သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, May 15, 2013

PostHeaderIcon ရွာသာယာသို့ အမှတ်တရ




  ရွာသာယာ အမှတ်တရ 
*****
ကြာပေမယ့်
ငါလေ တခါတလေတော့
အညာမြေကို လွမ်းမိတယ်။
ခဏတာရောက်ခဲ့ပေမယ့်
ဘဝမှာ ဖျောက်ဖျက်လို့ မမေ့ရက်အောင်
အငွေ့အသက်က ထင်ဟပ်နေဆဲပါ။

အရိပ်တွေကြောင့် စိတ်ဖြေရန် ဒီအတွေးနဲ့
ဒီမြေလေးကို တို့ နင်းခဲ့ရဖူးတယ်။
ဖြူစင်တဲ့ စေတနာအရောင်တွေ ထင်ဟပ်နေပြီး
ခင်တတ်တဲ့ ဒေသမှာ နေရတာ သိပ်ပြေ၍
စိတ်တွေ အသစ် ပြန်ဖြစ်သလို
မိတ်ဆွေစစ်ဆိုတာကိုပါ ရခဲ့ရတယ်။
ကသုတ်ကယက်နဲ့မို့
နှုတ်မဆက်ခဲ့ရတဲ့ အပေါင်းသဟာတွေကိုလည်း
အကြောင်းသာလာရင်တော့ ဆောင်းအခါမှာ ပြန်ဆုံဦးမယ်လေ။

ခွဲခွာခဲ့ရပေမယ့်လည်း
အမြဲထာဝရ အမှတ်ရနေပါတယ်။
ခင်မင်မှုတွေဟာလည်း အသွင်တခု မှတ်တမ်းအဖြစ်
မပြတ်တမ်း ရှိနေမှာပါ။
လွတ်လပ်မှု အပြည့် မရခဲ့တာမို့
စေ့ငှအောင် ဝှေ့မပြခဲ့ရပေမယ့် အလေ့အထလေးတွေက
မေ့မရတဲ့ သနစ်လေးတွေအဖြစ် တည်ရှိနေဆဲပါ။
မေးထူးတာတွေနဲ့ ကျွေးဖူးတာလေးတွေ အပါအဝင်
အတွေးဦးထဲမှာလည်း ကျေးဇူးပါပဲလို့ အမြဲပြောနေမိတာ
ယနေ့အထိ အခါခါပါ။
မိတ်ဆွေဖြစ်ပြီး အရိပ်တွေပစ်ခါ ထားခဲ့ပေမယ့်
အတိတ်တွေကတော့ မှေးမှိန်မသွားခဲ့ပါဘူး
အတွေးအိမ်ထဲမှာ အမြဲရှိနေဆဲပါ။

ဝါးခြမ်းတွေခွဲ ထရံအတူယက် ပွတ်မြည်သံငေးရင်း
လွေးခဲ့တဲ့ တို့စရာနဲ့ ငါးပိချက်က ကဝိလက်က ထွက်လာသလို
ခပ်ဆာဆာ ဗိုက်အတွင်းသို့ ရိုက်သွင်းခဲ့တဲ့ နေ့ရက်တွေကလည်း
အမေ့ခက်စရာပါ။
ချောင်းရေမှာ အညောင်းပြေ ရေကူးရင်း
ရွှင်မြူးခဲ့တဲ့ နေ့ရက်လေးတွေကိုလည်း
မမေ့ရက်သေးပါဘူး။
ညီရင်းအကိုလို တူချင်းတွေ ညီကြလို့
တူမျှတဲ့ စိတ်ဆန္ဒနဲ့ အတိတ်ဟန်စတွေက
အရိပ်သဏ္ဍာန် မြင်နေဆဲမို့
တခါတခါမှာ ရွာသာယာ ဒီစခန်းကို
တို့မှန်းကာ လွမ်းမိသလိုပါပဲ။

နေခဲ့တဲ့ ရက်တွေက သက်သေတခုလို
ရွက်ကြွေတွေ အလီလီပြောင်းပေမယ့်
ဟောင်းမသွားနိုင်တဲ့ သာဓကတွေက
ဘာမှ မဟုတ်သော်လည်း ကျုပ်ဘဝမှာ
ဒုက္ခတွေ တွယ်ရစ်နေချိန် အကွယ်အဖြစ် ပြောင်းအလာမှာ
ပေါင်းသဟာနဲ့ ရောင်းစရာ အစုံဝယ်ထည့်ပြီး
ကုန်သည်အဖြစ်နဲ့မို့ ဂုဏ်မငယ်ခဲ့တဲ့ နေရာလေးကို
အသေအချာတွေးတိုင်း မနေ့တနေ့ကလို မေ့မရခဲ့တာ 
အမှန်ပါပဲ ရသယာရယ်။
(မကွေးတိုင်း၊ ကမ္မမြို့နယ်၊ ရွာသာယာရွာ အမှတ်တရ)
(နွေနှင်းမိုး) 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...