သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, September 6, 2013

PostHeaderIcon တန်ဖိုးသိပြီး တန်ဖိုးရှိသူ ဖြစ်စေချင်

 ကုမ္ပဏီကြီး တခုကို လူငယ်လေးတယောက်ဟာ မန်နေဂျာ ရာထူးအတွက် အလုပ် လာ
လျှောက်ပါတယ်။ သူဟာ အရင်ဆုံး အင်တာဗျူးးတွေကို ဖြေဆို အောင်မြင်ပြီး အခု ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ နောက်ဆုံး အင်တာဗျူး တခုကို ဖြေရမယ့် အချိန်ဖြစ်ပါတယ်။ ဒါရိုက်တာဟာ
ထိုလူငယ်ရဲ့ CV ကို ကြည့်ပြီး သူ့ရဲ့ပညာရေးနောက်ခံတွေ က တော်တော်လေး ကောင်း
တာကို တွေ့လိုက်ရတယ်။ ဒီတော့ သူက ထိုလူငယ်လေးကို မေးလိုက်တယ်။

“ဒီလို ကျောင်းတွေမှာ ပညာသင်ဖို့  စကောလားရှစ်တွေ ဘာတွေများ ရခဲ့သေးသလား ?”

“မရခဲ့ပါဘူး”

"ဒါဆို မင်းအဖေက မင်းကို ဒီလို ကျောင်းတွေ တက်ဖို့ ထောက်ပံ့ပေးခဲ့တာပေါ့။"

“ကျနော် ငယ်ငယ်ကထဲက အဖေက ဆုံးသွားတယ်ခင်ဗျ ။ ဒီကျောင်းတက်ဖို့  စားရိတ်တွေ အားလုံးကို မေမေကပဲ ထောက်ပံ့ပေးတာပါ။” လို့  ပြန်ဖြေလိုက်တယ်။

“မင်း အမေ ဘယ်မှာ အလုပ်လုပ်သလဲ ?”

“အမေက အဝတ်လျှော်တဲ့ အလုပ်လုပ်ပါတယ်”

ဒါနဲ့ ဒါရိုက်တာက ထိုလူငယ်လက်ဖဝါးတွေကို ဖြန့်ပြဖို့  တောင်းဆိုလိုက်တယ်။ လူငယ်
လေးရဲ့ လက်ဖဝါး တစုံလုံးဟာ ချောမွေ့ပြီး အနာအဆာ မရှိတာကို တွေ့ရတယ်။

“အမေ့ အလုပ်ဖြစ်တဲ့ အဝတ်လျှော်တာကို ကူလုပ်ပေးဖူးသလား”

"မလုပ်ဖူးပါဘူး မေမေက ကျနော့်ကို စာသင်ဖို့နဲ့ စာဖတ်ဖို့ပဲ လုပ်ခိုင်းပါတယ်။ ဒါတင် မက
ပါဘူး မေမေက ကျနော့်ထက် အ၀တ်လျှော်တာလည်း မြန်တယ်ခင်ဗျ။"

“ဟုတ်ပြီ..” ဒါရိုက်တာက ပြောလိုက်တယ်.....

“ငါမင်းကို တခု လုပ်ခိုင်းစရာ ရှိတယ်။ အိမ်ပြန်ရောက်တဲ့အခါ အမေ့ရဲ့  လက်တွေကို သန့်ရှင်း
ရေး လုပ်ပေးလိုက်ပါ။ ပြီးရင် မနက်ဖြန်ကျရင် ငါ့ကို ထပ်ပြီး လာတွေ့ပါ ။”

လူငယ်လေးက ဒီအလုပ်ကို ရပြီလို့ ခံစားမိပြီး ပျော်သွားတယ် ။
ဒီလိုနဲ့ အိမ်ပြန်ရောက်သွားတယ်။ အမေကို တွေ့တော့ ဒါရိုက်တာ ပြောလိုက်တဲ့ အတိုင်း
သူ့ အမေ လက်ကို သန့်ရှင်းရေးလေး လုပ်ပေးပါရစေလို့ ပြောလိုက်တယ်။ သူ့ အမေက
ထူးဆန်းနေတာပေါ့။ ပြီးတော့ ပျော်လည်း ပျော်သွားတယ်။ တခါမှ ဒီလို လုပ်ပေးပါရစေလို့
သူ့ သားက မပြောဖူးတာကိုး။ ဒါနဲ့  သူမလက်ကို သန့်ရှင်းပေးဖို့  ခွင့်ပြုလိုက်တယ်။

ပထမဆုံး လူငယ်လေးဟာ သူ့ အမေလက်ကို ကိုင်ပြီး ဖြေးဖြေးလေး ဆေးကြောလိုက်တယ်။
သူ့ မျက်ရည်တွေ ကျလာတယ်လို့ ခံစားမိလိုက်တယ်။ ဘာလို့လဲ ဆိုတော့ သူ့ အမေရဲ့ လက် ဖဝါးတွေက ချောမွေ့ မနေပဲ အစင်းကြောင်းတွေ ထနေတယ်လေ။

ပြီးတော့ ကြမ်းလည်း တော်တော် ကြမ်းနေတာတွေ တွေ့လိုက်ရတယ်။ သူ့ အမေရဲ့လက်က အစင်းကြောင်းတွေကို သူ့ လက်နဲ့ ထိမိတိုင်း ရင်ထဲမှာလည်း နာကျင်လာသလိုပါပဲ။

ပထမဆုံးအကြိမ်ပါပဲ။
သူ့ကို နေ့တိုင်း ကျောင်းတက်နိုင်ဖို့ ထောက်ပံ့ပေးနေရတဲ့ အမေ့လက်တွေက ဒီလို ဖြစ်နေ
တယ် ဆိုတာ အခုမှ သိလိုက်ရတယ်။ လက်ဖဝါးက အစင်းကြောင်း တခုစီတိုင်းဟာ သူ့
ပညာရေးအတွက်၊ သူ ကျောင်းတက်နိုင်ရေးအတွက်၊ သူ့ အနာဂတ်အတွက် ဖြစ်ပေါ်ခဲ့တဲ့
အစင်းကြောင်းလေးတွေပဲဆိုတာ သူ သဘောပေါက်လိုက်တယ်။
သူ့ အမေရဲ့လက်ဖဝါးလေးတွေကို ဆေးကြောပေးပြီးတဲ့ အခါမှ ထိုလူငယ်လေးဟာ သူ့ အမေ
လျှော်ဖို့  ကျန်နေသေးတဲ့ အဝတ်အစားတွေကို မြန်မြန်ပဲ ကောက်လျှော် ပေးလိုက်တယ်။
အဲဒီညမှာ အမေဖြစ်သူနဲ့ သားဖြစ်သူ နှစ်ယောက် စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြတယ်။
************************************************
နောက်တနေ့ မနက်ကြတော့ လူငယ်လေးဟာ ဒါရိုက်တာရဲ့ ရုံးခန်းကို ရောက်သွားတယ်။ ဒါရိုက်တာဟာ ကောင်လေးရဲ့မျက်လုံးမှာ မျက်ရည်တွေ အနည်းငယ် စို့နေတာကို တွေ့လိုက်
ရတော့။
“မနေ့ ညက မင်းအိမ်မှာ မင်းဘာတွေ သင်ယူခဲ့သလဲ ဆိုတာ ပြောပြနိုင်မလား” ဆိုပြီး
မေးလိုက်တယ်။
လူငယ်လေးက…“ကျနော့် အမေ လက်ကို သန့်ရှင်းရေး လုပ်ပေးခဲ့တယ်။ ပြီးတော့ အမေ
လျှော်ဖို့ ကျန်နေသေးတဲ့ အဝတ်တွေကိုလည်း လျှော်ပေးခဲ့တယ်...“ကျနော် သိလိုက်ရတယ်။
မေမေသာ မရှိရင် ကျနော် ဒီနေ့  ဒီနေရာမှာ ရှိခဲ့မှာ မဟုတ်ဘူး ။ အမေ့ အကူအညီသာ မရှိရင် ကျနော်ကိုယ်တိုင် ဒီရာထူးတွေ ဂုဏ်တွေဆိုတာ ရနိုင် ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး ။ဒါကြောင့်
မိသားစုရဲ့  အကူအညီဆိုတာ တန်ဖိုးရှိပြီး အရေးကြီးတယ် ဆိုတာ ကျနော် အသိအမှတ်ပြု
လိုက်ပါပြီ။”
ဒါရိုက်တာက …“ဒါပဲ ငါရှာနေတဲ့ မန်နေဂျာ ဆိုတာ...တစုံတယောက်ရဲ့အကူအညီ အထောက်
အပံ့ကို အသိအမှတ်ပြုနိုင်ရမယ်။ ဒီအလုပ်တွေ ပြီးမြောက်ဖို့ တခြားသူတွေ ဘယ်လို ကြိုးစား လုပ်ကိုင်ခဲ့ရသလဲ ဆိုတာ နားလည်သိမြင်နိုင်တဲ့သူ ဖြစ်ရမယ်။ ပြီးတော့ သူ့ဘဝမှာ တခုတည်း
သော မျှော်မှန်းချက်က ငွေတခုပဲလို့  သတ်မှတ် မထားတဲ့သူ ဆိုတာမျိုးပါ။  ဒီတော့…
“မင်းကို အလုပ်ခန့် လိုက်ပြီ..”
လူငယ်လေးဟာ အလုပ်တွေ အရမ်းကြိုးစားခဲ့တယ်။ ပြီးတော့ မိမိ အကြီးအကဲရဲ့လေးစားမှု
တွေကိုလည်း ရခဲ့တယ်။ ဘယ် အလုပ်သမားတိုင်း၊ လုပ်ဖော်ကိုင်ဖက်တိုင်းနဲ့ မဆို ဘက်ညီညီ
အချိတ်အဆက်မိမိ လုပ်ကိုင်ခဲ့တယ်။ ဒီလိုနဲ့ ကုမ္ပဏီရဲ့လှုပ်ရှားမှုများဟာ အရှိန်အဟုန်နဲ့  နာမည်
ရ တိုးတက် လာပါတော့တယ်။
***********************

ကလေးတယောက်ဟာ ငယ်စဉ်က မိဘက အလို အရမ်းလိုက်ထားတယ်။ သူ ဘာလိုချင်ချင်
ပေးခဲ့တယ်။ သူ့ အတွက် အရာရာဟာ ဖြစ်ချင်တိုင်း ရချင်တိုင်း ရခဲ့တယ်။
သူအတွက် ပူပန်မှုဆိုတာ မရှိဘူး။ အချိန်တန်ရင် ရချင်တာ ရနေတော့ အဆင်ပြေနေတယ်။
ဒီတော့ သူ့  မိဘတွေရဲ့အားထုတ်မှုကို လျစ်လျူရှုနေတော့တယ်။

ဒီလိုနဲ့ သူဟာ အရွယ်ရောက်လို့ အလုပ် စလုပ်တဲ့ အခါမှာ ပညာနောက်ခံကလည်း ကောင်း
နေတော့။ မန်နေဂျာလို နေရာကနေ လုပ်တော့မယ် ဆိုပါတော့။ သူ ဘာပြောပြော အလုပ်
သမားတွေက သူပြောတာ နားထောင်ရမယ်လို့ ယူဆထားမယ်။ အဲဒီအခါကျရင် မိမိ လုပ်ဖော် ကိုင်ဖက်တွေဟာ ဘယ်လို ကြိုးစား လုပ်ကိုင်ခဲ့ကြတယ်ဆိုတာ ကိုယ်တိုင် လုပ်ခဲ့တာ မဟုတ်တဲ့
အတွက် ခံစားမပေးနိုင်ဘူး။ အမှားတွေ တွေ့ရင် အတူတူဖြေရှင်မယ် မကြံဘူး။ သူများကိုပဲ
အပြစ်ဖို့လာမယ်။ ဒီလို လူမျိုးတွေကြတော့ ဘယ်လောက်ပဲ ပညာနောက်ခံ အရည်အချင်းတွေ
ကောင်းနေပါစေ ။ သူအောင်မြင်ရင်လည်း ခဏပဲ အောင်မြင်ပါလိမ့်မယ်။

တကယ့် အောင်မြင်မှု အစစ်အမှန်ကို မခံစားရနိုင်ပါဘူး။ ဒီလိုမျိုးဆိုရင် ကြာလာရင် ရင်ထဲမှာ
အစိုင်အခဲတွေ ဖြစ်နေလိမ့်မယ်။ အမုန်းတွေ ပွားပြီး တယောက်နဲ့ တယောက် တိုက်ခိုက်ဖို့ပဲ ဖြစ်လာနိုင်ပါတယ်။

@ ဒီလို မဖြစ်စေဖို့ ---
အကယ်လို့  သင်ကိုယ်တိုင်ကလည်း မိဘတဦး ဖြစ်ခဲ့မယ် ဆိုရင် ကလေးတွေကို ချစ်ခင်ကြင်နာ
ယုယမှု မပြတာ၊ ဒါမှမဟုတ် ကလေးတွေကို လျစ်လျုရှုတာတွေကို ရှောင်ရမှာ ဖြစ်ပါတယ်။
သင့် ကလေးကို အိမ်အကြီးကြီးမှာ ထားနိုင်တယ်။ အစားကောင်းကောင်းတွေ ကျွေးနိုင်တယ်။ ဇိမ်ခံပစ္စည်းတွေ ထောက်ပံ့ပေးနိုင်တယ်။ ဒါပေမယ့်...သင် မြက်ကို ရိတ်တဲ့ အခါဆိုရင် သူတို့
ကို အတွေ့အကြုံရအောင် ပြသတာ ဖြစ်ဖြစ်၊ အစားစားပြီးတဲ့ အခါ ကိုယ့် ပန်းကန် ကိုယ်ဆေး
ခိုင်းတာ ဖြစ်ဖြစ်။ အိမ်ဖော် မလိုပါဘူး။ ကိုယ်တိုင် ထိန်းကျောင်းခြင်းဖြင့် မှန်ကန်တဲ့ ချစ်ခြင်းကို
ပြသရမှာပါ။

ဘယ်လောက်ပဲ ချမ်းသာတဲ့သူ ဖြစ်ပါစေ တချိန်ချိန်မှာ အားလုံးက အရောင် မှေးမှိန်သွားမှာ
ဖြစ်ပါတယ်။ အမေဆိုတာကလည်း တချိန်က ငယ်ရွယ်ခဲ့ဖူးတဲ့သူ (သမီး) ဆိုသလိုပါပဲ။ ပိုပြီး အရေးကြီးတာကတော့ သင့်ကလေးကို ကိုယ်တိုင် ကြိုးစားပြီး အတွေ့အကြုံတွေ ယူစေမယ်။
မိဘများဘက်က ဖြစ်သင့်တာမျိုးကို ဆိုလိုပါတယ်။


@ တကယ့်အောင်မြင်မှုအတွက်
Team work (အဖွဲ့အစည်း- စုစည်း) စိတ်နဲ့ အလုပ်လုပ်ခြင်းတွေပဲ ဖြစ်ပါတယ်။ အလုပ်တွေ
အတူတူ လုပ်ရင်း အရည်အသွေးတက်အောင် သင်ကြားကြမယ်။ အောက်ခြေကနေ ညီတူ
မျှတူ စ,သွားရင် ကျနော်တို့ တကယ့် အောင်မြင်မှုဆိုတာ တကယ် ရရှိမှာ ဖြစ်ပါတယ်။
(အင်တာနက်မှ ပို့စ်တခုကို ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။)

Credit To  ( MM Social Sky)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...