သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, September 9, 2013

PostHeaderIcon မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

 မိန်းကလေးများ သတိပြု  ဖတ်သင့် မှတ်သင့်သော အချက်များ
*************************************************************

၁။ ညအချိန်မှာ ဓာတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓာတ်လှေကားထဲကို ဝင်လိုက်ပါ။ ပြီးရင်

ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ။  ဥပမာ ကိုယ်သွား
ရမယ့် အထပ်က ၉ လွှာဆိုရင် ၁-ကနေ ၉-အထိ အကုန်နှိပ်ထားလိုက်ပါ။ အထပ်တိုင်းမှာ
ရပ်မယ့် ပွင့်မယ့် ဓာတ်လှေကားထဲမှာ သင့်ကို ဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြု
လုပ်ရဲမှာ မဟုတ်ပါဘူး။

၂။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်း တစ်ဦး ဝင်လာပြီး ကိုယ့်ကို တစုံတရာ

ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်။
ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကို ပြေးပါ။ ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား

တယ်။ ဓားက ဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက် ပို သိလို့ပါပဲ။ ဒီ
ပစ္စည်းတွေက လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ
ဖြစ်တဲ့အတွက် မိမိကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ။ ဒါမှမဟုတ်
အိုးခွက် ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ် အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါ
တယ်။ သင့်ရဲ့ အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက် ဝင်လာသူ ဒုစရိုက်သား
တွေအတွက် အကြောက်ဆုံး အရာတစ်ခုဆိုတာ မမေ့ပါနဲ့။

၃။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပါတ်ကို မှတ်

သား ထားပါ။ ပြီးရင် ကိုယ့်ရဲ့ မိသားစု ဒါမှမဟုတ် သူငယ်ချင်း တဦးဆီကို ဖုန်းဆက်ပြီး မိမိ
ဘယ်ကား နံပါတ်၊ ဘာကား အရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်
ကြောင်း၊ ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ။ တကယ်လို့ ဘယ်သူ့ကိုမှ
ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ။ ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အလက်တွေကို နောက်ထပ်သိတဲ့ လူတဦးဦး ရှိနေကြောင်း သိနေတဲ့အတွက် မကောင်း
မှု တစုံတခု လုပ်ဖို့ အတော် ဝန်လေး သွားပါလိမ့်မယ်။ သင့်ကို မကောင်းတာ တခုခုလုပ်ရင်
သူ့မှာလည်း ဒုက္ခရောက်နိုင်တာကြောင့် သင့်သွားလိုတဲ့ နေရာကိုသာ တန်းတန်းမတ်မတ်
ပို့ပေးပါလိမ့်မယ်။ ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector
တစ်ယောက် ဖြစ်သွားပါလိမ့်မယ်။


၎။ အကယ်၍ Taxi Driver က လူရှင်းတဲ့ လမ်း သို့မဟုတ် သင် သွားမယ့် နေရာနဲ့ မဆိုင်

တဲ့ လမ်းထဲကို မောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲ ရောက်ရှိနေပြီလို့
ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင် အိတ်ရဲ့ လက်ကိုင် သို့မဟုတ်

လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ
ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ။ သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို
ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး
ခုံနောက်ကနေ တင်းတင်း ဆွဲထားလိုက်ပါ။ အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေ
လိုပဲ ကားမောင်းသူကို လည်ပင်း အစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်။


၅။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ။ သင်

ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ။ ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊
အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ။ ATM box တွေ တိုင်းလိုလို
လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေး အမြဲရှိနေတတ်တဲ့ အတွက်
ပါပဲ။ လူသိ မခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလို ပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှု
ဖြစ်စေမှာ ဖြစ်ပါတယ်။
*********************
ဒီစာလေးကို တွေ့မိ ဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေ ဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်။ သင်လည်း သင်ဂရုစိုက်တဲ့

အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေးများအတွက် ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးကြပါလို့
လေးစားစွာ တိုက်တွန်းတင်ပြရင်း။

www.mmdailystar.com

Nwehninmoe

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...