သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, September 3, 2013

PostHeaderIcon "အိမ် ရိုက်သံ"




"အိမ် ရိုက်သံ"
*********
 သိပ်ကောင်းတဲ့ စာလေးပါ၊ ဒီစာလေးဖတ်ပြီး ဒဏ်ရာတွေများ ရှိနေလို့
ပျောက်ခဲ့မယ်ဆိုရင်…
ဟိုရှေးရှေးတုန်းက အင်မတန်မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တယောက်ရှိသတဲ့။
တနေ့ကြတော့ သူ့ အဖေက ကောင်လေးကို အိမ်ရိုက်သံ တထုပ် ပေးလိုက်ပြီး ပြောပါ
တော့တယ်။ မင်းတခါ စိတ်တိုတိုင်း သံတချောင်းကို နောက်ဖေးက ဝင်းထရံတိုင်မှာ သွား
ရိုက်ချေကွာ တဲ့။
အဖေက အဲဒီလိုပြောပြီး သံထုပ်ကို ပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ဝင်းထရံ
တိုင်မှာ သံပေါင်း ၃၇ ချောင်း ရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေး
တွေကို ဝင်းထရံမှာ ရိုက်ရင်း ရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။
သံရိုက်ချက်တွေဟာလည်း တနေ့ထက် တနေ့ ကြဲလာခဲ့တယ်။

ဒီလိုနဲ့ ကောင်လေးဟာ ဝင်းထရံမှာ သံပြေးရိုက်တာထက် စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကို
ထိန်းရတာ ပိုလွယ်မှန်း သဘောပေါက်လာတော့တယ်။ အဆုံးမှာ ကောင်လေးဟာ စိတ် မတိုပဲ နေနိုင်တဲ့ နေ့ကို ရောက်လာရော၊ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း
သွားပို့တယ်။ အဖေရေ… သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ။

အဲဒီလိုကြတော့ သူအဖေက တမျိုးခိုင်းပြန်ရော၊ မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တနေ
ကုန် ထိန်းနိုင်ပြီ ဆိုတာနဲ့ အဲဒီသံတွေကို ပြန်နုတ်ဦးကွာ။ တနေ့ ထိန်းနိုင်ရင် ညအိပ်ခါနီး
တချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက
သူ့အဖေကို ပြောနိုင်သွားတယ်။ အဖေရေ သားရိုက်ခဲ့တဲ့ သံတွေ အားလုံးကို နှုတ်ပြီး
သွားပြီ၊ တချောင်းမှ မကျန်တော့ဘူး။

ဒီအခါ အဖေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ဝင်းထရံဆီကို ခေါ်သွား
တယ်၊ ‘တော်တယ် ငါ့သား”လို့လည်း ဆိုတယ်။ “ဒါပေမယ့် သား သေချာကြည့်စမ်း။ ဝင်းထရံ
တိုင်မှာ အပေါက်တွေ ဖြစ်ကျန်ခဲ့တယ် နော်။ ဒီ ဝင်းထရံတိုင်တွေက အရင်တုန်းကလို ချော
ချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သားမြင်တယ် မဟုတ်လား။ အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချလိုက်တဲ့အခါ တဖက်သား ဆိုတဲ့ ဝင်းထရံတိုင်မှာ အခုလို အမာရွတ်တွေ ထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။ အဲဒီလိုပဲ လူတယောက်ကို သားက ဓားနဲ့ ထိုးလိုက်
တယ်။ ပြီးရင် ဓားပြန်နှုတ်ပြီး ရှိခိုးတောင်ပန်တယ်ဆိုပါစို့။
သား ဘယ်နှစ်ခါပဲ ရှိခိုးတောင်းပန်ပါစေ။ ဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ
ကျန်ခဲ့မှာပဲ ငါ့သားရယ်’’….တဲ့။

တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင် ရယ်မောစေတယ်။ အားပေး ကူညီတယ်။ ဒုက္ခ၊ သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက် နားထောင်ပေးတယ်။ ဒါကြောင့် တခုခုဆို
စိတ်လိုက်မာန်ပါ မလုပ်နဲ့။

သူတို့ကို သံနှုတ်ရာ ကျန်ခဲ့တဲ့ ဝင်းထရံတွေအဖြစ် မရောက်ပါစေနဲ့။ ကိုယ့်မိတ်ဆွေ သူငယ်
ချင်းတွေကို ကိုယ်က ဘယ်လောက် ဂရုစိုက်ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေ
အပေါ် ဂရုစိုက်လာအောင် လုပ်ပေးသင့်ကြောင်း ပြောကြားပေးပါ။

ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့
သူတွေ ဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့
သူဆီ ဒီအတိုင်း ပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့ စာ ကိုယ့်ဆီ ပြန်ရောက်လာရင်
ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။

(ဒီစာအုပ်နာမည်က နေပျော်တဲ့ဘဝ၊ ကြည်မြတဲ့ ဘဝင်၊ ရွှင်လန်းတဲ့ စိတ် ဖြစ်ပါတယ်။
ရေးတဲ့သူက ဆရာအတ္တကျော်ပါ။)
(နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...