သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, May 5, 2013

PostHeaderIcon ကျောက်ကပ်အတွက် ဆေးမြီးတို တခွက်



ကျောက်ကပ် ကျောက်ချေဖျက်သော ဆေးမြီးတို
*************************************
ကျောက်ကပ်ထဲတွင် ကျောက်တည်ပြီဆိုလျှင် နာကျင်သော ဝေဒနာအတော်လေး ခံစားရ
ပါသည် ။ ယင်းကျောက်ရှိနေသဖြင့် မကြာခဏဖျားခြင်း၊ ဆီးထဲ သွေးပါခြင်း စသည်များကို
လည်း တွဲဖက်ခံစားရပါသည် ။

ရေများများ မသောက်၍ ကျောက်တည်ရခြင်း ဖြစ်သည်။
ထို့ပြင် ကယ်လ်စီယမ်ဓာတ်နည်း၍ ဖြစ်သည်ဟု ဆိုပါသည် ။

ခန္ဓာကိုယ်တွင်း၌ ကယ်လ်စီယမ်ဓာတ် နည်းပါးလာခြင်းကြောင့် ကျောက်ကပ်မှ ကယ်လ်စီ

ယမ်ဓာတ်များကို တတ်နိုင်သလောက် ပြန်၍စုပ်ယူထိန်းသိမ်းပေးရပသည်။ ဤသို့ ပြုလုပ်
ရသဖြင့် ကယ်လ်စီယမ်မှာ ကျောက်ကပ်နှင့် ဆီးအိမ်တွင် အနည်ထိုင်ပြီး မာကျောသော ကယ်လ်စီယမ်ဆီးကျောက်များ ဖြစ်ရသည်ဟု ဆိုပါသည် ။
ယင်းကျောက်ကပ် ကျောက်တည်ခြင်းးကို ဆေးသိပ္ပံနည်းအရ ခွဲစိတ်၍သော်၎င်း၊ အသံ လှိုင်းဖြင့် ချေဖျက်ခြင်း (Lithoscopy) ဖြင့်သော်၎င်း ကုသကြရပါသည် ။ ယင်းကုသနည်းများ
မှာ အန္တရာယ်လည်းများ၊ ကုန်ကျစရိတ်လည်း အလွန်များပြားလှပါသည်။ ခွဲစိတ်ရသည့်
အန္တရာယ်လည်း ရှိပါသည်။အသံလှိုင်းနှင့် ကုသရာမှာလည်း စရိတ်စက ကြီးလှပါသည်။
သက်သောင့်သက်သာလည်း မရှိလှပါ ။

ထို့ကြောင့် အကုန်အကျသက်သာပြီး သက်သောင့်သက်သာ ရှိမည့် ဆေးမြီးတိုလေး
ကို
သုံးကြည့်ကြပါစို့-
၁။ ဖရဲသီးဖျော်ရည် များများသောက်ပေးပါ ။
တနေ့လျှင် နှစ်လီတာနှုန်းဖြင့် သောက်ပါ ။
ဖရဲသီး အနီဖြစ်စေ၊ အ၀ါဖြစ်စေ၊ ဆေးဖက်ဝင်ပါသည် ။
ဖရဲသီးဖျော်ရည်သည် ကျောက်ကပ်မှ ကျောက်များကို ချေဖျက်နိုင်ပါသည် ။
 
၂။ ဆီးကျောက်ကပ်အတွင်း အတွင်းကြွက်သားများ ပျော့ပျောင်းလာစေမည့် ဆေးဖက်ဝင်
ဖော်မြူလာ ရှိပါသည် ။
ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူ (Pharmacist)များနှင့် တိုင်ပင်၍ ယင်းဖော်မြူလာအတိုင်း
သောက်ပါ။ ဆီးကျောက်တည်ခြင်းကြောင့် နာကျင်ခြင်းများ သက်သာလာပါလိမ့်မည်။ 
၃။ ဆီးများများ သွားစေရန် သုံးသော မလေးရှားနိုင်ငံမှ ဆေးဖက်ဝင်ရိုးရာ ဆေးတမျိုးဖြစ်
သည့် မီဆိုင်ကူချင် (Misai Kuching) ကို သောက်ပါ ။
ကျောက်ကပ်နှင့် ဆီးအိမ်တွင်းရှိ ကျောက်များ ကြေသွားပါလိမ့်မည်။ မီဆိုင်ကူချင် အရွက်
များနှင့် အပွင့်များကို ရေနွေးတွင် လက်ဖက်ခြောက်သဖွယ် ခတ်၍သောက်ပါ ။
ယခုအခါများတွင် မီဆိုင်ကူချင်ကို ဆေးအတောင့်အနေနှင့်လည်း ၀ယ်ယူရရှိနိုင်ပါသည် ။

ရက်သတ္တနှစ်ပတ်အတွင်း ဆီးအိပ်နှင့် ကျောက်ကပ်ထဲမှ ကျောက်များ
ကြေ၍ကျလာ
ပါလိမ့်မည်။
(ဆီးကျောက် ဖြစ်စ ဝေဒနာရှင်များအတွက် အလွယ်တကူ အရေးပေါ် ကာကွယ်,သုံးစွဲနိုင်
ရန် မှတ်တမ်း ပြုလိုက်သည်။)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...