာတွေဟာ အခုမှ ပေါ်ပေါက်လာတာလည်း မဟုတ်ပါ
ဘူး။ ဘုရားရှင် လက်ထက်ကတည်းက စိဉ္စမာနဆိုတဲ့ မိန်းမယုတ်က ကိုယ်ဝန်ရှိဟန်ဆောင်
ပြီး စွပ်စွဲတယ်။ ဒေ၀ဒတ်က ဆင်ကို အရက်မူးအောင် တိုက်ပြီး ဘုရားရှင်ကို ဆင်နဲ့ တိုက်
တယ်။ ကျောက်မောင်းဆင်ပြီး အသက်သေအောင် ကြံစည်လုပ်ဆောင်တယ်။ လေးသမား
တွေ လွှတ်ပြီး လေးမြှားနဲ့ ပစ်သတ်ခိုင်းတယ်။ ဘယ်လောက် ယုတ်မာလိုက်တဲ့ လုပ်ဆောင်
ချက်တွေ ဆိုတာ တွေးကြည့်ရုံနဲ့ မြင်သာပါတယ်။ ဗုဒ္ဓဘုရားရှိစဉ်မှာပဲ ဘုရားနဲ့ အနီးကပ်နေ
တဲ့ ပုဂ္ဂိုလ်တွေထဲကတောင် ဘုရားကို သတ်ဖို့ ကြံစည်တဲ့ သူတွေ ပေါ်ပေါက်ခဲ့သေးတယ်
ဆိုရင် ဘုရား မရှိတော့တဲ့ နောက်ပိုင်း ဘုရားသာသနာကို အခြား ဘာသာဝင်တွေက စော်
ကား ပြက်ရယ်ပြုတာသည် မထူးဆန်းဘူးလို့ ဆိုရမှာပါပဲ။


ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားရမှာက အခြားဘာသာက ဖျက်လို့
သာသနာ ပျက်မသွားဘူး ဆိုတာပါပဲ။
သူတို့ နှစ်သက်သလို ပြောကြပါစေ… စော်ကားကြပါစေ… သူတို့အတွက် ထိုက်တန်တဲ့
အကျိုးပေးဆိုတာ ရှိနှင့်ပြီးသားပါ။ ငရဲရှိလား မရှိဘူးလား ဆိုတာ မယုံကြည်သူကို ဖြေရှင်း
နေလို့ အပိုဖြစ်နေမှာပါပဲ။ သူတို့ကိုယ်တိုင် ရောက်တဲ့ နေ့ကျရင်တော့ အဖြေသိမှာပေါ့။
ဗုဒ္ဓမြတ်စွာသည် အခြားဘာသာဝင်တို့က ဘုရား၊ တရား၊ သံဃာတို့ကို စော်ကား ပြောဆို
တာတွေနဲ့ ပတ်သတ်ပြီး တပည့် သာဝကတွေ နှလုံးသွင်း နာယူ လိုက်နာဖို့အတွက် ဒီဃ နိကာယ် ဗြဟ္မဇာလသုတ်တော်မှာ အောက်ပါအတိုင်း မိန့်မှာတော်မူခဲ့ပါတယ်။

“ရဟန်းတို့… သူတပါးတို့သည် ငါ၏ အပြစ်ကို ဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံး

မသာယာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”

“ရဟန်းတို့… သူတပါးတို့သည် ငါ၏ အပြစ်ကို ဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်

တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”

“ရဟန်းတို့… သူတပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤ အကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ ဟု
မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။

ယခုအခါမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ အထက်ပါ အဆုံးအမ အတိုင်း ခံယူလိုက်နာကြပါ။
ဘုရား၊ တရား သံဃာ ရတနာမြတ်သုံးပါး၏ အပြစ်ကို ပြောဆိုကြသည်ကို ကြားသိကြလျှင် ရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်ကြရန် မြတ်ဗုဒ္ဓသည် သတိ
ပေးတော်မူပါတယ်။ အဘယ့်ကြောင့် သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံး
မသာယာခြင်းဟူသော ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏ စိတ်ဓာတ်ငြိမ်းချမ်းရေး တရား
ရရေးကို အနှောင့်အယှက် ပေးနိုင်သောကြောင့် ဖြစ်ပါတယ်။

မဟုတ်တာကို မဟုတ်ကြောင်း၊ မမှန်တာကို မမှန်ကြောင်း ရှင်းလင်းပြောပြသော်လည်း
ကောင်းစွာ ခံယူခြင်း မရှိသူများကို ဥပေက္ခာပြုခြင်းဖြင့် ဆက်ဆံကြပါလို့ အလေးအနက်
အသိပေးပါရစေ။
လူတယောက်က ခွေးကို ခဲနဲ့ ပစ်ရင် အဲဒီခွေးက ခဲကို လိုက်ကိုက်တယ်။ ခြင်္သေ့ကို ပစ်ရင်
ခြင်္သေ့က ပစ်တဲ့သူကို ကိုက်တယ်။ ဒီတော့ ခွေးလို အဖြစ်ခံမလား၊ ခြင်္သေ့လို ကျင့်မလားဆို
တာကို စဉ်းစားကြပါ။ ဘုရားရှင်ဟောခဲ့တာက ခြင်္သေ့လို ကျင့်ဖို့ပါ။အဓိက အကျိုးတရားတခု
ရဲ့ အကြောင်းရင်းကို သတ်ဖို့ပါပဲ။

ဘယ်လို ပုဂ္ဂိုလ်တွေက စော်ကားတိုက်ခိုက်နေပါစေ… မိမိတို့ကိုယ်တိုင် သီလ၊ သမာဓိ၊ ပညာ
သိက္ခာတွေ အပျက်အစီး မခံပဲ ပိုမို ကောင်းမွန်လာအောင် ဖြည့်ဆည်း ဆောင်ရွက်ဖို့ အဓိကပဲ
ဖြစ်ပါတယ်။ ခလုတ်တိုက်တဲ့ ကျောက်တုံးကို ခြေနင်းတုံး အဖြစ် အသုံးချတတ်ရမှာ ဖြစ်သလို ယနေ့တွေ့ကြုံလာရတဲ့ လောကဓံတရားတွေကိုလည်း ကိုယ့်ရဲ့ အသိတရားတွေ ကောင်းမွန်
လာအောင် အသုံးချတတ်ကြရမယ်။ အားလုံး ကိုယ်စီ သတိရှိကြပါ။

ဘေးပယောဂအတွက်ကြောင့် ဒို့သာသနာ ဒို့ဘာသာ ပျက်ဆီးမသွားဘူး။ ဖျက်ဆီးလို့လည်း
မရဘူး။ သာသနာရဲ့ အကျင့်တွေကို လိုက်ပါကျင့်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသမျှ
ကာလပတ်လုံး၊ သာသနာအကျိုးကို စွမ်းဆောင်နေကြတဲ့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ
ရှိနေသ၍ မိမိတို့ ဘာသာ ဘယ်တော့မှ နိမ့်ကျမသွားဘူးဆိုတာ ယုံကြည်ထားကြပါ။

အခုလို အဖျက်တွေ များလာတာနဲ့အတူ မိမိတို့ လုပ်ဆောင်ရမှာက အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေပဲ အဓိကထားပြီး လုပ်ဆောင်ကြဖို့ပါ။ သာသနာတော် စည်ပင်ထွန်း

ကားရေးအတွက် ကိုယ်စီ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့ သာသနာအကျိုးကို တတ်နိုင်တဲ့
ဘက်ကနေ စွမ်းနိုင်သမျှ ဆောင်ရွက်ပေးနိုင်တဲ့ သူတွေ ဖြစ်အောင် ကြိုးစားကြပါလို့…
အချင်းချင်း မေတ္တာရှေ့ရှု၍ သတိပေးပါရစေ…။

သာသနာအကျိုး မိမိအကျိုးအတွက် သူတော်ကောင်းတရားများ လက်ခံကျင့်သုံး

အားထုတ်နိုင်ကြသဖြင့် သူတော်ကောင်းတို့ ရောက်ရာ ပန်းတိုင်ကို ရောက်ရှိ ခံစား၊
စံစားနိုင်ကြပါစေ…
သူတော်ကောင်းဓာတ်၊ တရားမြတ်၊ လွှမ်းပတ်ကမ္ဘာ၊ တည်စေသော်…
(ရေးသားသူ အောင်ဦး)
++++++++++++++++++++++++++++++++++++++++++++++++++++++

မည်သူ့ကိုမှ မထိပါးစေပဲ အလယ်အလတ် ကျတဲ့ တိုက်တွန်းချက် ဆောင်းပါးလေးကို နှစ်သက်
မိလို့ပါပဲ။ မှန်ပါသည်။ ဗုဒ္ဓရှင်တော် သက်ရှိထင်ရှား ရှိနေစဉ်ကလည်း ဒေါဏပုဏ္ဏား ဆိုသူက 
မျက်နှာချင်းဆိုင်ပြီး ဆဲဆိုလာတာတောင် မြတ်ဗုဒ္ဓက မေတ္တာနဲ့ သည်းခံတော်မူကာ အေးအေး
ဆေးဆေး ပြန်လည် ဆက်ဆံရင်း ''လက်ဆောင် လာပေးသူလို အဲဒီ လက်ဆောင်ကို မိမိက
လက်မခံရင် လာပေးတဲ့ သူကပဲ ပြန်ယူသွားရတဲ့ ဥပမာနဲ့ ရှင်းပြပြီး မင်း ဆဲဆိုတာတွေကို ငါ
လက်မခံဘူး။ အဲဒီတော့ မင်းပဲ ပြန်ယူသွားပါ" လို့  တည်ငြိမ်အေးဆေးစွာနဲ့ပင် ဒေါဏ ပုဏ္ဏား
ရဲ့မနာလို ဝန်တိုစိတ်နဲ့ ဒေါသများကို ဖြေပျောက်စေပြီး နှစ်သက်စေခဲ့ပါတယ်။ 

ဒီတော့ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်တရားကိုသာ လက်ကိုင်ပြုပြီး မှန်တဲ့ လမ်းကြောင်းနဲ့ အဆုံးအမ
ဆိုတဲ့ သာသနာကို လူတိုင်းရဲ့အသိထဲမှာ နားလည်ပြီး ကိန်းဝပ်တည်နေအောင်  ဆောင်ရွက်
ထားမယ်ဆိုရင် ဘယ်သူမှ မဖျက်နိုင်ပါဘူး။ အဲဒါကမှ တကယ် သာသနာပြုတာပါ။

မေတ္တာနဲ့ သည်းခံမှုဆိုတာ ဘယ်လိုမှ ချေဖျက်လို့ မရနိုင်တဲ့ ကျောက်ဆောင်ကြီး တခုလိုပါပဲ။
လာတိုက်ခိုက်ရင် တိုက်ခိုက်သူသာ အထိနာစေမှာ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်ရဲ့ဖြစ်စဉ်ကို
ပဲ လေ့လာကြည့်ရင် သိသာနိုင်ပါတယ်။ ဒါက လက်တွေ့တွေပါ။ ဖြစ်လာသမျှ အကျိုးတရား
တွေဟာ အကြောင်း မကင်းကြပါဘူး။ ဒီအကြောင်းကို မမြင်ကြလို့ မြင်အောင် မကြည့်နိုင်
ကြလို့သာ ထင်ရာမြင်ရာ ပြောဆိုနေခြင်းဖြစ်သည်။

အအေးသမားကို အပူနဲ့ လာတိုက်ရင် အပူသမားအတွက် ပို၍ ပူလောင်စေမှာပဲ ဖြစ်သည်။
သူတပါး အပူက မိမိတို့ အပူတွေ ဖြစ်မသွားစေဖို့သာ အရေးကြီးပါသည်။ အရှင်မဟာမောဂ္ဂ လာန်အလောင်းတော် ရသေ့ကို တံတွေးနဲ့ ဝိုင်းထွေးကြတဲ့ တိုင်းပြည်မှာ သဲမိုဃ်း လှံမိုဃ်း
တွေ မိုဃ်းကြိုးတွေ ငလျင်ဒဏ်တွေ ထိကုန်ပြီး တိုင်းပြည်ပါ ပျောက်သွားခဲ့ဖူးတာကို ပြန်လည်
စဉ်းစားပြီး ကိုယ့်မကောင်းကံ ကိုယ်ပြန်ခံကြရစမြဲ ဆိုတဲ့ အသိ သတိနဲ့ ခန္တီ မေတ္တာတရားများ
သာ လက်ကိုင်ပြုစေချင်သည်။

လူ့ဘဝမှာ နေထိုင်ရခြင်းရဲ့အဓိပ္ပာယ်ကိုက ပစ္စည်းဥစ္စာ အရာအားလုံးကို စိုးမိုး ပြည့်စုံနေမှုများ
ထက် စိတ်နှလုံး ငြိမ်းချမ်းသာယာစွာ အပူအပင် ကင်းကင်းနဲ့ နေထိုင်သွားဖို့ကသာ အဓိက ဖြစ်
ပါသည်။ ဒီလို ငြိမ်းချမ်းမှုများကို လူအများက ရှာဖွေနေကြချိန်မှာ အပူကို ဖန်တီးသူတွေများ
ရှိနေတာကလဲ လောကတွင် ဆန့်ကျင်ဘက်ဆိုတာ ရှိစမြဲဆိုတဲ့ သဘာဝတခုပါပဲ။

ထေရဝါဒဗုဒ္ဓဘာသာ ဆိုတာကလည်း ဘဝရဲ့ပူပန်မှု စိုးရိမ် ငိုကြွေးမှုနဲ့ ဒုက္ခများ ကင်းဝေးစေ
မယ့် နည်းလမ်းများ ရရှိနိုင်အောင် ကျင့်စဉ်များ ချမှတ်ထားခဲ့တဲ့ နေရာ၊ ငြိမ်းအေးမှုများကို
ရရှိစေနိုင်တယ်ဆိုတဲ့ အနှစ်သာရများ တည်ရှိရာ ဖြစ်လို့ အမှန်တကယ် ငြိမ်းချမ်းချင်တယ်
ဆိုရင် မြတ်ဗုဒ္ဓက ဒေါဏပုဏ္ဏားရဲ့ဆဲရေး တိုင်းထွာမှုများကို လက်မခံပဲ စိတ်ထဲ အသိထဲက
ပြန်နှင်ထုတ်နိုင်သလိုပဲ ဖြစ်ပေါ်လာတဲ့ ဒေါသ မာန်မာတရားများကို မိမိက လက်မခံရင် ပူပန်
မှုများ မရှိတော့ပဲ ငြိမ်းချမ်းသွားမည်ဆိုတာ လက်တွေ့ကျင့်သုံးကြည့်ရင် သိသာပါလိမ့်မည်။

စိတ်က ငြိမ်းချမ်းနေမှ လူရော စိတ်ပါ တည်ငြိမ်မည်။ ထိုသို့ တည်ငြိမ်နေမှ လုပ်သမျှ လုပ်ငန်း
ဆောင်တာများ အမှားအယွင်း ကင်းစွာနဲ့ အောင်မြင်ကြမည်သာဖြစ်သည်။ 
မေတ္တာဖြင့် အရာရာကို အနိုင်ယူနိုင်ကြပါစေ။ မေတ္တာတရား ခေါင်းပါးပြီး ရိုင်းပြမှုတွေ များလာ
ပြီ ဆိုရင် သဘာဝဘေးအန္တရာယ်များလည်း ပိုမို ကျရောက်လာမည်ဆိုတာကို လက်ရှိ ဖြစ်ပေါ်
နေသည်များနှင့် မေတ္တာတရား ခေါင်းပါးတဲ့ တိုင်းပြည်တွေက သမားရိုးကျ မဟုတ်တဲ့ ဘေး
အန္တရာယ်များကို ကြည့်ခြင်းဖြင့် သိရှိလိမ့်မည်ထင်ပါသည်။

မေတ္တာဖြင့် (တိုးတိုး)
 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...