သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, September 20, 2013

PostHeaderIcon ဆက်ဆံရေး အသိ သတိ လိမ်မာပါးနပ်မှုနဲ့ အရှိန်အဝါ

 လူတိုင်းအတွက် ဆက်ဆံရေးအခန်းကဏ္ဍ
လူတိုင်းသည် မိမိ၏ ဆက်ဆံရေး အခန်းကဏ္ဍကို တည်ဆောက်နေကြသည်။ တချို့က မိမိ၏
ဆက်ဆံရေး အခန်းကဏ္ဍကို ကြီးမားသော ဆက်ဆံရေး အသိသတိတို့ဖြင့် တည်ဆောက်ကြ
သည်။တချို့က နိမ့်ကျသော ဆက်ဆံရေးအသိ သတိဖြင့် တည်ဆောက်သည်။ သို့ဖြစ်သော
ကြောင့် ထိခိုက်ဆုံးရှုံးရသည်။ ဆက်ဆံရေးအသိ သတိသည် အောင်မြင်သော ဆက်ဆံရေး
အခန်းကဏ္ဍကို တည်ဆောက်ရာတွင် မရှိမဖြစ် လိုအပ်သကဲ့သို့ ဆက်လက် ထိန်းသိမ်းရာ
တွင်လည်း အမြဲလက်ကိုင်ပြုသွားရမည့် အရာဖြစ်သည်။

အောင်မြင်သော ဆက်ဆံရေး အခန်းကဏ္ဍ ဆိုသည်မှာ
အောင်မြင်သော ဆက်ဆံရေး အခန်းကဏ္ဍဆိုသည်မှာ အချက် (၄) ချက်နှင့် ပြည့်စုံသည်။
ယင်းအချက်များမှာ (၁) ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ တန်ဖိုးနှင့် အရှိန်အဝါသည် တဖြည်း
ဖြည်း မြင့်မား၍နေခြင်း (၂) ပတ်ဝန်းကျင်၏ ကြည်ညို လေးစားမှု၊ တန်ဖိုးထားမှု၊ ယုံကြည်
အားထားမှု စသည်တို့ကို ခံယူရရှိနေခြင်း (၃) ပတ်ဝန်းကျင်အပေါ် သြဇာအရှိန်အဝါ ကြီးမား
လာခြင်း (၄) လိမ်လည်လှည့်ဖြားမှု၊ သြဇာပေးလွှမ်းမိုးမှု၊ ဝင်ရောက် နှောင့်ယှက်မှု၊ စွက်ဖက်
ခြယ်လှယ်မှု၊ စော်ကားမှု စသည်တို့ကို ပတ်ဝန်းကျင်က မပြုလုပ်ဝံ့ခြင်း စသည့် အချက်များ
ဖြစ်သည်။ ဤအချက်များနှင့် ပြည့်စုံသော ဆက်ဆံရေး အခန်းကဏ္ဍကို အောင်မြင်သော
ဆက်ဆံရေး အခန်းကဏ္ဍဟု ခေါ်သည်။

မအောင်မြင်သော ဆက်ဆံရေး အခန်းကဏ္ဍ ဆိုသည်မှာ
မအောင်မြင်သော ဆက်ဆံရေး အခန်းကဏ္ဍဆိုသည်မှာ အချက် (၄) ချက်နှင့် ပြည့်စုံသည်။ ယင်းအချက်များမှာ (၁) ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ တန်ဖိုးနှင့် အရှိန်အဝါတို့ တဖြည်းဖြည်း
ယုတ်လျော့ ကျဆင်းနေခြင်း (၂) ပတ်ဝန်းကျင်က အထင်အမြင်သေးမှု၊ အလေးအနက် တန်ဖိုး
မထားမှု၊ အယုံအကြည်ကင်းမဲ့မှု စသည် တို့ဖြစ်ပေါ်လာခြင်း၊ (၃) ပတ်ဝန်းကျင်၏ ကိုင်တွယ်
ထိန်းချုပ်မှုများကို ခံယူနေရခြင်း (၄) လိမ်လည်လှည့်ဖြားမှု၊  သြဇာပေး လွှမ်းမိုးမှု၊ ဝင်ရောက်
နှောင့်ယှက်မှု၊ စွက်ဖက်ခြယ်လှယ်မှုများကို ပတ်ဝန်းကျင်က ပြောင်ပြောင်တင်းတင်း ပြုလုပ်
လာခြင်း စသည့်အချက်များဖြစ်သည်။ ဤအချက်များနှင့် ပြည့်စုံသော ဆက်ဆံရေး အခန်း
ကဏ္ဍကို မအောင်မြင်သော ဆက်ဆံရေး အခန်းကဏ္ဍဟု ခေါ်သည်။

ဆက်ဆံရေး နှစ်ဖက်မြင် ပုဂ္ဂိုလ်
လူဆိုသည်မှာ တဦးတည်းနေ၍မရ။ ပတ်ဝန်းကျင်နှင့် အမြဲထိတွေ့ပြီး ဘဝကို ရပ်တည်ရသည်။ ပတ်ဝန်းကျင်နှင့် အမြဲထိတွေ့နေရသည့်အတွက် မိမိအကြောင်းကိုသာမကပဲ ပတ်ဝန်းကျင်၏ အကြောင်းကို ပြည့်စုံမှန်ကန်စွာ သိမြင်နေရန် လိုအပ်သည်။ မိမိအကြောင်း တမျိုးတည်းကိုသာ
သိနေသူကို ဆက်ဆံရေး တဖက်မြင် ပုဂ္ဂိုလ်ဟု ခေါ်ဆိုသည်။ မိမိအကြောင်းနှင့် တဖက်ပုဂ္ဂိုလ် အကြောင်းကိုပါ နှစ်မျိုးစလုံး သိသူကို ဆက်ဆံရေး နှစ်ဖက်မြင် ပုဂ္ဂိုလ်ဟု ခေါ်ဆိုသည်။ ဆက်
ဆံရေး နှစ်ဖက်မြင် ပုဂ္ဂိုလ်အဖြစ် ရပ်တည်နိုင်မှသာ ပတ်ဝန်းကျင်ကြီးနှင့် အောင်မြင်စွာ
ထိတွေ့ ဆက်ဆံနိုင်မည် ဖြစ်သည်။

ဆက်ဆံရေး လိမ္မာပါးနပ်မှု
ဆက်ဆံရေး နှစ်ဖက်မြင် ပုဂ္ဂိုလ်အဖြစ် ကြိုးပမ်း ရပ်တည်သည့်အခါ ဆက်ဆံရေး လိမ္မာပါးနပ်
မှု တဆက်တည်း ဖြစ်ပေါ်လာသည်။ ဆက်ဆံရေး လိမ္မာပါးနပ်မှုဆိုသည်မှာ''အပွေးမြင် အပင်
သိ'' ဆိုသည့်အတိုင်း မိမိနှင့် ဆက်ဆံနေသူ၏ အပြင် သရုပ်သကန်ကို မြင်သည်နှင့် အတွင်း
သရုပ်သကန်ကို ထိုးထွင်းသိမြင်မှု၊ တဖက်ပုဂ္ဂိုလ်က မိမိအား တထွာ ပြသော်လည်း မိမိက
တတောင် မြင်မှု၊ တဖက်ပုဂ္ဂိုလ် ပါးစပ်ဟလိုက်သည်နှင့် အူမအထိ လှမ်းမြင်မှု စသည့်
အချက်များကို ဆိုလိုသည်။
ဤအချက်များနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဆက်ဆံရေး လိမ္မာပါးနပ်မှုရှိသော ပုဂ္ဂိုလ်ဟု ခေါ်
ဆိုသည်။ ဆက်ဆံရေး လိမ္မာပါးနပ်သူကို ပတ်ဝန်းကျင်က စိတ်ကြိုက် လိမ်ညာ လှည့်စား၍
မရ။ အယုံသွင်း၍မရ။ ဖြားယောင်း၍မရ။ ထောင်ချောက်ဆင်၍ မရ။ အဘယ်ကြောင့်ဆို
သော် ပတ်ဝန်းကျင်က မည်သို့ ပြုလုပ်လာတော့မည်ကို ကြိုတင်သိမြင်နေသောကြောင့်
ဖြစ်သည်။

ဆက်ဆံရေး အသိနှင့် သတိ (၂) မျိုး
ဆက်ဆံရေး လိမ္မာပါးနပ်မှုရှိရန် အတွက် ဆက်ဆံရေးအသိနှင့် သတိနှစ်မျိုးရှိရမည်။
ယင်းတို့မှာ
(၁) မိမိအပေါ်ထားရှိရမည့် ဆက်ဆံရေးအသိနှင့် သတိ၊(၂) တဖက် ပုဂ္ဂိုလ်အပေါ် ထားရှိရမည့် ဆက်ဆံရေးအသိနှင့် သတိဟူ၍ ဖြစ်သည်။ ဤဆက်ဆံရေး အသိနှင့် သတိနှစ်မျိုး ရှိမှသာ
ဆက်ဆံရေး လိမ္မာပါးနပ်သူအဖြစ် ရပ်တည်နိုင်မည်။

မိမိအပေါ် ထားရှိရမည့် ဆက်ဆံရေး အသိနှင့် သတိ
မိမိအပေါ် ထားရှိရမည့် ဆက်ဆံရေးအသိနှင့်  သတိကို နှစ်ပိုင်းခွဲခြားလိုသည်။
ပထမအပိုင်းမှာ မိမိကိုယ် မိမိထားရှိရမည့် ဆက်ဆံရေးအသိ ဖြစ်သည်။ ဆိုလိုသည်မှာ မိမိ
ဆက်ဆံရေး အခန်းကဏ္ဍ အောင်မြင်နေသည် သို့မဟုတ် ထိခိုက်ဆုံးရှုံးနေသည် စသဖြင့်
အခြေအနေမှန်ကို သိရှိနေခြင်း ဖြစ်သည်။ ဤသို့ မိမိကိုယ်ကိုယ် အမှန်အတိုင်းသိရှိမှသာ လိုအပ်သလို ပြုပြင် တည့်မတ်နေထိုင်နိုင်မည်။
ဒုတိယအပိုင်းမှာ မိမိအပေါ် ထားရှိရမည့် ဆက်ဆံရေး သတိဖြစ်သည်။ ဆိုလိုသည်မှာ မိမိ
ဆက်ဆံရေး အပြုအမူများသည် မည်ကဲ့သို့သော အနက်အဓိပ္ပာယ် ဆောင်ယူနေသည်၊
ယင်းတို့ကို ဆက်လက် ကျင့်သုံးနေလျှင် ပတ်ဝန်းကျင်က မိမိအပေါ် မည်ကဲ့သို့ တုံ့ပြန်လာ
နိုင်သည်၊ မိမိ၏ အနာဂတ် အခြေအနေ မည်သို့ ဖြစ်လာနိုင်သည် စသည်ဖြင့် ဆင်ခြင် သုံး သပ်နေခြင်းဖြစ်သည်။ ဤသို့ ဆင်ခြင် သုံးသပ်နေခြင်းသည် ဆက်ဆံရေး သတိထားရှိနေခြင်း
ဖြစ်သည်။ ဆင်ခြင်သုံးသပ်နေရမည့် အချက်များထဲမှ တချို့ကို အောက်ပါအတိုင်း တင်ပြ
လိုသည်။

သိမ်မွေ့မှုနှင့် သိမ်ငယ်မှု
သိမ်မွေ့မှု ဆိုသည်မှာ စိတ်နေသဘောထား တည်ငြိမ်ရင့်ကျက်မှု၊ မာန်မာနကင်းမှု၊ မိမိနှင့်
တဖက် ပုဂ္ဂိုလ်ကို လေးစားတန်ဖိုးထားမှု စသည့် သဘောများဆောင်သည်။ သိမ်ငယ်မှုသည် အားငယ်ကြောက်ရွံ့မှု၊ မိမိကိုယ်မိမိ မယုံကြည်မှု၊ အားကိုး အားထားမပြုလိုမှု၊ ရဲဝံ့သတ္တိမရှိမှု
စသည့် သဘောများဆောင်သည်။ မိမိသည် သိမ်မွေ့သူ သို့မဟုတ် သိမ်ငယ် သူလောဟု
ဆင်ခြင် သုံးသပ်နေရမည်။

ပြောင်းလွယ်ပြင်လွယ်ရှိမှုနှင့် အပြောင်းအလဲ မြန်ဆန်မှု
ပြောင်းလွယ်ပြင်လွယ် ရှိမှုဆိုသည်မှာ အသိဉာဏ်မြင့်မားမှု၊ အမြော်အမြင်ကြီးမှု၊ ရဲဝံ့သတ္တိရှိမှု
စသည့် သဘောများဆောင်သည်။ အပြောင်းအလဲ မြန်ဆန်မှုသည် အမြော်အမြင်မရှိမှု၊ စိတ်
လှုပ်ရှားလွယ်မှု၊ စိတ်ဓာတ်မကြံ့ခိုင်မှု စသည့်သဘောများ ဆောင်သည်။ မိမိသည် ပြောင်း လွယ်ပြင်လွယ်ရှိသူ သို့မဟုတ် အပြောင်းအလဲမြန် ဆန်သူလောဟူ၍ ဆင်ခြင် သုံးသပ်
နေရမည်။

တဖက်ပုဂ္ဂိုလ် အပေါ် ထားရှိရမည့် ဆက်ဆံရေး အသိနှင့် သတိ
တဖက်ပုဂ္ဂိုလ် အပေါ်ထားရှိရမည့် ဆက်ဆံရေး အသိနှင့်သတိကို နှစ်ပိုင်းခွဲခြား လိုသည်။
ပထမအပိုင်းမှာ တဖက်ပုဂ္ဂိုလ်၏ အကြောင်းကို မှန်ကန်စွာ သိရှိရမည့် အပိုင်းဖြစ်သည်။
ဆိုလိုသည်မှာ တဖက်ပုဂ္ဂိုလ်သည် မိမိအတွက် မိတ်ဆွေစစ်လော သို့မဟုတ် မိတ်ဆွေ တု
လော၊ တဖက်ပုဂ္ဂိုလ်သည် တကယ့်မင်းသားအစစ်လော သို့မဟုတ် မင်းသားခေါင်းဆောင်း
ထားသည့် ဘီလူးလော စသည်ဖြင့် မှန်ကန်စွာသိရှိရမည်။ ဤသို့သိရှိမှသာ မိတ်ဆွေစစ်ကို
ဆောင်နိုင်ပြီး မိတ်ဆွေတုကို ရှောင်နိုင်မည်။ ဒုတိယအပိုင်းမှာ တဖက်ပုဂ္ဂိုလ်အပေါ် ထားရှိ
ရမည့် ဆက်ဆံရေး သတိဖြစ်သည်။ ဆိုလိုသည်မှာ တဖက် ပုဂ္ဂိုလ်၏ အပြုအမူများသည်
မည်သို့သော အဓိပ္ပာယ်ကို ဆောင်နေသည်။ မည်ကဲ့သို့သော သဘောထားနှင့် ရည်ရွယ်
ချက်မျိုးဖြင့် မိမိအား ထိတွေ့ဆက်ဆံနေသည် စသည်ဖြင့် ဆင်ခြင်သုံးသပ်နေရမည်။
ဤသို့ဆင်ခြင် သုံးသပ်နေခြင်းသည် တဖက်ပုဂ္ဂိုလ်အပေါ် ဆက်ဆံရေးသတိ ထားရှိနေခြင်း
ဖြစ်သည်။ ဆင်ခြင်သုံးသပ် နေရမည့် အချက်တချို့ကို အောက်ပါအတိုင်း တင်ပြလိုသည်။

ရင်းနှီးချစ်ကြည်လိုမှုနှင့် သြဇာလွှမ်းမိုးလိုမှု
ရင်းနှီးချစ်ကြည်လိုမှု ဆိုသည်မှာ တဖက်ပုဂ္ဂိုလ်ကို မိမိနှင့် တန်းတူရည်တူထားကာ လေးစား
တန်ဖိုးထား ဆက်ဆံခြင်း၊ ရိုးသားစွာဖြင့် လိုအပ်သော အကူအညီများ ပေး၍ မိတ်ဆွေဖွဲ့ခြင်း
ဖြစ်သည်။ သြဇာလွှမ်းမိုးလိုမှု ဆိုသည်မှာ တဖက်ပုဂ္ဂိုလ်ကို နှိမ့်ချဆက်ဆံပြီး ပရိယာယ်အမျိုး
မျိုးဖြင့် မိမိ၏ သြဇာခံ၊ အလွှမ်းမိုးခံအဖြစ် ရောက်ရှိစေရန် ကြိုးပမ်းခြင်းဖြစ်သည်။ တဖက်
ပုဂ္ဂိုလ်သည် မိမိကို ရင်းနှီးချစ်ကြည်လိုသူ သို့မဟုတ် သြဇာခံအဖြစ် သိမ်းသွင်းလိုသူလော
ဟု ဆင်ခြင် သုံးသပ် နေရမည်။

ကြားဝင် ဖျန်ဖြေပေးမှုနှင့် ကြားဝင်သပ်လျှိုမှု
ကြားဝင်ဖျန်ဖြေ ပေးမှုဆိုသည်မှာ  ပုဂ္ဂိုလ်နှစ်ဦးအကြား  ဖြစ်ပွားနေသော သဘောကွဲလွဲမှုနှင့်
ပြဿနာများကို ပြေလည်သွားစေရန် တရားသူကြီးသဖွယ် ဖြောင့်မတ် မှန်ကန်စွာ ဖြေရှင်း
ပေးခြင်းဖြစ်သည်။ ကြားဝင် သပ်လျှိုမှုဆိုသည်မှာ ဖြစ်ပွားနေသော သဘောကွဲလွဲမှုနှင့်
ပြဿနာများကို ပိုမိုကြီးထွားလာစေရန် တရားသူကြီးသဖွယ် ဟန်ဆောင်ကာ ဝင်ရောက်
စွက်ဖက် ခြယ်လှယ်ခြင်း ဖြစ်သည်။ တဖက်ပုဂ္ဂိုလ်သည် မိမိကို ကြားဝင်ဖျန်ဖြေပေးသူ သို့
မဟုတ် ကြားဝင် သပ်လျှို နေသူလောဟူ၍ ဆင်ခြင် သုံးသပ်နေရမည်။

နိဂုံးချုပ်အားဖြင့် တင်ပြလိုသည်မှာ ပတ်ဝန်းကျင်သည် လူတဦးကို ဆက်ဆံရာတွင် သဘော
ထားတမျိုး၊ တန်ဖိုးနှင့် အဆင့်အတန်းတခု သတ်မှတ်၍ ဆက်ဆံ စမြဲဖြစ်သည်။ ဆက်ဆံရေး
အသိနှင့် သတိကြီးမားပြီး လိမ္မာပါးနပ်စွာ နေထိုင် ပြုမူနေသူကို လေးစား တန်ဖိုးထားစွာ
ဆက်ဆံသည်။  ဆက်ဆံရေးအသိနှင့် သတိနည်းပါးပြီး ယစ်မူးမှုအမျိုးမျိုး၊ မေ့လျော့ပေါ့ဆမှု
အမျိုးမျိုးဖြင့် နေထိုင်နေသူကို အထင်အမြင်သေး အရေးမထား နှိမ့်ချ၍ ဆက်ဆံသည်။
အနောက်တိုင်း အဆုံးအမ တခုကို ရည်ညွှန်းလိုသည်။
ယင်းမှာ''သင့်ကို ပတ်ဝန်းကျင်က စော်ကားမော်ကား ပြုရဲသည်မှာ သင်က ခွင့်ပြုသော
ကြောင့် ဖြစ်သည်''ဟူ၍ဖြစ်သည်။ သဘောမှာ မိမိက အနေအထိုင် မမှန်သောကြောင့် ပတ်ဝန်းကျင်က စော်ကားရဲခြင်း ဖြစ်ပြီး အနေအထိုင် မှန်ပါက စော်ကားရဲမည် မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်က စော်ကားမော်ကား မပြုဝံ့ရန်၊ အလေး
အမြတ်ထား ဆက်ဆံခြင်း ခံယူရရှိရန် ကျွန်ုပ်တို့သည် ဆက်ဆံရေး အသိနှင့် သတိကို
အစဉ် ဒွန်တွဲပြီး လိမ္မာပါးနပ်စွာ နေထိုင်ပြုမူသွားရန် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ 

မြဝတီ(စကားဝါ)  

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...