သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, May 14, 2013

PostHeaderIcon အမှတ်တရ ဗိုလ်ချုပ်





နတ်မောက်...
မင်းဘာမှ ထပ်မလုပ်နဲ့
ထိန်လင်းကို ငါတို့ဆီ ပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက် တာဝန်ကျေပြီ။

 ဒေါ်စု....
သူ့အမေ ဆိုတဲ့အတိုင်း 

ခင်ဗျားစိတ်ဓာတ် မာလှပါတယ်။
  ခင်ဗျား ငွေတိုးချေးသလို၊
ခင်ဗျားဆီတွေ လှောင်ထားသလို၊
သူ့ကိုလည်း
ခေတ်ကြီးထံ အပြီးအပိုင် ချေးလိုက်တယ်လို့ မြင်ပါ။
ကျွန်တော်တို့လည်း ရင်ထဲမှာ အမြဲလှောင်သိမ်းထားတော့မယ်။


ခင်ကြည်...
ညည်းယောက်ျားကို သေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေး တပဲ တမူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့ လူသား။
နိုင်ငံခေါင်းဆောင် ငမွဲကို
ညည်း စိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။


ဗိုလ်ထွန်းလှ...

ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေ သိရင် မျက်နှာမထားတတ်အောင် ရှက်နေရှာဦးမယ်။


ဆရာတော်ဦးသောဘိတ....
ဒီတခါ ကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့ အတွက်ပါဘုရား။


ဦးဘဝင်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီး အသည်းက ဆေးရုံပေါ်မှာ ကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။


ရဲဘော်ကျော်စိန်....
ခင်ဗျား ကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျား တင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ ပစ္စုပ္ပန်ကြီး/ အနာဂတ်ကြီး။


         ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံ မန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့်၊ တမတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့။
ဘဝမှာ အပန်းဖြေနည်း လက်တဖက် မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ် ခံစားပါစေဗျ။


ဗိုလ်မှူးကြီး ဆူဇူကီး....
တွေ့တယ်မလား..ခင်ဗျားကို လက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင် တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိ အဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာ တကောင်မှမရှိဘူး။

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တလုံးကို
နှစ်လလောက် ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံး မဟုတ်လား။

ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်။ ခွင့်လွှတ်လို့တော့ မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့။
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလို လူတွေ အများကြီးရယ်။

မစ္စတာနေရူး...
ခင်ဗျား သူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။


 ပဲခူးဆောင်...
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေ မောင်းမထုတ်လိုက်နဲ့။
 စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့ အဝတ်တွေ တန်းပေါ် မချိတ်လိုက်နဲ့
သူ ဇိမ်နဲ့ မနေခဲ့လို့ ကျွန်တော်တို့ ဇိမ်နဲ့ နေနေရတာ။

ညိုညိုစိန်....
ညည်း တသက်လုံး မင်းသမီး လုပ်လာတာ
အနယ်နယ် အရပ်ရပ်။
ရွှေဘို ညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊ တွေ့ဖူးရဲ့လား။
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲ ကျီစယ်မယ့် ညည်းတောင်
ကြက်သီး ဖြန်းဖြန်း ထသွားရဲ့မဟုတ်လား။

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျား အကျီ အိတ်ကြီး ပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့။
၃၂ နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့ နှလုံးသားတွေကို
သူ အခုထိ ဆွဲလုနေနိုင်တုန်း။

ဦးဋ္ဌေးမြိုင်(သို့) ဒဂုန်တာရာ...
(ဇွတ်ချစ်မယ်) ဆိုတဲ့ အချစ်သီချင်း အစား
စစ်ချီ စစ်တက် သီချင်းတွေပဲ သူက ကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ။
နှလုံးသား မရှိတာ မဟုတ်ပါဘူး။
နှလုံးသား ရှိလွန်းလို့ပါ။

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက် လှည့်မထားပါနဲ့။
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။

ရဲဘော်ကလေးတွေ......
စိတ်မကောင်း မဖြစ်နဲ့။
မင်းတို့ ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေ ကားတွေ လက်မဖွဲ့လို့
စိတ်ဆိုးမယ့် လူစားလား။
"ငွေသော်တာ ရောင်ခြည်" ဆိုတော့
အရိုးသားဆုံး အပြုံးနဲ့ ပျော်နေခဲ့တာလေ။


    ပြည်ထဲရေးဝန်ကြီးဦးမြ...
ခင်ဗျား...မှားတယ်။
သူ့ ရုံးခန်း ရှေ့က တပ်စိတ်ကို
သူ ဘာပြောပြော ပေကပ် ထားခဲ့ရမှာ။
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။

ကိုကျော့မောင်...
သူ့ မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
 ဆွဲယူ လွှင့်ပစ်လိုက်တာ စိတ်မကောင်း မဖြစ်ပါနဲ့
သူ အပင်ပန်းခံ သင်ယူခဲ့တဲ့ ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေ မပါဘူး။

 မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃.တောင့် စိုက်သွားပြီ။
ရေးလို့ မကုန်အောင် ကျွန်တော်တို့ ရေးနေရပြီ။

ဟိန်း  13.2.13 ( F r.. Amay Su. Fb )
( စွန့်လွှတ် အနစ်နာခံမှုတွေကို ကြား,ဖတ်တိုင်း ဝမ်းနည်းရသည်။ )

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...