သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, May 4, 2013

PostHeaderIcon လယ်တီဆရာတော်ကြီး ထေရုပ္ပတ္တိအကျဉ်း

လယ်တီဆရာတော် ဘုရားကြီးဟာ မြန်မာ့ ဗုဒ္ဓဘာသာ သမိုင်းမှာ ထင်ရှားခဲ့တဲ့ သာသနာ့
အာဇာနည် ဆရာတော်ကြီးတပါးပါ၊ ဒါကြောင့် ဆရာတော်ဘုရားနဲ့ ပတ်သက်တဲ့ သိထိုက်
ဖွယ်ရာလေးတွေ စုစည်းလိုက်ပါတယ်။


ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ်၊
နတ်တော်လဆန်း ၁၃ရက်၊ အင်္ဂါနေ့တွင် ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာ၌ ဖွားမြင်တော်မူခဲ့
သည်။ ခမည်းတော်မှာ ဦးထွန်းသာဖြစ်၍ မယ်တော်မှာ ဒေါ်ကြုံး ဖြစ်သည်။
ငယ်မည်မှာ မောင်တက်ခေါင် ဖြစ်၍ အသက် ၁၅ နှစ်အရွယ်၌ ရှင်သာမဏေပြုရာ ဘွဲ့
အမည်မှာ ရှင်ဉာဏဓဇ ဖြစ်သည်။ ဆရာတော်လောင်းလျာသည် စာကြည့်ဝါသနာပါ၍
သာမဏေဘဝကပင် ရတုကဗျာနှင့် ကျမ်းစာများ ရေးသားပြုစုခဲ့ပေသည်။

သက္ကရာဇ် ၁၂၂၈ ခု၊ ကဆုန်လဆန်း ၆ ရက်နေ့တွင် စိုင်ပြင်ရွာ ကျောင်းမကျောင်း ခဏ္ဍ
သိမ်၌ ဆရာတော် အရှင်နန္ဒကို ဥပဇ္ဈာယ်ပြုကာ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။
ထို့နောက် မန္တလေး ရတနာပုံနေပြည်တော် စံကျောင်းတိုက်၌ သီတင်းသုံး၍ ၀ိနည်း ပါဠိ
တော် အဋ္ဌကထာများနှင့် အဘိဓမ္မာ အဋ္ဌကထာ ၃ကျမ်းကို သင်ယူတော်မူသည်။
၁၂၄၈ ခုနှစ်တွင် မုံရွာမြို့အနီး လယ်တီတောအုပ်ကြီး၌ ကျောင်းတိုက်တည်ထောင်၍ ရဟန်းသာမဏေများအား စာပေပို့ချခဲ့သည်။ ဆရာတော်ကြီးသည် ပါရမီဒီပနီ အပါအ၀င်
ဒီပနီကျမ်းပေါင်း များစွာကို ရေးသားပြုစုခဲ့၍ ပရမတ္တဒီပနီ လယ်တီဋီကာကို မြန်မာနိုင်ငံ ဗုဒ္ဓဘာသာသမိုင်းတွင် စာပေမှတ်တိုင် တတိုင်အဖြစ် သုတေသီတိုင်းက အသိအမှတ်ပြု
ခံရ၏။
ဆရာတော်ကြီးသည် လယ်တီတိုက် တည်ထောင်၍ စာပေပို့ချတော်မူပြီးနောက် ၁၂၅၇ ခုနှစ်လောက်မှစ၍ မြန်မာနိုင်ငံ အရပ်ရပ်သို့  လှည့်လည်ကြွရောက်တော်မူပြီး ၀ိပဿနာ တရား ဟောကြားတော်မူခဲ့သည်။ နွားမေတ္တာစာရေး၍ နွားသားရှောင်ကြဉ်ရေး ဟောပြော
တော်မူခဲ့သည်။ မြန်မာနိုင်ငံအရပ်ရပ်သို့သာမက ၁၂၇၅ ခုနှစ်တွင် နိုင်ငံခြား ဗုဒ္ဓသာသနာ
ပြု အသင်းကြီးတည်ထောင်၍ နိုင်ငံရပ်ခြား တိုင်းတပါးသို့ ဗုဒ္ဓသာသနာတော် ပျံ့နှံ့ရောက်ရှိ
ရေးအတွက်  ကြိုးပမ်းခဲ့ပြန်သည်။
ဤကဲ့သို့ သာသနာတော်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်တော်မူခဲ့သဖြင့် ၁၂
၇၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက် နေ့တွင် မြန်မာနိုင်ငံအစိုးရ၏ အဂ္ဂမဟာပဏ္ဍိတ
ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းခြင်းခံရ၏။
၁၂၈၃ ခုနှစ် နတ်တော်လတွင် မြန်မာပြည်ဘုရင်ခံက စာပေပါရဂူ (ဒီလစ်) ဘွဲ့တံဆိပ် ဆက် ကပ်လှူဒါန်းသည်ကို ခံယူရရှိတော်မူသည်။
၁၂၈၅ ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၁၅ရက် (လပြည့်) ဗုဒ္ဓဟူးနေ့၂နာရီ ၃၀ မိနစ်အချိန်တွင်
ပျဉ်းမနားမြို့၌ သီတင်းသုံးတော်မူစဉ် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူသည်။

ဒါကတော့ ဆရာတော်ကြီးရဲ့ထေရုပ္ပတ္တိ အကျဉ်းပါ။အောက်မှာဆက်လက်ဖော်ပြထားတာ
ကတော့ The Hot News  မှာအောင်ရဲထွန်း ( ဓါတုဗေဒ ) ပူဇော်ထားတဲ့ ဆရာတော်ကြီး
ထေရုပ္ပတိ ပါ။


မနောရမ္မစင်္ကြန်ကျောင်း-လယ်တီပြတိုက်  (မဟာလယ်တီကျောင်းတိုက်-မုံရွာ)


မြတ်လယ်တီ တက်နေလင်းသည်မို့

လယ်တီဆရာတော်သာ မပေါ်ထွန်းခဲ့လျှင် ဗုဒ္ဓပိဋကတ်တော်တို့သည် လူသာ

မာန်တို့ လေ့လာရန် မြန်မာ စကားပြေဖြင့် များစွာနောက်ကျနေဦးမည်။

လယ်တီဆရာတော် မပေါ်ထွန်းမီက ဗုဒ္ဓ၏ သတိပဋ္ဌာန်တရားတော်သည် လူ

သာမာန်များကို မဆိုထားနှင့် ရဟန်းတော်များနှင့်ပင် လားလားမျှ မထိုက်
တန်ဟု ဆိုခဲ့ကြဖူးသည်။

လယ်တီဆရာတော်ပေါ်ထွန်းလာပြီး နောက် သတိပဋ္ဌာန်တရားတော်သည် ရ

ဟန်းတော်များနှင့်သာမက လူသားအားလုံးနှင့်ပါ ထိုက်တန်သည်ဟု သာသနာ့
စည်ကြီးကို ကျယ်လောင်စွာ မြည်ဟီးစေခဲ့သည်။

လယ်တီဆရာတော်ကြီးသည် ဘုရားရှင်၏ ပိဋကတ်တော်တို့ကို လူသာမာန်တို့

လေ့လာနိုင်စေရန်သာမက ကျင့်ကြံ ပွားများအားထုတ် နိုင်စေရန်ပါ ရှင်းကနဲ၊
လင်းကနဲ၊ ဝင်းကနဲ၊ကွင်းကနဲဖြစ်အောင် ရေးသားလမ်းညွှန်ခဲ့သော ကျမ်း
ဒီပနီ ပေါင်း ၇၀ခန့်ရှိသည်။

ဗုဒ္ဓဘာသာကို ကမ္ဘာသို့ ဖြန့်ချိသော အထင်ရှားဆုံး အဦးဆုံးသာသနာ့ 

အာဇာနည် ကြီးဖြစ်သည်။

ညှိုးနွမ်းနေသော သူ့ကျွန်ဘဝ သာသနာကို တက်နေဝန်းလို ထွန်းလင်း  

တောက်ပအောင် လုံ့လကြိုးကုတ် အားထုတ်တော်မူ ခဲ့သူဖြစ်သည်။

ဆရာတော်၏ များမြောင်လှသော သာသနာ့ရေးရာနှင့် လောကဓမ္မရေးရာ

ဆောင်ရွက်ချက်များကြောင့် ဘာသာခြား အင်္ဂလိပ် အစိုးရကပင် အဂ္ဂမဟာ
ပဏ္ဍိတဘွဲ့တံဆိပ်တော်နှင့် ရန်ကုန်တက္ကသိုလ်၏ ပထမဦးဆုံး ဂုဏ်ထူး
ဆောင်ပိဋကတ္တယပါရဂူ ဒေါက်တာဘွဲ့ ချီးမြှင့်ဆပ်ကပ်ခြင်း ခံခဲ့ရသူ
သာသနာ့ နေမင်းကြီးဖြစ်သည်။

အလွန်ကျော်ကြားသော အနာဂတ် ဆရာကြီး ဦးဘခင်နှင့် ကမ္ဘာအနှံ့ သာသ

နာပြုနေသော ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာတို့သည် လယ်တီ
အမွေခံ သာသနာ့အကျိုးတော်ဆောင် ကြီးများဖြစ်သည်။

ငယ်ငယ်တုန်းက မောင်တက်ခေါင်

ဗုဒ္ဓသာသနာတော်သမိုင်းတွင် နေလို လလို ထင်ရှားလာမည့် လယ်တီ ဆရာ

တော် လောင်းလျာလေးကို ရွှေဘိုခရိုင်၊ ဒီပဲယင်း မြို့နယ်၊ စိုင်ပြင်ရွာကြီး၌
အဖဦးထွန်းသာ၊ အမိဒေါ်ကြုံးတို့မှ ၁၂၀၈ ခု နတ်တော်လဆန်း ၁၃ရက်၊ 
အင်္ဂါနေ့တွင် ထူးခြားသော အတိတ်၊ နိမိတ်များဖြင့် ဖွားမြင်ခဲ့သည်ဟု
ကျမ်းဂန်များက မှတ်တမ်းတင်ခဲ့ကြသည်။

မွေးချင်း ငါးယောက်အနက်၊ ဒုတိမြောက် သားရတနာ ဖြစ်သည်။ ငယ်

နာမည် “မောင်တက်ခေါင်”ဖြစ်သည်။ ၁၀နှစ်သားအရွယ်တွင် စိုင်ပြင်ရွာ
ကျောင်းမတိုက် ဆရာတော်ဦးနန္ဒထံတွင် စာပေ စတင် သင်ကြားခဲ့သည်။

ကိုရင်ငယ် ဘ၀ထဲက ပညာဂုဏ်ပြတဲ့ဆရာတော် အသက်.၁၅နှစ် အရွယ်

တွင် စာပေ စတင်သင်ကြားရာ ဦးနန္ဒထံတွင်ပင် ရှင်သာမဏေပြုခဲ့သည်။

လူအမည် မောင်တက်ခေါင်မှသည် ရှင်ဥာဏဓဇ ဖြစ်သည့် ကိုရင်ဘဝဖြင့် 

ကစ္စည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၊၀ီထိလက်ရိုး၊ မာတိကာ၊ဓာတု
ကထာ၊ယမက၊ပဋ္ဌာနဟူသော ကျမ်းများကိုသင်ကြား တတ်မြောက်ခဲ့သည်။

အသက် ၁၈နှစ်တွင်ဆရာတော် ဦးဂန္ဓမာထံတွင် ဗေဒင်ပညာကို လေ့လာ

သင်ကြားခဲ့သည်။ ဗေဒင်ပညာတတ်မြောက်ပြီး၊ ဗေဒင်နှင့်ပတ်သက်သော
ဇာတာဖွဲ့များ လက်ရိုး လင်္ကာများကို ရေးသားခဲ့သည်။

ကိုရင်ဘ၀ဖြင့်ပင် သဒ္ဒါဆိုင်ရာ ကျမ်းများကိုသင်ကြားစဉ် ဝစ္စ၀ါစက 

ကောက်လည်းရေးခဲ့သည်။ မဟော်ကျေးစေခန်း ရတုသည်လည်း ကိုရင်
ဥာဏဓဇ၏ လက်ရာပင်ဖြစ်သည်။

မြင့်မြတ်သော ရဟန်းဘ၀သို့ အသက်၂၀ပြည့်သောအခါ စိုင်ပြင်ရွာ မြင့်တင်

တိုက် ခဏ္ဍသိမ်၌ ဆရာတော်ဦးနန္ဒကို ဥပဇ္ဈပြု၍ မြင့်မြတ်သောရဟန်း ဘဝ
သို့ ရောက်ရှိတော်မူခဲ့သည်။ 

လယ်တီ ဆရာတော်၏ ရဟန်းဘွဲ့မှာ
“ဥာဏဓဇ”ပင်ဖြစ်သည်။
ရဟန်းသုံးဝါ အရတွင် မန္တလေးမြို့

မြောက်ပြင် မင်္ဂလာစံကျောင်းတိုက်
ဆရာတော်ကြီး ဦးသုဒဿနထံ၌
စာပေသင်ကြားတော်မူခဲ့သည်။
ရှင်ဥာဏဓဇ မင်္ဂလာစံကျောင်းတိုက်၌
ပညာ သင်ကြားနေစဉ် ၁၂၂၅. မှ-
၁၂၃၀ ပြည့်နှစ် အတွင်း မင်းတုန်းမင်း
တရားကြီး၏ ပဉ္စမသံင်္ဂါယနာတင်
ပဋိကတ်သုံးပင် ကျောက်ထက်
အက္ခရာတင်စဉ် “အဘိဓမ္မာကထာ
ဝတ္ထု”ပါဠိတော်ကို ပြန်ဆိုတော်မူသည်။

လယ်တီဆရာတော်၏ ဆရာတော်ကြီးများ  

ရှင်ဥာဏဓဇ၏ ဆရာတော်ကြီးများမှာ စံကျောင်းဆရာတော်
ဦးသုဒဿန၊ မကုဋာရာမကျောင်း ဆရာတော် ဦးခေမိန္ဒ၊
စလင်းဆရာတော် ဦးပဏ္ဍိစ္စတို့ဖြစ်ပြီး၊ ဆရာတော်ကြီးများ
ထံတွင် ပါဠိပိဋက ကျမ်းဂန်များကို အဋ္ဌကထာနှင့် တကွ သင်ယူခဲ့သည်။

ရဟန်း ရှစ်ဝါတွင် စံကျောင်းတိုက်၌ ပထမ စာချဆရာတော်အဖြစ်

တပည့်များကို ပါဠိတော်များကိုသင်ကြားပေးသည်။

စာချ ဖြစ်လာပြီးနောက် ဆရာတော်ကြီး သုံးပါးအပြင်၊အခြား ဆရာ

တော်ကြီးများထံတွင် စာပေများဆက်လက်ဆည်းပူးခဲ့သည်။ ၁၅၀ါ၊
၁၆၀ါ တိုင်အောင် စာပလွေမချပဲ နည်းခံသင်ယူတော်မူသည်။ ဆရာ
တော်သည် ရဟန်းပုဂ်္ဂိုလ်ကျော်များထံတွင် သာမ က မြန်မာပညာရှိ
ယောမင်းကြီး ဦးဖိုးလှိုင်နှင့် ဦးဖာ တို့ထံတွင် လောကီ၊လောကုတ္တ
ရာ နှစ်ဖြာသော ပညာရပ်တို့ကို ဆည်းပူးခဲ့သည်။

အခြားသော စာတတ်၊ ပေတတ်၊ဗေဒင်တတ် ၊ဆေးကျမ်းတတ် ပုဂ်္ဂိုလ်

များ ထံသို့သွားရောက်၍လည်း ပညာဗဟုသုတတို့ကို ဝီရိယကြီးစွာဖြင့်
ရှာမီးခဲ့သည်။

လယ်တီဆရာတော်နှင့် မေတ္တာစာ ရှင်ဥာဏဓဇသည် ၁၂၄၄ တွင်

မုံရွာမြို့၊ ရွှေစည်းခုံကျောင်းတိုက် ဆရာတော်၏ ပင့်ဖိတ်လျှောက်ထား
ချက်အရ ထို ကျောင်းတိုက်သို့ ကြွရောက် သတင်းသုံးတော်မူပြီး
စာပေပို့ချတော်မူသည်။

၁၂၄၇ တွင် မြန်မာ ဘုရင်သီပေါမင်းကို အင်္ဂလိပ်တို့ အကျယ်ချပြီး

နောက် သူ့ကျွန်ဘ၀တွင် နွားသတ္တဝါ အမြောက်အများ သေကျေ
ပျက်စီးမည်ကို မလိုလား၍ နွားသားစားခြင်းကို ရှောင်ကျဉ်ကာ၊ အခြား
သူများကိုလည်း  နွားသားမစားရန် မေတ္တာရပ်ခံပြီး နွားမေတ္တာစာကို
 ရေးသားဖြန့်ဝေခဲ့သည်။

လယ်တီဆရာတော်ဟု ခေါ်တွင်တော်မူလာပုံ

ရှင်ဥာဏဓဇ ရွှေစည်းခုံကျောင်းတိုက်၌ သီတင်းသုံး စာဝါပို့ချတော်မူနေစဉ် 

၁၂၄၈ တပို့တွဲလအတွင်း မုံရွာမြို့ မြောက်အရပ်ရှိ လယ်တီတောထဲသို့ တ
ပါးတည်း ဒေသစာရီကြွချီတော်မူ၍ ရွှေစည်းခုံကျောင်းသို့ မပြန်တော့ဘဲ
တရားအားထုတ်တော်မူသည်။

တပည့် ရဟန်းများ လိုက်လာရာ လယ်တီတော၌ပင် စာဝါများပို့ချ ပေး

တော်မူရင်း ဂန္ဓဓူရ၊ ၀ိပဿနာဓူရနှစ်မျိုးလုံးကို မဆုတ်မနစ် အား
ထုတ်တော်မူကာ ထိုနေရာ၌ ဆရာတော်ဘုန်းကံဖြင့် ကျောင်းတိုက်
ကြီးများဖြစ်လာတော်မူသည်။

လယ်တီတောထဲတွင် တည်သော ကျောင်းတိုက်ဖြစ်၍ လယ်တီ

ကျောင်းတိုက်ဟု ခေါ်ဝေါ်တော်မူခဲ့ပြီး စတင်တည်ထောင်သော
အရှင်ဥာဏဓဇကိုလည်း လယ်တီဆရာတော်ဟု ခေါ်ဝေါ်ကြလေသည်။

ပိဋကတော်ကို ချောက်ခြားနိုင်သည့် ဆရာတော်


 

၁၂၅၉ ခု တန်ဆောင်းမုန်းလတွင် ပရိယတ်္တိသာသနာတော်ကို တုန်လှုပ်

ချောက်ခြားသွားသည့် “ပရမတ္ထဒီပနီ”ဆိုသော ကျမ်းမြတ်ကို ပြုစုတော်မူ
ခဲ့သည်။
ထိုကျမ်းသည် ဗုဒ္ဓပိဋကတ် စာပေသင်ကြားရေး ဆိုင်ရာကျမ်းမြတ် တဆူ
ဖြစ်သည်။ ပါဠိလို ရေးသားသော ထိုကျမ်းမြတ်တွင် အဘိဓမ္မတ္ထသင်္ဂဟ
ကျမ်း၏ အဖွင့်ဖြစ်သော ၀ိဘာဝနီမည်သော ဋီကာကျော်၏ ချွတ်ယွင်းချက်
များကို ပြတ်ပြတ်ထင်ထင် ထုတ်ဖော်ဝေဖန်မှု ပြုပြီး မိမိ၏ အတွေးအမြင်
အယူအဆတို့ကို ရဲဝံ့ပြတ်သားမှုအပြည့်ဖြင့် ယုံကြည်ချက် ခိုင်မာစွာနှင့်
 ရေးသား ဖော်ပြခဲ့သည်။

ထို့ကြောင့် “ပရမတ္ထဒီပနီ” ကြောင့် လယ်တီဆရာတော်၏ ပညာရနံ့သည်

လည်း ပို၍ သင်းပျံ့ကျော်ကြားခဲ့ရတော့သည်။ ပါရမီမြောက် ပညာကြီးတဲ့
လယ်တီဆရာတော်ရဲ့ပညာရေး ပွဲဦးထွက် ကောင်းပါတယ်။
 

တပည့်ရဟန်းတွေကို သောက်သုံးရေ ကိုယ်တိုင် လှူသည့် ဆရာတော်
လယ်တီဆရာတော်သည်၊ အဘိဓမ္မာဘက်ဆိုင်ရာ ဋီကာကိုသာမက၊သဒ္ဒါဘက်

ဆိုင်ရာ “နိရုတ္တဒီပနီ”ကျမ်းကိုလည်း ၁၂၆၅ တွင် ပြုစုတော်မူခဲ့သည်။

လယ်တီ ဆရာတော်သည် ပါဠိတော်တွင်သာ ကျွမ်းကျင်သည်မဟုတ် 

မြန်မာစကားပြေ အရေးအသားလည်း အံ့မခန်း ကျွမ်းကျင်တော်မူသည်၊
၁၂၅၇-တွင် အိန္ဒိယပြည် မဟာဗောဓိသို့ ဘုရားဖူးကြွရန် အလာ ရန်ကုန်
မန္တလေးမီးရထားပေါ်တွင် ခက်ခဲနက်နဲသော ပဋိစ္စသမုပ္ပါဒ်လင်္ကာ ၁၃ပုဒ်
ကို ရှင်းလင်းစွာရေးဖွဲ့ သီကုံးခဲ့သည်။ ရန်ကုန်အရောက် ကျမ်းအပြီး
ဖြစ်ခဲ့သည်။

လယ်တီဆရာတော်သည် တပည့် ရဟန်းတော်တို့အား စာပေပို့ချပြီး

ကျမ်းဂန်ရေးသားပြုစုတော်မူခြင်း ကမ္မဋ္ဌာန်း တရားအားထုတ်ခြင်း၊
တရားဟောခြင်း၊ သာသနာပြုခြင်းစသည့် ဗုဒ္ဓကိစ္စများဖြင့် မအား
မလပ်သည့်ကြားမှ လယ်တီကျောင်း တိုက်ရှိ စာသင်သား ရဟန်း
သံဃာတော်များအား သောက်သုံးရေကို ကိုယ်တိုင် ခပ်၍
လှူဒါန်းတော်မူသည်။

လယ်တီဆရာတော်ဘုရားကြီး၏ အမူအကျင့်များ


လယ်တီဆရာတော်ကြီးသည် မြန်မာပြည်အရပ်ရပ်သို့ မကြွရောက်သော

ချိန်များတွင် မိမိသီတင်းသုံးရာ လယ်တီကျောင်းတိုက်ကြီးရှိ စာသင်သားတ
ပည့်ရဟန်းတော်များကို စာပေများကိုယ်တိုင် ပို့ချတော်မူသည်။ ထိုကိစ္စပြီး
လျှင် ကျမ်းစာများကိုပြုစုတော်မူသည်။ ရဟန်းရှင်လူတို့ တောင်းပန် လျောက်
ထားသည့် အခါတွင်လည်း ကျမ်းဂန်များရေးလေ့ရှိသည်။ ကျမ်းစာရေးချိန်ကို
သီးသန့် ထားလေ့ မရှိပဲ၊ အချိန်ရလျှင် ရသလို ရေးသားတော်မူခြင်းဖြစ်သည်။

စာရေးသည့်အခါ ခဲတံကိုသာ အသုံးပြုလေ့ရှိသဖြင့် တပည့်ရဟန်း တပါးက

ခဲတံ ချောင်းရေ ၁၀၀ကျော် ၂၀၀ခန့်ကို အသင့် ချွန်ပေးထားရသည်။ လယ်
တီဆရာတော်၏ စာအရေးသားသည် မြန်မာဘာသာဖြင့်လွယ်လွယ် ရှင်းရှင်း
အနက်ထင်အောင်ရေးသားသော ရေးနည်းဖြစ်သည်။

ပါဠိဘာသာ မသင်ရသော မသင်ဘူးသော သူများ ဆရာတော်၏ အရေး

အသားနှင့် အလွန်ပင်ဆီလျော်လှသည်။ မြန်မာစကားပြေ သန့်သန့် အ
ရေးအသားကြောင့် ဘုရားဟော အဘိဓမ္မာကျမ်းများကို ဖတ်ရှုသူသည်
လျှောကနဲ လျှာတွေ့ကြ၍ ဒကာတွေက၊ မျက်တွေ့၊လက်တွေ့ ဖြစ်စေသည်
မှာ လယ်တီဆရာတော်ကြီး၏ သာသနာပြု ပါရမီမြောက်
ဂုဏ်ရည်ကြောင့်ဖြစ်သည်။

လယ်တီဆရာတော်၏ ပိဋကတ် ဘာသာပြန် ရှင်းလင်းချက်များကို ဖတ်ရှု

ကျင့်ကြံသူ ယောအတွင်းဝန် ဦးဖိုးလှိုင်က“ ဒီအရေးအသား ရှင်းလင်းချက်တွေ
ကို ဘဝရှင် မင်းတရားကြီးသာ ဖတ်ခွင့်ရမည် ဆိုလျှင် ဘယ်လောက် ကောင်း
လိုက်လေမလဲ”ဟု မင်းတုန်းမင်းတရားကြီးကို ရော်ရမ်း တမ်းတ မျက်ရည်ကျခဲ့
ဖူးသည်ဆို၏။




ကျမ်းဂန်ရေးသားခြင်းဆိုင်ရာ လယ်တီ ဆရာတော်ကြီးအဆို


ကျမ်းဂန်များ အရေးအသားနှင့် ပတ်သက်၍

“လယ်တီဆရာတော် မဟာထေရုပ္ပတ်္တိကထာ”တွင် ဆရာတော်ကြီးက

“ပါဠိအကိုးအကားများ၍ လူသာမာန်တို့ မဖတ်နိုင်၊ခက်ခဲ၊နက်နဲမှသာ
ကျမ်းပြု ဆရာဂုဏ် ထင်ပေါ်ကြသဖြင့် ပါဠိအကိုးအကားများစွာနှင့် ထုတ်ဆောင်ကြရသော မြန်မာလူမျိုးများမှာ ဓမ္မရသ တရားအရသာ
များကို မခံစားကြရဘဲ ကုသိုလ်ရရုံလောက်နှင့်သာ တဘ၀ ပြီးဆုံးသွား
ကြရလေသည်။”
“ငါတို့သဘောက၊ ကျမ်းပြု ဆရာတော်ဂုဏ် မထင်မပေါ်ချင် နေပါစေ၊

ကျမ်းစာ ကြည့်ရှုကြတဲ့ စာကြည့် ပရိသတ်တွေ ကွက်ကွက်ကွင်းကွင်း
ထင်းကနဲ၊၀င်းကနဲ၊ အသိအလိမ္မာ ဥာဏ်ရှင်းမှုကိုသာ ပဓာနထား၍
 ရေးသားသော ကျမ်းစာတွေသာ များသည်။ ပါဠိအကိုးအကားများမှာ
မထည့်လျှင် မဖြစ်မှသာ ထည့်သည်။ ပါဠိ ပါဌ်သား နည်းနိုင်သမျှ 
နည်းအောင် ဂရုစိုက်၍ ရေးသည်။ သို့သော် ပါဠိတော် စည်းမျဉ်း 
ဓမ္မစည်းမျဉ်းနဲ့ အလွတ်ရေးသည် မဟုတ်၊ စည်းမျဉ်း ကိုက်ညီအောင်
ရေးသည်”ဟုဖော်ပြထားသည်။

လယ်တီဆရာတော်သည် ခက်ခဲနက်နဲသောကျန်းဂန်များကိုသာ လက်

စွမ်းပြ ရေးနိုင်သည်မဟုတ် စာနု၊ စာလှ၊စာအဟာရများကို ကဗျာလင်္ကာ
များကိုလည်း ကျွန်းကျင်စွာဖွဲ့ဆိုနိုင်သည်။ ဆရာတော် ပြုစုရေးသားတော်
မူသော ဂန်္ဘီရကဗျာကျမ်းမြတ်သည် ဆရာတော်၏ ပြောဆို ဆုံးမမူ သြ၀ါ
ဒများကို အနုပညာမြောက် ရေးဖွဲ့သီကုံးထားသော လယ်တီ လက်ရာမွန်
ကဗျာကျမ်း ဖြစ်သည်။

ပြည်တွင်းပြည်ပ သာသနာပြုပုဂ်္ဂိုလ်ကျော်


လယ်တီဆရာတော်ဘုရားကြီးသည် ၁၂၇၅-ခုတွင် နိုင်ငံခြား သာသနာပြု

အသင်းကို ကိုယ်တိုင် ဦးစီးတည်ထောင်ခဲ့သည်။ အနောက်နိုင်ငံများမှ
ပညာရှင်ပါမောက္ခများ မေးသမျှ အဘိဓမ္မာမေးခွန်းများကို ဗုဒ္ဓနည်းကျ
ဖြေဆိုသဖြင့် ဆရာတော်၏ ဂုဏ်သတင်းသည် နိုင်ငံရပ်ခြား တိုင်းပြည်များ
အထိ ကျော်ကြားတော်မူသည်။

အနောက်နိုင်ငံ ပါဠိပါမောက္ခများ၏ တိုက်တွန်းလျှောက်ထားချက်အရ ပါဠိ

အဘိဓာန်ကျမ်းကြီး ပေါ်ထွက်အောင် မစိုးရိမ်ဆရာတော် ဦးသောမ၊ဦးသူရိယ၊
ဦးဥာဏ၊ဦးရာဇိန္ဒတို့ နှင့်အတူ စီမံဆောင်ရွက်တော်မူခဲ့သည်။


ရွှေတောင်ကြီး ပြိုပြီ

ဆရာတော်ကြီးသည် တဘ၀၊ တသာသနာအတွင်း၊ စာပေပို့ချခြင်း၊
ကျမ်း

ဂန်ရေးသားခြင်း၊ ကမ္မဋ္ဌာန်းအားထုတ်ခြင်း၊ တရားဟောခြင်း၊ သာသနာပြန့်
ပွားအောင်ဆောင်ရွက်ခြင်း၊ ကပ်ရောဂါကြုံနေရသော သူများကို ကယ်တင်
ခြင်း၊ မိုးခေါင်သည်ကို သီလဖြင့် ရွာသွန်းစေခြင်းတို့ကို မနားမနေ ဆောင်
ရွက်ရင်း သက်တော် (၇၈)နှစ် ဝါတော် (၅၈)ဝါ အရောက်၊ ၁၂၈၅ ခုနှစ်
ပထမ၀ါဆိုလပြည့် ဗုဒ္ဓဟူးနေ့တွင် ပျဉ်းမနားမြို့၊ လယ်တီစံကျောင်း၌ 
ပျံလွန်တော်မူခဲ့သည်မှာ ဗုဒ္ဓသာသနာတော်အတွက် တန်ဖိုးမဖြတ်နိုင်သော
ရွှေတောင်ကြီးပြို ခဲ့ခြင်း ဖြစ်ပါကြောင်း။
 

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...