သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, September 12, 2013

PostHeaderIcon အတူတူတွဲ မအိပ်သင့်တဲ့အရာ- (၅)မျိုး

 အတူတူတွဲ မအိပ်သင့်တဲ့အရာ- (၅)မျိုး
******************************


ကျန်းမာရေးဟောပြောပွဲ တခုမှာ ကျွန်တော် ကြားသိခဲ့ရတာ လေးတခုပါ။ ဟောပြောသွားတဲ့

သူကလည်း Blog တခုမှာ ဖတ်ဖူးတာလို့ ပြောပါတယ်။ ဘယ်သူ့ Blog လို့ ပြောမသွားတဲ့
အတွက် မူရင်းရေးသူကို ကျွန်တော်လဲ မသိပါဘူး။ သိချင်မယ့် မိတ်ဆွေအတွက် ကျွန်တော်
ပြန်လည် မျှပေးလိုက်ပါတယ်။

၁။ နာရီဝတ်ပြီး မအိပ်ပါနဲ့...

နာရီဟာ ရေဒီယို သတ္တိကြွ ထုတ်လွှင့်မှု အတော်မြင့်မားပါတယ်။ နာရီဟာ သေးငယ်တယ်လို့

ထင်ရပေမဲ့ ဝတ်ဆင်ပြီး အချိန်ကြာကြာ အိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေ အများ ကြီး ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် အိပ်တဲ့အခါ နာရီကို ချွတ်ပြီး အိပ်ကြပါ။

၂။ အမျိုးသမီးများ ဘရာ(အတွင်းခံ အကျီ င်္) ဝတ်ပြီး မအိပ်ပါနဲ့...

အမေရိကန်မှ သုတေသန ပညာရှင်များ လေ့လာတွေ့ရှိချက်အရ အမျိုးသမီးများဟာ (၁၂) နာရီထက် ကျော်လွန်ပြီး အတွင်းခံအကျီ(ဘရာ)ကို ၀တ်ဆင်ပါက ရင်သားကင်ဆာ ဖြစ်နိုင်

ချေ အလွန်များပါတယ်။ ဒါကြောင့် သက်တောင့် သက်သာနဲ့လည်း အိပ်ရ၊ ကျန်းမာရေး
အတွက်ပါ ကာကွယ်နိုင်ဖို့ အတွင်းခံအကျီ(ဘရာ)ချွတ် အိပ်ပါ။

၃။ ဖုန်းနဲ့ အတူတူ မအိပ်ပါနဲ့...

မိမိ လက်ကိုင်ဖုန်းကို မိမိရဲ့အိပ်ရာ နံဘေး(သို့) အနီးအနားမှာ ထားပြီး အိပ်ခြင်းဟာလည်း

မကောင်းပါဘူး။ တချို့က ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုဖို့ ဖုန်းကို ခေါင်းအုံးဘေးမှာ ထား
တတ်ပါတယ်။ အဲဒီလို အသုံးပြုချင်တယ် ဆိုရင်လည်း မိမိ အခန်းထဲက အိပ်ရာနဲ့ နည်းနည်း
ဝေးတဲ့ နေရာမှာ ထားပါ။ သုတေသနပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်
ဖုန်း အပါအ၀င် တယ်လီဗေးရှင်းစက်တွေဟာ သံလိုက်လှိုင်းတွေကို ထုတ်လွှင့်နေကြောင်း
သက်သေပြခဲ့ကြပါတယ်။ အဲဒီ သံလိုက်လှိုင်းတွေဟာ လူတွေရဲ့ အာရုံကြောတွေကို ထိခိုက်
စေပါတယ်။ ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားမအိပ်ပါနဲ့။

၎။ မိတ်ကပ် လိမ်းပြီး မအိပ်ပါနဲ့...

ညအိပ်ရာဝင်တဲ့အခါ လိမ်းထားတဲ့ မိတ်ကပ်များကို မဖျက်ပဲ အိပ်တတ်သူတွေဟာ ရေရှည်မှာ

အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ မိတ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့် မိတ်ကပ်တွေဟာ အရေပြားပေါ်ရှိ ချွေးပေါက်တွေကို ပိတ်ဆို့စေးပြီး မှဲ့ခြောက်၊ ၀က်ခြ၊ံ တင်းတိတ် အစရှိတဲ့
မျက်နှာ အရေပြားပေါ်မှာ ဖြစ်တတ်တဲ့ရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်
ညအိပ်ရာဝင်ရင် မျက်နှာကို စင်ကြယ်အောင် သစ်ပြီးမှ အိပ်ပါ။ မျက်နှာပြောင်နဲ့ မအိပ်
တတ်ရင်တော့ သနပ်ခါး(တောင်နံကြီး၊ရှင်မတောင်) ကို ခပ်ပါးပါးလေး သွေးလိမ်းနိုင်ပါတယ်။

၅။ သူတပါးရဲ့ယောက်ျား (သို့) မိန်းများနဲ့ အတူတူ မအိပ်ပါနဲ့...

နောက်ဆုံး တခုကတော့ ကျန်းမာရေးနဲ့ မဆိုင်ပေမယ့် လူမှုရေးအရ အရေးကြီးပါတယ်။

အဲဒါကတော့ မယားရှိသော လင်နှင့် လင်ရှိသော မယားတွေနဲ့ အတူတူမအိပ်ပါနဲ့။ အဲလို
အိပ်မိလျှင် သင့်အတွက် သေလောက်အောင် အရှက်ရစေနိုင်ပါတယ်။ လူမှုရေးနဲ့ ပတ်ဝန်း
ကျင် နယ်ပယ်ထဲမှာ သင်ဟာ အလိုလိုနေရင်း ကျရှုံးသွားရပါလိမ့်မယ်။ အဲလို တခါ အိပ်မိ
ရုံနဲ့ သင်ဟာ အသက်ရှင်နေပေမယ့် ဘ၀ကတော့ သေဆုံးသွားမှာ ဖြစ်ပြီး ဘယ်တော့မှ
ပြန်လည် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပါ။ ဒါကြောင့် ကာမပိုင်ရှိသော ယောက်ျား(သို့)
မိန်းမနဲ့ အတူတူ မအိပ်မိပါစေနှင့်။

အသက်ရှည်၊ကျန်းမာပြီး အိမ်မက်လှလှတွေနှင့်အတူ နှစ်ခြိုက်စွာ အိပ်နိုင်ကြပါစေ။

Ei Ei Thin

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...