သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, September 16, 2013

PostHeaderIcon ရခိုင်သမိုင်း အကျဉ်းချုပ်





ရခိုင်သမိုင်း အကျဉ်းချုပ်
****************
ရခိုင်လူမျိုးတို့သည် ၄င်းတို့၏ ဇာတိနေရပ်ဖြစ်သော နတ်မြစ်ဝမှ မော်တင်စွန်း(ယခု ဧရာ

ဝတီတိုင်း)အထိ ရှည်လျားသည့် ရခိုင်ကမ်းမြောင်ဒေသ တလျှောက်တွင် နေထိုင်ကြသည်။
ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည်သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်
စိုးရာ သီးခြားလွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ ရခိုင်ဘုရင်များလက်ထက်တွင် ဘင်္ဂလား 
ဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသနှင့် အိန္ဒိယနိုင်ငံ တြိပူရဒေသတို့သည် ရခိုင်ပြည်၏ လက်
အောက်ခံ ဖြစ်ခဲ့သဖြင့် ထိုစဉ်ကာလကပင် ရခိုင်လူမျိုးအချို့သည် အုပ်ချုပ်သူ လူတန်းစား
အဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသ တို့တွင်လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီး
ယနေ့ထက်တိုင် နေထိုင်ကြဆဲလည်းဖြစ်သည်။ မြန်မာ့လူဦးရေ၏ လေးရာခိုင်နှုန်းနှင့်
အထက်သည် ရခိုင်လူမျိုးတို့ဖြစ်သည်။

နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
ရခိုင်ဆိုသောစကားသည် ပါဠိစကားမှ ဆင်းသက်လာသည်။ ရက္ခိတ(အမျိုးကို စောင့်ရှောက်

သူ)ဟု အဓိပ္ပါယ်ရသည်။ ရက္ခိုင်ဆိုသော နာမ၀ိသေသအတိုင်း“အမျိုးသီလ၊နှစ်ဌာနကို၊
ပြည့်ဝမဏ္ဍိုင်၊စောင့်စွမ်းနိုင်သည့်၊ ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့်၊အနွတ္တသညှာ၊ ခေါ်အပ်ရာ
တည်း”လို့လည်း သျှင်ရာဂိန္ဒမော်ကွန်းတွင် ဖွင့်ဆိုထားရှိကြောင်းကို တွေ့ရှိနိုင်သည်။
ပျူနှင့်အနွယ်တူ ကမ်းယံလူမျိုးများ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းဒေသဘက်သို့ ၀င်ရောက်

သည့် အချိန်ကာလလောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြားလူမျိုးစုများသည်
လည်း ရခိုင်ကမ်းရိုးတန်းဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသများဘက်မှ ဝင်
ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့်သမိုင်းများကို လေ့လာ
သည့်အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေ ပတ်
ဝန်းကျင် ဒေသတ၀ိုက်လောက်တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။

ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများသို့ ၀င်ရောက် အခြေချသည့် လူ့အဖွဲ့အစည်းများမှာ

ပျူနှင့်အနွယ်တူ ကမ်းယံလူမျိုးများသည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ၀င်
ရောက်လာဖွယ်ရာရှိသည်။ ရခိုင်ရာဇ ၀င်ဟောင်းများ၌ ရေးသားဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်
တော်မမူမီ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ ဓည၀တီကို တည်ထောင်
သည့် မာရယုမင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓည၀တီကို တည်
ထောင်သည့် ကံရာဇာကြီးမင်းဆက်၂၉.ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်
ပြိုင်ဖြစ်ပြီး မဟာမုနိ ရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသားဖော်ပြကြသည်။
 

ရခိုင်ကမ်း ရိုးတန်းဒေသတ၀ိုက်တွင် တွေ့ရှိရသည့် သမိုင်းဝင် အထောက်ထားများအရ ပုဂံ
ပြည် မတိုင်မီ ရာစုနှစ်များစွာကပင် တိုင်းပြည် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း
တွေ့ရှိရသည်။ အထူးသဖြင့် ဓည၀တီ၊ဝေသာလီနှင့် လောင်းကြက် ပြည်များသည် သူ့
ခေတ်နှင့်သူ့အခါ ထင်ရှားကြီးကျယ်သည့် တိုင်းပြည်များဖြစ်ခဲ့ကြသည်။
မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်း ဒေသတခုလုံးကို
စည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိ
ပူရဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ မြန်မာတနိုင်ငံလုံးကို
စတင် စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ဒုတိယ မြန်မာနိုင်ငံကို
ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊တတိယမြန်မာနိုင်ငံကို စည်းလုံး တည်
ထောင်သည့် အလောင်းဘုရားသည်လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ်
တခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြချေ။ ရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်း
လက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်။

ဘာသာရေး
ရခိုင်များသည် ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသည်။ ရှေးအစဉ်အဆက်ကတည်းက ဘာ

သာရေးကို ရိုသေကိုင်းရှိုင်းကြသည်။ ရခိုင်ပြည် မြောက်ဦးမြို့ ဝေသာလီ ရွှေတောင်ကြီးတွင်
စတုတ္တသင်္ဂါယနာကို ဝေသာလီဘုရင် သိရိ စန္ဒြား(သိရိစမ္မ၀ိဇယမင်း)လက်ထက် သီဟိုဠ်နိုင်ငံ
မှ သံဃာတော်တထောင်ကို ပင့်ဆောင်ပြီး ရခိုင်ပြည်မှ သံဃာတော်တထောင် ပေါင်း နှစ်
ထောင်ဖြင့် စတုတ္တသင်္ဂါယနာကို တင်ခဲ့ပါ သည်။ ၄င်းသင်္ဂါယနာ တင်ခဲ့ပုံကို
”မဟာမဟိန္ဒ၊ ထေရဘုန်းစည်၊
တည်နေဖြန့်စင်၊သီဟိုဠ်ခွင်၌၊
နောင်တွင်ဆောင်ရွက်၊ လွန်ခဲခက်၍၊
ပေထက် အက္ခရာ၊ သင်္ဂါယနာ၊
စတုတ္ထမြောက်၊ တင်ပြီးနောက်မှ၊
တမ်းမှောက်ညစ်ကျူး၊ ဝါဒထူးဖြင့်၊
ကူးလူးမယှဉ်၊ အစိုင်တည်တံ့၊
အရှည်ခံဟု၊ ကူပံ့ဖြန့်ဖြူး၊
မြတ်ကျေးဇူးဟိ၊ ရဘိရည်ညွတ်၊
လွတ်လပ်ပြုထ၊ သီဟဠနန့်၊
ဝါဒတူညီ၊ တို့သိင်္ဂီကား၊ ပဉ္စမီထပ်၊
ကြီးနီချပ်လျှင်၊ ရွှီကွပ်တင့်သား၊
ငါးထောင်အားဖြင့်၊ ရွှီးသားသီချာ၊
သုံးနှစ်ကြာလျှင်၊ ကောင်းစွာသီးသီး၊
အောင်မြင်ပြီး၍.......”ဟု
(မေဓပညာမော်ကွန်း) တွင် ဖော်ပြထားပါသည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
ရခိုင်လူမျိုးတို့သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြ

သည်။ ရခိုင်ဘာသာ စကားနှင့် မြန်မာဘာသာစကားသည် အတော်များများ တူပြီး ရ-သံ/r/
 နှင့် ယ-သံ/j/ထွက် ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေ အရေးအသား
သည် ဆင်တူသည်။ ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒဗုဒ္ဓဘာသာကို ကိုး
ကွယ်ကြသည်။ သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒဗုဒ္ဓဘာသာ
ကိုးကွယ်သူများ ဖြစ်ကြသည်။ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒဗုဒ္ဓဘာသာ အခြေခံထား၍ 
ပေါ်ပေါက်လာခဲ့သည်။
ရခိုင် လူမျိုးတို့၏ စာပေ၊ဂီတနှင့် အနုသုခုမ ပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး
တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့် ရခိုင်ဆီမီးခွက်အကတို့သည်
ထင်ရှားသည်။
 
ဝတ်စားဆင်ယင်မှု
ရခိုင်လူမျိုးများသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် နေထိုင်ပြီး ယဉ်ကျေးမှုနှင့် ကိုး

ကွယ်ယုံကြည်မှုတွင် အစဉ်အလာကြီးမားသည်။ ရခိုင်အမျိုးသားများသည် ပုဝါစကို နဖူးတွင်
စည်းနှောင်ထားပြီး ရင်ဖုံးတိုက်ပုံကို ရိုးရာပုဆိုးနှင့်တွဲဖက် ၀တ်ဆင်ကြသည်။ အမျိုးသမီး
များသည် ဇာပုဝါကို ရင်စလွယ်သိုင်းပြီး ကော်လာမဲ့ ရင်စေ့လက်ရှည် အင်္ကျီကို ရိုးရာ
လုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ ၁၅ မှ ၁၈ ရာစု ရခိုင်မင်းဆက်များ၏ ဗိသုကာ လက်
ရာများနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အဦးများကို မြောက်ဦးမြို့တွင်
လေ့လာနိုင်သည်။

စာပေ သမိုင်းကြောင်း
ရခိုင် စာပေသည် ဓည၀တီခေတ် (ဘီစီ ၃၀၀)စုခန့်ကပင် စတင်ထွန်းကားခဲ့ကြောင်း၊ အ

ထောက်အထားတွေ့ရသည်။ ဝေသာလီခေတ်နှောင်းပိုင်းမှ စလို့ ရက္ခ၀ဏ္ဏအက္ခရာဖြင့်
ရေးသားပြီး ကြိုးတန်းပိဋကတ်ကို စံထားလို့ လေ့လာခဲ့ကြပုံများကိုလည်း ရခိုင်သမိုင်းတွေမှာ
တွေ့ရှိရသည်။ ထိုခေတ်က ဓည၀တီမြို့ဟောင်း အနီးမှ တောင်ပေါက်ကြီးကျောက်စာတွင်
အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီ အရေးအသားဖြင့် ရေးထိုးထားသည်ကို တွေ့ရ
သည်။ ထို့ပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း
ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေပင် ဖြစ်ပါသည်။ ဝေသာလီခေတ်
(အေဒီ လေးရာစုမှ ဆယ်ရာစု)တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့ပါသည်။ အေဒီ
ခြောက်ရာစု ဂုပ္ပတ အက္ခရာဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ-
၇၂၉.တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင်
ရခိုင်မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်
များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာ
မက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟုသိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများ
သာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။
အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်
ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု)တွင် ကျောက်စာ
အရေးအသားများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံး
လင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့်
လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။
လေးမြို့ခေတ် ရခိုင်ကျောက်စာများအနက် ထင်ရှားသော ကျောက်စာများမှာ လောင်း
ကြက်တောင်မော် ကျောက်စာနှင့် မဟာထီးမီးကျောင်းရုပ် ကျောက်စာတို့ ဖြစ်သည်။
လောင်းကြက်တောင်မော် ကျောက်စာသည် အလျားပေ ၃၀.ရှိပြီး မြန်မာပြည်တွင် အကြီး

ဆုံးကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်
မင်းသမီးဧချင်း၊ နန်းတွင်း မိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂.လ ရာသီ
ရတုတို့မှာ ကျော်ကြားသည်။
မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-
“အောက်အာကာဗွီ၊ ၀ါယောထွီ၍
ရီထက်ကားမြီ၊ မြီထက်လီနှင့်
ပထ၀ီဟု၊ ထူထု နှစ်သိန်း၊
လေးသောင်းကိန်းထက်၊ ရံသိန်းစကြာဝဠာ
ညီစွာဝန်းလည်၊ ကျောက်တိတည်ကား”
ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန်တို့ဖြင့် ရေးဖွဲ့ထားသည့်

ရခိုင်စာပေ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။
ရခိုင်ခေတ်များ
* ၀ါသုဒေ၀ညီနောင်တကျိပ်တို့ တည်ထောင်သော ဒွါရာဝတီခေတ်
* ပထမ ဝေသာလီခေတ် သက္ကရာဇ် ၅၃၁၆ မှ ၃၃၂၅ BCE အထိ၊
* ပထမ ဓညဝတီခေတ် သက္ကရာဇ် ၃၃၂၅ မှ ၁၅၀၇ BCE အထိ၊
* ဒုတိယ ဓညဝတီခေတ် သက္ကရာဇ် ၁၅၀၇ မှ ၅၈၀ BCE အထိ၊
* တတိယ ဓညဝတီခေတ် သက္ကရာဇ် ၅၈၀ BCE မှ ၃၂၇ ADE အထိ၊
* ဒုတိယ ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ ADE အထိ၊
* လေးမြို့ခေတ် သက္ကရာဇ် ၈၁၈ မှ ၁၄၃၀ ADE အထိ၊
* မြောက်ဦးခေတ် သက္ကရာဇ် ၁၄၃၀ မှ ၁၇၈၄ ADE အထိ၊ ဖြစ်သည်။
ရခိုင်ဘုရင့်နိုင်ငံကို အုပ်ချုပ်ခဲ့သော ဘုရင်များ
ဒွါရာဝတီ[သံတွဲ]ခေတ်မင်းဆက်များ(သမိုင်းမတင်မီကာလ)
ဦးရေ။မင်းအမည်။နန်းတက်နှစ်။နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)၀ါသုဒေ၀မင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁)ဗြဟ္မကာရာဇာမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ) -ဘီစီ(၃၃၂၅)မတိုင်မီ။
(၅)ဗြဟ္မသုန္တရမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁၅)ဗြဟ္မသိန္ဒိမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁။)ဿရဘန်မင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစ(ီ၃၃၂၅)မတိုင်မီ။
ဓည၀တီ[ပဋ္ဌမ]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)မာရယုမင်း(၃၃၂၅-၃၂၆၃)ထိ(၆၂)နှစ်-ဘီစီ(ခရစ်တော်မပေါ်မီကာလ)
(၂)မာရဇေတုမင်း(၃၂၆၃-၃၂၃၁)ထိ(၃၂)နှစ်(၁)၏သား
(၃)မာရအုံမင်း(၃၂၃၁-၃၁၇၈)ထိ(၅၃)နှစ်(၂)၏သား
(၄)မာရရွယ်မင်း(၃၁၇၈-၃၁၃၀)ထိ(၄၈)နှစ်(၃)၏သား
(၅)မာရတင်မင်း(၃၁၃၀-၃၀၇၅)ထိ(၅၅)နှစ်(၄)၏်သား
(၆)မာရဇိန်မင်း(၃၀ရ၅-၃၀၄၂)ထိ(၃၃)နှစ်(၅)၏သား
(ရ)မာရတင်မင်း(၃၀၄၂-၃၀၂၀)ထိ(၂၂)နှစ်(၆)၏သား
(၁)ငဆက်အို(မျိုးခြား)(၃၀၂၀-၂၉၉၉)ထိ(၂၁)နှစ်(မျိုးခြားမင်း)
(၈)ဒေါလစန္ဒရားမင်း(၂၉၉၉-၂၉၅၉)ထိ(၄၀)နှစ်(ရ)၏သား
(၉)သောလစန္ဒရား(၂၉၅၉-၂၉၂၆)ထိ(၃၃)နှစ်(၈)၏သား
(၁၀)သူရိယစန္ဒရား(၂၉၂၆-၂၈၈၉)ထိ(၃ရ)နှစ်(၉)၏သား
(၁၁)ကာလစန္ဒရား(၂၈၈၉-၂၈၄၉)ထိ(၄၀)နှစ်(၁၀)၏သား
(၁၂)ကဉ္စန္ဒရား(၂၈၄၉-၂၈၁၈)ထိ(၃၁)နှစ်(၁၁)၏သား
(၁၃)မဓုစန္ဒရား(၂၈၁၈-၂၇၉၇)ထိ(၂၁)နှစ်(၁၂)၏သား
(၁၄)ဇေယျစန္ဒရား(၂၇၉၇-၂၇၅၇)ထိ(၄၀)နှစ်(၁၃)၏သား
(၁၅)မောက္ခစန္ဒရား(၂၇၅ရ-၂၇၃၁)ထိ(၂၆)နှစ်(၁၄)၏သား
(၁၆)ဂုနစန္ဒရား(၂၇၃၁-၂၇၁၉)ထိ(၁၂)နှစ်(၁၅)၏သား
(၃)မျိုးခြားအမတ်(၃)ဦး(၂၇၁၉-၂၇၁၈)ထိတစ်လသာစံရသည်။
(၁ရ)ကံရာဇာကြီး(၂၇၁၈-၂၆၇၇)ထိ(၄၁)နှစ်(၁၆)၏သား
(၁၈)ကံရာဇာငယ်(၂၆၇၇-၂၆၄၁)ထိ(၃၆)နှစ်(၁၇)၏သား
(၁၉)အိန္ဒသူရိယ(၂၆၄၁-၂၆၀၆)ထိ(၃၅)နှစ်(၁၈)၏သား
(၂၀)အသူရိန္ဒသူရိယ(၂၆၀၆-၂၅၇၆)ထိ(၃၀)နှစ်(၁၉)၏သား
(၂၁)သာရမိတ္တ(၂၅၇၆-၂၅၄၈)ထိ(၂၈)နှစ်(၂၀)၏သား
(၂၂)သူရိယမင်း(၂၅၄၈-၂၅၁၅)ထိ(၃၁)နှစ်(၂၁)၏သား
(၂၃)မင်းထီး(၂၅၁ရ-၂၄၉၅)ထိ(၂၂)နှစ်(၂၂)၏သား
(၂၄)မင်းပါ(၂၄၉၅-၂၄၇၃)ထိ(၂၂)နှစ်(၂၃)၏သား
(၂၅)စည်ပေါင်သူ(၂၄ရ၃-၂၄၄၅)ထိ(၂၈)နှစ်(၂၄)၏သား
(၂၆)တံတိုင်းသင်(၂၄၄၅-၂၄၁၄)ထိ(၃၁)နှစ်(၂၅)၏ညီ
(၂ရ)ကျော်ခေါင်စည်(၂၄၁၄-၂၃၆၁)ထိ(၅၃)နှစ်(၂၆)၏သား
(၂၈)သူရိယစန္ဒမိတ္တ္ဋ(၂၃၆၁-၂၃၄၀)ထိ(၂၁)နှစ်(၂၇)၏သား
(၂၉)အနန္ဒဘယ(၂၃၄၀-၂၃၁၀)ထိ(၃၀)နှစ်(၂၈)၏သား
(၃၀)လင်္ကျာစည်သူ(၂၃၀-၂၂၈၀)ထိ(၃၀)နှစ်(၂၉)၏သား
(၃၁)သီဟကုစ္ဆိ(၂၂၈၀-၂၂၃၇)ထိ(၄၃)နှစ်(၃၀)၏သား
(၃၂)မင်းဘုန်းသန်(၂၂၃၇-၂၂၀၆)ထိ(၃၁)နှစ်(၃၁)၏သား
(၃၃)သက္ကမွေး(၂၂၀၆-၂၁၅၇)ထိ(၄၉)နှစ်(၃၂)၏သား
(၃၄)ဇေယျနန္ဒသူ(၂၁၅၇-၂၁၀၅)ထိ(၅၂)နှစ်(၃၃)၏သား
(၃၅)တက္ကသူ(၂၁၀၅-၂၀၅၉)ထိ(၄၆)နှစ်(၃၄)၏သား
(၃၆)လက္ခဏ(၂၀၅၉-၂၀၂၂)ထိ(၃ရ)နှစ်(၃၅)၏သား
(၃ရ)ဂုဏရာဇ်(၂၀၂၂-၁၉၈၀)ထိ(၄၂)နှစ်(၃၆)၏သား
(၃၈)သီဝရာဇ်(၁၉၈၀-၁၉၃၉)ထိ(၄၁)နှစ်(၃၇)၏သား
(၃၉)မင်းလှမွှေး(၁၉၃၉-၁၉၁၈)ထိ(၂၁)နှစ်(၃၈)၏သား
(၄၀)ပူရိန္ဒ(၁၉၁၈-၁၈၅၈)ထိ(၆၀)နှစ်(၃၉)၏သား
(၄၁)မင်းသိဒ္ဒက်(၁၈၅၈-၁၈၃၆)ထိ(၂၂)နှစ်(၄၀)၏သား
(၄၂)မင်းလှကြီး(၁၈၃၆-၁၇၈၉)ထိ(၄၇)နှစ်(၄၁)၏သား
(၄၃)ထွေးလုပ်ကြီး(၁၇၈၉-၁၇၆၅)ထိ(၂၄)နှစ်(၄၂)၏သား
(၄၄)စေရာဇ်(၁၇၆၅-၁၇၂၇)ထိ(၃၈)နှစ်(၄၃)၏သား
(၄၅)ချက်နှာဝန်း(၁၇၂၇-၁၇၀၃)ထိ(၂၄)နှစ်(၄၄)၏သား
(၄၆)လက်ရုံးကြီး(၁ရ၀၃-၁၆၇၆)ထိ(၂၇)နှစ်(၄၅)၏သား
(၄ရ)သီရိကမ္မသုန္ဒုရ(၁၆၇၆-၁၆၄၆)ထိ(၃၀)နှစ်(၄၆)၏သား
(၄၈)နန္ဒကောဘယ(၁၆၄၆-၁၆၁၉)ထိ(၂၇)နှစ်(၄၇)၏သား
(၄၉)မင်းနံဖြူ(၁၆၁၉-၁၅၉၉)ထိ(၂၀)နှစ်(၄၈)၏သား
(၅၀)မင်းနံလှ(၁၅၉၉-၁၅၇၁)ထိ(၂၈)နှစ်(၄၉)၏သား
(၅၁)မင်းခေါင်ငယ်(၁၅၇၁-၁၅၅၁)ထိ(၂၀)နှစ်(၅၀)၏သား
(၅၂)လောက်ခေါင်ရာဇာ(၁၅၅၁-၁၅၃၆)ထိ(၁၅)နှစ်(၅၁)၏သား
(၅၃)မင်းသီဟ(၁၅၃၆-၁၅၁၅)ထိ(၂၁)နှစ်(၅၂)၏သား
(၅၄)မင်းငယ်ပျော်လှစည်သူ(၁၅၁၅-၁၅၀၈)ထိ(ရ)နှစ်(၅၃)၏သား
(၃)မျိုးခြားအမတ်(၃)ဦး(၁၅၀၈-၁၅၀၇)ထိ(၁)လတစ်ဦးစီလပိုင်းစံရသည်။
ဓည၀တီ[ဒုတိယ]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်။
(၁)ကမ္မရာဇာ(ကံရာဇာကြီး)(၁၅၀ရ-၁၄၇၀)ထိ(၃ရ)နှစ်။အချို့က ကံရာဇာကြီးဟုခေါ်သည်။
(၂)သီလရာဇာ(၁၄၇၀-၁၄၂၉)ထိ(၄၁)နှစ်(၁)၏သား
(၃)၀ါသုရ(၁၄၂၉-၁၃၉၈)ထိ(၃၁)နှစ်(၂)၏သား
(၄)နန္ဒသူရိယ(၁၃၉၈-၁၃၅၈)ထိ(၄၀)နှစ်(၃)၏သား
(၅)သူရိယနန္ဒ(၁၃၅၈-၁၃၂၆)ထိ(၃၂)နှစ်(၄)၏သား
(၆)သူရနန္ဒ(၁၃၂၆-၁၃၁၃)ထိ(၂၃)နှစ်(၅)၏သား
(ရ)စန္ဒမာဂု(၁၃၁၃-၁၂၇၁)ထိ(၃၂)နှစ်(၆)၏သား
(၈)သီရိစန္ဒာ(၁၂၇၁-၁၂၃၁)ထိ(၄၀)နှစ်(ရ)၏သား
(၉)သီဟရာဇာ(၁၂၃၁-၁၁၈၅)ထိ(၄၆)နှစ်(၈)၏သား
(၁၀)သီဟယနု(၁၁၈၅-၁၁၆၅)ထိ(၂၀)နှစ်(၉)၏သား
(၁၁)ပယာက(၁၁၆၅-၁၁၃၄)ထိ(၃၁)နှစ်(၁၀)၏သား
(၁၂)နီလဂုဏ်(၁၁၃၄-၁၀၉၃)ထိ(၄၁)နှစ်(၁၁)၏သား
(၁၃)ရောဟဂုဏ်(၁၀၉၃-၁၀၆၃)ထိ(၃၀)နှစ်(၁၂)၏သား
(၁၄)သီရိဂုဏ်(၁၀၆၃-၁၀၉၃)ထိ(၂၄)နှစ်(၁၃)၏သား
(၁၅)သမံဇာ(၁၀၃၉-၁၀၀၄)ထိ(၃၅)နှစ်(၁၄)၏တူ
(၁၆)သုဝဏ္ဍကုမ္မာ(၁၀၀၄-၉၈၄)ထိ(၂၀)နှစ်(၁၅)၏သား
(၁ရ)သက်တင်ဖြူ(၉၈၄-၉၄၄)ထိ(၄၀)နှစ်(၁၆)၏သား
(၁၈)သက်တင်ဦး(၉၄၄-၉၀၂)ထိ(၄၂)နှစ်(၁၇)၏သား
(၁၉)ဇေတ၀န်(၉၀၂-၈၆၆)ထိ(၃၆)နှစ်(၁၈)၏သား
(၂၀)မုဉ္စိယ(၈၆၆-၈၃၉)ထိ(၂၇)နှစ်(၁၉)၏သား
(၂၁)ကုမ္မရာဝိသုက(၈၃၉-၇၆၂)ထိ(ရရ)နှစ်(၂၀)၏သား
(၂၂)၀ါသုမဏ္ဍလ(၇၆၂-၇၂၈)ထိ(၃၄)နှစ်(၂၁)၏သား
(၂၃)ပုရိန္ဒ(ရ၂၈-၆၉၇)ထိ(၃၁)နှစ်(၂၂)၏သား
(၂၄)ရာလာမာယု(၆၉၇-၆၇၅)ထိ(၂၂)နှစ်(၂၃)၏သား
(၂၅)နာလမာယု(၆ရ၅-၆၄၄)ထိ(၃၁)နှစ်(၂၄)၏သား
(၂၆)၀ရတကုနိ(၆၄၄-၆၂၂)ထိ(၂၂)နှစ်(၂၅)၏သား
(၂ရ)၀ိသုရာဇာ(၆၂၂-၆၁၀ထိ(၁၂)နှစ်(၂၆)၏သား
(၂၈)သီရိရာဇာ(၆၁၀-၅၈၀)ထိ(၃၀)နှစ်(၂ရ)၏သား
ဓည၀တီ[တတိယ]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်။
(၁)စန္ဒသူရိယမင်း(၅၈၀-၅၂၇)ထိ(၅၃)နှစ်။သီရိရာဇာ၏သား
(၂)သူရိယာဓိပတိ(၅၂၇-၄၈၀)ထိ(၄၇)နှစ်(၁)၏သား
(၃)သူရိယာပတိပါတ်(၄၈၀-၄၂၄)ထိ(၅၆)နှစ်(၂)၏သား
(၄)သူရိယရုပ(၄၂၄-၃၇၉)ထိ(၄၅)နှစ်(၃)၏သား
(၅)သူရိယစန္ဒာလ(၃၇၉-၃၁၅)ထိ(၆၄)နှစ်(၄)၏သား
(၆)သူရိယစက္က(၃၁၅-၂၇၁)ထိ(၄၄)နှစ်(၅)၏သား
(ရ)သူရိယနထ(၂ရ၁-၂၉၉)ထိ(၄၂)နှစ်(၆)၏သား
(၈)သူရိယ၀ံသ(၂၉၉-၁၈၉)ထိ(၄၀)နှစ်(ရ)၏သား
(၉)သူရိယဗန္ဒ(၁၈၉-၁၆၃)ထိ(၂၆)နှစ်(၈)၏သား
(၁၀)သူရိယကလျာကာ(၁၆၃-၁၂၅)ထိ(၃၈)နှစ်(၉)၏သား
(၁၁)သူရိယမုခ(၁၂၆-၉၅)ထိ(၃၀)နှစ်(၁၀)၏သား
(၁၂)သူရိယတေဇ(၉၅-၄၅)ထိ(၅၀)နှစ်(၁၁)၏သား
(၁၃)သူရိယပုည(၄၅-၁၀)ထိ(၃၅)နှစ်(၁၂)၏သား
(၁၄)သူရိယကုလ(ဘီစီ၁၀မှအေဒီ၂၆)ထိ(၃၆)နှစ်(၁၃)၏သား(ခရစ်တော်ပေါ်ပြီးကာလ)
(၁၅)သူရိယပဘာ(၂၆-၈၀)ထိ(၅၄)နှစ်(၁၄)၏သား
(၁၆)သူရိယစိတ္တရ(၈၀-၁၁၆)ထိ(၃၆)နှစ်(၁၅)၏သား
(၁ရ)သူရိယဇေဌ(၁၁၆-၁၃၈)ထိ(၂၂)နှစ်(၁၆)၏သား
(၁၈)သူရိယ၀ိမလ(၁၃၈-၁၅၆)ထိ(၁၈)နှစ်(၁၇)၏သား
(၁၉)သူရိယယေနု(၁၅၆-၁၇၈)ထိ(၂၂)နှစ်(၁၈)၏သား
(၂၀)သူရိယကံသ(၁ရ၈-၁၉၄)ထိ(၁၆)နှစ်(၁၉)၏သား
(၂၁)သူရိယသကျ(၁၉၄-၂၀၂)ထိ(၈)နှစ်(၂၀)၏ဘထွေး
(၂၂)သူရိယသီရိ(၂၀၂-၂၂၂)ထိ(၂၀)နှစ်(၂၁)၏သား
(၂၃)သူရိယကေသီ(၂၂၂-၂၄၁)ထိ(၂၁)နှစ်(၂၂)၏သား
(၂၄)သူရိယကုမ္မာ(၂၄၁-၂၇၃)ထိ(၃၂)နှစ်(၂၃)၏သား
(၂၅)သူရိယကေတု(၂၇၁-၃၂၇)ထိ(၅၆)နှစ်(၂၄)၏သား
ဝေသာလီ[ကျောက်လှေကား]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)မဟာစန္ဒြား(၃၂၇-၃၈၄)ထိ(၅၇)နှစ်။သူရိယကေတု၏သား
(၂)သူရိယစန္ဒြား(၃၈၄-၄၃၃)ထိ(၄၉)နှစ်(၁)၏သား
(၃)မောလစန္ဒြား(၄၃၃-၄၈၁)ထိ(၄၈)နှစ်(၂)၏သား
(၄)ပေါလစန္ဒြား(၄၈၁-၅၂၇)ထိ(၄၆)နှစ်(၃)၏သား
(၅)ကာလစန္ဒြား(၅၂၇-၅၇၆)ထိ(၄၉)နှစ်(၄)၏သား
(၆)ထူလစန္ဒြား(၅ရ၆-၅၉၅)ထိ(၁၉)နှစ်(၅)၏သား
(ရ)သီရိစန္ဒြား(၅၉၅-၆၆၇)ထိ(၇၂)နှစ်(၆)၏သား
(၈)သင်္ဂစန္ဒြား(၆၆၇-၇၃၃)ထိ(၆၆)နှစ်(၇)၏သား
(၉)စူဠစန္ဒြား(၇၃၃-၇၆၉)ထိ(၃၆)နှစ်(၈)၏သား
(၁)အမြတူ(မြို့(၆၉-၇၇၆)ထိ(ရ)နှစ်(မျိုးခြားမင်း)
(၂)ပဲဖြူ(၇၇၆-၇၉၃)ထိ(၁၇)နှစ်(အမြတူ၏ညီသား)
-မင်းမဲ့ကာလ(၇၉၃-၇၉၄)ထိ(၁)နှစ်(မင်းမရှိသောကာလ)
(၁၀)ငတုံမင်း(၇၉၄-၈၁၈)ထိ(၂၄)နှစ်(စူဠစန္ဒြား၏သား)
ပဉ္စာခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)ခေတ္တသင်(၈၁၈-၈၂၈အေဒီ)ထိ(၁၀)နှစ်(စူဠစန္ဒြရားတူစန္ဒကူး၏သား)
(၂)စန္ဒသင်(၈၂၈-၈၄၃)ထိ(၁၅)နှစ်(ခေတ္တသင်၏ညီ)
(၃)မင်းသင်ဖြူ(၈၄၃-၈ရ၃)ထိ(၃၀)နှစ်(၁)၏သား
(၄)နာဂသူရိယ(၈၇၃-၉၀၄)ထိ(၃၂)နှစ်(၂)၏သား
(၅)ပုဏ္ဍက(၉၃၆-၉၆၉)ထိ(၃၃)နှစ်(၄)၏သား
(၆)မင်းကြီးဖြူ(၉၆၉-၉၈၄)ထိ(၁၅)နှစ်(၅)၏သား
(၁)စည်သဘင်(၉၈၄-၉၈၆)ထိ(၂)မျိုးခြားမင်း
(ရ)မင်းနု(၉၈၆-၁၀၁၄)ထိ(၂၈)နှစ်(မင်းကြီးဖြူ၏သား)
(၈)မင်းလာတော်(၁၀၁၄-၁၀၃၄)ထိ(၂၀)နှစ်(ရ)၏သား
(၉)မင်းကုလား(၁၀၃၄-၁၀၆၂)ထိ(၂၈)နှစ်(၈)၏သား
(၁၀)မင်းဘီလူး(၁၀၆၂-၁၀၆၈)ထိ(၆)နှစ်(၉)၏သား
(၁)၀ရောင်းငှက်အသင်္ခယာ(၁၀၆၈-၁၀၇၆)ထိ(၈)နှစ်(ကြားမင်း)
(၂)မင်းဘုန်းသန်(၁၀၇၆-၁၀၉၀)ထိ(၁၄)နှစ်(အသင်္ခယာ၏သား)
(၃)မင်းမတ်(၁၀၉၀-၁၁၀၃)ထိ(၁၃)နှစ်(မင်းဘုန်းသန်၏သား)
ပရိန်[ပဋ္ဌမ]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)လင်္ကျာမင်းနန်(၁၁၀၃-၁၁၀၉)ထိ(၆)နှစ်(မင်းဘီလူး၏မြေး)
(၂)မင်းသီဟ(၁၁၀၉-၁၁၁၀)ထိ(၁)နှစ်(၁)၏သား
(၃)ရာဇာကြီး(၁၁၁၀-၁၁၁၃)ထိ(၃)နှစ်(၂)၏သား
(၄)သကျဝင်ကြီး(၁၁၁၃-၁၁၁၅)ထိ(၂)နှစ်(၃)၏သား
(၅)သကျဝင်ငယ်(၁၁၁၅-၁၁၁၈)ထိ(၃)နှစ်(၄)၏သား
(၆)ကောလိယ(၁၁၁၈-၁၁၂၃)ထိ(၅)နှစ်(၅)၏သား
ပရိန်[ဒုတိယ]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)ဒဿရာဇာ(၁၁၂၃-၁၁၃၉)ထိ(၁၆)နှစ်(ကောလိယ၏သား)
(၂)အနန္ဒသီရိ(၁၁၃၉-၁၁၄၂)ထိ(၃)နှစ်(၁)၏သား
(၃)မင်းဖုန်းစား(၁၁၄၂-၁၁၄၉)ထိ(၇)နှစ်(အနန္ဒသီရိ၏ညီ)
(၄)ပဉ္စဏလ၀တ်(၁၁၄၉-၁၁၅၁)ထိ(၂)နှစ်(၃)၏သား
(၅)ဓနရူပေါ(၁၁၅၁-၁၁၆၀)(၉)နှစ်(၄)၏သား
(၆)စလင်ကာဗိုလ်အမတ်(၁၁၆၀-၁၁၆၁)ထိ(၁)နှစ်(၅)၏သား
(ရ)မဉ္စူသင်(၁၁၆၁-၁၁၆၁)ထိ(၅)နှစ်(ဓနရူပေါ၏သား)
(၈)ငရံမံ(၁၁၆၆-၁၁၆၈)ထိ(၂)နှစ်(၇)၏သား
(၉)မင်းပုဂံ(၁၁၆၈-၁၁၇၀)ထိ(၂)နှစ်(၈)၏သား
(၁၀)ငရက္ခိုင်(၁၁ရ၀-၁၁၇၃)ထိ(၃)နှစ်(၉)၏သား
(၁၁)မင်းကြုံ(၁၁ရ၃-၁၁၈၅)ထိ(၁၂)နှစ်(၁၀)၏သား
(၁၂)မင်းဆူ(၁၁၈၅-၁၁၉၀)ထိ(၅)နှစ်(၁၁)၏သား
(၁၃)ရွှေသင်(၁၁၉၀-၁၁၉၃)ထိ(၃)နှစ်(၁၂)၏သား
(၁၄)မင်းခေါင်ကြီး(၁၁၉၃-၁၂၀၄)ထိ(၆)နှစ်(၁၃)၏သား
(၁၅)မင်းခေါင်ငယ်(၁၁၉၉-၁၂၀၄)ထိ(၅)နှစ်(၁၄)၏သား
(၁၆)ကမ္ဘာလောင်ကြီး(၁၂၀၄-၁၂၁၀)ထိ(၆)နှစ်(၁၅)၏သား
(၁ရ)ကမ္ဘာလောင်ငယ်(၁၂၁၀-၁၂၂၀)ထိ(၁၀)နှစ်(၁၆)၏သား
(၁၈)သကျဝင်ကြီး(၁၁၂၀-၁၂၂၂)ထိ(၂)(၁၇)၏သား
(၁၉)သကျဝင်ငယ်(၁၂၂၂-၁၂၃၂)ထိ(၁၀)နှစ်(၁၈)၏သား
(၂၀)သနပင်ဖြူ(၁၂၃၂-၁၂၃၅)ထိ(၃)နှစ်(၁၉)၏သား
(၂၁)နယ်သိမ်း(၁၂၃၅-၁၂၄၆)ထိ(၁၁)နှစ်(၂၀)၏သား
(၂၂)ငနလုံး(၁၂၄၆-၁၂၅၀)ထိ(၄)နှစ်(၂၁)၏သား
လောင်းကြက်ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)လောမာဖြူ(၁၂၅၀-၁၂၅၆)ထိ(၆)နှစ်(ငနလုံး၏သား)
(၂)ရာဇာသူကြီး(၁၂၅၆-၁၂၅၈)ထိ(၂)နှစ်(၁)၏သား
(၃)စောလူး(၁၂၅၈-၁၂၆၁)(၃)နှစ်(၂)၏သား
(၄)ဥစ္စနာကြီး(၁၂၆၁-၁၂၆၉)ထိ(၈)နှစ်(၃)၏သား
(၅)စောမွန်ကြီး(၁၂၆၉-၁၂၇၃)ထိ(၄)နှစ်(၄)၏သား
(၆)နန်းကျကြီး(၁၂၇၃-၁၂၇၇)ထိ(၄)နှစ်(၅)၏သား
(ရ)မင်းဘီလူး(၁၂၇၇-၁၂၈၁)ထိ(၄)နှစ်(၆)၏သား
(၈)စည်သဘင်အမတ်ကြီး(၁၂၈၁-၁၂၈၃)ထိ(၂)နှစ်
(၉)မင်းထီး(၁၂၈၃-၁၃၈၉)ထိ(၁၀၆)နှစ်(မင်းဘီလူး၏သား)
(၁၀)ဥစ္စနာငယ်(၁၃၈၉-၁၃၉၁)ထိ(၂)နှစ်(၉)၏သား
(၁၁)သီဝရာဇ်(၁၃၉၁-၁၃၉၂)ထိ(၁)နှစ်(၁၀)၏ညီ
(၁၂)နန်းကျငယ်(၁၃၉၂-၁၃၉၄)ထိ(၂)နှစ်(၁၁)၏ညီ
(၁၃)ရာဇသူ(၁၃၉၄-၁၃၉၆)ထိ(၂)နှစ်(၁၂)၏သား
(၁၄)စည်သဘင်အမတ်(၁၃၉၆-၁၃၉ရ)ထိ(၁)နှစ်
(၁၅)မြင်စည်စားအမတ်(၁၃၉၇-၁၃၉၇)ထိ(၅)လ
(၁၆)ရာဇသူမင်း(၁၃၉၇-၁၄၀၁)ထိ(၄)နှစ်
(၁ရ)သိင်္ဂသူ(၁၄၀၁-၁၄၀၄)ထိ(၃)နှစ်(၁၆)၏ညီ
မြောက်ဦး[ပဋ္ဌမ]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)မင်းစောမွန်(၁၄၀၄-၁၄၃၃)ထိ(၂၉)နှစ်(ရာဇသူ၏သား)
(၂)အလီခင်(၁၄၃၃-၁၄၅၈)ထိ(၂၅)နှစ်(၁)၏ညီ
(၃)ဘစောဖြူ(ကုလမသျှာ)(၁၄၅၈-၁၄၈၁)ထိ(၂၃)နှစ်(၂)၏သား
(၄)မင်းဒေါ်လျာ(ဆင်ဖြူရှင်)(၁၄၈၁-၁၄၉၁)ထိ(၁၀)နှစ်(၃)၏သား
(၅)မင်းညို(၁၄၉၁-၁၄၉၃)ထိ(၂)နှစ်(၄)၏ပထွေး
(၆)ရန်အောင်(၁၄၉၃-၁၄၉၄)ထိ(၆)လ(၄)၏သား
(ရ)စလင်္ကာသူ(၁၄၉၄-၁၅၀၁)ထိ(ရ)နှစ်(၆)၏ဦးကြီး
(၈)မင်းရာဇာ(၁၅၀၁-၁၅၁၃)ထိ(၁၂)နှစ်(ရ)၏သား
(၉)ကဇာပတိ(၁၅၁၃-၁၅၁၅)ထိ(၂)နှစ်(၈)၏သား
(၁၀)မင်းစောအို(၁၅၁၅-၁၅၁၅)ထိ(၆)လ(မင်းရာဇာ၏ပထွေး)
(၁၁)သဇာတာ(၁၅၁၅-၁၅၂၁)ထိ(၆)နှစ်(၄)၏သား
(၁၂)မင်းခေါင်ရာဇာ(၁၅၂၁-၁၅၃၁)ထိ(၁၀)နှစ်(၁၁)၏ညီ
မြောက်ဦး[ဒုတိယ]ခေတ်မင်းဆက်များ
(၁)မင်းဗာကြီး(၁၅၃၁-၁၅၅၃)ထိ(၂၂)နှစ်(မင်းရာဇာ၏သား)
(၂)မင်းတိက္ခာ(၁၅၅၃-၁၅၅၆)ထိ(၃)နှစ်(၁)၏သား
(၃)မင်းစောလှ(၁၅၅၆-၁၅၆၄)ထိ(၈)နှစ်ကျော်(၂)၏သား
(၄)စကြ၀ဒေး(၁၅၆၄-၁၅၇၁)ထိ(ရ)နှစ်(၃)၏ညီ
(၅)မင်းဖလောင်း(၁၅ရ၁-၁၅၉၃)ထိ(၂၂)နှစ်(မင်းဗာကြီး၏သား)
(၆)မင်းရာဇာ(၁၅၉၃-၁၆၁၂)ထိ(၁၉)နှစ်(၅)၏သား
(ရ)မင်းခမောင်း(၁၆၁၂-၁၆၂၂)ထိ(၁၀)နှစ်(၆)၏သား
(၈)သီရိသုဓမ္မရာဇာ(၁၆၂၂-၁၆၃၈)ထိ(၁၆)နှစ်(၇)၏သား
(၉)မင်းစနေ(၁၆၃၈-၁၆၃၈)ထိ(၂၀)ရက်(၈)၏သား
မြောက်ဦး[တတိယ]ခေတ်နောက်ဆုးံမင်းဆက်များ
(၁)နရပတိမင်း(ကုသလ)(၁၆၃၈-၁၆၄၅)ထိ(၇)နှစ်
(၂)သတိုးဓမ္မရာဇာ(၁၆၄၅-၁၆၅၂)ထိ(၇)နှစ်(၁)၏သား
(၃)စန္ဒသုဓမ္မရာဇာ(၁၆၅၂-၁၆၇၄)ထိ(၂၂)နှစ်(၂)၏သား
(၄)ဥက္ကာဗလ(၁၆၇၄-၁၆၈၅)ထိ(၁၁)နှစ်(၃)၏သား
(၅)၀ရဓမ္မရာဇာ(၁၆၈၅-၁၆၉၂)ထိ(၇)နှစ်(၄)၏ညီ
(၆)မဏိသုဓမ္မရာဇာ(၁၆၉၂-၁၆၉၄)ထိ(၂)နှစ်(၅)၏နောင်တော်
(ရ)စန္ဒသူရိယဓမ္မရာဇာ(၁၆၉၄-၁၆၉၆)ထိ(၂)နှစ်(၆)၏ညီ
(၈)ငတုံနော်ရထာ(၁၆၉၆-၁၆၉၆)ထိ(၃၇)ရက်(၇)၏သား
(၉)မာရုပိယ(၁၉၆၉-၁၉၆၇)ထိ(၁)နှစ်(ရဟန်းလူထွက်)
(၁၀)လာလကန္တတ်(၁၉၆၇-၁၉၆၈)ထိ(၁)နှစ်(ရဟန်းလူထွက်)
(၁၁)ရွှေဝါနရာဓိပတိ(၁၆၉၈-၁၇၀၀)ထိ(၂)နှစ်(မင်းသား)
(၁၂)စန္ဒ၀ိမလဓမ္မရာဇာကျော်သိင်္ဂ(၁၇၀၀-၁၇၀၆)ထိ(၆)နှစ်
(၁၃)သူရိယရာဇာသတိုးလှ(၁၇၀၆-၁၇၁၀)ထိ(၄)နှစ်
(၁၄)စန္ဒ၀ိဇာရာဇာတန္တဗိုလ်(၁၇၁၀-၁၇၃၁)ထိ(၂၁)နှစ်
(၁၅)သာမစန္ဒသူရိယရာဇာ(၁၇၃၁-၁၇၃၄)ထိ(၃)နှစ်(၁၄)၏သမက်
(၁၆)နရာအဓိပတိ(၁၇၃၄-၁၇၃၅)ခု(၁)နှစ်(၁၅)၏သား
(၁ရ)န၀မရရာဇာ(၁၇၃၅-၁၇၃၇)ထိ(၂)နှစ်(၁၆)၏ညီ
(၁၈)စန္ဒ၀ိဇယ(၁၇၃ရ-၁၇၃ရ)ထိ(၈)လ(၁၇)၏ဘကြီးသားညီ
(၁၉)သူရတန်ရာဇာ(၁၇၃ရ-၁၇၃ရ)ထိ(၃-ရက်)မျိုးခြား
(၂၀)မေတ္တရာဇ်(၁၇၃ရ-၁၇၄၂)ထိ(၅)နှစ်(စန္ဒ၀ိဇယ၏ညီ)
(၂၁)နရအဘယရာဇာ(၁၇၄၂-၁၇၆၁)ထိ(၁၉)နှစ်(၂၀)၏ပထွေး
(၂၂)သီရိသုရာဇာ(၁၇၆၁-၁၇၆၁)ထိ(၃)လ(၂၁)၏သား
(၂၃)စန္ဒပရမရာဇာ(၁၇၆၁-၁၇၆၄)ထိ(၃)နှစ်(၂၂)၏ညီ
(၂၄)အဘယမဟာရာဇာ(၁၇၆၄-၁၇၇၃)ထိ(၉)နှစ်(၂၃)၏ယောက်ဖ
(၂၅)ဒါးပိုင်သောကြာ(စန္ဒသုမန)(၁၇ရ၃-၁၇၃၇)ထိ(၄)နှစ်
(၂၆)စန္ဒ၀ိမလ(အမတ်ပိုးရွှေ)(၁၇၇၇-၁၇၇၇)ထိ(၄၀-ရက်)
(၂ရ)စန္ဒသတိဿရာဇာ(အောင်စုန်)(၁၇၇၇-၁၇၈၂)ထိ(၅)နှစ်
(၂၈)မဟာသမ္မတရာဇာ(သတိုးအောင်)(၁၇၈၂-၁၇၈၄)(၂)နှစ်(၂၇)၏တူမလင်
ဤတွင် နှစ်ပေါင်း ငါးထောင်ကျော် ရှည်ကြာလာခဲ့ရသည့် ရခိုင်မင်းဆက် အဆုံး

သတ်ခဲ့ရုံသာမက ကျူးကျော်သူ ဗမာနယ်ချဲ့တို့က ရခိုင်ဘုရင့်နိုင်ငံတခုလုံးကို မီးရှို့
ဖျက်ဆီးမှုကြောင့် ပြာပုံဘ၀သို့ ကျရောက်ခဲ့ရသည်။ အပြစ်မဲ့ပြည်သူ ခုနှစ်သိန်းကျော်
ရက်စက်စွာ အသတ်ခံခဲ့ကြရပြီး၊ နှစ်သိန်းကျော်သော ပြည်သူများမှာ တိုင်းပြည်ကို စွန့်
ခွာ၍ အနောက်ဘင်္ဂလားဒေသနှင့် အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးသွားခဲ့ကြရသည်။
တသိန်းကျော်မှာ ဗမာပြည်သို့ စစ်သုံးပန်းအဖြစ်နှင့် ယိုးဒယားသို့ ကျူးကျော် ၀င်ရောက်
တိုက်ခိုက်ရာတို့တွင် လူသားဒိုင်းကာများအဖြစ် အသုံးပြုရင်း အပြန်လမ်းမရှိခဲ့ကြပေ။

ပြည်နယ်မြို့တော်အမည် ( စစ်တွေ)
ရခိုင်ပြည်နယ်ဧရိယာအကျယ်အ၀န်းမှာ ၁၄၂၀၀.၀၈ စတုရန်းမိုင်ခန့်ရှိပြီး ဧကအားဖြင့်

ဆိုလျှင် ၉၀၈၈၀၅ ဧကရှိပြီး စိုက်ပျိုးမြေဧကမှာ ၁၂၈၉၀၀၂ ဧကရှိကြောင်း ၂၀၀၉ ခုနှစ်
ထုတ်ပြန်သော စာရင်းအရ သိရသည်။
လူဦးရေ ၃၈၈၃၃၃၀ (၂၀၀၉ ပြည့်နှစ် စာရင်း)
ရခိုင်ပြည်နယ်ကို ခရိုင်၎ခု၊မြို.နယ်၁၈ မြို့နယ်နှင့် မြို့နယ်ခွဲ၃ ခုဖြင့် ဖွဲ့စည်းထားပြီး စစ်တွေ

ခရိုင်မှာ လူဦးရေ အထူထပ်ဆုံးဖြစ်သည်။ စစ်တွေခရိုင်တွင် အိမ်ခြေပေါင်း ၂၂၁၁၂၇ ရှိပြီး
လူဦးရေမှာ ၁၅၂၂၀၄၀ ရှိသည်။ ကျောက်ဖြူခရိုင်တွင် အိမ်ခြေပေါင်း ၈၄၄၉၁ ရှိပြီး လူဦး
ရေမှာ ၅၆၀၃၄၉ ရှိကြောင်း ဖော်ပြသည်။ သံတွဲခရိုင်တွင် အိမ်ခြေပေါင်း ၆၁၇၄၀ရှိပြီး လူဦး
ရေမှာ ၃၇၆၄၅၀ ရှိပြီး မောင်တောခရိုင်တွင် အိမ်ခြေပေါင်း ၉၆၈၂၅ ရှိပြီး လူဦးရေမှာ ၇၂၄
၄၉၁ ဦးဖြစ်သည်။ ပြည်နယ်များထဲတွင် ရှမ်းပြည်နယ်မှာ လူဦးရေ အများဆုံးဖြစ်ပြီး-
ရခိုင်ပြည်နယ်မှာ ဒုတိယ အများဆုံးဖြစ်သည်။
ရခိုင်ကမ်းရိုးတန်းအလျား အရှည်မိုင် ၃၆၀ ရှိသည်။ လေ့လာ ဆန်းစစ်သူများအပြောအရ

လက်ရှိ ရခိုင်လူဦးရေမှာ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊မြန်မာနိုင်ငံတခြားဒေသများနှင့် ပြည်ပ
နိုင်ငံများတွင် နေထိုင်သူများ အပါအ၀င်ဆိုလျှင် စုစုပေါင်း ၅ သန်းနီးပါးရှိကြောင်း သိရ
သည်။ ၄င်းပြင် ရခိုင်ပြည်၏ သစ်တောကြိုးဝိုင်း ဧရိယာမှာ ၁၆၈၆၂၆၇ဧက ရှိပြီး တော
ရိုင်းမြေဧရိယာမှာ ၃၅၃၂၂၉၉ ဧကနှင့် စိုက်ပျိုးခြင်း မပြုနိုင်သော ဧရိယာမှာ ၂၃၀၀၀၄၁
ဧကရှိသည်။
 
ခရိုင် ၄ ခရိုင်
(စစ်တွေခရိုင်၊မောင်တောခရိုင်၊ကျောက်ဖြူခရိုင်၊သံတွဲခရိုင်)
မြို့နယ် ၁၈ မြို့နယ်
ကျောက်တော်မြို့၊ကျောက်ဖြူမြို့၊ဂွမြို့၊စစ်တွေမြို့၊တောင်ကုတ်မြို့၊ပုဏ္ဏားကျွန်းမြို့
ပေါက်တောမြဘူးသီးတောင်မြို့၊မာန်အောင်မြို့၊မောင်တောမြို့၊မင်းပြားမြို့၊မြေပုံမြို့
မြောက်ဦးမြို့၊ရသေ့တောင်မြို့၊ရမ်းဗြဲမြို့၊သံတွဲမြို့၊အမ်းမြို့ ၊မအီမြို့တို့ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ
၁၉၈၂ မြန်မာနိုင်ငံသား အက်ဥပဒေအရ၊တရားဝင် အသိအမှတ်ပြုထားသော၊

မြန်မာနိုင်ငံ၏ တိုင်းရင်းသား (၁၃၅)မျိုးတွင် ပါဝင်သည့် ရခိုင်ပြည်နယ်မှ လူမျိုးနှင့်
မျိုးနွယ်စု(၇)မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
1. ရခိုင်လူမျိုး
2. ကမန် မျိုးနွယ်စု
3. ခမွီး မျိုးနွယ်စု
4. ဒိုင်းနက် မျိုးနွယ်စု
5. မရမာကြီး မျိုးနွယ်စု
6. မြို မျိုးနွယ်စု
7. သက် မျိုးနွယ်စု တို့ဖြစ်သည်။ 

(ရွှီမြောက်ဦး စုစည်းဖော်ပြသည်)။


0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...