ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Thursday, May 9, 2013
ပူဇော်မကုန် မြတ်ကဆုန်
12:59 AM |
Posted by
တိုးတိုး |
Edit Post
ယခုနှစ်မှာလဲ ကဆုန်လပြည့်နဲ့ ဆက်စပ်ပြီး စဉ်းစားမိတာကို
တင်ပြချင်လို့ပါ။ နှစ်တနှစ်ရဲ့
တဆယ့်နှစ်လထဲမှာ ကဆုန်လဟာ အပူပြင်းဆုံး အခြောက်သွေ့ဆုံး လတလပါ။ အဲဒီ က
ဆုန်လထဲမှာလဲ လပြည့်နေ့ဟာ အပူပြင်းဆုံး နေ့တနေ့ပါပဲ။ ဒီလမှ ဒီနေ့မှ မြတ်စွာဘုရား
ပွင့်တော်မူခဲ့တာ တရားထူး ရတော်မူခဲ့တာ သတ္တလောကကြီး တခုလုံးအတွက် ထူးခြားမှု
တော့ ရှိရပါမယ်လို့ စဉ်းစားမိလို့ပါ။

ကိလေသာ တရားတို့ဖြင့် လောင်မြိုက်ခံဘဝ လောင်ကျွမ်း ပူလောင်နေကြတဲ့
သတ္တလောက
ဒီကမ္ဘာကြီးမှာ ကိလေသာငြိမ်းကြောင်း အပူငြိမ်းကြောင်း တရားတွေ ပေးစွမ်း
နိုင်တဲ့ မြတ်စွာဘုရားတိုင်းဟာ ကဆုန်လနဲ့ ထိုလပြည့်မှာပဲ ထူးထူးခြားခြား ပွင့်တော်မူ
ခဲ့ကြတာ အမှတ်ပြုစရာ အမှတ်ထားစရာ တခုပါ။
သတ္တဝါတို့၏ ကိလေသာ အပူမီးတွေကို တကယ်ငြိမ်းအောင် ငြိမ်းပေးနိုင်တဲ့ သဗ္ဗညုတ
ဥာဏ်ရှင် ဘုရားရှင်တို့ ပွင့်ဖို့ရာ လွယ်ကူလှတာ မဟုတ်ကြောင်းကို“ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော
လောကသိံ္မ ” လို့ ဒေသနာတော်မှာ ပြတော်မူပါတယ်။
ဘုရားရှင်တို့ ပွင့်ပေါ်တော်မူပြီ ဆိုရင်လည်း၊ အတ္တတရားဖြင့် ကျဉ်းမြောင်းနေတဲ့ သတ္တ
လောကကြီး တခုလုံး၊ စကြာဝဠာရဲ့ အနားသတ်အထိ အနတ္တတရားတို့နှင့် ကျယ်ပြန့်သွား
ပါတယ်။ မသိမှု အ၀ိဇ္ဇာ အမှောင်ထုကြီ ဖုံးကွယ်နေရာမှ ဝိဇ္ဇာဓမ္မ အလင်းဓာတ်တွေပေါ်
လာပါတယ်။ မသိသူတွေ သိကုန်ကြတယ်၊ မမြင်သူတွေ မြင်ကုန်ကြတယ်၊ မကြားသူ
တွေ ကြားကုန်ကြတယ်၊ ဆွံ့အ.သူတွေ စကားပြောလာကြတယ်။ ဖုံးကွယ်နေတဲ့ အရာ
မှန်သမျှ ပေါ်လာကြတယ်။ သံယောဇဉ်များနှင့် အနှောင်ဖွဲ့ ခံနေရသူတွေ လွတ်မြောက်
လာကြတယ်။ လောဘတရားနဲ့ ဆာလောင် ငတ်မွတ်နေကြသူတွေ ရောင့်ရဲခြင်းနှင့်အတူ
ဆာလောင်ခြင်း ကင်းကုန်ကြတယ်။ ဆယ့်တစ်မီး လောင်ကျွမ်းနေသူတွေ ငြိမ်းကုန်ကြ
တယ်။

ဒုဂ္ဂတိဘေးရန်ရှိသူတွေ ဘေးကင်းကုန်ကြတယ်။ ကိလေသာ နူနာရှိသူတွေ
ရောဂါ
ပျောက်ကုန်ကြတယ်။ အမျက်ဒေါသ လွှမ်းမိုးနေတဲ့ ကမ္ဘာလောကြီးမှာ အမုန်းတရားတွေ
ပြေပျောက်ပြီး မေတ္တာတရားနဲ့ ကူညီ ရိုင်းပင်းလိုစိတ် စာနာထောက်ထား သနားကြင်နာ
စိတ် ဗြဟ္မ၀ိဟာရ အသီးအပွင့်တွေ ပွင့်လာ သီးလာကြတယ်၊ ပေါ်ပေါက်လာကြတယ်။
အတ္တမာန်တို့ဖြင့် ရိုင်းစိုင်းနေတဲ့ သက်ရှိသတ္တ၀ါတွေ ယဉ်ကျေးလာကြတယ်။ လူသား

ကမ္ဘာရဲ့ အသိအမြင် ရာသီဥတု မှန်ကန်လာတယ်၊ ကောင်းမှု မကောင်းမှု၊
အကြောင်းနဲ့
အကျိုး၊ အကောင်းနဲ့ အဆိုးကို ခွဲခြားနားလည် လာကြတယ်၊ လူပီသလာကြတယ်။
သတ္တလောကကြီး တခုလုံး အမြင်မှန်တို့နှင့် နိုးကြား လာကြပါတယ်။
ကမ္ဘာလောကကြီး ဘယ်လောက်ပူပူ အပူလွန်ကဲလို့ သေသွားပါစေ တဘဝပဲရှိမှာပါ။
ကိလေသာ အပူနဲ့ သေသွားရင်တော့ နောက် ဘဝပါ ဆက်ပူရဦးမယ် ဆိုတာကိုတော့
တရားမဝေးကြသူများ ဖြစ်နေတာမို့ အထူးတင်ပြ ပေးစရာ လိုမယ်မဟုတ်ပါဘူး။ ရာသီ
ဥတု ပူလွန်းလို့ ဘဝပျက်ရသူ အလွန်ရှားပေမဲ့ ကိလေသာ ပူလွန်းလို့ ဘ၀ပျက်ကြသူများ
လှပါတယ်။ ရာသီရဲ့ အပူဒါဏ်ကို သိပ္ပံနည်းတွေနဲ့ ကာကွယ်နိုင်ကြပေမဲ့ ကိလေသာရဲ့
အပူကိုတော့ ကာကွယ်နိုင်စွမ်းအား မရှိပါဘူး။ ဒါ့ကြောင့်လဲ သိပ္ပံနည်းတွေနဲ့ ကာကွယ်လို့
မရနိုင်တဲ့ အပူကို ဝိဇ္ဇာနည်းနဲ့ ကာကွယ်ဖို့ ငြိမ်းသတ်ဖို့ “ဗုဒ္ဓေါလောကေ သမုပ္ပန္နော
ဟိတာယ သဗ္ဗပါဏိနံ” ဒေသနာတော် အတိုင်း ဘုရားပွင့်ပေးရတာ ဖြစ်ပါတယ်။
ကမ္ဘာလောကကြီးကို ဖျက်ဆီးနိုင်တဲ့ ကမ္ဘာဖျက်မီးသည် အလွန်ပင် ပူပြင်းပါတယ်။ ယင်း
ထက် ကိလေသာမီးတို့က အဆပေါင်း ရာထောင်မက ပူပြင်းလွန်းတယ်လို့ ဘုရားရှင်
တိုင်းက ဟောတော်မူခဲ့ကြတာပါ။ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်တဲ့မီးဟာ ကမ္ဘာတခုမှာ တ
ကြိမ်သာ ဖြစ်ပေါ်နိုင်ပေမဲ့ ကိလေသာမီးကတော့ မဆုံးနိုင်တဲ့ ဘ၀ခန္ဓာ စ,ရလေတိုင်းက
ဖြစ်ပေါ် လောင်ကျွမ်းနေတာ မျက်မှောက်ဘ၀ ယခုအချိန် အထိပါပဲ။ ဒီသဘောတွေလဲ
စာဖတ်သူတို့ ကိုယ်တိုင်ခံစား တွေ့သိနားလည် နေကြပြီး ဖြစ်မှာပါ။
ဘုရားရှင်တို့၏ အမှန်တရားကို နာရကြားရဖို့မှာ အချိန် အခါဆိုတာ အလွန်ပင် တိုတောင်း
လှပါတယ်။ နှစ် အရေအတွက်ဖြင့် လေးဆယ့်ငါးနှစ် အတိုင်းအတာသာ ရှိပါတယ်။ ဘုရား
ဖြစ်ဖို့ ကျင့်ကြံ ဖြည့်ဆည်းရတာကတော့ စိတ်တော်ဖြင့် ဆုပန်လို့ ခုနှစ်သင်္ချေ၊ နှုတ်တော်
ဖြင့် ဆုပန်လို့ ကိုးသင်္ချေ၊ ကိုယ်ရောနှုတ်ပါ ဆုပန်လို့ လေးသင်္ချေ ကမ္ဘာတသိန်း၊ ပေါင်း
လိုက်ရင် သင်္ချေနှစ်ဆယ် ကမ္ဘာတသိန်း ကာလအတွင်းမှာ လူသာမန်တို့ ပြုနိုင်ရန် ခက်
ခဲတဲ့ အပြစ်ကင်းသော ကာယကံမှု ၀စီကံမှု မနောကံမှုတို့ကို မိမိအတွက် ငဲ့ကွက်ခြင်း မရှိ
ပါပဲ စီးစိမ်ဥစ္စာ အင်္ဂါခြေလက် အသက်သွေးတွေ ဘဝနဲ့ဆက်ပြီး မရေတွက်နိုင်အောင်
ပေးပြီးမှ ဖြည့်ဆည်းပြီးမှ၊ ပွင့်တော်မူကြတယ်လို့ မဟာဗုဒ္ဓ၀င်မှာ မိန့်ဆိုထားသမို့ ဘုရား
ရှင်တို့၏ ပေးဆပ်ရခြင်းနှင့် ရခဲ့သည့် ရလာဒ်သည် အလွန့်အလွန်ပင် ကွာခြားလှပါတယ်။
ဘယ်လိုပဲ ဖြစ်စေကာမူ သတ္တဝါ အားလုံးအပေါ် ထားတော်မူတဲ့ ဘုရားရှင်တို့၏ မေတ္တာတော်
မဟာကရုဏာတော်သည် ကမ္ဘာ့မြေသားထုထက်မက ထူထဲကြီးမားပြီး အာကာသ မိုး
ကောင်းကင်မက ကျယ်ပြန့်တော်မူလှတဲ့အတွက် လေးဆယ့် ငါးနှစ်သာမဟုတ် လေးဆယ့်
ငါးရက်မျှသာ ရနိုင်မယ်ဆိုရင်လည်း ဤနည်းတူသာ ပါရမီတော်တို့ကို ဖြည့်ဆည်းသွားမည်
မှာ အမှန်ပင်ဖြစ်ပါတယ်။
လူဟူသည် အတ္တဟိတ အတွက်သာ ကျင့်သုံးလျှင် အစွန်းရောက်သူသာ ဖြစ်ပါတယ်။ ပရ
ဟိတ အတွက်သာ ကျင့်သုံးကလည်း အစွန်းရောက်သူသာ ခေါ်ထိုက်ပါတယ်။ အမှန်အား
ဖြင့် လူဟူသည် အတ္တဟိတကိုလည်း ကျင့်ရ၏၊ ပရဟိတကိုလည်း ကျင့်ရမည်သာ ဖြစ်ပါ
တယ်။ မြတ်စွာဘုရားရှင်တို့သည် အတ္တဟိတနှင့် ပရဟိတနှစ်မျိုးလုံးကို ကျင့်သုံး ဆောင်
ရွက်သော ပုဂ္ဂိုလ်မြတ်များသာ ဖြစ်ကြပါတယ်။ မြတ်စွာဘုရားရှင်တို့၏ ပါရမီ ကျင့်စဉ်များ
မှာလည်း အတ္တနှင့်ပရ နှစ်မျိုးလုံးကို မျှတစွာ ကျင့်သုံး ဆောင်ရွက်တော်မူခဲ့သည် ချည်း
သာ ဖြစ်ကြပါတယ်။ ရတနသုတ်တော် နိဒါန်း၌ “ လောကတ္ထ စရိယံ’ ဉာတတ္ထ စရိယံ’
ဗုဒ္ဓတ္ထ စရိယန္တိ တိေဿာ စရိယာယော” ဟု မိန့်တော်မူသည်ကို ကြည့်ခြင်း အားဖြင့်
လည်း သိနိုင်ကြပါတယ်။
ထိုအထက်ပါ အကြောင်းအရာတို့ကို ထင်ရှားခြင်းတခု ပြရပါလျှင် အလောင်းတော် သုမေဓာ
ရသေ့ကိုပင် ပြလိုပါတယ်။ ဂေါတမဘုရားရှင်၏ အလောင်းတော် သူမေဓာ ရှင်ရသေ့သည်
မိမိအတွက်သာ ဘုရားဖြစ်ချင်၍ ပါရမီတော်များကို ဖြည့်ကျင့်ခဲ့ခြင်း မဟုတ်ပဲ၊ ဝေနေယျ
သတ္တဝါတို့အား သံသရာဒုက္ခမှ ကယ်တင်နိုင်စိမ့်သောငှာ ဘုရားဖြစ်ချင်၍ ပါရမီတော်များ
ကို ဖြည့်ကျင့်ခြင်းသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဆိုရပါလျှင် သုမေဓာ ရှင်ရသေ့သည်
မိမိအတွက် ဘုရားဖြစ်လို၍ ပါရမီတော်များကို ဖြည့်ကျင့်ခြင်းမဟုတ်၊ လောကအတွက်
ဘုရားဖြစ်လို၍ ပါရမီတော် များကို ဖြည့်ကျင့်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ သုမေဓာအလောင်း
တော် ပါရမီများကို ဖြည့်ကျင့်ခဲ့ရာ၌ အနစ်နာခံခြင်းနှင့် သူ့အကျိုးကို ဆောင်ခြင်းမှတပါး
အခြားသော တောင့်တမှုဟူ၍ ဘာတခုမျှ မရှိခဲ့။ အတ္တဟိတနှင့် ပရဟိတကို ဆောင်ရွက်
ခဲ့ခြင်းသာ ဖြစ်ပါတယ်။ အခြား တောင့်တချက် မပါခဲ့ပါဘူး။ အလောင်းတော်၏ ဆန္ဒမှာ
လောကအတွက် အနစ်နာ ခံနိုင်ဖို့သာ ဖြစ်ပါတယ်။ နောက်တခုမှာ သူ့အကျိုးကို ဖြည့်
ကျင့်ခြင်းသာ ဖြစ်ပါတယ်။ ဤဆန္ဒ နှစ်ရပ်ကို ရည်ရွယ်ပြီး ပါရမီတော်တို့ကို ဖြည့်ကျင့်
ခြင်း ဖြစ်ပါတယ်။
နောက်ဆုံးဘဝ သိဒ္ဓတ္ထမင်းသား ဖြစ်သောအခါ ဘဝသည် ဘာမျှ မဟုတ်ပါတကားဟူ၍ ဘဝ
၏ လျှို့ဝှက်ချက်ကို မိမိကိုယ်တိုင် သိရန်၊ သူတပါးအား သိစေရန်အလို့ငှာ အမှန်တရားကို ရှာ
ဖွေရန်အတွက် တောထွက်တော်မူခဲ့ပါတယ်။ ထိုစဉ်ကာလက သစ္စဉာဏ်ကို ရသူများဟု ကျော်
ကြားသော အာဠာရ ကာလာမ ရသေ့ကြီးထံသို့၎င်း၊ ဥဒက ရာမပုတ္တ ရသေ့ကြီး ထံသို့၎င်း
ချဉ်းကပ်ပြီး မျှော်လင့်ချက်တို့ဖြင့် လွှမ်းခြုံထားသော သောကရုပ်တု ဘဝအစုတို့၏ လျှို့
ဝှက်ချက်ကို မေးပါတယ်။ အမေးက တခြား၊ အဖြေက တခြားသာ ဖြစ်လို့မို့ ကျေနပ်မှု
မရပဲဖြစ်နေပါတယ်။
ဘဝမှ လွတ်မြောက်မှု ပရမတ္ထသစ္စာကို သိရန် ရယူနိုင်ရန် မည်သူ့ကိုမှ ဆရာ မတင်တော့ပဲ၊
ဥရုဝေလ တောသို့ ဝင်လျက် လောကသုံးပါးတွင် မည်သူ တဦးတယောက်မှ မကျင့်ဝံ့
မကြံစည်ရဲတဲ့ အကျင့်ကို အစားအစာမစားပဲ ခြောက်နှစ်တာ ကာလပတ်လုံး ရှာဖွေ ကျင့်
သုံးတော်မူခဲ့ပါတယ်။ ဘဝမှ လွတ်မြောက်မှု ပရမတ္ထသစ္စာကို အပထား၊ စိတ်၏ ငြိမ်းချမ်း
မှု တရားကိုသော်မှ မရရှိခဲ့တဲ့ အတွက် ငါကျင့်လာခဲ့သော တရားသည်ကား အင်အားနဲ
ရုံမှတပါး အခြားမရှိ အတ္တကိလမထာနုယောဂ အကျင့်သာလျှင် ဖြစ်တယ်လို့ သိတော်
မြင်တော်မူ၍ ထိုအကျင့်ကို ပယ်စွန့်ပြီး ခန္ဓာကိုယ် မျှတရုံ အစားအစာကို စားတော်မူ
လျက် ယခင် ရရှိထားဘူးသော ဈာန်တရားကို ဝင်စားတော်မူပါတယ်။
ထို့နောက် ဥရုဝေလတောမှ ဗုဒ္ဓဂယာသို့ ကြွတော်မူပြီးလျှင် ဗောဓိညောင်ပင်ရင်း၌ ထက်ဝယ်
ဘွဲ့ခွေ ထိုင်တော်မူပါတယ်။ ဘုရားရှင် ထိုင်တော်မူချိန်ဟာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် က
ဆုန် လပြည့်နေ့ ညနေချမ်း အချိန်ဖြစ်ပါတယ်။ အဲဒီနောက် အာနာပါန စတုတ္ထဈာန်ကို
ဝင်စားတော်မူကာ “ ငါ၏ အရေ၊ အကြော၊ အရိုးတို့သာ ကြွင်းကျန်လျှင် ကြွင်းကျန်ပါစေ၊
အသွေး အသားတို့ ခန်းခြောက်လျှင် ခန်းခြောက် သွားပါစေ၊ငါသည် ဘုရားမဖြစ်သေး
သမျှ ဤထက်ဝယ်ဘွဲ့ခွေ နေခြင်းကို မဖျက်တော့အံ့ ” ဟု အဓိဋ္ဌာန်တော်မူခဲ့ပါတယ်။
အဓိဋ္ဌာန်တော်မူပြီး အာနာပါန စတုတ္ထဈာန်ကိုပင် ဆက်လက် ဝင်စားတော်၍ နေမဝင်မီ မာန်
နတ်မင်းကို အောင်မြင်တော်မူပါတယ်။ ညဥ့်ဦးယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ်တော်ကို
ရရှိပြီး ထိုဥာဏ်ဖြင့်ပင် ဒိဋ္ဌိဝိသုဒ္ဓိကို ရတော်မူပါတယ်။ ဒိဋ္ဌိဝိသုဒ္ဓိကို ရသောအခါ နာမ်နှင့်ရုပ်
ကို ခွဲခြား၍ သိတော်မူသော နာမရူပပရိစ္ဆေဒဥာဏ်ကို ရတော်မူပါတယ်။
သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဥာဏ်တော်ကို ရပြီး ထိုဥာဏ်တော်ဖြင့် ကင်္ခါဝိတရဏ ၀ိသုဒ္ဓိကို ရ
တော်မူပါတယ်။ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိကို ရသောအခါ နာမ်ရုပ်တို့၏ အကြောင်းကို ခွဲခြား၍
သိတော်မူသော ပစ္စယပရိဂ္ဂဟဥာဏ်ကို ရတော်မူပါတယ်။ မိုးသောက်ယံ၌ နာမ်ရုပ်တို့ကို
ဝိပဿနာရှုရာမှ အာသ၀က္ခယဥာဏ်ခေါ် အရဟတ္တမဂ်ဥာဏ်ကို ရတော်မူပါတယ်။ အရ
ဟတ္တမဂ်ဥာဏ်ကို ရတော်မူသည်နှင့် တပြိုင်နက် သဗ္ဗညုတဥာဏ်တော်ကို ရပြီး လောက
သုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူခဲ့ပါတယ်။
ထို့ကြောင့် သတ္တ၀ါတို့၏ ကိလေသာ အပူမီးတွေကို တကယ်ငြိမ်းအောင် ငြိမ်းပေးနိုင်တဲ့
သဗ္ဗညုတဥာဏ်ရှင် ဘုရားရှင်တို့ လောကမှာ တဆူတဆူ ပွင့်တော်မူပြီ ဆိုပါလျှင်လည်း
ဝေနေယျ သတ္တ၀ါပေါင်း မြောက်များစွာ ကျွတ်တန်း ၀င်ကြတာမို့ ဘုရားရှင်တို့ ပွင့်တော်
မူခဲ့ရာ ကဆုန်လပြည့်နေ့ဟာ အလွန်ပင် မြင့်မြတ်တဲ့ နေ့တနေ့သာ ဖြစ်ကြောင်းကို သိ
ကောင်းစရာ ပါလားလို့ တွေးမိပြီး ရေးသား တင်ပြရခြင်းသာ ဖြစ်ပါတယ်။
“ဘုရားရှင်တော် မပွင့်ပေါ်လျှင် လူတော်အများ စိတ်ကောင်းထားလည်း၊ ဤကားကုသိုလ်
အကုသိုလ်နှင့်၊ ထိုထိုဘုံဘဝ၊ မသိရ၊ များလှအပြစ်တွေ၊ ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍၊
ဟောဖေါ်ညွှန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘ၀၊
သိကြရ များလှကျေးဇူးတွေ”
တောင်မြို့ ဂန္ဓာရုံ ဆရာတော်ဘုရားကြီး မိန့်မြွက် ရေးသားတော်မူခဲ့တဲ့ ဘ၀အသိအမြင်
ဓမ္မစာစုဖြင့်ပင် ယခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ပူဇော်ကန်တော့ လိုက်ပါသည်။

( မုဒုံဆရာတော် )
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
May
(81)
- သူတပါး မထိခိုက်စေနဲ့
- သြဝါဒ
- “ကြောက်၍ပင် တောထဲ၌ နေပါသည်“
- တောင်ဖီလာဆရာတော်၏ သီလဂုဏ်
- မိမိကိုယ်ကို အနိုင်ယူနည်း
- “ဘဝ သံသရာ”
- အားကိုးစရာ အစစ်
- အပျို ...
- ငှက်သိုက်
- မျက်နှာ ပေါင်းတင်နည်းများ
- နှာခေါင်း သွေးယိုခဲ့လျှင်
- ဖိုးတောင်သူ ဘွဲ့
- ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ဗောဓိသမိုင်း
- ဧည့်သည်
- မြန်မာ့ ကြွေးကြော်သံ
- ညို
- ထုံအတဲ့မိန်းမနဲ့ ထက်မြက်တဲ့မိန်းမ
- မိဘကို လှုပ်နှိုးတဲ့ သားသားမီးမီးတို့ရဲ့စကား
- ဘီလ်ဂိတ်နဲ့ စားပွဲထိုး
- အောင်မြင်သူနဲ့ ရှုံးနိမ့်သူ
- မယားကောင်း မယားမြတ်
- အချစ်စစ်
- စဉ်းစားပေးပါ
- ယမမင်းရဲ့ ဆုတောင်း "၅" ချက်
- လင်ကွန်း၏ "မ" ၁၀ လုံး
- “တောမြိုင်ခြေလမ်း”
- ပုတီးသွယ်
- ရှုတိုင်း ယဉ်တဲ့ ဝတ်စုံရှင်
- တန်ဖိုးသိမှ တန်ဖိုး ရှိတာပါ
- ရွာသာယာသို့ အမှတ်တရ
- မုန်တိုင်းက မော့မော့ တိုင်းပြည်က လျော့လျော့
- အမှတ်တရ ဗိုလ်ချုပ်
- အောင်ဆန်းပေးတဲ့ မြန်မာပြည်
- အောင်ဆန်းပေးတဲ့ မြန်မာပြည်
- အောင်ဆန်းပေးတဲ့ မြန်မာပြည်
- အောင်ဆန်းပေးတဲ့ မြန်မာပြည်
- အောင်ဆန်းပေးတဲ့ မြန်မာပြည်
- (ဗိုလ်)အောင်ဆန်းပေးတဲ့ မြန်မာပြည်
- အနိုင် မခံ
- Facebook colour
- Memory Stick အတု၊ အစစ်
- ရေးချင်ရင် ထည့်ရေး
- ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်တာ
- Notepad မှာ မြန်မာစာ မမြင်ရင်
- နက် မြန် ချင်ရင်
- FB post တွေကို မမြင်ချင်ရင်
- ပျံနေတဲ့ ငှက်
- အမျိုးသမီးများထက် အမျိုးသားများ သက်တမ်း ပိုတိုစေသေ...
- ကျေးဇူး ဆပ်လော့
- ကဆုန်လ၌ ကြုံရသော - ဗုဒ္ဓနေ့ ပွဲတော်
- ဗုဒ္ဓဝင် ခုနှစ်နေ့ ဘုရားရှိခိုး
- ကဆုန်လပြည့် ဗုဒ္ဓနေ့
- ပူဇော်မကုန် မြတ်ကဆုန်
- လူ့အခွင့်အရေး ကြေညာစာတမ်း
- “ ကမ္ဘောဇသို့ ”
- ဟာသ အတိုအထွာ
- ကျောက်ဆင်းတုတော် ကိုးကွယ်မှု
- ယဉ်ကျေးတဲ့ ကမ္ဘောဒီးယားသူ....
- Facebook လုံခြုံရေး
- Bill Gates about တစွန်းတစ
- လူယုတ်မာ လက္ခဏာ
- စကားဝါ သင်းတဲ့ ဝိသာခါ
- လွမ်းစရာ့ ညောင်ရေပွဲ
- တော် ကဆုန်
- ပန်းကံ့ကော်
- ကံ့ကော်နဲ့ ပိတောက်
- ပန်းပိတောက် ရွှေဝါ
- ပိတောက်ပန်း
- ကျောက်ကပ်အတွက် ဆေးမြီးတို တခွက်
- လယ်တီဆရာတော်ကြီး ထေရုပ္ပတ္တိအကျဉ်း
- နိဗ္ဗိန္ဒ တေးတပ်
- အဆုံးအမ
- ဆိုင်ရာ ကျင့်ဝတ်များ
- ဗုဒ္ဓ အဆုံးအမ
- ဘာတွေ ယူသွားကြမှာလဲ?
- ဘဝ နေနည်း
- ရွှေဥမင်ဆရာတော်ကြီး၏ သြဝါဒ
- အရာရာမှာ ပညာသား ပါပါ လုပ်
- ခရမ်းချဉ်သီးက ပေးတဲ့ အသိ
- သံပုရာသီး အစွမ်း
- ကိုယ့်ကိုယ်ကို သတိပေးခြင်း
-
▼
May
(81)
0 comments:
Post a Comment