သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, May 11, 2013

PostHeaderIcon ပျံနေတဲ့ ငှက်

ငှက်ပျံနေတဲ့ ပုံ လုပ်မယ်

မိမိ အသုံးပြုလိုသည့်အခါ အသုံးပြုနိုင်ရန် စုစည်းထားခြင်းမျှသာဖြစ်၍
စာလုံး သတ်ပုံများကိုလည်း အချိန်ကုန်သဖြင့် မူရင်းအတိုင်း မပြင်ပဲထားသည်။ 



ဒီနေ့ ကျွန်တော် ဖိုတိုရှော့ သင်ခန်းစာ တပုတ်ကို စာတွေရော Video ရောနဲ့ပါ ရှင်းပြပါ့မယ်။Animation လုပ်နည်း အမျိုးမျိုးထဲကနေမှ ကျွန်တော် အလွယ်ဆုံး လုပ်
နည်းနဲ့ ရှင်းပြပါ့မယ်။ အောက်ဆုံးမှာလည်း စာမဖတ်ချင်ပဲ့ Video ကြည့်ပီး ဖိုတိုရှော့လုပ်
ချင်သူတွေတွက် ကျွန်တော် အသံဆိုးဆိုး နှားဆေးနေတုန်း ရှင်းပြထားတဲ့ အသံကို နား
ဝင်ခါးခါးနဲ့ နားထောာင်ရင်း လေ့လာကြည့်ဖို့ တင်ပေးထားပါတယ်။
ကဲ့ ကျွန်တော်တို့ ဒီနေ့လုပ်မယ့် သင်ခန်းစာ ရည်ရွယ်ချက်ကတော့ ကိုယ်တိုင်  
Gif animation တွေ လုပ်တက်ဖို့ပါပဲ့။ လုပ်နည်းတွေ အများကြီး ရှိတဲ့ အထဲ့ကနေ 
Photoshop နဲ့ လုပ်ပြမှာ ဖြစ်ပါတယ်။ လွယ်ပါတယ်။ အဲ့လောက်လည်း မခက်ပါဘူး ။
 Animation လိုချင်ပီဆို Google ဆီပြေးရတာ အမော . တကယ်လို့သာ အင်တာနက်
မရခဲ့ရင် ဘယ်ကနေ ရှာမလည်း.. ?? တွေးမနေနဲ့ ကိုယ်တိုင်လုပ်တက်အောင်လို့
ရည်ရွယ်ထားတာပါ။ ရည်ရွယ်ချက်က ရှင်းပါတယ်။

အခုသင်ခန်းစာမှာ ကျွန်တော် ငှက်ပျံနေတဲ့ ပုံ အသေကို ယူပီး တောင်ပံခက်ပီး ပျံနေတဲ့
ပုံစံလုပ်ပြမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဖိုရမ်တွေမှာ ရုပ်ပြောင်လေးတွေ
ကိုတွေ့မှာပါ။ အဲ့တာလေးတွေကို ဘယ်လိုလုပ်လည်းဆိုတာတွေကိုပါ ဆက်လက်ဖော်ပြ
ပေးသွားပါ့မယ်။ အခုတော့ သင်ခန်းစာ စကြရအောင်…
အဆင့် ၁ 
ကျွန်တော်တို့ ဌက်ပျံနေတဲ့ ပုံ လုပ်မှာ ဖြစ်တဲ့ အတွက်.. ငှက် တကောင်ပုံကို စယူပါ့မယ်။
အရင်ဆုံး Photoshop ကို ဖွင့်ပါ။ ပီးရင် Open >>ကနေ ဌက်ပုံကို ယူပါ့မယ်။



အဆင့် ၂
ကျွန်တော်တို့ ဒီနေရာမှာ နောက်ခံ background က တူနေတဲ့နေရာများတဲ့ အတွက် 
Magic Want tool ကိုရွေးပီး Shift ကိုနိပ်ပီး အရောင်တူတဲ့နေရာတွေရွေးပါ။ ဌက်ကိုလို
ချင်တာ ဖြစ်တဲ့ အတွက် ငှက်ကို ချန်ပီး ကျန်တဲ့နေရာတွေကိုရွေးပါ။


အဆင့် ၃။
ဌက်တကောင်စာရယ် ဘောင်တွေရယ်မှာ Magic Want tool နဲ့ ရွေးလို့ အပေါ်ပုံကလို
အစင်းလေးတွေနဲ့ ဖြစ်နေပီဆိုရင် ငှက်တကောင်ပဲ ယူမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့
က Select >> Invert ကို ရွေးပေးလိုက်ပါ ။. ဒါဆို ဌက်ပေါ်မှာပဲ့ အဆင်းလေးတွေ 
(ရွေးထားတာလေး ) ပဲ့ ကျန်နေတာကိုတွေ့ပါလိမ့်မယ်။


အဆင့် ၄ 
Ctrl +C ကို နိပ်ပီးCopy ယူလိုက်ပါ။ ပီးရင် File >> New ကိုရွေးပါ။ Background Contents
မှာ Transparent ကိုရွေးပါ. Width . Height တို့မှာတော့ စိတ်ကြိုက်ထားနိင်ပါတယ်။


အဆင့် ၅။
New တခု ပွင့်လာပီဆိုရင် အပေါ်မှာ Copy ယူထားတဲ့ ငှက်ပုံကို Ctrl +V နိပ်ပီး Paste 
လုပ်လိုက်ပါ။ မိမိစိတ်ကြိုက် Paste လုပ်တဲ့ ပုံကို ချုံ့ချင် ချဲ့ချင်ရင် Ctrl+T ကို နိပ်ပီး 
ချုံ့ချဲနိင်ပါတယ်။


အဆင့် ၆။ 
ကျွန်တော်တို့ ဌက်ပုံကို စိတ်ကြိုက် ပုံစံ ချပီးပီးဆိုရင် Layer 1 ကို ညာကလစ်ထောက်ပီး
Duplicated Layer ကို ရွေးပီး ပေါ်လာတဲ့ ဘောက်မှာ OK ပေးပါ ။ ဒါဆို နောက်ထပ်
Layer 1 copy ဆိုပီး နောက်ထပ် Layer တခုပေါ်လာပါလိမ့်မယ်။


အဆင့် ၇
ဒီအဆင့်မှာတော့ ကျွန်တော်တို့ Animation လုပ်တဲ့နေရာရောက်ပါပီ။ အရင်ဆုံး ဌက်ကို
တောင်ပံပဲ့ လူပ်မှာ ဖြစ်တဲ့ အတွက် သိထားရမှာက ခန္ဒာကိုယ် မလူပ်ရပါဘူး။ ဒါကြောင့် ခန္ဒာကိုယ်ကို Pupper warp နဲ့ ချုပ်ပါမယ်။ ဘယ်လို ချုပ်လည်းဆိုရင် စောနက နောက်
ထပ်ပေါ်လာတဲ့Layer တခုကို ကလစ်ထောက် Edit >> Pupper warp ကိုရွေးပါ ။ အဆင်းကြားတွေနဲ့ ပေါ်လာရင် ခန္ဒာကိုယ်ကို ပတ်ပတ်လည် အစက်လိုက်ချလိုက်ပါ ။


ကျွန်တော် အတော်ပံစွန်း နှစ်ဘက်မှာ အစက်တစက်ဆီချထားတာကိုတွေ့မှာပါ။
အဲ့အစက်လေးတွေကို ဖိပီ အောက်ကို နဲနဲ့ ချင်းဟိုဘက်ဒီဘက် ညီအောင် ဆွဲချပါ။
ပီးရင် Enter ခေါက်ပါ။
အဆင့် ၈ .
ဒီအဆင့်မှာလည်း ပထမဆုံး Layer 1 ဆိုတာရဲ့ ရှေ့လေးမှာ မျက်စိပုံလေးကို ဖျောက်
ထားပီး အဆင့် ၆ နဲ့ ၇ ကအတိုင်း တခါထပ်လုပ်ပါ။ ဒါဆို တောင်ပံ ၃ ခါ ခတ်စာ
လောက်ရပါပီ.။ Layer 3 ခုပေါ်နေတာကိုလည်းတွေ့ပါလိမ့်မယ်။
အဆင့် ၉။
Window >> animation ကို ယူပါမယ်။ ပီးရင် အပေါ်ပုံမှာ ပြထားတဲ့ Layer 3 ခုလုံးကို Shift နိပ်ပီး ရွေးလိုက်ပါ။ animation ကိုရွေးလိုက်လို့ အောက်မှာပေါ်လာတဲ့
Animation ဘောင်ကွက်ရဲ့ ညာအစွန်းကနေပီးတော့ Mark frame from Layer ကိုရွေးပါ။


အဆင့် ၁၀ 
ဒီလိုရွေးပီးပီဆိုရင်တော့ အောက်က Animation အကွက်ထဲ့မှာ စောနက Layer 
သုံးခုလုံးပေါ်လာပါလိမ့်မယ် ။တခုချင်းဆီကို ထောက်ပီး မိမိ ပေးချင်တဲ့ စက္ကန့်
ပေးလိုက်ပါ တူညီအောင်ပေးရင် ပိုကောင်းပါတယ် ။ ပီးရင် Play ကို နိပ်ကြည့်ပါ
ဌက်ပျံနေတာကိုတွေ့ရပါပီ။ သူကို ကျွန်တော်တို့ ရိုးရိုး Save လို့ မရပါဘူး File>>
save for web နဲ့ Save ပါ။ ဒါဆို အောက်က ပုံလေးလို ငှက်ကလေး ပျံနေပါပီ။


ဒီသင်ခန်းစာပီးပါပီ။ Video ဖိုင်ကြည့်ပီး လုပ်ချင်သူများ အောက်က Video ဖိုင်ကို
ကြည့်လုပ်နိင်ပါတယ်။ကြည့်လို့ မရသူများ အတွက် ကျွန်တော် လင့်ချိတ်ပေးထား
ပါတယ်။
ကျွန်တော်ရေးတာ အရမ်းအသေးတော့ စိတ်သွားတယ်။ အခြေခံ အရမ်းကျကျကို
ရေးထားတာပါ ဖိုတိုရှော့ကို ရှင်းပြမယ်ဆိုရင် video နဲ့က ပိုပီး အဆင်ပြေပါတယ်။
နောက်သင် ခန်းစာတွေအတွက် အားပေးသူများမယ်ဆိုရင်တော့ ကျွန်တော်
ဆက်လက် မျှဝေပေးသွားပါ့မယ်။ ကို ဇွဲသူရိန်တို့ ပြန်သွားပီးကတည်းက ဒီ သ
ရက်လေး အသက်မဲ့နေတာ ကြာပါပီ။ ဒီ သရက်လေးကို အသက်ပြန်သွင်းပေးချင်
ပါသေးတယ်။ အားလုံးပဲ့ ပျော်ရွှင်ပါစေ..
မှတ်ချက်..အသံဆိုးဆိုး ကို ဝေဖန်ပေးကြပါဦး ပီးရင် ဆက်လက် မျှဝေပေးရမယ် 
စိတ်ဝင်စားတယ် မစားဘူးဆိုတာလေးတွေကို သိချင်ပါသေးတယ်။
ဒီနေရာလေးမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...