သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, September 18, 2013

PostHeaderIcon မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး၏ လျှောက်ထားလွှာ



နိုင်ငံတော် သံဃမဟာနာယက ဆရာတော်တို့ဘုရား

အဒွေဇ္ဈဝစနာ ဗုဒ္ဓါ။ (ဗုဒ္ဓ၀ံ၊ ၃၁၅။ ၃၁၈။)
အဒွေဇ္ဈဝစနာတိ ဒွေဓာ အပတ္တ၀စနာ ဧကံသ၀စနာတိ အတ္ထော။ (ဗုဒ္ဓ၀ံ၊ဋ္ဌ။၁၂၈။)
အဒွေဇ္ဈဝစနာတိ အ၀ိတထ ၀စနာ။ (ဗုဒ္ဓ၀ံ၊ ဋ္ဌ၊ ၁၃၅။)
ဗုဒ္ဓါနံ ဒွေ ကထာ နာမ နတ္ထိ။ (သံ၊ဋ္ဌ။၂။၁၆၉၊)

ဗုဒ္ဓါ = ဘုရားရှင်တို့မည်သည်။ အဒွေဇ္ဈဝစနာ = နှစ်မျိုးနှစ်ခွဖြစ်သော နှစ်မျိုးပြားသော စကား
မရှိကုန်။ စကားနှစ်မျိုး မရှိကုန်။ ဘုရားရှင်တို့သည် မည်သည့်အခါမျှ  နှစ်မျိုးနှစ်ခွဖြစ်သော စကားကို ပြောတော်မမူကုန်။(စကားနှစ်မျိုး မပြောကုန်)

ဘုရားသားတော်ဖြစ်ကုန်သော ရဟန်းတော်တို့သည်လည်း.....

“ ရှေ့ဆောင်နွားလား၊ ဖြောင့်ဖြောင့်သွားက၊ နောက်နွားတသိုက်၊ ဖြောင့်ဖြောင့်လိုက်၏”
ဟူသော ဆိုရိုးစကားနှင့်အညီ ချိန်းခြောက်မှုတွေ ဖျားယောင်းသွေးဆောင်မှုတွေ အနှောက်
အယှက် အတားအဆီးတွေ မည်မျှဝိုင်းရံနေစေကာမူ ခြောက်လည်းမကြောက် မြှောက်လည်း
မမြောက်သော သံမဏိစိတ်ဓာတ်ဖြင့် အဆိုပါ အတားအဆီးဟူသမျှကို တွန်းလှန်ကျော်လွှား ကာ ဖောက်ပြန်မရှိ တိကျမှန်ကန်သော စကားမျိုးကိုသာ ပြောဆိုနိုင်ကြရပါမည်ဘုရား၊

သို့ရာတွင် အမှန်ကို လိုလား အမှားကို ရှောင်လိုစိတ် တကယ်ပင် ပြင်းထန်လျှက်ရှိကြသော်
လည်း အ၀ိဇ္ဇာမကင်းသေးသော ပုထုဇဉ်များ ဖြစ်ကြသည့်အားလျှော်စွာ ရံဖန်ရံခါ အမှားကို
အမှန်ထင် အမှန်ကို အမှားမြင်လျှက် ပြောမှားဆိုမှားဖြစ်တတ်သည်မှာ ဓမ္မတာပင် ဖြစ်ပါသည်
ဘုရား။

ယင်းသို့ ပြောမှားဆိုမှားဖြစ်ရာ၌ ရိုးသားစွာ အထင်အမြင်လွဲမှား ပြောမှားဆိုမှားဖြစ်ခြင်းကု
မည်သို့မျှ  အပြစ်မဆိုသာသော်လည်း အမှားကို အမှန်ထင်ကာ ပြောဆိုမိပြီးနောက် မိမိစကား မှားမှန်းသိပါလျက် ၀န်မခံနိုင်ပဲ တရားသေ ဆုတ်ကိုင်ပြီး ဇွတ်မှိတ်ငြင်းဆိုခြင်းမျိုးကား
“ဉာဏ်ရှိယောကျာ်း၊ မှားလတ်သောအခါ၊
ဆေးလွန်နာကို၊ ဆရာနောက်ဆက်၊
အကုခက်သို့၊
ဖျက်၍ အမြဲ၊ ပြင်နိုင်ခဲ၏” ဟူသော မဃဒေ၀ စကားနှင့်အညီ သူတော်ကောင်းလက္ခဏာ
ကင်းပျောက်ပြီး ဗာလအသွင်အပြင်သို့ ရောက်ရှိသွားပါသည်ဘုရား။

ထို့ကြောင့် မဟာနာယက ဆရာတော်တို့သည် အကယ်၍ မတော်တဆ အမှားကို အမှန် ထင် ပြောဆိုမိပြီးနောက် မိမိပြောစကား မှားမှန်းသိရှိသောအခါ မွန်မြတ်သော စိတ်ထား ရှိသည့်အားလျော်စွာ ရိုးသားစွာ ၀န်ခံခြင်းဖြင့် သူတော်ကောင်းလက္ခဏာ ပြသနိုင်ကြပါရန်
လျှောက်ထားအပ်ပါသည်ဘုရား။


၁၃၅၉-တော်သလင်းလဆုတ်(၁)ရက်၊ (၁-၉-၉၇)
--------------------------------------------------
နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ
မစိုးရိမ်တိုက်သစ်ကြီး(၂)တိုက်တို့၏ အဓိပတိမဟာနာယက အဂ္ဂါဘိဓဇဆရာတော်
ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ( သ-စ-အ ဓမ္မာစရိယ) မစိုးရိမ်တိုက်သစ်။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...