သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, May 2, 2013

PostHeaderIcon ခရမ်းချဉ်သီးက ပေးတဲ့ အသိ



ခရမ်းချဉ်သီးကပေးတဲ့ အသိ

အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတယောက်ဟာ အလုပ်လိုချင်တဲ့ အတွက် မိုက်ကရို
ဆောဖ့်ကုမ္ပဏီမှာ ရုံးအကူ တနေရာအတွက် အလုပ် သွားလျှောက်ပါတယ်။ သက်ဆိုင်ရာ
ခန့်ခွဲမှု မန်နေဂျာက သူ့ကို အင်တာဗျူးလုပ်ပါတယ်။ ပြီးတော့ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်
ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေးပါတယ်။

စမ်းသပ်လို့ သူ့ လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို 
“ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ ထားခဲ့၊ မင်း အီးမေလ်းထဲ
ကို အလုပ်ခန့်လွှာ ပို့လိုက်မယ်။ မင်းက အဲဒီထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရ
မယ်။ပြီးရင် မင်း အလုပ် စ၀င်နိုင်မဲ့ ရက်ကို ဖြည့်ပြီး တို့ဆီကို ပြန်ပို့လိုက်” လို့ ပြောပါတယ်။

ကောင်လေးက“ကျွန်တော့်မှာ ကွန်ပျူတာမရှိပါဘူးခင်ဗျာ၊ သုံးလဲ မသုံးတတ်ပါဘူး၊ပြီးတော့ အီမေလ်းလိပ်စာလဲ မရှိပါဘူး” လို့ ပြန်ပြောလိုက်ပါတယ်။

“အေး ..ဒါဆိုရင်တော့ ၀မ်းနည်းပါတယ်ကွာ..မင်းမှာ အီးမေလ်းလိပ်စာလေး တခုတောင် မရှိ
ဘူးဆိုတဲ့ သဘောက မင်းလဲ ဒီကမ္ဘာမှာ မရှိဘူး ဆိုတဲ့ သဘောဘဲကွာ..ဒီကမ္ဘာလောကကြီး
မှာ မရှိတဲ့ လူတယောက်ကို တို့ကုမ္ပဏီက အလုပ်ခန့်ဖို့ ရည်ရွယ်ချက် မရှိပါဘူး၊ မင်း သွားလို့
ရပါပြီ..” လို့ မန်နေဂျာက သူ့ကို ပြောလိုက်ပါတယ်။

ကောင်လေးက စိတ်ပျက် အားငယ်စွာ၊ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ မိုက်ကရိုဆောဖ်ကုမ္ပဏီ
ကြီးကနေ ထွက်ခွာလာပါတယ်။ သူ့ လက်ထဲမှာလည်း ၁၀ တန် ဒေါ်လာ တရွက်သာ ရှိပါ
တယ်။ ဒီငွေနဲ့ သူ့ဘ၀ ဘယ်လိုများ ရှေ့ဆက်ရပ်တည်ရမှာပါလိမ့်.. လမ်းလျှောက်နေရင်း 
အတန်ကြာ သူ စဉ်းစား နေမိပါတယ်။.. ဘာဆက်လုပ်ရမလဲ...

စဉ်းစားလို့ ရသွားပြီဖြစ်တဲ့ သူ… သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ အတူ စူပါ မားကက်ကို သွား
ပါတယ်။  အဲဒီမှာ ခရမ်းချဉ်သီး ၁၀ ကီလိုဂရမ်ပါတဲ့ တသေတ္တာကို ၀ယ်လိုက်ပါတယ်။ ပြီး
တော့ တအိမ်တက်ဆင်း အိမ်တွေမှာ လိုက်လံရောင်းချပါတယ်။ မယုံနိုင်စရာ ၂နာရီမပြည့်
ခင်လေးမှာ သူ့ငွေက ၂ဆ ဖြစ်သွားခဲ့ပါပြီ။ ၃ကြိမ်မြောက် ၀ယ်ယူပြီး ပြန်ရောင်းချလို့ အကုန်
မှာ ဒေါ်လာ ၆၀နဲ့အတူ အိမ်ကို ပြန်နိုင်ခဲ့ပါတယ်။

ကောင်လေး ကောင်းမွန်စွာ သဘောပေါက်သွားခဲ့ပါပြီ။ သူ့ဘ၀ ရပ်တည်ရေးအတွက် ဒီနည်း
နဲ့ သူ လုပ်ဆောင်နိုင်တယ်ဆိုတာ ကောင်းကောင်း နားလည်သွားပြီ။ မနက်တိုင်း မနက်တိုင်း
စောစောစီးစီး ထတယ်။ ဆိုင်မှာ ခရမ်းချဉ်သီးမှအစ စားသောက်ဖွယ်ရာတွေ ၀ယ်ပြီး အိမ်
တိုင်းကို လိုက်လံရောင်းချတယ်။ညနက်မှ အိမ်ပြန် ရောက်တယ်။ ဒီလိုနဲ့ သူ့ငွေတွေဟာ နေ့
တိုင်းနေ့တိုင်းကို ၂ဆ ၃ဆ တိုးပွားလာပါတယ်။

မကြာခင်မှာပဲ... တွန်းလှည်းလေး တစီးကို ၀ယ်ယူနိုင်ခဲ့ပြီ။ ထို့နောက်တော့ ထရပ်ကားတစီး
ထို့နောက်မှာတော့ စားသောက်စရာတွေကို တင်ဆောင် ဖြန့်ချီ ရောင်းချနိုင်တဲ့ ကိုယ်ပိုင်
ယာဉ် အုပ်စုလိုက်ကို ပိုင်ဆိုင်သွားခဲ့ပါပြီ။

၅နှစ်အကြာမှာ… အဲဒီကောင်လေးဟာ အမေရိကားရဲ့ အစားအသောက် လက်လီရောင်း
ချတဲ့ အကြီးဆုံး လုပ်ငန်းရှင်ကြီး တဦး ဖြစ်လာပါတော့တယ်။ ချမ်းသာလာတဲ့ ကောင်လေး
ဟာ သူ့မိသားစု နောင်ရေးအတွက် အသက် အာမခံထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူဟာ အသက်အာမခံလုပ်ငန်းက ကိုယ်စားလှယ် တဦးကို ခေါ်ယူတွေ့ဆုံပြီး စည်းမျဉ်း စည်း
ကမ်း၊ လုပ်ထုံး လုပ်နည်းများကို မေးမြန်းစုံစမ်းပါတယ်။ စကားပြောဆို စုံစမ်းလို့ ပြီးတဲ့အခါမှာ ကိုယ်စားလှယ်က သူဌေးကို အီမေလ်းလိပ်စာ တောင်းပါတယ်။ သူဌေးက “ကျုပ်မှာ ဘာအီး
မေလ်းလိပ်စာမှ မရှိပါဘူး။ ကွန်ပျူတာလဲ မသုံးတတ်ပါဘူး” လို့ပြန်ပြောတယ်။

ကိုယ်စားလှယ်က အံ့အားသင့်တဲ့ လေသံနဲ့ သူဌေးကို မေးပါတယ်…“ခင်ဗျားမှာ အီးမေလ်း
လိပ်စာမရှိ၊ ကွန်ပျူတာ မသုံးတတ်ဘဲနဲ့တောင် ဒီလောက် အောင်မြင်တဲ့ စီးပွားရေး အင်ပါ
ယာကို တည်ထောင် ထားနိုင်တယ်နော်။ ခင်ဗျားမှန်းကြည့်စမ်းပါ။ တကယ်လို့ ကွန်ပျူတာ
ကို ကျွမ်းကျွမ်း ကျင်ကျင်လဲ သုံးတတ်မယ်။ လူတိုင်းနဲ့ ဆက်သွယ်လို့ရမဲ့ အီးမေလ်း လိပ်စာ
လဲ ရှိခဲ့မယ်ဆိုရင် ခင်ဗျား ဒီထက်ကို ဘယ်လောက် အောင်မြင် ကြီးကျယ်လာမလဲလို့.”

သူက ခနတော့ စဉ်းစားလိုက်ပြီး အဖြေပြန်ပေးလိုက်ပါတယ်.။

“ကျုပ်သာ ကွန်ပျူတာ တတ်မယ်..အီမေလ်းလိပ်စာသာရှိခဲ့မယ်ဆိုရင် ခုချိန်မှာ မိုက်ကရို
ဆောဖ် ကုမ္ပဏီမှာ ရုံးအကူဘ၀နဲ့ ရှိနေပါလိမ့်မယ်” တဲ့...။

ဒီ story လေးက ပေးချင်တဲ့ သင်ခန်းစာလေးကတော့ လူတွေ အရူးအမူး ဖြစ်နေကြတဲ့ အင်
တာနက်တို့ ကွန်ပျူတာတို့ ဆိုတာဟာ ဘ၀ရဲ့ အခက်အခဲ မှန်သမျှကို ဖြေရှင်းပေးနိုင်တဲ့
ရာတွေ မဟုတ်ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာပြည်က လူငယ်လေးတွေမှာ
လူတိုင်း ကွန်ပျူတာ အင်တာနက်ဆိုတာ ပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း နည်းပါးလွန်း နေပါ
သေးတယ်။ ဒီလိုလူတွေ အားမငယ်ကြဖို့ ဒီပို့စ်လေးကို တွန်းအားလေးတခုအနေနဲ့ ဘာသာ
ပြန်ဖြစ်ပါတယ်။ အင်တာနက်၊ ကွန်ပျူတာတို့နဲ့ အလှမ်းဝေးနေသေးရင် ကိုယ်နဲ့ နီးစပ်ရာ၊
 ဖြစ်နိုင်ချေရှိတဲ့ အလုပ်တွေမှာ ကြိုးကြိုးစားစား လုပ်ကိုင်မယ်ဆိုရင် ချမ်းသာနိုင်တဲ့ အခွင့်
အလမ်းတွေ ရှိနေပါသေးတယ်။ အခွင့်အလမ်းကိုတော့ မြင်တတ် တွက်တတ် ရပါမယ်။
ကြီးပွားချင်တဲ့ စိတ်ရှိဖို့ရယ်.. ကြိုးစားချင်တဲ့ စိတ်ရှိဖို့ရယ် အဓိက ကျပါတယ်။ ပြင်းပြတဲ့ 
စိတ်ဆန္ဒနဲ့ ကြိုးစား ကြည့်ကြပါလို့ တိုက်တွန်း လိုက်ပါရစေ ။
  (by ပိုးဟပ်ဖြူ)
ကြွက်သေတခု အရင်းပြုလိုပေါ့ဗျာ။အဓိကက လုပ်ချင် ဖြစ်ထွန်း တိုးတက်ချင်တဲ့ စိတ်ဆန္ဒ
ပြင်းပြဖို့နဲ့ အခွင့်အလမ်းနဲ့ အခွင့်အရေးများကို ထိုင်စောင့်မနေပဲ လုပ်နိုင်သမျှ အလုပ်ကို 
လက်တွေ့ လုပ်ဖြစ်အောင် အကောင်အထည်ဖော်နိုင်ဖို့ပဲ လိုအပ်ပါတယ်။ ဒါဆိုလျှင်...
                                    ( ပို့စ်တင်သူ၏ ဆန္ဒ)

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...