သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, September 14, 2013

PostHeaderIcon ဆုတောင်းတိုင်း ပြည့်နိုင်ကြဖို့ရန်



 ဆုတောင်းတိုင်း ပြည့်နိုင်ရန် အင်္ဂါရပ်များ
****************************
လောကမှာ ဆုတောင်းမှု အမျိုးမျိုး ပြုနေကြတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များလည်း
ဆုတောင်းခြင်း မျိုးစုံနဲ့ ဆုတောင်းကြတာပါပဲ။ (သြကာသ ကန်တော့ကျိုးမှာလိုပေါ့။)
အမှန်ကတော့ ဒီ ဗုဒ္ဓသာသနာကိုက ဝီရိယာဓိက- အားထုတ်ပြီးမှသာ မြတ်စွာဘုရားရှင်က တည်ထားခဲ့တဲ့အတွက် ဆုတောင်းမှု သက်သက်နဲ့ ပြည့်ဝဖို့ရန် ခက်ခဲလှပါတယ်။ လက်ရှိ
ဘဝရဲ့ ကြိုးစားအားထုတ်မှုကို ရှေးအတိတ်က ပြုခဲ့ဖူးတဲ့ ပါရမီ ကံတရားနဲ့ ပေါင်းစပ်ခါ ဖော်
ထုတ်နိုင်ပါမှ အကျိုးပေးမှုဆိုတာ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။
သို့သော်လည်း မြတ်ဗုဒ္ဓက ဆုတောင်းမှုအတွက် လက်ရှိအနေအထားမှာလို ဆုတောင်း
ပြည့်ဘုရားတို့၊ အလိုတော်ပြည့်ဘုရားတို့ ဆန္ဒတော်ပြည့်ဘုရားတို့ ဆိုပြီး ဒီလို အမည်ပေး
ထားတဲ့အတွက် ဒီလို ဘုရားများမှာ ဆုတောင်းတိုင်း ဆုတောင်းက မပြည့်နိုင်ဘူးတဲ့။ ဗုဒ္ဓ
ဘုရားဆိုတာက ဘယ်ဘုရားမဆို ဂုဏ်တော်ကို စူးနှစ်ပြီး အင်္ဂါရပ်နဲ့အညီ ဆုတောင်းပါက
ပြည့်စေနိုင်တာပဲတဲ့။ ဗုဒ္ဓကိုယ်စား မြတ်ဘုရားချင်းက အတူတူပါပဲတဲ့။ အဲ ဆုတောင်းတဲ့
လူအပေါ်မှာသာ မူတည်ပြီး ဆုတောင်းသူကသာ အဓိကဖြစ်တယ်လို့ မြတ်ဗုဒ္ဓက မိန့်ပါ
တယ်။ 
ဆုတောင်းမယ်ဆိုရင် ဆုတောင်းတဲ့ လူမှာ ရှိရမယ့် အင်္ဂါရပ်(အရည်အချင်း)တွေနဲ့ ပြည့်ဝ
နေမယ်ဆိုရင်တော့ ဆုတောင်းတိုင်း ပြည့်ပါတယ်တဲ့။
အဲဒီ ဆုတောင်းလို့ ပြည့်နိုင်မယ့် အင်္ဂါရပ်များကတော့…
၁။ သဒ္ဓါဆိုတဲ့ ယုံကြည်မှုနဲ့ ဖြစ်ချင်တဲ့ ရချင်တဲ့ အရာကို ရကို ရရမယ်ဆိုတဲ့ ယုံကြည်ချက်
    ပြင်းပြနေရမယ်။
၂။ သီလဆိုတဲ့ ကိုယ်ကျင့်သီလ။ အနည်းဆုံး ငါးပါးသီလ လုံခြုံနေရမယ်။ ဒီထက်ပိုပြီး ရှစ်ပါး
   သီလနဲ့ ဆိုင်ရာသီလများ ပြည့်စုံပြီး စင်ကြယ်နေမယ်။ ထို့ထက် ဒုစရိုက် ဆယ်ပါးကိုလည်း
   မလွန်ကျူးပဲ ရှောင်ကြဉ်နေနိုင်ရမယ်တဲ့။
၃။ သုတဆိုတဲ့ တရားဓမ္မကို ကြားနာဖူးပြီး လောကရဲ့သဘာဝ အမှန်တရားများကို ကြားနာ
    လေ့လာ ဆည်းပူးဖူးတဲ့ ကြားမြင် သုတ ရှိရမယ်တဲ့။
၎။ စာဂဆိုတဲ့ လူတန်းစား ပုဂ္ဂိုလ်မရွေး ပေးကမ်း စွန့်ကြဲ လှူဒါန်းမှု တခုခု ပြုလုပ်ခဲ့ဖူး
    ရမယ်တဲ့။
၅။ ပညာဆိုတဲ့ အမှားအမှန် အကောင်းအဆိုး အကြောင်းအကျိုးကို ခွဲခြား ဝေဘန် ပိုင်ခြား
    စဉ်းစား ဆင်ခြင် သုံးသပ် သိမြင်တတ်ပြီး နှိုင်းချိန် လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ အသိ
    ပညာ ဉာဏ်လည်း ရှိရမယ်။
    (ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ၊ ဝိသုဒ္ဓတ္တာ။)
ဒီအချက် ငါးမျိုးနဲ့သာ ညီညွတ်အောင် စောင့်ထိန်း နေနိုင်တဲ့ သူသာ ဖြစ်ပါစေတဲ့။ အဲဒီလို
လူမျိုးဟာ (ထိုသူရဲ့ကိုယ်နှုတ်စိတ်က ဖြူစင်နေတဲ့အတွက်) ဆုတောင်းတိုင်း သေချာပေါက်
ပြည့်တယ်လို့ ဗုဒ္ဓက ဟောခဲ့တယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မိမိတို့ ဆုတောင်းများ ဘာကြောင့် မပြည့်ရသလဲ၊
ဘာကြောင့် ကြန့်ကြာ နေရသလဲဆိုတဲ့ တွေးကြံမှုများ ရှိခဲ့ဖူးတယ်ဆိုရင် ဒီလို အင်္ဂါရပ်များနဲ့
မိမိဘက်က တတ်နိုင်သမျှ မပြည့်ဝနိုင်ခဲ့လို့သာပဲ မှတ်ယူစေချင်သည်။ ဒီလို ကောင်းမြတ်တဲ့
အင်္ဂါရပ် အရည်အချင်းများကို မဆိုထားနှင့် သာမန် သီလထိန်းရုံ၊ စိတ် စေတနာကို ဖြူစင်စွာ
ထားပြီး မေတ္တာပို့ခြင်း၊ ဂုဏ်တော်ပွားခြင်းများလို ဘာဝနာပွားမှုလေးများကို ရက်အနည်း
ငယ်မျှ ဆည်းပူး ပွားလိုက်ရုံနဲ့ အနည်းငယ်သော ဆုတောင်းမှုလေးများက ပြည့်ဝလာတတ်
သည်ကို ကိုယ်တိုင်နဲ့ နီးစပ်ရာများမှာ ကြုံဖူးသဖြင့် ဒီလို အင်္ဂါရပ်များနဲ့ မိမိဘက်ကသာ အ
တတ်နိုင်ဆုံး ပြည့်ဝအောင် နေထိုင် ကျင့်သုံး သွားနိုင်မယ်ဆိုရင်တော့ ဆုတောင်းတိုင်း
ပြည့်ဝနိုင်ကြပါသည်။
(သင်္ခါရူပပတ္တိသုတ်၊အံ)
(နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...