သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, September 13, 2013

PostHeaderIcon ဝမ်းချုပ်လို့ စိတ်မညစ်နဲ့

 *** ဝမ်းချုပ်လို့ စိတ်မညစ်နဲ့ ***

“ ၀မ်းတလုံးကောင်းရင် ခေါင်းမခဲ” ဆိုတဲ့ စကား အတိုင်း၊ နိစ္စဓူဝ ပါးစပ်မှ သွင်းလာသော

အစာသစ်များကို ခန္ဓာကိုယ်က အာဟာရအဖြစ် စုပ်ယူပြီးနောက် မလိုလားအပ်သော
အစာဟောင်းများကို မစင်အဖြစ် အနည်းဆုံးတနေ့  ၁-ကြိမ်မျှ  စွန့်ထုတ်ပေးမှသာ ကျန်း
မာရေးနဲ့  ညီညွတ်စေမှာပါ။ အချို့သူများက ၂-ရက် ၁-ခါသာ ၀မ်းသွားလေ့ရှိပြီး ထို့ထက်
ပို၍ ၀မ်းမသွားခြင်းကိုတော့ ၀မ်းချုပ်တယ်လို့ ခေါ်ပါတယ်။ စားသောက်မှု စံနစ်မကျခြင်း၊
အိပ်ချိန်မမှန်ခြင်း၊ အထိုင်များ၍ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ရေသောက်နည်းခြင်း
စသည်တို့ ကြောင့် အရွယ် ၃-ပါးမရွေး ၀မ်းချုပ်နေကြပါတယ်။ ၀မ်းသွားချင်စိတ်ရှိတာကို
လစ်လျူရှုမထားပဲ၊ အချိန်ပေး၍ အိမ်သာတက်တဲ့ အကျင့်ကိုမွေးမြူရပါမယ်။ ၀မ်းချုပ်တာကြာလာတာနဲ့ အမျှ  စမျဉ်းခံလာပြီး အတင်းအားစိုက်၍ ညှစ်ထုတ်ရခြင်း
ကြောင့် လိမ်ခေါင်းရောဂါ၊ စအိုကွဲခြင်း စတဲ့ နောက်ဆက်တွဲ ဝေဒနာတွေဖြစ်စေ
ပါတယ်။

ဒါတွေကြောင့်လည်း ၀မ်းချုပ်စေနိုင်……

(၁) မူးယစ်ဆေးဝါး သုံးစွဲသူများ၊ aspirin နှင့် ibuprofen စတဲ့ အကိုက်အခဲပျောက်

ဆေးဝါးများ၊ ကယ်လ်စီယမ်နဲ့ သံဓာတ်အား ဆေးများက ၀မ်းချုပ်စေပါတယ်။ (၂) ၀မ်းသွား
ခြင်းအတွက် ၀မ်းပိတ်ဆေးများစွာ သောက်သုံးခြင်းကြောင့်လည်း ခေတ္တ၀မ်းချုပ် သွားစေ
ပါတယ်။ (၃) နွားနို့က ၀မ်းမချုပ်စေပါဘူး။ သို့သော် နွားနို့ကို ပြန်လည်ပြုပြင်ထားသော ချိစ်၊ ဒိန်ခဲစတဲ့ နို့ထွက်ပစ္စည်းများနဲ့  အဆီဓာတ်များသော အသားတို့က အစာမကြေ ၀မ်းချုပ်ခြင်း ကိုဖြစ်စေပါတယ်။ (၄)ရင်ပူခြင်းကို ပျောက်စေတဲ့ Antacids ဆေးဝါးများ၊ သွေးကျဆေးများ၊
Antihistamines ဓာတ်ပါသော ယားနာပျောက်ဆေးများ၊ စိတ်ကျဝေဒနာသည်များနဲ့  စိတ်
ကျ ခြင်းကို ကုသပေးတဲ့ Antidepressant ဆေးဝါးများက ၀မ်းချုပ်စေလို့  အမျှင်ဓာတ်များ
သော အစားအစာများ စားရင်း ရေ များများ သောက်ပေးပါ။ (၅) Crohn's disease(ခေါ်) အစာချေလမ်းကြောင်း နာတာရှည်ရောဂါများနဲ့  ulcerative colitis(ခေါ်)အူမကြီး အမြှေး
ယောင်ရမ်းခြင်းကြောင့် ၀မ်းချုပ်စေပါတယ်။
(၆) အမျိုးသမီးများ ရာသီလာစဉ်ကာလများ၊ ကိုယ်ဝန်ဆောင်ချိန်များနဲ့  ကလေးမီးဖွားပြီးစ
အချိန်များမှာ ၀မ်းချုပ်လေ့ရှိပါတယ်။ (၇) ဆီးချိုရောဂါက အာရုံကြောများကို ပျက်စီးသွားပြီး
အစာကို ကောင်းစွာ မချေဖျက်နိုင်တော့ပဲ ၀မ်းချုပ်လာစေပါတယ်။ (၈) လည်ပင်း အကျိတ်
ဂလင်း ရောဂါတမျိုးဖြစ်တဲ့ Hypothyroid က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေ
ကာ ၀မ်းချုပ်ခြင်းကိုဖြစ်စေပါတယ်။ (၉) ချောကလက် လျော့စားပါ။၂၀၀၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆေးသုတေသီများက နာတာရှည် ၀မ်းချုပ်သူများကို လေ့လာ ဆန်းစစ်
တဲ့အခါ ချောကလက် စားသုံးမှု များသူတွေမှာ ပိုမိုဝမ်းချုပ်စေကြောင်း လေ့လာတွေ့
ရှိခဲ့ပါတယ်။ (၁၀) အသင့်စား အစားသောက်များ၊ အကြော်အလှော်များက ၀မ်းချုပ်စေ
ပါတယ်။ (၁၁) ကော်ဖီနဲ့ လ္ဘက်ရည်ဖြတ်ပါ။(၁၂) ဆေးလိပ်နဲ့ အရက်များ မသောက်ပါနဲ့။

ဒ်ီလိုသက်သာအောင် လုပ်လို့ ရ……
(၁) နံက်အိပ်ယာထ သောက်ရေ ၃-ခွက် ဆက်တိုက် သောက်ပေးခြင်းက အူတွေကို အလုပ် လုပ်စေလို့ ဝမ်းသွားစေပါတယ်။ (နေ့စဉ် ရေ ၈-ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့ အကျင့်ကို

မွေးမြူပါ) (၂)သံပုရာသီးကလည်း ၀မ်းချုပ်ခြင်းမှ သက်သာစေလို့  နံက်အိပ်ယာထ အစာ
မစားခင်မှာ ရေနွေး ၁-ဖန်ခွက်ထဲကို သံပုရာသီး ၁-လုံးညှစ်ပြီး၊ ပျားရည်လ္ဘက်ရည်ဇွန်း
၁-ဇွန်းနဲ ဆားအနည်း ငယ်ဖျော်၍သောက်ပါ။ (၃) ပဲသီး၊ ဟင်းနုနယ်စတဲ့ အစိမ်းရောင်
ဟင်းသီးဟင်းရွက်များနဲ့  လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့  အရည်ရွှမ်းပြီး အမျှင်များတဲ့
သစ်သီးများစားပါ။(၄) အမျှင်ဓာတ်ပေါများသော ဂုဏ်လျှော်စေ့က အစာကျေစေပြီး
ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ (၅) နွားနို့ ပူပူ သောက်ခြင်းက
အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေးတာကြောင့် ၀မ်းမချုပ်စေတော့ပါဘူး။
(သို့မဟုတ်) ညအိပ်ယာဝင်ခါနီး နွားနို့ ပူပူထဲမှာ ထောပတ်ကို လ္ဘက်ရည်ဇွန်း ၁-ဇွန်း ပမာဏခပ်၍ သောက်ခြင်းဖြင့် နံက်ပိုင်း ရှောရှောရှုရှု ၀မ်းသက်စေပါတယ်။ (၆) နံက်
စောစော ၁၅-မိနစ်ခန့် လမ်းသွက်သွက်လျှောက်ခြင်းက အူများကို လှုပ်ရှားကာ ၀မ်း
သွားစေပါတယ်။(၇) သဖန်းသီး၊ ပဲကတ္တီပါ၊ မြေပဲ၊ စွန်ပလွန်သီး၊ ပဲပင်ပေါက်စားပေးပါ။
(၈) မာလကာသီး(အူနီ) အမှည့်ကလည်း ၀မ်းချုပ်ခြင်းကို သက်သာစေပါတယ်။ (၈) ကြံ
ရည်၊ ခရမ်းချဉ်သီးနဲ့  beet root(ခေါ်)သကြားမုန်လာဥ(ခေါ်)သွေးရောင်ကဲ့သို့ မုန်လာ
ဥနီ အလုံးတို့ကလည်း ၀မ်းသက်စေလို့ စားပေးပါ။ (၉) နံက်တိုင်း သင်္ဘောသီးမှည့်မှည့်
စားပါ။(၁၀) ပန်းသီးကလည်း ၀မ်းချုပ်ခြင်းကို ကောင်းကျိုးပြုတဲ့အတွက် တနေ့၂-လုံး
မှန်မှန်စားသင့်ပါတယ်။
(၁၁)အရွက်မှာ အမွှေးလေးတွေပါတဲ့ ကုလားမြင်းခွာရွက်ပင်၏ အပွင့်ကို သကြားနဲ့ ကြိတ်၍
စားပါ။ (၁၂) ကြက်ဟင်းခါးသီးကို သောက်ရေ၊ ဆားတို့နဲ့ စိမ်ပြီး သောက်ပါ။ (၁၃) ကြက်
ဟင်းခါး သီးကို ရေနံဆီဖြင့် စိမ်၍ ၀မ်းဗိုက်ကို လိမ်းပေးပါ။ (၁၄) ကြိတ်မှန်ရွက် ၂၅-ကျပ်သား
ကို ထန်းလျက် ၁၀-ကျပ်သား၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀-ကျပ်သား၊ ပါးပါးလှီး
ထားတဲ့ ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုး ၅ပါးကို အမှုန့်၂-ပဲသားစီတို့ဖြင့် ရောချက်ထား
သော ကြိတ်မှန်ရွက်ယိုကို လ္ဘက်ရည်ဇွန်း ၁-ဇွန်းခန့်  တနေ့  ၃-ကြိမ်စားပေးပါ။
(ပေါက်ပေါက်…မျှဝေသည်)

(မှီငြမ်း မြန်မာ့ဆေးကျမ်း+အင်တာနက် Health Tips)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...