သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, May 20, 2013

PostHeaderIcon ယမမင်းရဲ့ ဆုတောင်း "၅" ချက်




ယမမင်း တောင့်တသော ဆုတောင်း (၅) ချက်
*****************************
ယမမင်းသည် သူတော်ကောင်းကြီးဖြစ်ပြီး ငရဲပြည်သို့ ရောက်လာသော သူများကို
လူ့ဘ၀ တလျှောက်လုံး ဘာကုသိုလ်မှ မပြုပဲ မေ့လျောနေသူများအား တွေ့မြင်ရ
သောအခါ သံဝေဂ ရကာ အောက်ပါ တောင့်တချက် ငါးမျိုးကို တောင့်တသည်။
၁) ယမမင်းကြီးက လူဖြစ်ရင် ကောင်းမှာပဲဟု တောင့်တသည်။
၂) လူဖြစ်ရင်လည်း ဘုရားရှင်နှင့် တွေ့ရပါစေဟု တောင့်တသည်။
၃) ဘုရားနဲ့တွေ့ရင်လည်း ဘုရားရှင်နားမှာ အလုပ်အကျွေးပြုပြီး နီးကပ်စွာ ချဉ်းကပ်
    နိုင်ရပါစေဟု   တောင့်တသည်။
၎) ဘုရားရှင်၏ တရားကို နာကြားရပါစေဟု တောင့်တသည်။
၅) တရားနာပြီးနောက် တရားသိရပါစေဟု တောင့်တသည်။

ယခုအခါ မိမိတို့မှာ ယမမင်းလိုချင်နေသော တောင့်တချက်ကို ပိုင်ဆိုင်ပြီးသူများ ဖြစ်နေ
ကြသည်။ ဘုရား သာသနာနှင့် တွေ့ပြီး ၊ ဘုရားရှင်၏ တရားကို ဘုရားသားတော်များထံမှ ကြားနာနေကြရသည်။ ဘုရားရှင်နဲ့ တန်းတူ ဆည်းကပ်နိုင်သောသံဃာတော်များကို အနီး
ကပ် ဆွမ်းကျွေး လှူဒါန်းခွင့်၊ တရားမေးလျှောက်ခွင့်များပါ ရရှိနေပါသည်။ နာကြားရသော
အတိုင်း လိုက်နာကျင့်ကြံပါက တရားရနိုင်သော ဘဝကိုလည်း အမှန်တကယ် ပိုင်ဆိုင်ထား
သောကြောင့် မိမိရောက်ရှိနေသော အနေအထားနှင့် ဘဝကို တန်ဖိုးထားကာ မိုးရွာတုန်း
ရေခံပြီး ဘဝဇာတ်သိမ်း ချုပ်ငြိမ်းကာ သာသနာတော်ကို တန်ဖိုးထား လေးစားနိုင်ကြပါစေ။
                                                     (နတ်ရေကန်ဆရာတော်)

ယမမင်းဟာ ကုသိုလ်တဝက် အကုသိုလ်တဝက်ဖြင့် ချမ်းသာရော ဆင်းရဲကိုပါ ခံစားနေ
ရသော ပုဂ္ဂိုလ်ဖြစ်သည့်အလျှောက် စိတ်ဓာတ်ကောင်းမွန်တဲ့သူတော်ကောင်းပင်ဖြစ်ပါ
သည်။ ငရဲသို့ကျရောက်လာသူများကို တန်းပြီး အပြစ်ဒဏ်မချပဲ လူ့ဘဝတုန်းက ကုသိုလ်
ကောင်းမှုလေးများ အနည်းအကျဉ်း လုပ်ခဲ့မိရင် ပြန်လည်ပြီး အမှတ်ရစေဖို့အတွက် နည်း
မျိုးစုံနဲ့ သတိပေး စစ်ဆေးမှုများ ပြုလုပ်ပြီး ကုသိုလ်လေး အနည်းငယ်မျှ လုပ်မိထားသူကို
ပင် ငရဲပြည်ကနေ အထက်နတ်ပြည်သို့ ပို့ဆောင်ပေးနေတာပါ။

ငွေကြေးအကုန်ခံပြီး လုပ်တဲ့ ကုသိုလ်မျိုးကို မဆိုထားနဲ့ မိမိတို့ သွားလာ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်လောကထဲမှာ အလွယ်တကူ မြင်တွေ့နိုင်တဲ့ အသက်အရွယ် အိုမင်း မစွမ်းဖြစ်
နေသူများ၊ အနာရော ဂါမျိုးစုံ နှိပ်စက်ခံနေရသူများ၊  ကြီးငယ် မလပ် သေဆုံးနေသူများကို
မြင်ဖူးပါလား၊ မြင်ဖူးတယ်ဆိုရင် အဲဒီလို လူမျိုးတွေကို မြင်တွေ့ရပြီး အော် ငါလဲပဲ တနေ့
ကျရင်… ဒီလိုပဲ အိုရဦးမယ်… ဒီလိုပဲ.. အနာရောဂါတွေ နှိပ်စက်ခံရဦးမယ်…အနည်းဆုံး
ရောဂါကင်းခဲ့ရင်တောင် အိုနာဆိုတဲ့ မထနိုင် မသွားနိုင် ဖြစ်ရဦးမယ်…နောက် သေရဦး
မယ် လို့များ အသိတရားလေး ဝင်ပြီး ဆင်ခြင်မိပါရဲ့လားလို့ မေးပုံကိုကြည့်ရင် ဘယ်မျှ
လောက် သက်ညှာသလဲ ဆိုတာ သိနိုင်ပါတယ်။

နောက်ဆုံး အဲဒါတွေကိုလဲ အမှတ်မရခဲ့ပါဘူးလို့ ပြန်ဖြေရင် ဒါဆို နောက်ဆုံး ကုသိုလ် အ
သေးအမွှားလေးများ လုပ်ပြီး ကျုပ်ယမမင်းကိုရော အမျှပေးဝေ ဖူးပါသလားလို့ မေးတယ်
တဲ့ အဲသလို အမျှပေးဝေဖူးတယ်ဆိုရင် ငရဲက လွှတ်ပေးပြီး နတ်ပြည်ကို ပို့ပေးလိုက်တာ
ပါပဲ။ ဒီအချက်ကလည်း သူ့ကို အမျှပေးဝေဖူးတယ်ဆိုရင် အဲဒီ အနည်းငယ်မျှသော ကု
သိုလ်လေးကိုပါ သတိရစေပြီး ကောင်းတဲ့ သုဂတိဘဝကို ရောက်စေချင်တဲ့ ဆန္ဒပါ။ ဒါ
ကြောင့်လဲ ကုသိုလ် လုပ်တိုင်းမှာ ငရဲသနင်း ယမမင်း ဆိုပြီး အမျှဝေရတဲ့ ကုသိုလ်ရဲ့
အကျိုးဟာ မနည်းလှဘူးဆိုတာလဲ သိသာပါတယ်။

ဒီလို ယမမင်း မေးတဲ့ မေးခွန်းများကို ကြည့်ရင် ဒီလို အသိဉာဏ်မျိုး ဝင်လာဖို့ ရဖို့ဆိုတာ
တခြားနေရာမှာ မဖြစ်နိုင်ပါဘူး။ ဗုဒ္ဓရဲ့အဆုံးအမ သာသနာဖြစ်တဲ့ ဗုဒ္ဓဘာသာမှာပဲ ရရှိ
သိရှိနိုင်တာပါ။ ဒီလို သိနိုင်အောင်လည်း ဘယ်သူကမှ ဖန်ဆင်းပေးလို့ မရနိုင်ပါဘူး။
ကြားနာမှုနဲ့ ကိုယ်တိုင်က လက်ခံပြီး နားလည်သိရှိအောင် လေ့လာ မှတ်သားတတ်တဲ့
အသိဉာဏ်ရှိပါမှ ရနိုင်တာပါ။ အဲဒီတော့ လူလဲ ဖြစ်ရပြီ၊ ဗုဒ္ဓသာသနာနဲ့လဲ ကြုံရပြီ၊ ဗုဒ္ဓရဲ့တရားတော်များကိုလဲ နားကြားရ သိရှိ လိုက်နာကျင့်သုံးရပြီဆိုရင် အင်မတန်
ထူးခြား မွန်မြတ်တဲ့ ကုသိုလ် ထူးကြီး အခွင့်အရေးကြီးတခုဆိုတာ ပြောစရာလိုမယ်
မထင်ပေ။
ယမမင်းက သူ့ဆီကို ရောက်လာတဲ့ လူတွေဟာ ဒီလို ဗုဒ္ဓသာသနာနဲ့ ကြုံနေပါလျှက်နဲ့
အသိထူး တရားထူးများ မသိကြတဲ့အတွက် သံဝေဂ (ထိတ်လန့်မှု)တရားဖြစ်ပေါ်လာရ
တာလဲ ရခဲတဲ့ အဖြစ်ကို ရနေကြပါလျှက်နဲ့ အသုံး မချတတ်ကြလို့ပဲဖြစ်ပါသည်။ ဒီတရား
တွေကို သူက လက်တွေ့ လိုက်နာကျင့်သုံးပြီး အားထုတ်ချင်တဲ့အတွက် လူ့ဘဝကို ရချင်
ကြောင်းနဲ့ လူ့ဘဝရပြီး ဘုရားရှင်နဲ့ ဆုံတွေ့ကာ ဘုရားရှင်ရဲ့တရားတော်များကို အနီးအ
နားကနေ နာကြားချင်တဲ့ ဆန္ဒများ ပြင်းပြနေခြင်းပဲဖြစ်သည်။ 

မှန်ပေသည်။ လူ့ဘဝဆိုတာ ယမမင်း မဆိုထားဘိ နတ်ဗြဟ္မာများကပင် လိုလားတောင့်တ
နေတဲ့ ဘဝမဟုတ်ပါလော။  လောကသဘာဝ အမှန်တရားများကို သိရှိနားလည်နိုင်တာ၊
နာကြားနိုင်တာ ကျင့်ကြံအားထုတ်နိုင်တာက ဗုဒ္ဓပွင့်ပေါ်ထားတဲ့ ဗုဒ္ဓသာသနာနဲ့ ကြုံနေတဲ့
လူ့ဘဝမှာပဲ ရှိသည်။ တခြား သာသနာအမည်ခံတွေထံမှာ ဒီလို အသိတရားရနိုင်ဖို့ လုံးဝမရှိ
နိုင်ပါဘူး။ သိလည်း မသိနိုင်ပါဘူး။ထို့ကြောင့် နေမထူး သေမထူး သတ်မထူးဆိုတဲ့ လုပ်
ဆောင်ချက်များကို အဟိတ်ပုဂ္ဂိုလ်များ ဆန်ဆန် မြင်တွေ့နေရမည်ဖြစ်သည်။

လူ့ဘဝက ရခဲတယ် ဆိုတာကိုလည်း ဒီလို ဗုဒ္ဓသာသနာနဲ့ ဆုံတွေ့ပြီး လောကသဘာဝအမှန်
တရားများကို သိရှိနားလည်ပြီး ကျင့်ကြံအားထုတ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတဲ့အတွက်
ရည်ရွယ်ပြီး ဆိုကြတာ ဖြစ်ပါတယ်။ မမြင်ရတဲ့ ငရဲနဲ့ ပြိတ္တာများကို အသာထားဦး။ ရေမှာ
မြေပေါ် မြေအောက်မှာ ကောင်းကင်မှာ ရှိနေကြတဲ့ တိရစ္ဆာန်တွေနဲ့ လူ့လောကရှိ လူတွေနဲ့
ဘယ်ဟာက ပိုများသလဲ ဆိုတာကို နှိုင်းယှဉ်ကြည့်ရုံနဲ့ပဲ လူ့ဘဝက ဖြစ်ခဲတယ်။ လူ့ဘဝဆို
တာထက် အသိဉာဏ် အမြော်အမြင် အဆင်အခြင်ဉာဏ်နဲ့ ပြည့်ဝပြီး အမှားအမှန်၊ သဘာဝ
ကျ မကျ၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဘန် သုံးသပ်တတ်၊ လိုက်နာကျင့်သုံး
အားထုတ်နိုင်တဲ့ အခွင့်အရေးရှိတဲ့ လူအဖြစ်က ပို၍ ရခဲတယ်ဆိုတာ လက်တွေ့ မြင်တွေ့ကြ
ရမှာပါ။

ဒါကြောင့် ဒီလို လောကသဘာဝ အမှန်ဖြစ်တဲ့ အသိတရားတွေကို ပေးစွမ်းနိုင်တဲ့ သာသနာ
နဲ့ ကြုံရဖို့ ခဲယဉ်းတဲ့ အဖြစ်၊ ဒီလို သဘာဝကျတဲ့ တရားဓမ္မများကို နားကြား သိရှိရ၍ ပူပင်
သောက အဝဝတွေ၊ ဆင်းရဲပင်ပန်းမှု လောကဓံမျိုးစုံတွေကို လက်တွေ့ သက်သာ ငြိမ်းချမ်း
အောင် လုပ်ဆောင်ပေးနိုင်တဲ့ တရားတွေကို လေ့လာသိရှိနိုင်ပြီး အိုမှု နာမှုသေမှုတွေကို
ဆင်ခြင် သိရှိကာ တရားထူးရနိုင်တဲ့ အသိဉာဏ်မျိုးကို ရရှိနိုင်တဲ့ လူ့ဘဝအဖြစ်၊ ရေတခွက်
စာအလှူ၊ လက်ဖျစ်တချက်တောက်စာ မေတ္တာအစွမ်းလေးက နတ်ဗြဟ္မာဘဝ ပို့ပေးနိုင်တဲ့
လူ့ဘဝကို အလဟဿ အဆုံးအရှုံး မခံကြပဲ ရခဲလှတဲ့ မိမိတို့ရဲ့လူ့ဘဝနဲ့ ဒီသာသနာကို 
လေးစား အရေးထားပြီး ကြိုးစားကြမယ်ဆိုရင် နောက်ဆုံး ရင်းစားလေးတော့ ပြန်ရဖို့ မခဲ
ယဉ်းတဲ့အတွက် ဒီထက် မြင့်မြတ်တဲ့ ဘဝတွေကို တတ်စွမ်းသမျှ ကြိုးစားရယူနိုင်ကြပါစေ
လို့သာ။
               (နွေနှင်းမိုး)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...