သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, May 10, 2013

PostHeaderIcon အမျိုးသမီးများထက် အမျိုးသားများ သက်တမ်း ပိုတိုစေသော အကြောင်းရင်း(၆)ရပ်


အသက်အရွယ်မရွေးမှာ လိုက်ကြည့်မယ်ဆိုရင် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပို
ပြီး အသက်တိုကြပါတယ်။ အယ်လ်ဇိုင်းမားရောဂါကလွဲလို့ တကယ်သေနိုင်လောက်တဲ့ ရော
ဂါ ၁၅ မျိုးလောက်မှာ ယောက်ျားတွေက ပိုအဖြစ်များတာကို တွေ့ရပါတယ်။ဒါကြောင့် ကမ္ဘာ
ကြီးပေါ်မှာ ပျမ်းမျှ ယောက်ျားတွေက မိန်းမတွေထက် ၅နှစ်လောက် အသက်ပိုတိုတယ်လို့ 
စစ်တမ်းများအရ တွေ့ရှိထားရတာ ဖြစ်ပါတယ်။
(အယ်လ်ဇိုင်းမား ရောဂါအကြောင်းကို မက်ဖန်ပရိသတ်များ ပြည့်စုံစွာ သိရှိအောင် ရေးသား
ဖော်ပြပေးဖို့ ရှိပါတယ်)။

ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အချက်တွေ ကွဲပြားမှုရှိတာတွေကြောင့်လဲ ပါသလို နေထိုင်ပုံ Lifestyle
ကလဲ အဓိက လွှမ်းမိုးတဲ့ အချက်ဖြစ်ပါတယ်။ အမျိုးသားတွေဟာ ကျန်းမာရေး လိုက်စားဖို့နဲ့
ရောဂါ တခုခု ဖြစ်လာခဲ့ရင် ဆေးကုသမှု စောစွာခံယူဖို့ အချိန်ဆွဲတတ်ကြတာ အဓိက အချက်
ဖြစ်ပါတယ်လို့ ကမ္ဘာတ၀န်း ကျန်းမာရေးပညာရှင်များက တညီတညွတ်ထဲ အဆိုပြု
ကြပါတယ်။




“အမျိုးသားတွေဟာ ကျန်းမာရေးထက် တခြားအရေးတွေကို ပိုအာရုံစိုက်ကြတဲ့ သဘာဝ ရှိပါ
တယ်။ ဥပမာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အားကစား စသဖြင့် မိမိ စိတ်ဝင်စားစရာ
တွေကိုပဲ လုပ်နေကြပါတယ်။ ဒီလို ကိုယ်လုပ်ချင်တာတွေကို လူ့အသိုင်းအ၀ိုင်းထဲမှာ လုပ်
နေရရင်ပဲ သူတို့ကိုယ်သူတို့ ကျန်းမာတယ်လို့ ထင်နေတတ်ကြပါတယ်”လို့ ကျွန်တော့်ရဲ့
ဆရာ အထူးကု ဆရာဝန်ကြီးတဦးက ပြောပြပါတယ်။

အမျိုးသားတွေဟာ ဆရာဝန်ဆီသွားဖို့ အမျိုးသမီးတွေလောက် လွယ်လွယ် မဆုံးဖြတ်ကြတဲ့
အတွက် တကယ်တမ်း ဆရာဝန်ဆီ မဖြစ်မနေ ရောက်ကြတဲ့ အချိန်မှာ လွန်ကုန်ကြတဲ့ သ
ဘောလဲ ရှိပါတယ်။

အမေရိကန် အမျိုးသားကျန်းမာရေးဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Demetrius Porche
ကလဲ“အမျိုးသားတွေဟာ အလုပ်လုပ်နိုင်နေတယ်၊ စွမ်းဆောင်နိုင်တယ်လို့ သူတို့ကိုယ် သူတို့ ယုံကြည်နေသမျှ ကာလပတ်လုံး ကျန်းမာရေးအတွက် ခန္ဓာကိုယ်ကို ညှာဖို့ စစ်ဆေးဖို့ ဘယ်
တော့မှ အတွေးမ၀င်ကြပါဘူး။ နောက်ပြီး ဆေးလိပ် အရက်၊ မူးယစ်ဆေးဝါး စတာတွေကလဲ အမျိုးသားတွေက ပိုသုံးကြပါတယ်”လို့ ကောက်ချက်ချပါတယ်။

ဒီတော့ ကမ္ဘာတ၀န်း အမျိုးသားတွေအားလုံးရဲ့ ကျန်းမာရေးကို အခြိမ်းခြောက်ဆုံး ရောဂါ
(၆)မျိုး အကြောင်းကို မက်ဖန်ပရိသတ်များ အားလုံး ဆင်ခြင် ကာကွယ်ဖွယ် ဖော်ပြပေး
လိုက်ပါတယ်။ ကာကွယ်နည်းများကတော့ ကျွန်တော် အရင်တင်ထားတဲ့ ဆောင်းပါးများ
မှာ ကြည့်ရှုနိုင်ပါတယ်။

(၁)နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ

Cardiovascular Diseases လို့ ခေါ်တဲ့ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ

ဟာ ယောက်ျားတွေ အသေအပျောက် အများဆုံးရောဂါ နံပတ်တစ် ဖြစ်ပါတယ်။
atherosclerosis လို့ခေါ်တဲ့ သွေးကြောတွေ မာခဲပိတ်ဆို့လာလို့ သွေးမလျှောက်
တော့တဲ့ ရောဂါများ ဖြစ်ပါတယ်။ အထူးသဖြင့် နှလုံးသွေးကြောပိတ် ရင်ဘတ်
အောင့် ရောဂါ (Angina) ဖြစ်ပါတယ်။ အခန့် မသင့်ရင် heart attack နဲ့ ပွဲချင်းပြီး
သေတတ်ပါတယ်။ ကမ္ဘာတ၀န်းမှာကိုက atherosclerosis ကြောင့် လေဖြတ်ခြင်း နဲ့ နှလုံးသွေးကြောပိတ်ခြင်းတွေဟာ လူတွေ အသေအများဆုံး ရောဂါတွေ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီး တခုတောင် ဖြစ်နေပါပြီ။

အဲလို atherosclerosis က ဘာလို့ဖြစ်ရသလဲဆိုတော့ သွေးတွင်းအဆီဓာတ်တွေ များ

လွန်းလို့ သွေးကြော နံရံတွေအပေါ် အဆီတွေ အနည်ကျပြီး ပိတ်ဆို့တာ ဖြစ်ပါတယ်။
ဒါကြောင့် အမျိုးသားတွေဟာ အသက် ၆၅ နှစ်ကျော်တာနဲ့ လူတိုင်း အဲဒီရောဂါတွေ စတင်ခံစားရတော့တာပါပဲ။ ငယ်ငယ်ကတည်းက မဆင်ခြင်ဘဲ သွေးတွင်း ကိုလက်စ
ထရော များတဲ့ သူတွေကတော့ ဒီထက် စောတတ်ပါတယ်။

မြီးကောင်ပေါက် ဆယ်ကျော်သက်အရွယ်ချင်း ယှဉ်ရင်တောင် မိန်းကလေးတွေရဲ့ သွေးကြော
တွေက ယောက်ျားလေး တွေထက် ပိုကောင်းပါတယ်။ နောက်တချက် အနေနဲ့ မိန်းကလေး
တွေမှာ သဘာဝအရကိုက ကျန်းမာရေးကို အထောက်အကူပြုတဲ့ HDL ခေါ် ကိုလက်စထရော
တမျိုး ပိုပါပါတယ်။ ဒါကြောင့် အမျိုးသားများ အားလုံးကို အကြံပြုချင်တာက…
(၁) အသက် ၂၅ နှစ်ကျော်ကတည်းက သွေးတွင်း ကိုလက်စထရော တိုင်းတာပါ။
     အနည်းဆုံး ငါးနှစ်တကြိမ် ဆက်တိုင်းပါ။
(၂) သွေးပေါင်ချိန်နဲ့ ကိုလက်စထရော များနေရင် ချပေးပါ။
(၃) ဆေးလိပ်ကို ရှောင်ပါ။
(၄) တနေ့ကို အနည်းဆုံး လှုပ်လှုပ်ရှားရှားလုပ်ချိန် နာရီဝက်တော့ ရှိပါစေ။
(၅) ဟင်းသီးဟင်းရွက် အသီးအနှံများ တတ်နိုင်သမျှ စားပေးပါ။

(၂) အဆုတ်ကင်ဆာ
တကယ်ကို ကြောက်စရာကောင်းလှတဲ့ ကင်ဆာရောဂါဖြစ်ပါတယ်။ ရောဂါဒဏ်ခံရမှု အရမ်း
ဆိုးခြင်း၊ ရောဂါတိုးတက်မှု မြန်ခြင်း၊ကင်ဆာဆဲလ်များ နေရာအနှံ့ပျံ့ခြင်းတွေမှာ တခြား
ကင်ဆာတွေထက်ကို ဆိုးပါတယ်။ ဘယ်လောက်မြန်သလဲဆိုရင် ရောဂါလက္ခဏာတခုခု
မပေါ်ခင်အချိန်၊ စစ်ဆေးတွေ့ရှိမှု မရှိသေးခင် စဖြစ်တဲ့ အချိန်ကတည်းကကို စပျံ့နေပြီ ဖြစ်
ပါတယ်။ တွေ့ပြီဆိုရင် နောက်ကျနေပြီလို့ကို တထစ်ချ ပြောနိုင်တဲ့အထိ ကြောက်စရာ
ကောင်းပါတယ်။

ကမ္ဘာပေါ်မှာ ရှိရှိသမျှသော အဆုတ်ကင်ဆာတွေ အားလုံးရဲ့ ၉၀% ကျော်ဟာ ဆေးလိပ်
ကြောင့်ဖြစ်ရတာ အသေအချာပါပဲ။ CT scan ကလွဲလို့ ကြိုစစ်နိုင်တဲ့ ဆေးစစ်ချက်မျိုးလဲ
မရှိသေးပါဘူး။

လက်ရှိစွဲပြီးနေတာ ကြာခဲ့ပြီ ဖြစ်လို့ ငါကတော့ နောက်ကျနေပါပြီ မထူးတော့ပါဘူးလို့ မထင်
ပါနဲ့တဲ့။ ဆေးလိပ်ကို ဘယ်အသက်အရွယ်မှာ ဖြတ်ဖြတ် နောက်မကျသေးဘဲ အဆုတ်ကင်
ဆာနဲ့ အခြားရောဂါတွေ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးများစွာ လျော့နည်းမှာ သေချပါတယ်လို့ ပညာ
ရှင်များက အဆိုပြုထားပါတယ်။

(၃)ဆီးကျိတ်ကင်ဆာ
ဆီးကျိတ်က မိန်းမတွေမှာ မရှိဘဲ ယောက်ျားတွေမှာသာရှိလို့ ယောက်ျားတွေပဲ ဆီးကျိတ်

ကင်ဆာ ဖြစ်ကြပါတယ်။ အမျိုးသား ၆ယောက်မှာ တယောက်နှုန်း ဖြစ်နိုင်ပါတယ်။ ဒါပေ
မယ့် အဲလိုဖြစ်တဲ့ သူတွေထဲက ကုသမယ်ဆိုရင် ၃၅ယောက်မှာ တယောက်သာ သေနိုင်
တာမို့ တော်သေးတာပေါ့လို့ပဲ ဆိုရမှာပဲ။


(၄)စိတ်ကျရောဂါနှင့် ကိုယ့်ကိုယ်ကို သတ်သေခြင်း
စိတ်ဓာတ်ကျဆင်းခြင်းဟာ ကျန်းမာရေးအပေါ် သိသိသာသာ ဆိုးဝါးစေပါတယ်။ စိတ်

ထောင်းလို့ ကိုယ်ကြေတယ်လို့ ပြောရမှာပေါ့။ စိတ်ကျရောဂါရဲ့ ဒဏ်ကို စိတ်မာပါတယ်
ဆိုတဲ့ ယောက်ျားတွေက မိန်းမများလောက်တောင် မခံနိုင်တာ အံ့သြဖွယ်ရာ တွေ့ရပါ
တယ်။ ဒါကြောင့်လဲ ကိုယ့်ကိုယ်ကို သတ်သေမှုများရဲ့ ၇၀% နီးပါးဟာ ယောက်ျားတွေ
ဖြစ်နေတာပါ။ နောက်ပြီး စိတ်ကျရောဂါ (depression)၀င်နေတဲ့ သူဟာ နံပတ်(၁) မှာ ပြောခဲ့တဲ့ နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ဖို့ အခွင့်အလမ်းလဲ ပိုများပါတယ်။ မိန်းမတွေဟာ ယောက်ျားတွေလောက် စိတ်ဓာတ်မကျတတ်တာ မဟုတ်ပါဘူး။ တူတူ
ပါပဲ။ ဒါပေမယ့် မိန်းမတွေက ဒီလို စိတ်ညစ်ရမှုကို မျက်ရည်တို့ ဘာတို့နဲ့ ဖြေဖျောက်
လို့ရပြီး စိတ်ဓာတ်ကြံ့ခိုင်သူများလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ အမျိုးသား
များကတော့ ၀မ်းနည်းမှုကို မျက်ရည်အစား ဒေါသတွေ ပေါက်ကွဲမှုတွေနဲ့ပဲ ထွက်
ပေါက်ပေးတော့ ကြာတော့ ပိုဆိုးလာတာဖြစ်ပါတယ်။
(ငိုရင် ပေါ့သွားတယ်ဆိုတာ ဒါဖြစ်မယ်)

နောက်တချက်က အဆုံးစီရင်ဖို့ ကြိုးစားကြတဲ့ အကြိမ်အရေအတွက်ကတော့ မိန်းမနဲ့

ယောက်ျား မကွာလှဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဘာလုပ်လုပ် အောင်မြင်အောင် လုပ်တတ်တဲ့ ယောက်ျားတို့က လုပ်တိုင်းနီးပါး အောင်မြင်ကြလို့ ပိုသေကြပါသတဲ့။
အသိဥာဏ် ဆင်ခြင်တုံတရား မြဲတဲ့သူ များကတော့ မိမိတို့ရဲ့ စိတ်ဓာတ်ကျဆင်းမှုကို
meditation ဆိုတဲ့ တရားထိုင်ခြင်း၊ ဆေးကုသခြင်း စတာတွေနဲ့ ကုသပြီး အောင်မြင်
မှုကို ပြန်လည် ရယူတတ်ကြပါတယ်။

(၅)ဆီးချိုရောဂါ
တဖြည်းဖြည်းချင်း လုံးဝမသိသာအောင် စလာတတ်တဲ့ ရောဂါမို့ နှစ်ပေါင်းများစွာ ကြာတတ်
ပြီး ကာကွယ်ဖို့ မေ့နေတတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ စဖြစ်ပြီဆိုတာနဲ့ ပို
လျှံနေတဲ့ သွေးတွင်း သကြားဓာတ်တွေဟာ သွေးကြောတွေနဲ့ အာရုံကြောတွေအတွက်
အဆိပ်အတောက်များအဖြစ် နေရာယူလာကြပါတယ်။ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်
ရောဂါ၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ် အလုပ်မလုပ်နိုင်တော့ခြင်းနဲ့ ခြေလက်တွေ ဖြတ်
ရခြင်းတွေအထိ ဖြစ်နိုင်လို့ တကယ့် ကြောက်စရာ ရောဂါပါပဲ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုများဟာ သင့်ကို ဆီးချို
ရောဂါကနေ ရာသက်ပန် ကာကွယ်ပေးနိုင်ပါတယ်။

(၆)ပန်းသေပန်းညှိုးခြင်း
ဒါဟာ အသက်အန္တရာယ် မရှိပေမယ့် အမျိုးသားတိုင်းနီးပါး ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ

တရပ် ဖြစ်ပါတယ်။ အလွယ်မှတ်ရရင် အသက်၄၀ ပြည့်ပြီးသား အမျိုးသားတိုင်းရဲ့ ၄၀% ဟာ
ဒီပြဿနာ ခံစားနေရပါတယ်။ဒီလိုဖြစ်လာရင် နံပတ်(၄)မှာ ပြောခဲ့တဲ့ စိတ်ဓာတ်ကျဆင်းခြင်း
ကို ထိရောက်စွာ အားပေးရာရောက်လို့ ကာကွယ်သင့်လှပါတယ်။

နောက်ပြီး ပန်းသေပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိတဲ့အထဲက 
atherosclerosis သွေးကြောမှာ အဆီခဲတွေ ပိတ်ခြင်းကြောင့်လဲ ဖြစ်နိုင်တာမို့ ဒါကြောင့်
သာ အမျိုးသားသဘာဝ မလာတော့ဘူးဆို ရင် နှလုံးသွေးကြောပိတ် လေဖြတ် စတဲ့ ရောဂါ
တွေလဲ တွဲဖြစ်နေပြီလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ဆရာဝန်များက ပန်းသေပန်းညှိုးခြင်း ကို နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများရဲ့ ရှေ့ပြေးသတိပေး လက္ခဏာတရပ်အဖြစ် ထည့်
သွင်းစဉ်းစား ကြပါတယ်။

 
ဒီတော့ ဆိုလိုချင်တာက ပန်းသေပန်းညှိုးကို ကုသလို့ရတဲ့ ဆေးဝါးတွေ၊ ကုထုံးတွေ အများ
ကြီးရှိပေမယ့် ဒါတွေဟာ ဒီကိစ္စကိုပဲ ကုသလို့ ရပြီး နောက်ခံ အကြောင်းတရားဖြစ်တဲ့ သွေး
ကြောဆိုင်ရာ ပြဿနာများကို မကုသ မကာကွယ်နိုင်တဲ့အတွက် အမျိုးသားများ ဒီလို ခံစား လာရပြီဆိုရင် ဆေးစစ်သင့်ပြီလို့ အကြံပြုချင်ပါတယ်။

ဒီကမ္ဘာလောကကြီးမှာ ယောက်ျားတွေဟာ မိန်းမတွေထက် ပိုအရေးကြီးတဲ့ တာဝန်တွေကို ယူထားကြရသူတွေဖြစ်ပါတယ်။ ဒီတော့ အသက်တိုလို့ မဖြစ်ပါဘူး။ လူသားတိုင်းအနေနဲ့ 
ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဘ၀မှာပျော်ရွှင် တာဝန်ကျေစွာ နေနိုင်ဖို့၊ မိမိဆန္ဒရှိ
တာလေးတွေ လုပ်နိုင်ဖို့ ကျန်းမာအသက်ရှည်ရန် လိုအပ်လှတာမို့ ကျန်းမာရေးကို ဂရု
စိုက်ကြပါလို့ မှာချင်ပါတယ်။  
တို့ဗမာ-
-ဖော်ဝပ်မေးလ်မှ ရရှိပါသည်

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...