သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, September 25, 2013

PostHeaderIcon * အာဖရိကသို့ ဗုဒ္ဓသာသနာ ပြန့်ပွားပြီ *



 * အာဖရိကသို့ ဗုဒ္ဓသာသနာ ပြန့်ပွားပြီ *
  **************************
အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံ ငယ်လေးက ခရစ်ယာန် မိသားစုမှာ Steven ကို
၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်
ယာန်နဲ့ အစ္စလာမ်၂-ခုတည်းသာ ရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်
အရွယ်ရောက်မှ အိန္ဒိယနိုင်ငံမှာ ဂေါတမဆိုတဲ့ ပုဂ္ဂိုလ်တဦး ပေါ်ထွန်းခဲ့ဖူးကြောင်း
ကို နာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာသူဟာ
အိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုး ရဟန်း
တော်၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်လေ့လာခွင့် ရခဲ့ပါတယ်။ ထိုင်း
ဘုန်းတော်ကြီး၂-ပါး မရှိတော့တဲ့ နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကို ဆက်လက်လေ့
လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက တိဗတ်ဘုန်းတော်ကြီး ဒလိုင်း
လားမား ရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့
ထိုင်းနိုင်ငံမှာ လေ့လာဖို့ ဆုံးဖြတ်ပြီး စားဝတ်နေရေးအတွက် နိုင်ငံခြားသား
ခရီးသွားတွေများတဲ့ ဒေသတခုမှာ ဒိုင်ဗင်ပစ်၊ ရေကူးနည်းပြ လုပ်ခဲ့ပါတယ်။
သူ့ဘဝဟာ အတိုင်းအတာ တခု အထိ ပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။


သူဟာ လောကီဥစ္စာ ပြည့်စုံမှုတွေမှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်
ပိုင်း လက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။ မိသားစုနဲ့
ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီး သယ်ဆောင်ပြီး ပြန်လာမဲ့ အောင်မြင်
တဲ့ စီးပွားရေးသမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။ သူ့ကို တကယ် တွေ့လိုက်
ရတာက ဗုဒ္ဓဘာသာ စာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာ သုံးတဲ့ပစ္စည်းတွေ
သယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတယောက်ဖြစ်နေတာကို တွေ့လိုက်
ရတယ်။ 

အခြားလူတွေအတွက်တော့ ရေကူးစရာ ပင်လယ်မရှိ တရားဆွေးနွေးစရာ ဗုဒ္ဓဘာ
သာဝင် မရှိတဲ့ နိုင်ငံကို ဒါတွေ သယ်လာတယ်ဆိုတော့ ထူးဆန်းနေကြတယ်။
ထိုင်းနိုင်ငံက ပြည့်စုံတဲ့ ဘဝကို စွန့်ပစ်ခဲ့တော့ အချို့က မင်း စိတ်မှ မှန်သေးရဲ့
လား ဆရာဝန်ပြပါလားလို့ နောက်ကြတယ်။ သူကတော့ တရားစာအုပ်တွေ
ဖတ်၊ တရားအားထုတ်နဲ့သာ ကိုယ့်ဟာကိုယ် နေခဲ့တယ်။
(သူ မရှိတော့တဲ့ နောက်ပိုင်းမှာ သူအလုပ် လုပ်ခဲ့တဲ့ အပန်းဖြေ စခန်းလေးဟာ
ဆူနာမီဒဏ် ခံလိုက်ရတော့ ခင်မင်ရင်းနှီးသူတွေ များစွာ ရုတ်တရက် သေဆုံးသွား
တဲ့ သတင်းကို ကြားခဲ့ရတယ်။ ဆရာတော် အလောင်းလျာတွက်လည်း သံဝေဂ
ယူစရာတွေ ဖြစ်ခဲ့ပါလိမ့်မယ်။)
(ကျွန်တော်ကတော့ သာသနာပြုဖို့ လူဖြစ်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့် နတ်
ကောင်းနတ်မြတ်တွေများ စောင့်ရှောက်နေသလားလို့ တွေးမိသေးတယ်။)
အချို့သော ဆွေမျိုးတွေကဆိုရင် စာအုပ်တွေ အားလုံး မီးရှို့ဖျက်ဆီးပစ်ဖို့နဲ့ ဘိုင်
ဘယ် တမျိုးတည်းကိုသာ ထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်
လာဖို့ စည်းရုံးကြသေးတယ်။ သူ့ကို အချို့ကလည်း ဆိတ်ကလေး၊ ကြက်က
လေးတွေ စားဖို့ လက်ဆောင်အဖြစ်ပေးပြီး ကြိုဆိုကြတယ်။

ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ယောဂီလူငယ် Steven က အကောင်တွေ သတ်တာကို
မလိုလားတော့ဘူး။ အထူးသဖြင့် သူ့အတွက် သတ်မှာကို လုံးဝ မဖြစ်စေချင်ဘူး။
ဗုဒ္ဓဘာသာဝင် မရှိတဲ့ ဒေသမှာ သူဟာ တဦးတည်း တရားအားထုတ်နေတယ်။
တိုင်ပင်စရာ မိတ်ဆွေနဲ့ နည်းခံစရာ ဆရာမရှိတဲ့ ဘဝမှာ သူမနေနိုင်တော့ဘူး။
ပိုမိုပြည့်စုံတဲ့ အမှန်တရားကို ရှာဖွေဖို့ သူဟာ အမိမြေကို နောက်တကြိမ် စွန့်ခွာ
ရပြန်တယ်။ တောင်အမေရိကား မြောက်အမေရိကားမှာ ဝိပဿနာတရားတွေ
အားထုတ်ခဲ့တယ်။ TathagataMeditation Center TMC မှာ တရား
အားထုတ်ခွင့် ရတယ်။

နောက်ပိုင်းမှာတော့သူဟာ ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ TMC စင်တာကပဲ
ဗီယက်နာမ် ဆရာတော်တွေ၊ မြန်မာဆရာတော်ကြီးတွေရဲ့ ကျေးဇူးနဲ့ သာကီ
ဝင်မင်းမျိုးမှ ရဟန်းပြုသွားသော သိဒ္ဓတ္ထဂေါ်တမ ဘုရားရှင်ရဲ့သားတော်အဖြစ်
ကို ရယူခဲ့တယ်။ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့ မြင့်မြတ်သော ရဟန်းဘဝကို ခံယူလိုက်
တယ်။ ရဟန်းပြုပြီးတဲ့ နောက်ပိုင်း ဆရာတော်ဟာ အိန္ဒိယနိုင်ငံ တောင်ကြား
ဒေသ တခုမှာ တရားအားထုတ်နေရရင် ကောင်းမလား၊ အမိမြေကို ဓမ္မမျိုးစေ့
ချပေးရရင် ကောင်းမလားလို့ အတွေး၂-မျိုး ဝင်လာတယ်။ မြန်မာ ဆရာတော်
ကြီး ဦးပဏ္ဍိတက ယူဂန်ဒါ နိုင်ငံမှာ သာသနာပြုဖို့ကို အားပေးတော်မူခဲ့တယ်။
အမေရိကန်လူမျိုး အချို့ကတော့ ဗုဒ္ဓဘာသာဝင်တဦးမှ မရှိတဲ့ ဒေသမှာ ရဟန်း
တပါးအဖြစ် နေဖို့ မလွယ်ကူနိုင်ကြောင်း စားဖို့နေဖို့ပင် အခက်အခဲ ရှိနိုင်
ကြောင်းတွေကို ပြောကြသေးတယ်။ နောက်ဆုံးတော့ ဆရာတော်အရှင် ဗုဒ္ဓ
ရက္ခိတဟာ အမိမြေကို ပြန်ပြီး ဗုဒ္ဓသာသနာပြုဖို့ ဆုံးဖြတ်လိုက်တယ်။

အမိမြေကို မပြန်ခင် အိန္ဒိယ၊ မြန်မာ၊သိရီလင်္ကာနိုင်ငံတွေကို အလည်အပတ် သွား
ရောက်ခဲ့သေးတယ်။ သိရီလင်္ကာနိုင်ငံ ဘာသာရေးအဖွဲ့အစည်းတခုက သူ့အပြန်
လမ်းအတွက် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်၂-ဆူထဲက တဆူကို လက်ဆောင်အဖြစ်
ယူသွားဖို့ ပေးလိုက်တယ်။ သူကလည်း အရွယ်ကြီးမားတဲ့ ရုပ်ပွားတော်ကို ယူဖို့
ဆုံးဖြတ်ခဲ့တယ်။ ဗုဒ္ဓဆင်းတုတော်ကြီးကို လေယာဉ်နဲ့ သယ်ဆောင်ရာမှာ
ကင်ညာနိုင်ငံ အရောက်အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ ဘုန်းတော်ကြီးကို မဖူး
မြင်ဖူးတဲ့ လူတွေက သူ့ကို အထူးအဆန်း ဖြစ်နေကြတယ်။ ဒေသခံ Maasai
လူမျိုးစု တခုရဲ့ဝတ်စားဆင်ယင်မှုနဲ့ ဆင်တူနေလို့ Maasai မဟုတ်ပဲ ထေရဝါဒ
ဗုဒ္ဓဘာသာဝင် ရဟန်းတော်တပါးဖြစ်ကြောင်းကို ရှင်းပြခဲ့ရတယ်။

အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်ရတယ်။ သားရဟန်းကို
ကြည့်ပြီး Steven မှ ဟုတ်ရဲ့လားလို့ မေးသေးတယ်။ ဟုတ်မှန်ကြောင်း ပြောပြ
တော့ မယ်တော်ကြီးဟာ သားဖြစ်သူကို အိမ်အရောက် ပြန်ပို့ပေးသော God ကို
ကျေးဇူးတင်ကြောင်း ပြောသေးတယ်။ သားဖြစ်သူကတော့ သူ့ကို အိမ်
ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော ဘုရားသခင်ဆိုတာ လုံးဝမရှိ
ကြောင်း ကောင်းကောင်းနားလည်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူ စိတ်အနှောက်
အယှက် မဖြစ်စေချင်လို့ ဘာမှမပြောပဲနေခဲ့တယ်။ ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ကန်း
ဝတ်ကြီးနဲ့ အိမ်မှာ ကြာကြာနေလို့ မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာ ဘုန်းကြီး
ကျောင်းလေး ဖြစ်လာအောင် အားထုတ်ရတယ်။ အမေရိကန်နိုင်ငံTMC စင်
တာက ဆရာတော်ကြီးတွေ ကျေးဇူးနဲ့ ယူဂန်ဒါနိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ
ဗုဒ္ဓဘာသာ စင်တာတခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

သတင်းသုံးရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေ များလို့ အခက်အခဲ အမျိုးမျိုး
တွေ့ရပါတယ်။ မြန်မာပြည်က ပါလာတဲ့ သံဃာတော်များ ကိုင်တဲ့ ယပ်ကို တင်းနစ်
ကစားနည်းတမျိုးအတွက် ဘတ်တန်လို့ ထင်သူတွေ၊ သပိတ်ကို ဗုံးထင်သူတွေ၊
ဘောလုံး ထင်သူတွေ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး တိုင်းရင်း ဆေးရောင်းတဲ့
Maasai ထင်သူတွေ စသဖြင့် အမျိုးမျိုးသော အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဆွမ်းခံ
ထွက်လို့ ဆွမ်းလောင်းရကောင်းမှန်း သိသူကလည်း မရှိသလောက် ရှားခဲ့ပါ
တယ်။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါ ခြေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံ
ထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လက်လှုပ်မှပါးစပ် လှုပ်ရတဲ့ ဆင်းရဲသား
များကတောင် ဆွမ်းလှူဖို့ သဒ္ဓါတရားတွေ ဖြစ်လာကြပါတယ်။အမေရိကန်နိုင်ငံ
မှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့ ယူဂန်ဒါနိုင်ငံမှာ နေထိုင်နေကြတဲ့
ထိုင်းမိသားစုတွေ၊ သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကို ရခဲ့ပါတယ်။ မယ်တော်
ကြီးကိုပါ အတူတကွ အဆိုပါ မိသား စုတွေဆီကို ကြွခဲ့ပါတယ်။

ထိုင်းလူမျိုးတွေက စုပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကို ရောက်ခဲ့ပါတယ်။ ထေရ
ဝါဒပုံစံ စနစ်တကျ သင်္ကန်းရုံထားတဲ့ ဆရာတော်ကို ဖူးမြှော်ရလို့ ထိုင်းလူမျိုးတွေ
ဟာ ဆွမ်းကိုလည်း လောင်းလှူကြ ရိုသေစွာ ရှိခိုးကန်တော့ကြတာ တွေ့တော့
မယ်တော်ကြီးက အလွန်တရာ အံ့သြခဲ့ပါတယ်။ သိရီလင်္ကာလူမျိုးကလည်း စက်ရုံ
တခုရဲ့ ပိုင်ရှင် အရပ်မြင့်မြင့် လူကြီးလူကောင်း တယောက်ပါ။ ဆရာတော်ကို မြင်
တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်း ရိုသေစွာ ရှိခိုးကန်တော့ပါတယ်။အဲဒီအချိန်မှာ မယ်
တော်ကြီးရဲ့ စိတ်ခံစားမှု သဒ္ဓါတရားကို မြင်လို့ ဆရာတော်က လက်ျာတော်ရံ
အရှင်သာရိပုတ္တရာရဲ့ မယ်တော်ကြီး ချွတ်ခန်းကို သတိရခဲ့ပါတယ်။ ထိုင်းလူမျိုး
တွေကဆိုရင် ယူဂန်ဒါနိုင်ငံမှာ ဆရာတော်သီတင်းသုံးသရွေ့ ဆွမ်းအတွက်ကို
တာဝန်ယူပါရစေလို့ လျှောက်ထားလိုက်ပါသေးတယ်။

အိမ်ကို ပြန်ရောက်တော့ တချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီး လောလော
ဆယ် အနေအားဖြင့် အစ္စလာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့်ကြာပြီဖြစ်
သော မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့ တင့်တယ်လှတဲ့ ရူပကာယတော်ကို
ကြည်ညိုတတ်ပြီ ဖြစ်ကြောင်းနဲ့ ဗုဒ္ဓဝါဒကို လေ့လာလိုကြောင်း သားရဟန်းကို
ပြောပါတယ်။ သားဖြစ်သူက တရားဓမ္မတွေ ဟောပြလို့ မယ်တော်၊ နှစ်မတော်
နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ်သော ယူဂန်ဒါ
နိုင်ငံသားတွေဟာ သရဏဂုံသုံးပါးနဲ့ ငါးပါးသော နိစ္စသီလတို့ကို တည်ဆောက်သူ
ဗုဒ္ဓရဲ့တပည့်သာဝကများ ဗုဒ္ဓဘာသာဝင်များဖြစ်လာကြပါတယ်။ အခုတော့ အာဖရိ
ကတိုက်ရဲ့ ရတနာမြေ ဖြစ်သော ယူဂန်ဒါနိုင်ငံ the pearl of Africa မှာ ဗုဒ္ဓဝါဒ
ဟာ စတင်လို့ အမြစ်တွယ်ခဲ့ပါပြီ။

ဆရာတော်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာ
ခံကြီးကိုလည်း ယူဂန်ဒါနိုင်ငံတော် ကိုယ်စားပြုအနေနဲ့ ပထမဆုံး တတ်ရောက်
ခွင့်ရခဲ့ပါတယ်။ King Oyo of Tooro ယူဂန်ဒါနိုင်ငံက Tooro ဒေသရဲ့ဘုရင်လေး
Oyo ဟာလည်း ဆရာတော်နဲ့အတူ အစည်းအဝေးကို တတ်ရောက်ခဲ့ပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံမှာ သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်ကျင်းပ
ခဲ့တဲ့ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ အစည်းအဝေးကြီးကိုလည်းတက်
ရောက်ခဲ့ပါတယ်။ယူဂန်ဒါနိုင်ငံ Kampalaမြို့တော်က University of Makere
ရဲ့ဖိတ်ကြားချက်ကြောင့် ဟောပြောပွဲတခုကို ဟောပြောခဲ့ရပါတယ်။
အမေရိကန်နိုင်ငံ မဆာချူးဆက် တက္ကသိုလ်မှာလည်း အခါအားလျော်စွာ
ဟောပြောမှုတွေ ပြုလုပ်ပါတယ်။ 

အဲဒါတွေကတော့ ဆရာတော်ရဲ့အောင်မြင်မှုတွေပါပဲ။၂၀၀၉ ခုနှစ်အတွင်း ဆရာ
တော်ရဲ့ ဆက်လက်လုပ်ဆောင်ဖွယ် ခရီးစဉ်နဲ့ လုပ်ငန်းစဉ်တွေကိုတော့ ဒီလင့်
မှာလေ့လာနိုင်ပါတယ်။
Uganda Buddhist CentrePlot 31, Garuga Road, Bulega, EntebbeP.O.
Box 16650, KampalaUGANDATelephone: +256-(0)414-662203 Mobile
phone: +256-(0)782-159985 E-mail : ugandabuddhistcentre@gmail.
comWeb site: http://www.ugandabuddhistcentre.org/ 
[စာကြွင်း။ ။စစ်ကိုင်း၊ သီတဂူ ဗုဒ္ဓတက္ကသိုလ် နိုင်ငံတကာ ထေရဝါဒဗုဒ္ဓဘာသာ
တက္ကသိုလ်ပေါင်းစုံ အစည်းအဝေးကြီးတွင် ဦးဇင်းနှင့် ထိုဆရာတော် ဆုံဖြစ်ခဲ့ပါ
သည်။ ဆရာတော်၏ ပြောပြချက်အရ အာဖရိကမှာ ဆရာတော်၏ စွမ်းဆောင်မူ
ကြောင့် ထေရဝါဒဗုဒ္ဓဘာသာဝင် လူဦးရေ လေးဆယ်ကျော်ရှိသွားပြီဖြစ်ကြောင်း
သိခဲ့ရပါသည်။]
အရှင်ဝရသာမိ   
 (ဒီသတင်းလေး ဆောင်းပါးလေးကို ဖတ်မိတိုင်း ကြည်နူးဝမ်းမြောက်မိတဲ့အတွက် ကုသိုလ်များလည်း ဖြစ်ပွားနေခဲ့သည်။ နောက်ပြီး ကြမ်းတမ်းလှတဲ့ အာဖရိက
ဒေသမှာ နောင်များ မကြာမီ ငြိမ်းချမ်းမှုများ ဖြစ်ထွန်းတော့မည်ဆိုတာကို လမ်းပွင့်
လာတဲ့အတွက်လည်း ဝမ်းသာမိခဲ့သည်။ ပြန်ဖတ်မိတိုင်း ကုသိုလ်ပွားများရာ
ရောက်တဲ့ သာသနာ့သတင်းလေးပါ။)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...